Wednesday, July 31, 2013

ဗိုလ်ချုပ်စကားထဲကအတိုင်း လုပ်ခဲ့ကြသူများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် စစ်အစိုးရအုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲခဲ့သည့် ကာလမှာ သိပ်မကြာသေးချေ။ ဒီမိုကရေစီဟုသာဆိုသော်လည်း အစိုးရသက်တမ်းမှာ အလွန်နု နယ်သောကြောင့် စိန်ခေါ်မှုများစွာကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ 

ထိုကဲ့သို့စိန်ခေါ်မှုများစွာ တွေ့ကြုံခဲ့ရခြင်းမှာ နိုင်ငံတော်အစိုးရ၏အပြစ်တော့ လုံးလုံးမဟုတ်ချေ။ သို့သော် အစိုးရအတွင်း စီမံခန့်ခွဲမှုများအားနည်းမှုကြောင့် ထိုသို့သောကိစ္စရပ်များတွေကြုံခဲ့ရခြင်းဖြစ်သည်။ အစိုးရ၀န်ကြီးဌာနများအတွင်းတွင် စစ်တပ်မှ အရပ်သားအဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်သူ များစွာရှိသည်။ ထိုသူများမှာ ယခင်က အထက်အမိန့်ဖြင့်သာလုပ်ဆောင်ခဲ့ရပြီး ယခုအခါ မိမိတာဝန်ကို မိမိကိုယ်တိုင်တာဝန်ယူ စီမံအုပ်ချုပ်ရသောကြောင့် အချို့သောနိုင်ငံ့တာဝန်များတွင် အားနည်းချက်များ ရှိနေ၏။

ဒီမိုကရေစီနိုင်ငံအဖြစ် မြန်မာနိုင်ငံရပ်တည်နေချိန်တွင် ခေါင်းဆောင်မှုပိုင်းဆိုင်ရာတွင်လည်း မသိမသာအား ပြိုင်မှုများလည်းရှိနေသည်။ မြန်မာ့နိုင်ငံရေးသမားများကား အိမ်တစ်အိမ်အတွင်းတွင်ရှိနေကြသော၊ ကတ် သတ်စိတ်ရှိနေကြသော သားသမီးများနှင့်တူပေသည်။ အိုမင်း၍မစွမ်းကြသော မိဘ ပြည်သူများ၏ အကျိုး ကိုတစ်ဦးက စလုပ်မှသာ တစ်ခြားတစ်ဦးကလုပ်ပေးသည်။ မိမိကိုယ်ပိုင်အသိစိတ်ဖြင့် လုပ်ပေးနိုင်မှုက နည်းပါးနေသည်။ ထိုသို့ဆိုလျှင် ကြိမ်တို့မှ ရုန်းသည့်အရာများနှင့်များစွာ ခြားနားမှုမရှိချေ။

ပါတီများ၏အားပြိုင်မှုဟာ ဒီမိုကရေစီစနစ်၏ မရှိမဖြစ်ရှိသင့်သည့်အချက် ဟုဆိုသော်လည်း မိမိပါတီ အာဏာရရေးအတွက် ဦးတည်၍ ပြည်သူတို့ချစ်ဖွယ်သော စကားကိုသာဆိုကြ၏။ အကာသာရှိ၍ အနှစ် မပါသောကိစ္စများသာဆောင်ရွက်နေကြသည်။ တကယ်တော့ ဒီမိုကရေစီနိုင်ငံရေးကာလနုနုတွင် ဆွယ်တရားကိစ္စများ ဘေးခဏချိတ်ထားကြပြီး ညှိညှိနှိုင်းနှိုင်းဖြစ်သင့်သည်သာ အမှန်ဖြစ်သည်။ နေသား ကျမှဆွယ်တရားကိစ္စများ လုပ်ကြပေါ့။

ရွေးကောက်ခံအချို့တွင်လည်း ကိုယ်ကျိုးထုတ်အမြတ်ယူမှုများမှာ တစ်ခြားနိုင်ငံများနှင့်စာလျှင် များပြားနေ သည့်အပြင် " ပြည်သူ ... ပြည်သူ့အတွက်" မရွေးခံရမည်က ပြောခဲ့သည်နှင့် လုံးလုံးမှမဆိုင်သည်များကို သာလုပ်နေကြသည်။ နိုင်ငံ့ရေးသမားဆိုတာ လျှာနှစ်ခွနှင့်မြွေဆိုတာမှန်ပေမယ့် ပြည်သူ့အကျိုးအတွက် သာမြွေဆိုးလုပ်ရမည်။ ကိုယ့်ကိုယ်ကျိုးအတွက် မြွေဆိုးလုပ်ပါက အကိုက်ခံရသည့်ပြည်သူမှာ မသက် သာချေ။
 
မြန်မာနိုင်ငံနှင့် ရပ်ကွက်များ၏ အုပ်ချုပ်ရေးသည် ဒီမိုကရေစီအရ ရွေးချယ်ပိုင်ခွင့်ရှိသော်လည်း မြန်မာနိုင်ငံ ၏မြို့တော်များမှာမှု ဒီမိုကရေစီစနစ်မကျင့်သုံးသေးချေ။ မြို့တော်ဝန်ရွေးကောက်ပွဲများလည်းရှိစေချင် သည်။ မြန်မာနှင့်ပတ်သတ်သမျှအရာအားလုံးကို ဒီမိုကရေစီကျစေချင်သည်။

မိဘဖြစ်တဲ့ပြည်သူများကလည်း သားသမီးများ၏မျက်နှာမထောက် အရက်သမားမိဘများဖြစ်လာသည်။ ဘာကြောင့်ထိုသို့ဖြစ်လာလဲဆိုတာတော့ အရက်ဆိုတာ စိတ်ဆင်းရဲရင်သောက်တယ်။ ဒီမိုကရေစီ လက်ထက်မှာ ခရိုနီတွေ၊ ခရိုနီတစ်ပိုင်းအရွေးကောက်ခံတစ်ပိုင်းတို့၏ အနိုင်ကျင့်မှုတွေ၊ အလုပ်အကိုင်ရှား ပါးမှု၊ ဆင်းရဲချမ်းသာကွာဟမှုစတဲ့ လူမှုဒုက္ခတွေကြောင့် ပြည်သူတွေအရက်သောက်ကြတယ်။ စည်း ကမ်းဖောက်ကြတယ်။ တာဝန်မဲ့ကြတယ်။ တစ်ချို့တစ်ချို့တွေက ပတ်ဝန်းကျင် ရေတိုနာမည်ကျော်နိုင် ငံ့ရေးသမားဖြစ်လိုသူတွေ မြှောက်ပေးမှုကြောင့် အရက်သောက် သွေးဆိုးကြတယ်။ ဆန္ဒပြကြတယ်။ အကြမ်းဖက်ကြတယ်။ အရက်သောက်တာများတော့ နိုင်ငံကြီးသားပီသမှုပါ လုံးပါးပါးလာပြီး ဘယ်သူသေသေ ငတေမာတွေများလာတော့မှာ အမှန်ပင်ဖြစ်သည်။

တာဝန်ယူစိတ်အပြည့်ရှိသော အာဇာနည်ခေါင်းဆောင်ဗိုလ်ချုပ် ပြောပြောနေတဲ့ ဖာသည်နိုင်ငံဆိုတာ ယခုလိုစိန်ခေါ်မှုများ စွာကြုံတွေ့နေသောနိုင်ငံဖြစ်လျှင်ဖြစ်မည် (သို့မဟုတ်) အဲဒီလိုနိုင်ငံဆီဦးတည်နေတာ လည်းဖြစ်မည်။ အကယ်၍ ဖြစ်ခဲ့လျှင်တောင် ဗိုလ်ချုပ်စကားထဲကအတိုင်း လုပ်ခဲ့ကြသူများအား ဗိုလ်ချုပ်စကားအလေးထားသူများ ဟုရွဲ့ပြီးဂုဏ်ပြုပေးချင်ပါသည်။

Sunday, February 17, 2013

ပြည်သူက ယုံကြည်ကိုးစားသော တပ်မတော်အဖြစ် ဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၌ ပြောကြား

ပြည်သူက ယုံကြည်ကိုးစားသော တပ်မတော်အဖြစ် ဆောင်ရွက်ရန်နှင့် တပ်မတော်မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို မှန်မှန်ကန်ကန် အသိတရားရှိရှိဖြင့် လိုက်နာကြရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းခန်းမ၌ ပြု လုပ်သော နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်နယ်မြေရှိ တပ်နယ်ခြောက်ခုမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က 'တိုင်းပြည်၏ အဓိကတာဝန် မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူတို့၏ အသက်အိုးအိမ်စည်း စိမ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်နိုင်ရန် စွမ်းရည်သုံးရပ်ပြည့်စုံပြီး အရည်အချင်းပြည့်ဝသော တပ်မတော်ဖြစ်ရန်နှင့် ပြည် သူက ယုံကြည်ကိုးစားသော တပ်မတော်အဖြစ် ဆောင်ရွက်ရန်လိုအပ်ကြောင်း' ဟု ထည့်သွင်းပြောကြားခဲ့ သည်။
"ပြည်ထောင်စုထဲမှ ပေါက်ဖွားလာသော တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ် မတော်ဖြစ်၍ ပြည်ထောင်စုစိတ်ဓာတ်ထားရှိမွေးမြူပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထိ ထိရောက်ရောက် ဆောင်ရွက်ရန်နှင့် တပ်မတော်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို မှန်မှန် ကန်ကန် အသိတရားရှိရှိဖြင့် လေးစားလိုက်နာကြရန် လိုအပ်ကြောင်း" ဟု တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဆက်လက်ပြောကြားသည်။ ထို့ပြင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ရယူထားခြင်း သည် အပစ်အခတ်ရပ်စဲပြီး ယာယီငြိမ်းချမ်းရေးရယူထားခြင်းသာဖြစ်၍ ဥပဒေဘောင်အတွင်း အပြည့်အ၀ ၀င်ရောက်လာအောင် ထာဝရငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်းလည်း ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာအစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး သဘောတူညီမှုများ ရရှိထားပြီးဖြစ်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရ အဖွဲ့တို့ ဖေဖော်ဝါရီ ၄ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရန် တိုးတက်မှုရရှိခဲ့ကြောင်း သိရသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အနေဖြင့် ငြိမ်းချမ်းရေးအတွက် အချိန်မရွေး လာရောက်ဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်ထားပြီး ပြည်ထောင်စုအားလုံး စည်းစည်းလုံးလုံးဖြစ်စေလိုကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အကြား ခိုင်မာသည့်အပစ်အခတ် ရပ်စဲရေးရရှိရန်နှင့် နေရာချထားရေးများ လုပ်ဆောင်ရန် ကရင်ပြည်နယ်တွင် မတ်လအတွင်း၌ တွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးရရှိပြီးဖြစ်သည့် ဒေသများတွင်လည်း ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ များ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။

Ref: eleven media group