တပ်မတော်အတွင်း
စစ်မှုထမ်းဆောင်လျက်ရှိသည့် အရွယ်မရောက်သေးသူကလေးသူငယ် ၄၂ ဦးကို
စစ်မှု ထမ်းဆောင်ခြင်းမှနုတ်ထွက်ခွင့်ပြုခဲ့ပြီး မိဘအုပ်ထိန်းသူများထံသို့
ပြန်လည်အပ်နှံမှုကို ယနေ့ (စက်တင်ဘာ ၃ ရက်နေ့)တွင် ရန်ကုန်မြို့
အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌
ပြုလုပ်ခဲ့သည်။
တပ်မတော်မှနုတ်ထွက်ခွင့်ပြုလက်မှတ်နှင့်
နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာတာဝန်ရှိသူ များက ပေးအပ်ခဲ့သည်။
အရွယ်မရောက်သေးသူကလေးသူငယ်များ မြန်မာ့တပ်မတော်တွင်
စစ်မှုထမ်းခြင်း မှ ကာကွယ်ရန်နှင့် အသက်မပြည့်သေးသောတပ်သားသစ်များ
လွတ်မြောက်ခွင့်ပြုရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့်
ကုလသမဂ္ဂတို့အကြား သဘောတူလက်မှတ်ရေးထိုးမှုကို ပြီးခဲ့သည့် ဇွန်လအတွင်းက
ပြုလုပ်ခဲ့သည်။
ယနေ့ကျင်းပသော
အရွယ်မရောက်သေးသူကလေးသူငယ်များ စစ်မှုထမ်းဆောင်ခြင်းမှ နုတ်ထွက်ခွင့်ပြုပြီး
မိဘအုပ်ထိန်းသူထံ လွှဲပြောင်းပေးခြင်းအခမ်းအနားမြင်ကွင်း။
Ref: 7Day News Journal


No comments:
Post a Comment