Sunday, September 2, 2012

ယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ပတ်သက်၍ မြန်မာ နှင့် တရုတ်ကျောက်စိမ်း ကုမ္ပဏီတို့ တရုတ်နိုင်ငံတွင် တရားရင်ဆိုင်နေ၊ မြန်မာကုမ္ပဏီ၏ လျှောက်ထားမှုကြောင့် ကျောက်စိမ်းများကို ဝရမ်းချိတ်ပိတ်ထား

7481 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ထွက်ရှိသော ယူရိုသန်းချီတန် ကျောက် စိမ်းတုံးနှစ်တုံး နှင့်ပတ်သက်၍ မြန်မာနှင့် တရုတ်ကျောက်စိမ်းကုမ္ပဏီတို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ဖူဆန်မြို့ပြည်သူ့တရားရုံးတွင် တရားရင်ဆိုင်နေပြီး မြန်မာကုမ္ပဏီ၏ လျှောက်ထား မှုကြောင့် ကျောက်စိမ်းတုံးများကို ချိပ်ပိတ်ထားကြောင်း သီတာမြနန်းကုမ္ပဏီ၏ ထုတ်ဖော်ပြောကြားချက်အ ရ သိရပါသည်။
မြန်မာလုပ်ငန်းဖြစ်သော သီတာမြနန်း ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီနှင့် တရုတ် လုပ်ငန်းဖြစ်သော နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့အကြား တရားရင်ဆိုင်နေခြင်း ဖြစ်ပါသည်။ ယ ခုနှစ် နိုဝင်ဘာလတွင် ခုံရုံးဖွဲ့ကာ တတိယအကြိမ်မြောက် အမှုကိုစစ်ဆေးမည်ဖြစ်ပြီး စီရင်ချက်ချမှတ် မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ သီတာမြနန်း ကုမ္ပဏီပိုင် ဖားကန့်ကျောက်စိမ်းလုပ်ကွက်မှ ၂၀၀၆ ခုနှစ်၊ ဇူလိုင်လအတွင်း ၃၂ တန်ရှိ ကျောက်စိမ်းအရိုင်းတုံးကို တူးဖော်ရရှိခဲ့ပြီး လေးခြမ်းရအောင် ဖြတ်တောက်ခဲ့သည်။ ယင်းလေးခြမ်း မှ နှစ်ခြမ်းကို ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပသည့် (၂၂) ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ချန်လုံကျောက်မျက်ကုမ္ပဏီမှတစ်ဆင့် တင်ပြရောင်းချခဲ့သည်။ ထို့နောက် ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်၊ ဖူစန်မြို့၊ နန်ဟိုင်ရပ်ကွက်မှတစ်ဆင့် တင်သွင်းပြီး အကောက်ခွန်ဆောင်ရန် သီတာမြနန်း ကုမ္ပဏီပိုင်ရှင် ဦးလှထွန်းက တဲ့တုဝမ်ကျောက်စိမ်းကုန်သွယ်ရေးကုမ္ပဏီထံ အလုပ်အပ်နှံခဲ့ကြောင်း သိရပါသည်။

7481a
နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း သီတာမြနန်း ကုမ္ပဏီပိုင် ကျောက်စိမ်းတုံးနှစ်တုံးကို တွေ့ရစဉ်

ထိုသို့ ကျောက်စိမ်းတုံးနှစ်တုံး တရုတ်နိုင်ငံဘက်ကို ရောက်ရှိသွားပြီးနောက် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ယင်းနှင့်ပတ်သက်သည့်တင်သွင်းမှု စာရွက်စာတမ်းများနှင့် အကောက်ခွန်ပေးဆောင်မှု စာရွက်စာတမ်းများ၊ အခွန်ဆောင်ပြီးကြောင်း သက်သေခံလက်မှတ်များကို သီတာမြနန်းကုမ္ပဏီသို့ ယခုအချိန်ထိ ပြန် လည်ပေးအပ်ခြင်းမရှိသည့်အတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း သီတာမြနန်းကုမ္ပဏီ၏ ရန်ကုန်ရုံးတာဝန် ခံ ဦးကျော်ကျော်ဟိန်းက ပြောကြားပါသည်။
“ပြဿနာစဖြစ်ကတည်းက ချန်လုံကုမ္ပဏီနဲ့ တဲ့တုဝမ်ကုမ္ပဏီပိုင်ရှင် ဦးရန်ကြားဆိုက်က သီတာမြနန်း တာဝန်ရှိသူတွေနဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းမှုလုံးဝမလုပ်ခဲ့ပါဘူး။ အခုချိန်မှာတော့ ဦးလှထွန်းနဲ့ ဦးရန်ကြား ဆိုက်တို့ တရားခွင်မှာပဲ ဖြေရှင်းဖို့ ရှိတော့တယ်”ဟု ဦးကျော်ကျော်ဟိန်းက ဆိုပါသည်။
မြန်မာကျောက်စိမ်းကုမ္ပဏီအသိုင်းအ၀ိုင်းတွင် ဦးရန်ကြားဆိုက်ပိုင် ချန်လုံကုမ္ပဏီမှာ ထင်ရှားသည့် ကုမ္ပဏီ တစ်ခုဖြစ်ပြီး Treasure Star Co., Ltd နှင့် တရုတ်နိုင်ငံ၊ ကွမ်တုံအခြေစိုက် နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့ကိုလည်း ဦးရန်ကြားဆိုက်နှင့် ဆက်နွှယ်မှုရှိကြောင်း သီတာမြနန်းကုမ္ပဏီ တာဝန်ရှိသူက ပြော ကြားပါသည်။
အခြားတစ်ဖက်တွင် နန်ဟိုင်ဆန်လုန်တဲ့တုဝမ်ကုမ္ပဏီမှ တာဝန်ရှိသူလျန်စွတ်ဖိန်းက ဦးရန်ကြားဆိုက်နှင့် တဲ့တုဝမ်ကုမ္ပဏီတို့အကြား မည်သည့်ဆက်စပ်မှုမျှမရှိကြောင်း တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ဖူဆန် မြို့ပြည်သူ့တရားရုံးတွင် ထုချေထွက်ဆိုသွားခဲ့ကြောင်း သိရပါသည်။
အဆိုပါ ကျောက်စိမ်းတုံးနှစ်တုံးကို (၂၂) ကြိမ်မြောက် ကျောက်မျက်ပွဲအတွင်း Lot No.601 နှင့် Lot No.602 တို့ဖြင့် တင်သွင်းပြသခဲ့ ခြင်းဖြစ်ပြီး အလေးချိန် ၈၈၀၀ ကီလိုနှင့် ၈၉၀၀ ကီလိုတို့ရှိကြောင်း၊ တန်ဖိုးအားဖြင့် ယူရို ၉၀၀၀၀၀ နှင့် ၉၅၀၀၀၀ တန်ကြေးရှိကာ နှစ်တုံးပေါင်းယူရို ၁ ဒသမ ၈၅ သန်း တန်ကြေးရှိကြောင်း သိရသည်။

No comments:

Post a Comment