Sunday, September 23, 2012

 သမ္မတဦးသိန်းစိန်အား တရုတ်တက္ကသိုလ် ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့ပေး

နိုင်ငံတော်သမ္မတဦးသိန်းစိန်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Northwest စိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ယင်းကဲ့သို့ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုပပျောက်စေရေး ကြိုးပမ်းမှု များကြောင့် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ ဂုဏ်ပြုမှုနှင့်အောင်မြင်မှုကို မြန်မာပြည်သူများနှင့်အတူ မျှဝေ ခံစားရမည်ဆိုပါက မိမိအတွက် ပိုမိုပြည့်စုံမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း အစိုးရသတင်းစာများ တွင် ဖော်ပြချက်အရ သိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် တရုတ်-အာဆီယံကုန်စည်ပြပွဲ (နန်နင်း) နှင့် တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။

No comments:

Post a Comment