ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်
အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးသန်းထွန်း အား စွပ်စွဲပြစ်တင်မှု အဆိုတစ်ရပ်အား
တင်သွင်းထားကြောင်း သိရသည်။
“အစိုးရအဖွဲ့က လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်နဲ့
လုပ်ပိုင်ခွင့်တွေကို တားဆီး တာတွေရယ်၊ ပြည်သူနဲ့ အဆက်ဖြတ်သလို
ဆောင်ရွက်တာတွေရယ်ကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေ တာဝန်ထမ်းဆောင်လို့ မရတော့တဲ့အထိ ဖြစ်လာတယ်၊ ဒါကြောင့် အခုလို စွပ်စွဲပြစ်တင် အဆို (Impeach) ကို
ဆောင်ရွက်ရတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲတွင် လွှတ်တော်ဥက္ကဋ္ဌ
သရေစည်သူဦးဆန်းဆင့်က ပြောကြားခဲ့သည်။
စွပ်စွဲပြစ်တင်တယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ သက်ဆိုင်တယ်၊
ဒါကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ တင်ပြခဲ့တယ်၊
ပြည်သူလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှုကို မဆောင်ရွက်ဖို့
မေတ္တာရပ်ခံခဲ့ပြီး ပြည်ခိုင်ဖြိုး CEC မှာ အချက်(၄)ချက်ကို သဘောတူညီမှု
ရခဲ့တယ်၊ ဒါပေမယ့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က
ဖိအားပေးခြိမ်းခြောက်မှုတွေနဲ့ ဖော်ထုတ်မှုတွေ၊ တင်ပြသူတွေရဲ့ လက်မှတ်မူရင်း
တောင်းခံသိမ်းဆည်းမှု ဆောင်ရွက်ခဲ့ပြီး သဘောတူညီမှုတွေကို
ဖောက် ဖျက်ခဲ့တယ်လို့ ဥက္ကဋ္ဌမှ ပြောပြသည်။
တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များမှ ပြည်သူအတွင်း
ပေါ်ပေါက်နေသည့် ကိစ္စရပ်တစ်ရပ်ဖြစ်သည့် လ၀က၀န်ထမ်းအချို့မှ သန်းခေါင်စာရင်း
ကောက်ခံနေမှုတွင် ငွေကြေးကောက် ခံနေမှုအပေါ် လွှတ်တော်တွင် အဆိုတစ်ရပ်အဖြစ်
မတင်သွင်းမီ သက်ဆိုင်ရာဌာနမှ လွှတ်တော်ကိုယ်စား လှယ်အား ဖိအားပေးစစ်ဆေးမှုများ
ရှိခဲ့သည်။ အဆိုပါဌာနအား လွှတ်တော်မှ တရားစွဲဆိုမှုရှိခဲ့သော် လည်း လေးလကျော်ကြာမြင့်သည့်အထိ ၀န်ထမ်းစည်းကမ်းအရသာ အရေးယူဆောင်ရွက်ထားပြီး ဥပဒေအရ
အရေးယူမှုဆောင်ရွက်မှု အားနည်းနေကြောင်း သိရသည်။
“ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တယ်၊ လွှတ်တော်ကိုယ်စားလှယ်ကို ပါတီတွေ ကနေပြီးတော့ လွှမ်းမိုးတာတို့၊ ချုပ်ကိုင်တာတို့
လုပ်လို့မရပါဘူး၊ လွှတ်တော်ရဲ့ ဥပဒေဘောင်ထဲက သာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊
လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လွှမ်းမိုးချုပ်ကိုင်မှုတွေ ရှိနေရင်
လွှတ်တော်ရဲ့ဂုဏ်သိက္ခာကို ကျဆင်းစေပါတယ်၊ မေတ္တာရပ်ခံပါတယ်
လွှတ်တော်ဂုဏ်သိက္ခာ ကျဆင်းအောင် မလုပ်ကျပါနဲ့၊ လုပ်လာလို့ရှိရင်လည်း
လွှတ်တော်က ဥပဒေနဲ့အညီ တရားစွဲဆိုရမှာ ဖြစ်ပါ တယ်''လို့ ဥက္ကဋ္ဌက
ပြောကြားခဲ့သည်။
လွှတ်တော်ဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ်တို့သည် ပြည်ခိုင်ဖြိုးပါတီဝင်များ
ဖြစ်ကြသည်မှာမှန်သော်လည်း လွှတ်တော်တွင်း ပေါ်ပေါက်နေသော ကိစ္စရပ်များသည်
ပါတီတစ်ခု လူပုဂ္ဂိုလ်တစ်ခု၏ ကိစ္စမဟုတ်ပါ၊ ပါတီသည် ပြည်သူအ ကြိုး
ရှေးရှုဆောင်ရွက်နေသည်မှာ မှန်သော်လည်း၊ လွှတ်တော်ရဲ့ ဥပဒေမူဝါဒများနဲ့
မတူပါဘူး။ ဒါကြောင့်လွှတ်တော်က လွှတ်တော်ရဲ့ ဥပဒေအရသာ ဆောင်ရွက်ရတာလို့
အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။
Ref: Eleven Media Group
No comments:
Post a Comment