မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်အတွင်းတွင်
တည်ဆောက်မည့် မန္တလေးမြို့တော် ကွန်းဗင်းရှင်းစင်တာ Mandalay City Convention Center (MCCC) ကို
ပြပွဲခန်းမများ၊ ရုံးခန်းများ၊ လူဦးရေ ၁၅၀၀ ခန့်ဆန့်ဝင်နိုင်သည့်ခန်းမနှင့် ဈေးဝယ်စင်တာများကို ထည့်သွင်းတည်ဆောက်သွားရန် စီစဉ်ထားကြောင်း
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိပါသည်။
မန္တလေးမြို့တော် ကွန်ဗင်းရှင်းစင်တာ (MCCC) ကို အာစီ ၂ ထပ်
အဆောက်အဦးပုံစံဖြင့် တည်ဆောက် သွားမည်ဖြစ်ပြီး အကျယ်အ၀န်းမှာ ၂.၃၈ ဧက
ကျယ်ဝန်းပြီး အရွယ်အစားမှာ ၃၈၀×၁၇၈ ပေရှိကြောင်း သိရသည်။
"ကျွန်တော်တို့ မြို့တော်စည်ပင်မှာက အစည်းအဝေးလုပ်မယ်ဆိုရင် ဒီစည်ပင်ရုံးတစ်ခုတည်းရှိတာဆိုတော့ အဆင်မပြေတော့ဘူး။ မြို့တော်ခန်းမကို ပြပွဲလာလုပ်တဲ့သူတွေ ရှိတဲ့အခါမှာ လူအများကိုဖိတ်ပြီး အစည်း အဝေးလုပ်ချင်ရင် နေရာကမရှိသလို ဖြစ်သွားတယ်။ ဒီနေ့ လက်တွေ့ ခင်ဗျားတို့မြင်ကြတဲ့အတိုင်းပါပဲ။ ဒါကြောင့် မန္တလေးမြို့တော် ကွန်ဗင်းရှင်းစင်တာ (MCCC) ကို တည်ဆောက်ရတာ ဖြစ်ပါတယ်" ဟု မန္တလေး မြို့တော်ဝန် ဦးအောင်မောင်းမှ စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ မန္တလေးမြို့တော်ကွန်ဗင်းရှင်းစင်တာ (MCCC) ၌ မြေညီထပ်တွင်
ဧည့်ကြိုခန်းမဆောင်၊ အရေးကြီးပုဂ္ဂိုလ်ခန်းမဆောင်၊
ပြင်ပဈေးရောင်းပြပွဲနေရာများ၊ ထိန်းချုပ်ရေးရုံးခန်း၊ ပြပွဲခန်းမ၊
အုပ်ချုပ်ရေး ခန်းမ၊ စားသောက်ဆိုင်နှင့် ဈေးဝယ်စင်တာများ၊ သန့်စင်ခန်းများ၊
ကားရပ်နားရန်နေရာများ၊ မော်တော်ဆိုင် ကယ်ရပ်နားရန်နေရာများ၊ ပထမထပ်တွင်
၁၈၀×၁၇၇ ပေ အရွယ်အစားရှိ ပြပွဲခန်းမကြီး၊ အပြင်ပြပွဲခန်းမ၊ ဗဟိုနှင့်
ပြင်ဆင်ထိန်းသိမ်းရေးရုံးခန်း၊ ဧည့်ကြိုနှင့် မှတ်ပုံတင်ဌာန၊
ဝန်ဆောင်မှုရုံးခန်း၊ ကုန်တင်ကုန် ချပြုလုပ်ရန် ကားလမ်းနှင့်
သန့်စင်ခန်းများကို ထည့်သွင်းတည် ဆောက်သွားရန် စီစဉ်ထားသည် ဟု သိရသည်။
"မန္တလေးမြို့တော်ကွန်ဗင်းရှင်းစင်တာ (MCCC) ကို တည်ဆောက်ဖို့ရာအတွက်
စီစဉ်နေပါတယ်။ နေ့ရက် ကိုတော့ အတိအကျ ပြောလို့မရသေးပါဘူး။
စီမံကိန်းပုံစံကိုတော့ ရေးဆွဲပြီးပါပြီ။ မကြာခင်မှာတော့ အကောင်အထည်
ဖော်သွားမှာကတော့ သေချာပါတယ်"ဟု မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီမှ
အင်ဂျင်နီယာတစ်ဦးက အတည်ပြု ပြောကြားသွားခဲ့သည်။
Ref: Eleven Media Group
No comments:
Post a Comment