ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် အ.ထ.က (၄) အလုံတွင် စက်တင်ဘာလ
၁၀ရက်နေ့၊ နံနက်ပိုင်း က တွေ့ရှိခဲ့သည့် အင်္ဂလိပ်၊ ဂျပန်နှင့် မြန်မာစစ်တပ်
တစ်ခုခုမှ မြှုပ်နှံခဲ့သည်ဟု ယူဆရသည့် စစ်ကျန် ဗုံးဟောင်း ၂၅ လုံးကို
ဖျက်ဆီးသွားမည်ဟု ယင်းဗုံးများရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေသည့်
တာဝန်ရှိ သူတစ်ဦးထံမှ သိရပါသည်။
''အဆောက်အဦးဖောင်ဒေးရှင်းတွေ တူးတဲ့အခါမှာ အခုလိုစစ်ကျန်ဗုံးဟောင်းတွေ
တွေ့လေ့တွေ့ထ ရှိတက်ပါ တယ်။ တစ်လတည်း နှစ်ကြိမ်သုံးကြိမ်တွေ့တာမျိုးတောင်
ရှိတက်ပါတယ်။ စစ်တပ်တစ်ခုခုက နယ်မြေစွန့်ခွာ တဲ့အခါမှာ မသယ်နိုင်လို့
မြှုပ်နှံခဲ့တယ်လို့ ယူဆရပါတယ်။ အခုတွေ့ရှိတဲ့ဗုံးတွေက ဆွေးမြေ့နေတဲ့
ဗုံးဟောင်းတွေပါ။ အန္တရာယ်မရှိပါဘူး။ ဒီဗုံးတွေကို ဖျက်ဆီးသွားဖို့အတွက်
ဆက်လက်ဆောင်ရွက် သွားမှာပါ''ဟု အဆိုပါတာဝန်ရှိသူမှ ပြောကြားခဲ့ပါသည်။
အဆိုပါဗုံးများကို ကျောင်းအားကစားကွင်းပွဲကြည့်စင် ဆောက်လုပ်ရန်
မြေတူးစဉ် မြေကြီးအနက် လေးပေ ခန့် အရောက်တွင်
မြေကြီးတူးလုပ်ငန်းဆောင်ရွက်နေသူ လုပ်သားများမှ စတင်တွေ့ရှိခဲ့ခြင်း
ဖြစ်ကြောင်းနှင့် ယင်းဗုံးများကို ဟောင်းနွမ်းဆွေးမြေ့နေသော ဗုံးထည့်သည့်
သံသေတ္တာတစ်လုံးထဲတွင် တစ်စုတစည်း တည်း တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ရှိခဲ့ပြီးနောက် အလုံမြို့နယ် ရဲစခန်းသို့သတင်းပို့ခဲ့ရာ
ရဲစခန်းမှအဆင့်ဆင့် သတင်းပို့ဆောင် ရွက်မှုများ ပြုလုပ်ခဲ့ပြီး ယင်းနေ့ နံနက်
၉ နာရီ မိနစ် ၃၀အချိန်ခန့်တွင် သက်ဆိုင်ရာ ဗုံးရှင်းလင်းရေးအဖွဲ့မှ
ဗုံးရှင်းလင်းမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
Ref: Eleven Media Group
No comments:
Post a Comment