Wednesday, September 5, 2012

ဖုန်းလိုင်းတွေအတွက် DWDM စနစ်သုံးနိုင်ဖွယ်ရာရှိနေ

 

ကနေဒါအခြေစိုက် အော့ပ်တီလီယံကုမ္ပဏီက မြန်မာ့ဆက်သွယ်ရေးစနစ်တွင် Dense Wave Division Multiplexing (DWDM) စနစ်ကို အသုံးပြုရန်အတွက် စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန နှင့် သဘောတူညီမှုရရှိခဲ့သည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ကြေညာခဲ့သည်ဟု OTTAWA သတင်းဌာနမှ ဖော်ပြချက်အရသိရသည်။
ကုမ္ပဏီဥက္ကဌ မိုက်ပါရီက “ မြန်မာ့တယ်လီကွန်အခြေခံအဆောက်အအုံတည်ဆောက်မှုမှာပါဝင်ခွင့်ရတဲ့ အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှတ်ဥာဏ်သွင်းဖုန်းနှင့် ကရိယာ များ ၊ လှိုင်းကျယ်မြင့်လှိုင်းတွေ အသုံးပြုနိုင်ဖို့၊ မြန်မာ-ကမ္ဘာဆက်သွယ်ရေးကို ဒီဇိုင်းတွေရေးပြီး အ ဆင့်မြှင့်နိုင်ဖို့နဲ့ ပြည်တွင်းကွန်ယက်တွေကို အဆင့်မြှင့်ဖို့အတွက် ကျွန်တော်တို့ကုမ္ပဏီက ပါဝင်မှာပါ´´ ဟုဆိုသည်။
 ကနေဒါနည်းပညာသုံး DWDM ဖုန်းများသည် မကြာခင်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးအခန်း ကဏ္ဍ၌ မြင်တွေ့ရမည်ဟုသိရသည်။

No comments:

Post a Comment