ရန်ကုန်၊ စက်တင်ဘာ-၁၇
မြန်မာနိုင်ငံ၏ ဒုတိယမြောက်အမျိုးသမီးသံအမတ်အဖြစ်
နိုင်ငံခြားရေးဝန်ကြီးဌာနမှ လေ့ကျင့်ရေး၊ သုတေသနနှင့်
နိုင်ငံခြားဘာသာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ယဉ်ယဉ်မြင့်ကို
ဘရူနိုင်းနိုင်ငံ သံအမတ်အဖြစ် ခန့်အပ်လိုက်ကြောင်း ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
ပထမဆုံး အမျိုးသမီးသံအမတ်အဖြစ် ခန့်အပ်ခြင်းခံရသူမှာ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်ဖြစ်ပြီး အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ၁၉၆၀ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
ယခု ဘရူနိုင်းဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်
ဒေါ်ယဉ်ယဉ်မြင့်သည် နှစ် ၅၀ ကာလအတွင်း ပထမဆုံး အမျိုးသမီးသံအမတ်အဖြစ်
တာဝန်ယူရသူဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
သံအမတ်ရာထူးသည် နိုင်ငံတော်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက
ရွေးချယ်တာဝန်ပေးသည့် ရာထူးဖြစ်ပြီး ယခုကဲသို့ရာထူးမျိုးကို
အမျိုးသမီးတစ်ဦးအနေဖြင့် ရရှိလာခြင်းသည် ရှေ့ဆက်၍ အမျိုးသမီး များကို
ပိုမိုတာဝန်ပေးအပ်သွားမည့် သဘောမျိုးဖြစ်နိုင်ပြီး အမျိုးသမီးများကဏ္ဍ
ပိုမိုမြင့်တက်လာသည် ဟုလည်း ပြောကြားနိုင်ကြောင်း အငြိမ်းစားသံအမတ်ကြီး
ဦးခင်မောင်လေးက ပြောကြားသည်။
ဘရူနိုင်းနိုင်ငံသည်
အာဆီယံနိုင်ငံတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့်
ပူးပေါင်းဆောင် ရွက်ခြင်းကို ဆက်လက်တိုးမြှင့်လုပ်ဆောင်နေသည့်အတွက် ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နေရာ သည် သံတမန်ရေးအရ အရေးကြီးသည့်နေရာဟု ပြောနိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။
Ref: 7Day News Journal
No comments:
Post a Comment