ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ခရီးသည်တင်ယာဉ်အစီး ၅၀၀ ခန့်
တင်သွင်းရန်အတွက် ပြည်တွင်း ကုမ္ပဏီငါးခုအား တင်သွင်းခွင့် ထောက်ခံချက်များ
ထုတ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။ ကုမ္ပဏီငါးခု၏အမည်ကို သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေးတွင်
ခရီးသည်တင်ယာဉ်အများစုမှာ ဟောင်းနွမ်းနေပြီး အဆင့်မမီသော
ယာဉ်များဖြစ်နေကြောင်း၊ ထို့ပြင် ခရီးသည်နှင့် ယာဉ်မလုံလောက်ခြင်းကြောင့်
အချိန် ကြာမြင့်စွာ စောင့်ဆိုင်းစီးနေရခြင်းများရှိ၍
အခြားယာဉ်များတင်သွင်းခြင်းထက် ခရီးသည်တင်ယာဉ်များ တင်သွင်းခြင်းကို
ဦးစားပေး ထောက်ခံချက်ထုတ်ပေးလျက်ရှိသည်ဟု သိရသည်။
''ကုမ္ပဏီငါးခုကို ခရီးသည်တင်ယာဉ်တွေ တင်သွင်းဖို့အတွက်
ထောက်ခံချက်တွေထုတ်ပေးခဲ့တယ်။ ကုမ္ပဏီ တစ်ခုကိုအစီး ၁၀၀ နှုန်းလောက်နဲ့
သွင်းမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က
ပြောပြခဲ့သည်။
တင်သွင်းရန် ထောက်ခံပေးခဲ့သော ယာဉ်များမှာ သဘာဝဓာတ်ငွေ့သုံး CNG
ယာဉ်များ ဖြစ်ကြောင်း၊ အဆိုပါယာဉ်များ ရောက်ရှိလာပါက CNG သုံးစွဲမှု
အဆင်ပြေစေရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
''CNG ယာဉ်အဟောင်းအပ်တဲ့ စလစ်ရှိတဲ့အတွက် ကားအသစ်တွေဝင်လာရင်
အဲဒီကားတွေနေရာမှာ အစားထိုးပြီး CNG ရရှိအောင် လုပ်ပေးမယ်''ဟု
အဆိုပါတာဝန်ရှိသူက ဆိုသည်။
Ref: Eleven Media Group
No comments:
Post a Comment