မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ အက်ဖ်အမ်များမှ အနုပညာကြေးများ
ပေးသွင်းရန် သိန်းထောင့်ကိုးရာကျော် ကြွေးကျန်ရှိနေကြောင်း
သတင်းရရှိပါသည်။
''အရင် ဂီတအစည်းအရုံးကနေ စာရင်းတွေ လွှဲပြောင်းယူတဲ့အခါမှာ
ခိုးကူးတိုက်ဖျက်ရေးလို အရေးကြီး တဲ့ နောက်ထပ်ကော်မတီတစ်ခု ထပ်ဖွဲ့ဖို့
တွေ့ရပါတယ်။ အဲဒါကတော့ အကြွေးတောင်းကော်မတီ လို့ ပြောရမလားပဲ။ စုစုပေါင်း
သိန်းနှစ်ထောင်လောက် ရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒီလွှဲပြောင်းပြီး တစ်ပတ်၊
နှစ်ပတ်အတွင်းမှာ လုပ်ဆောင်ရမှာက မိတ်ဖက်အဖွဲ့အစည်းများ၊ အသံလွှင့်ဌာနများ၊
သီချင်းနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေကြသော အဖွဲ့အစည်းတွေကို
အကြွေးတောင်းရပါမယ်။ ဒီအဆင့်မှာ ပဲ ပြေပြေလည်လည် ဖြစ်သွားစေချင်ပါတယ်။
အကုန်လုံးကလည်း မိတ်ဖက်အဖွဲ့အစည်းတွေပါပဲ။ ဒီကိစ္စကို အနုပညာ ညီအစ်ကို
မောင်နှမတွေကိုလည်း သိစေချင်ပါတယ်။ ကိုယ့်သီချင်းကို အသုံးပြုထားပြီး
ဘယ်လိုလဲမသိတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် အသိပေးတာပါ''ဟု ဂီတအစည်းအရုံးမှ
အတွင်းရေး မှူး ဖြူဖြူကျော်သိန်းက ပြောပြခဲ့သည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အမှုဆောင်သစ် (၂၀၁၂) သို့
လွှဲပြောင်းပေးအပ်ခဲ့သော ငွေစာရင်း မှာ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)နှင့်
မြန်မာ့စီးပွားရေးဘဏ် (ငွေစုဘဏ်) မှ ဂီတအစည်းအရုံး ရန်ပုံငွေ ကျပ်သိန်း ၈၄၉
သိန်းကျော်နှင့် အက်ဖ်အမ်များမှ ပေးသွင်းထားသည့် အနုပညာကြေးစုစုပေါင်း
သိန်းတစ်ထောင်ကျော် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
လက်ရှိ၌ အက်ဖ်အမ်တစ်ခုတွင် သီချင်းတစ်ကြိမ်လွှင့်လျှင် ကျပ် ၆၅၀
နှုန်းဖြင့် အလွှာငါးလွှာမှ အချိုးကျခွဲယူရခြင်းဖြစ်ပြီး ယင်းအလွှာငါးလွှာမှာ
ဆို ၂၅ ရာခိုင်နှုန်း၊ ရေး ၂၅ရာခိုင်နှုန်း၊ ဖြန့် ၂၅ ရာခိုင်နှုန်း၊ တီး ၁၅
ရာခိုင်နှုန်းနှင့် ဖမ်း ၁၀ ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်းအလိုက်
ခွဲယူရခြင်းဖြစ်ကြောင်း သိရှိရသည်။
Ref: Eleven Media Group
No comments:
Post a Comment