
စွမ်းအင်ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Myanmar Energy Trade
Show-2012 ကို စက်တင်ဘာလ ၂၆ရက်နှင့် ၂၇ရက်နေ့များတွင် ရန်ကုန်မြို့ရှိ
Myanmar Convention Center (MCC) ၌ ကျင်းပနေကြောင်း သိရှိရသည်။
အဆိုပါပြပွဲတွင် နိုင်ငံပေါင်း ၁၇နိုင်ငံမှ ကုမ္ပဏီများနှင့်
ပြည်တွင်းကုမ္ပဏီများ အပါအ၀င် ပြခန်းပေါင်း ၅၅ခု ပြသလျက်ရှိကြောင်းလည်း
သိရှိရသည်။
စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးမှ
"မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ ပွင့်လင်းမြင်သာ မှုရှိအောင်
ဆောင်ရွက်နေပါတယ်။ ဆက်လက်ပြီးလည်း ယခုထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိရှိ
လုပ်ကိုင်နိုင်ဖို့ကိုလည်း ဆက်လက်ဆောင်ရွက်နေပါတယ်"ဟု
ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသွား ခဲ့ကြောင်း သိရှိရသည်။
THURA SWISS မှ CEO ဒေါက်တာအောင်သူရက "မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ
ရင်းနှီးမြှုပ်နှံ ဖို့ နိုင်ငံခြားကုမ္ပဏီတော်တော်များများ
လာရောက်ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့ကုမ္ပဏီက consulting အပိုင်းကို
အဓိကဆောင်ရွက်နေတာဆိုတော့ နိုင်ငံခြားကုမ္ပဏီတွေက မြန်မာနိုင်ငံက သူတို့နဲ့
ပူးပေါင်းဆောင်ရွက်မည့်ကုမ္ပဏီတွေရဲ့ ခိုင်မာမှုရှိမရှိ
အခြေအနေတွေစုံစမ်းကြတယ်။ အမေရိကန်ဘက်က ဆိုရင် သူတို့ရဲ့ Black List မှာ
အဲဒီကုမ္ပဏီတွေပါလားဆိုပြီး စုံစမ်းကြတယ်။ ကျွန်တော်တို့ဆီမှာ
အများဆုံးမေးကြတာကတော့ စွမ်းအင်ကဏ္ဍနဲ့ ဟိုတယ်ကဏ္ဍတွေများပါတယ်" ဟု
စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ပြောကြားခဲ့သည်။
ပြပွဲကာလအတွင်း THURA SWISS မှ CEO ဒေါက်တာအောင်သူရနှင့်
ဒါရိုက်တာကိုအောင်ထွန်းခိုင်တို့ မှ မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍများနှင့် ပတ်သက်ပြီးလည်း
အချိန် ပိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Ref: Eleven Media Group
No comments:
Post a Comment