စက်တင်ဘာလ ၂၂ ရက်နေ့၊ နေပြည်တော်
နေပြည်တော်တွင် ကျင်းပခဲ့သော ရခိုင်အရေးကိစ္စ အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက 'ဘင်္ဂါလီ'ဆိုသည့် အသုံးအနှုန်းကို ဆက်လက်မသုံးစွဲရန် မေတ္တာရပ်ခံခဲ့ပြီး အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ခိုးဝင်လာသူများဟု သုံးနှုန်းလိုပါက သုံးနှုန်းနိုင်ကြောင်း ပြောကြားခဲ့ သည်။

ယနေ့ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက
မောင်တောမြို့နယ်တွင် ဒုက္ခသည်စခန်းမရှိကြောင်း ပြော ကြားခဲ့ပြီး ထိုသို့ပြောကြားချက်ကို အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသော ရခိုင်ဒေသခံများက
မေးခွန်း ထုတ်ခဲ့ကြသည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်နေသော 7Day News
သတင်းထောက်က သတင်းပေးပို့ သည်။
ထိုဆွေးနွေးပွဲမှာပင် ရိုဟင်ဂျာကိုယ်စားလှယ်တစ်ဦးကလည်း
ဘင်္ဂါလီဟု ခေါ်ဝေါ်ခြင်းမပြုဘဲ ရိုဟင်ဂျာဟု တရားဝင်သုံးနှုန်းစေလိုကြောင်း
ပြောကြားခဲ့ပြီး ထိုပြောကြားချက်ကို ရခိုင်မှ ကိုယ်စားလှယ် ဦးသာပွင့် က
နိုင်ငံတော်မှာ ရိုဟင်ဂျာဆိုသည်မှာ မရှိကြောင်း တရားဝင်ပြောကြားထားခြင်းနှင့်
ဆန့်ကျင်နေသည့် အတွက် ပြန်လည်မေးခွန်းထုတ်ခဲ့ကြောင်းသိရသည်။
Ref: 7Day News Journal
No comments:
Post a Comment