Tuesday, July 31, 2012

စည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ ဂျာနယ်နှစ်စောင် အကန့်အသတ်မရှိ ရပ်ဆိုင်းခံရ

နိုင်ငံ့သတင်းအား လှန့်သည့်သတင်းခေါင်းစဉ် ဖြစ်နေသော The Voice 

အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်နားခံရသော အပတ်စဉ်ထုတ် ဂျာနယ် နှစ်စောင်မှာ The Voice Weekly နှင့် Envoy ဂျာနယ်တို့ ဖြစ်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ရေးဌာနက အတည်ပြုသည်။

The Voice ဂျာနယ်အား စာပေစိစစ်ရေးမှ အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်လိုက်ကြောင်း ယင်းဂျာနယ် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက ယနေ့ ဇူလိုင်လ ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် ပေါ်ပြူလာနယူးစ်မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ ပြန်ကြားရေးက ခေါ်ပြောတာ။ အကြောင်းပြချက်ကတော့ တစ်ခုတည်းမဟုတ်ဘူး။ ဇွန်လထဲကစပြီး စည်းကမ်းဖောက်ဖျက်လို့ ဆိုပြီးပြောတယ်။ စည်းကမ်းဖောက်ဖျက်တာ ကျွန်တော်တို့ တစ်စောင်တည်း လည်း မဟုတ်ဘူး။ ရှိသမျှ အနည်းနဲ့အများတော့ စည်းကမ်းဖောက်ဖျက်နေကြတာပဲ” ဟု ၄င်းကပြောသည်။

“ Envoy ဂျာနယ်ကို ၃၁.၇.၂၀၁၂ နေ့ ၁၁နာရီခွဲအချိန်တွင် အကန့်အသတ်မရှိ ရပ်ဆိုင်းခြင်းခံရပါတယ်။ မိမိကိုယ်တိုင် CEO ဖြစ်တာဝန်ယူထုတ်ဝေနေသော ဂျာနယ်ဖြစ်သဖြင့် အထူးကြေကွဲဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။
ဟု Envoy ဂျာနယ် ထုတ်ဝေသူ ဒါရိုက်တာစင်ရော်မောင်မောင်ကပြောသည်။

ဂျာနယ်များ အကန့်အသတ်မရှိ ရပ်ဆိုင်းခံရခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ ခေါ်ယူအသိပေးခဲ့ခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ မီဒီယာအားလုံးသည် တိုင်းပြည်ပျက်အောင် လုပ်ဆောင်ခြင်း အလျှင်းမရှိဘဲ တိုင်းပြည်ကောင်းစားရေးအတွက်သာ ရှေးရှုလုပ်ဆောင်နေကြောင်း The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက သုံးသပ်ပြောကြားခဲ့သည်။

The Voice Weekly သတင်းစာစောင်ကို ယခုတစ်ကြိမ် ထုတ်ဝေခွင့်ယာယီရပ်နားခံရမှုနှင့် ဆိုပါက စုစုပေါင်း ၆ ကြိမ် တိတိ ထုတ်ဝေခွင့်ပိတ်ခြင်းဖြစ်သည်။
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်ပတ်၊ ၂၀၀၅ ခုနှစ် မေလမှ ဇွန်လကြားတွင် လေးပတ်၊ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် တစ်ပတ်၊ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လတွင် နှစ်ပတ်၊ ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလတွင် တစ်ပတ် ထုတ်ဝေခွင့် ပိတ်ခံခဲ့ရသည်။

Ref: Popular Myanmar News Journal, 7Day News Journal

မြန်မာနိုင်ငံတွင် အီရန်သံရုံးဖွင့်လှစ်ရန် စီစဉ်နေ

 အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက်ခ်ဘာ ဆလ်ဟီ
 အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် ဇူလိုင် ၃၁ က မြန်မာနိုင်ငံတွင် သံရုံးဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက်ခ်ဘာ ဆလ်ဟီ ၏စကားကို ကိုးကား၍ အီရန်မေဟာသတင်းဌာနက သတင်းပေးပို့သည်။ 
“ကျွန်တော်တို့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေနှင့် ပြောဆိုဆွေးနွေးနေပြီး သံရုံးဖွင့်ဖို့စီစဉ်ထားပါတယ်”ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ယင်းသို့ သံရုံးဖွင့်လှစ်လိုက်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင် မာလာစေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောကြားသည်။
 

Monday, July 30, 2012

မြန်မာသံအမတ်သစ်ခန့်အပ်လွှာ အမေရိကန်သမ္မတ အိုဘားမား လက်ခံ

 
 ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဦးသန်းဆွေ တာဝန်ထမ်းဆောင်ခဲ့စဉ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့်အတူ
 
အမေရိကန်ပြည်ထောင်စုဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ သဘောတူထားတဲ့ ဦးသန်းဆွေ ဟာ ဇူလိုင်လ ၃၀ ရက်နေ့က အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သူ့၏သံအမတ် ခန့်အပ်လွှာ ကိုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ နှစ်ပေါင်း ၂၅ နှစ်နီးပါးအတွင်း အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံ့ အကြား သံတမန်ဆက်ဆံရေးအဆင့်အတန်းကို အပြည့်အ၀ပြန်လည်ပြီး ထူထောင်လိုက်သည့် သဘောဖြစ် သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ သံအမတ်ကြီးအဖြစ် Derek Mitchell ဟာလည်း မကြာသေးခင်ကပဲ သူ့၏သံအမတ်ခန့်အပ်လွှာကို မြန်မာနိုင်ငံ့သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်ခဲ့ပြီးဖြစ်သည်။ သံအမတ်ကြီး ဦးသန်းဆွေဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ် သည်။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီရေးလှုပ်ရှားမှုကို အဲဒီအချိန် အာဏာသိမ်းစစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုက သံတမန်ဆက်ဆံရေး အဆင့်အတန်း ကို လျှော့ချခဲ့သလို မြန်မာနိုင်ငံဘက်ကလည်း အလားတူ လုပ်ဆောင်ခဲ့သည်။ ယခု သမ္မတကြီး ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးခဲ့တာ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတာတွေကို တုန့််ပြန်တဲ့အနေဖြင့် အမေရိ ကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းခဲ့သလို သံတမန်ဆက်ဆံရေးကို အပြည့်အ၀ ပြန်ထူထောင်ခဲ့တာလည်းဖြစ်သည်။
 
Ref: VOA

ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိ

 ထားဝယ်-မြိတ် လမ်းပေါ်ရှိ ပေါက်တိုင်းတံတားအနီးတွင် ရေကျော်နေစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား လျက်ရှိပြီး သွားရေးလာရေး ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်း၌ ပြီးခဲ့သည့် ဇူလိုင်လ၂၅ရက်နေ့မှ စ၍ မိုးများ ဆက်တိုက်သည်းထန်စွာ ရွာသွန်း ပြီးနောက် မြစ်ဖျားပိုင်းမှ စီးဆင်းလာသော ရေများကြောင့် ထားဝယ်မြစ်ရေလျံတက်လာခဲ့ပြီး မြေနိမ့်ပိုင်းဒေ သများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

'' မိုးက ၄၊၅ ရက်လောက် ဆက်တိုက် သည်းကြီးမဲကြီးရွာလိုက်တော့ ချောင်းရေ၊ မြစ်ရေတွေ လျှံတက်လာပြီး အခုလို ရေကြီးမှုတွေဖြစ်လာခဲ့တာပါ။ ဒီနားမှာက နှစ်တိုင်းလိုလို ရေကျော်တတ်ပါတယ်။ ကားတွေလည်း သွားလို့မရဘူး။ မိုးနည်းလာရင်တော့ ပြန်ကျသွားမယ်လို့ ထင်ပါတယ်။ မြိတ်ဘက်ကလာတဲ့ ကားတွေ ကတော့ ပေါက်တိုင်းတံတားပေါ်မှာ ရေကျချိန်ကို စောင့်နေတုန်းပဲ။ ဟိုဘက်ဒီဘက်ကို ကူးတို့လှေနဲ့ ပို့ပေးနေပါတယ်။ လူတစ်ယောက်ကို ကျပ် ၅၀၀၊ ဆိုင်ကယ်တစ်စီးကို ကျပ် ၁၀၀၀ နဲ့ပါ။ ဒီအတိုင်းသာ မိုးဆက်တိုက် ရွာနေမယ်ဆိုရင်တော့ ရေထပ်ကြီးဖို့ပဲရှိပါတယ်'' ဟု ပေါက်တိုင်းတံတားအနီး နေထိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။

ထားဝယ်မြို့ပေါ် ရပ်ကွက်များဖြစ်ကြသော ရှမ္မလည်ဆွဲ၊ ကြက်စာပြင်၊ မြောင်းပုလဲမြို့သစ် စသောရပ် ကွက်များတွင် ရေနုတ်မြောင်းများမှတစ်ဆင့် ရေများဝင်ရောက်လာမှုကြောင့် နေအိမ်များအတွင်း ရေများ ၀င်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ် ကြသော လောင်းလုံ၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များရှိ ကျေးရွာများတွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ် လျက်ရှိပြီး သွားလာမှုခက်ခဲလျက်ရှိကြောင်း သိရသည်။

ယခုနှစ်ပိုင်းအတွင်း ထားဝယ်ဒေသ၌ ရာသီဥတုမူမမှန်မှုများ ဖြစ်ပေါ်လျက်ရှိပြီး မိုးဆက်လက်ရွာသွန်းနေ ပါက ယခုနှစ်အတွင်း ထားဝယ်ဒေသ၌ ရေကြီးမှုအန္တရာယ်များ ကြုံတွေ့ရဖွယ်ရှိကြောင်း ၀ါရင့်ရေလုပ်သား များထံမှ သိရှိရသည်။

အိန္ဒိယနိုင်ငံရှိ ရတနာဂီရိရှိ နတ်ရွာစံ သီပေါမင်းတရားကြီး၏ ရုပ်အလောင်းများမှ အရိုးများကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင် ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုပါဝင်သည့် ၃၁ရက်နေ့ အမျိုးသားလွတ်တော်အစည်းအဝေး

ယနေ့(ဇူလိုင်လ ၃၁ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော်
အစည်းအဝေးတွင်

(၁) ရပ်ကွက်၊ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကိစ္စနှင့် စပ်လျဉ်းသော မေးခွန်း။

(၂) ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဒဏ် ခံစားခဲ့ရသော ပြည်သူများ
မူလ အခြေအနေသို့ အမြန်ဆုံး ပြန်လည် ရောက်ရှိရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည့် ပြန်လည် ထူထောင်ရေး အခြေအနေများနှင့် နောင် အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေး၊ လုံခြုံမှု တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု အပြည့်အ၀ ရရှိရေးအတွက် ရေရှည်အစီအမံများ ချမှတ်ရေးဆွဲ ထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း။

(၃) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဒေသပြည်သူအပေါ် အမှီအခိုကင်းပြီး ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်တာဝန် ထမ်းဆောင်နိုင်ရေး အတွက် လုံလောက်သော ခရီးစရိတ်၊ အသုံးအဆောင် ပစ္စည်းနှင့် ရုံးသုံးစက်ပစ္စည်း စသည်တို့ကို ငွေစာရင်း ခေါင်းစဉ် အလိုက် ရံပုံငွေ ခွဲဝေချထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း အစရှိသည့် မေးခွန်းများကို မေးမြန်းကြမည် ဖြစ်သည်။

ထို့နောက် အဆိုတင်သွင်းမှု အစီအစဉ်တွင်

(၁) ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ကာလ စည်းကမ်းသတ် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေး စဉ်းစားရန် အဆိုတင်သွင်းခြင်း။

(၂) ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးက တရားရုံးများ မထီမဲ့မြင် ပြုမှု ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေး စဉ်းစားရန် အဆို တင်သွင်းခြင်။

(၃) ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးက ရာဇ၀တ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းခြင်း။

(၄) ငွေကြေးနှင့် အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးနှင့် အရင်းအနှီးဈေးကွက် ဥပဒေကြမ်း ရေးဆွဲနေစဉ် ကာလအတွင်း ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ပြုပြင် ဖွဲ့စည်းမှုများ ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခြင်း။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်းနှင့်
အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၅) အိန္ဒိယနိုင်ငံရှိ ရတနာဂီရိရှိ နတ်ရွာစံ သီပေါ မင်းတရားကြီး၏ ရုပ်အလောင်းများမှ အရိုးများကို မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင် ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခြင်း။

(၆) အခြေခံ ပညာ အထက်တန်း စာမေးပွဲ အောင်မြင်မှု၊ ကျရှုံးမှုနှင့် စပ်လျဉ်း၍ လက်ရှိ ကျင့်သုံးနေသည့် စနစ်အား ပြန်လည် သုံးသပ်လျက် အရည်အချင်း ပြည့်မီသော အောင်မြင်သူများ ပိုမို မွေးထုတ် နိုင်ရေးအတွက် အောင်မြင်မှု အခြေခံ ရမှတ် သတ်မှတ်ချက် မြှင့်တင်ရန်နှင့် ကျရှုံးသူများ မနစ်နာစေရန် အတွက် ကျရှုံးပြီး ဘာသာကိုသာ အချိန်တို အတွင်း ပြန်လည် ဖြေဆိုခွင့် ရရှိရေး အခွင့်အရေး ပေးသည့် စနစ် ပြုပြင်ပြောင်းလဲ ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း ကြောင်း အဆိုကို တင်သွင်းခြင်း အစရှိသည်တို့ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းကြမည်ဟု သိရပါသည်။

Ref: Eleven Media Group.

“ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရန် တောင်းဆိုခြင်း အား ပြည်ထောင်စုဝန်ကြီး ငြင်းပယ်”


ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တစ်ဖက်သတ်ဆက်ဆံမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ၊ စုံစမ်းစစ်ဆေးမှုပြုရန် တောင်းဆိုခြင်း အား နိုင်ငံတော်အစိုးရအနေဖြင့် လက်ခံဖွယ်မရှိဟု လ၀က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။ နိုင်ငံတော်အစိုးရက ဘယ်လိုဆုံးဖြတ်မလဲတော့ ကျွန်တော် အတိအ ကျမသိဘူးလေ။ ဒါပေမယ့် ခင်ဗျားစဉ်းစားကြည့်ပါ။ ပြည်တွင်းမှာ အစဉ်အဆက်နေခဲ့တဲ့ ဘင်္ဂါလီ လူမျိုးတွေ နဲ့ ရခိုင် တိုင်းရင်းသားတွေနဲ့ တစ်အိမ်တည်းမှာနေနေတဲ့ ညီအစ်ကိုတွေ ရန်ဖြစ်ကြတာပဲ၊ ဒါဟာဒေသတွင်း ကိစ္စလေ၊ နိုင်ငံတကာအရေးမှ မဟုတ်တာ၊ ဖြေရှင်းချင်ရင် Bilitral ( မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ) ဖြေရှင်းရမှာလေ၊ ဒါကိုနိုင်ငံတကာအရေးလို စုံစမ်းစစ်ဆေးမှုပြုပါလို့ တောင်းဆိုလာရင်တော့ ကျွန်တော်ထင်တယ် နိုင်ငံတော်အစိုးရက လက်ခံမှာမဟုတ်ဘူးဟု ၄င်းကပြောသည်။

Ref: Popular Myanmar News Journal.

၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်


 ၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်ဟု လ၀က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မနေ့က နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်းတွင် ရခိုင်အရေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဘင်္ဂလားဒေရှ်သံအမတ်ကြီး၏ “ရိုဟင်ဂျာများမှာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်ခြင်းရှိမရှိ “ ဟူသော အမေးကိုလည်း ၄င်းက  

"ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့လူမျိုး မဟုတ်ပါဘူးလို့ သမ္မတကြီးက ပြောတဲ့စကားကို ကျွန်တော် ထောက်ခံပြောကြား လိုပါတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၁၈၂၄ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဟာ ဗြိတိသျှ ကိုလိုနီအောက် ရောက်ခဲ့ပါတယ်။ အဲဒီအခါမှာ လယ်ယာလုပ်ငန်းတွေအတွက်၊ ကာယလုပ်ငန်းတွေအတွက် လိုအပ်ချက် ရှိလာတဲ့အခါမှာ တစ်ဖက်နိုင်ငံမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေ ကျွန်တော်တို့နိုင်ငံကို အတားအဆီးမဲ့ ၀င်လာခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီတော့ ဗြိတိသျှလက်ထက်မှာရှိခဲ့တဲ့ အစိုးရ ပြန်တမ်းတွေကို ကြည့်တဲ့အခါမှာ ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေကို ကြည့်တဲ့အခါမှာ ကျွန်တော်တို့မှာ ဘယ်တုန်းကမှ လူမျိုးခွဲခြားမှုထဲမှာ ရိုဟင်ဂျာဆိုတာကို တရားဝင် ဖော်ပြထားတယ် ဆိုတာ မရှိပါဘူး။ ဘင်္ဂါလီလူမျိုးသာ ဖော်ပြထားတာ ရှိပါတယ်။ ကျွန်တော်တို့မှာ တရားဝင် လူမျိုးစုကြီး ရှစ်စု ရှိပါတယ်။ ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး လူမျိုးစု ၁၀၀ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင် လူမျိုးစုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာကော၊ ဗြိတိသျှ အစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည် ကျွန်တော်တို့လူမျိုးထဲမှာ ပါဝင်တဲ့လူမျိုး မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာ မရှိပါဘူးလို့ ဖြေကြားချင်ပါတယ်"

ဟုဆိုကာ မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း တရားဝင်ငြင်းဆို လိုက်သည်။

Ref: Popular Myanmar News Journal & Eleven Media Group.

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဟောင်း၌ ကျင်းပ

 w743pic1
ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန ရုံးဟောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင် လွင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး သိန်းဌေးက အသေးစိတ်ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သိရပါသည်။ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းမှုတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ကိစ္စရပ်များအပါ အ၀င် ဖြစ်စဉ်များအပြီး ရခိုင်ပြည်နယ်၌ ကြုံတွေ့လာနိုင်ဖွယ်ရှိသော စိန်ခေါ်မှုများ၊ အလားအလာ များနှင့် ဖြေရှင်းနိုင်သော နည်းလမ်းများကို တင်ပြခဲ့ကြောင်း သိရပါသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်အချို့၏ အချိန်ကိုကြည့်ပါက တစ်ချိန်တည်း တစ်ပြိုင်တည်း ဖြစ်ခဲ့ သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အဆိုပါဖြစ်ရပ်များက အခြားပြင်ပမှ လူများ၏နိုင်ငံရေးရည်မှန်းချက်ကို ဦးတည်သည့်ပြင်ပမှ သွေးထိုးလှုံ့ဆော်မှုနှင့် အားထုတ်မှုရှိသည်ကို သက်သေပြနေကြောင်းဟု နယ်စပ်ရေး ရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး က ပြောကြားခဲ့သည်။


ဆက်လက်ပြီး ပဋိပက္ခစတင်ဖြစ်ပွားခဲ့စဉ်မှစကာ ယခုအချိန်ထိ အခြေအနေများကိုပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားလျက်ရှိကြောင်း ဗိုလ်ချုပ်သိန်းဌေးက မြန်မာနိုင်ငံတွင်း ဘင်္ဂါလီလူမျိုးများ၏ လူဦးရေတိုး ပွားမှုနှုန်းကို ၈၂ဦး ရှိသောမိသားစုတစ်စုနှင့် ဥပမာပေးပြောကြားခဲ့သည်။ ဘင်္ဂါလီလူမျိုးအိမ်ထောင်ဦးစီး ဦးရွှေယောက်၏ မိသားစုတွင် ဇနီး ၄ဦး၊ သားသမီး ၂၈ဦး၊ မြေး ၄၉ ဦးရှိကာ စုစုပေါင်း မိသားစုဝင် ၈၂ဦးရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် အခြေအနေကို ၎င်းက (၁) ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေ သည့် ဖြစ်ရပ်များ၊ (၂) မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ဆူပူသောင်းကျန်းသော လူ အုပ်ဖြစ်ရပ်များ၊ (၃) အစိုးရ၏ အရေးယူမှုနှင့် ကာကွယ်တားဆီးရေး ဆောင်ရွက်မှုများ၊ (၄) စစ်တွေမြို့နှင့် အခြားမြို့များတွင် အကြမ်းဖက်မှုနှင့် ဆူပူသောင်းကျန်းသော လူအုပ်ဖြစ်ရပ်များ၏ နောက်ဆက်တွဲဖြစ် စဉ်များ၊ (၅) ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ပြန်လည်ရရှိရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်၊ (၆) လူသားချင်းစာ နာ ထောက်ထားမှု အကူအညီပေးနိုင်ရေးလုပ်ဆောင်မှု၊ (၇) ကယ်ဆယ်ရေး၊ ပြန်လည်နေရာချ ထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်၊ (၈) တရားဥပဒေစိုးမိုးရေး၊ (၉) သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းသို့ စသည့် ခေါင်းစဉ်များခွဲ၍ ရှင်းလင်းခဲ့သည်။
ထိုကဲ့သို့ရှင်းလင်းပြီး၌ ဒေသခံ တိုင်းရင်းသားများနှင့် ရွှေ့ပြောင်းအခြေချ နေထိုင်သူ (ဘင်္ဂါလီများ) အတွက် ကြုံတွေ့နိုင်သည့် ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ရွှေ့ပြောင်း အခြေချနေထိုင်သူများ၏ လူဦးရေ အလွန်အမင်း တိုးမြင့်လာမှု၊ ဘာသာရေး ပဋိပက္ခ၊ ယဉ်ကျေးမှု ပဋိပက္ခ၊ လူမှုရေး ပဋိပက္ခ၊ မြေယာအသုံးပြုမှု ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခ၊ ဆက်သွယ်သွားလာနိုင်မှု အကန့်အသတ်ရှိခြင်း၊ တင်းကျပ်သည့် ၀န်းကျင်၊ တင်းကျပ်သည့် ဈေးကွက်အခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ ပညာရေး အဆင့်အတန်း နိမ့်ပါး၍ စာမတတ်မြောက်မှု၊ မဖွံ့ဖြိုးသည့် အခြေခံ အဆောက်အအုံများ စသည်တို့သည် ဒေသခံ တိုင်းရင်းသားများနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူ (ဘင်္ဂါလီများ) အတွက် ကြုံတွေ့နိုင်သည့် ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ဖွယ် ရှိသည့် နည်းလမ်းများကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်၌ အဓိကရုဏ်းများကြောင့် ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီ ၄၆ ဦး စုစုပေါင်း ၇၇ဦး သေဆုံးပြီး ၁၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် စုစုပေါင်း လူနေအိမ် ၄၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၄ လုံးနှင့် စာသင်ကျောင်း သုံးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် အဓိကရုဏ်များကြောင့် လက်ရှိဒုက္ခသည် ဦးရေမှာ ဇူလိုင်လ ၃၀ ရက်နေ့အထိ ရခိုင်လူမျိုး ၈၀၃၁ ဦး၊ ဘင်္ဂါလီ ၅၃၃၉၀ ဦး စုစုပေါင်း ၆၁၄၂၁ ဦး ရှိကြောင်း သိရသည်။
ရခိုင်လူမျိုး ၈၀၃၁ ဦးအနက် ၅၇၀၂ ဦးမှာ စစ်တွေရှိ ကယ်ဆယ်ရေးစခန်း ၄၃ ခုတွင် ရှိပြီး ၂၃၂၉ ဦးမှာ မောင်တောရှိ ကယ်ဆယ်ရေး စခန်း ခြောက်ခုတွင်ရှိကြောင်း သိရသည်။
ဘင်္ဂါလီ ၅၃၃၉၀ ဦးမှာ စစ်တွေရှိ ကယ်ဆယ်ရေးစခန်းများတွင် ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် အဓိကရုဏ်များနှင့် ဆက်စပ်ပြီး UNHCRE မှ ငါး ဦး၊ WFP မှ တစ်ဦး၊ AZG မှ လေးဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် အဓိကရုဏ်းတွင် မပါဝင်သည်ကို တွေ့ရှိရသည့်အတွက် တစ်ဦးကို ပြန် လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားများထဲတွင် ပါဝင်မှု ရှိ၊ မရှိနှင့် စပ်လျဉ်း၍ မေးမြန်းရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက "ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့လူမျိုး မဟုတ်ပါဘူးလို့ သမ္မတကြီးက ပြောတဲ့စကားကို ကျွန်တော် ထောက်ခံပြောကြားလိုပါတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၁၈၂၄ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဟာ ဗြိတိသျှ ကိုလိုနီအောက် ရောက် ခဲ့ပါတယ်။ အဲဒီအခါမှာ လယ်ယာလုပ်ငန်းတွေအတွက်၊ ကာယလုပ်ငန်းတွေအတွက် လိုအပ်ချက်ရှိလာ တဲ့အခါမှာ တစ်ဖက်နိုင်ငံမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေ ကျွန်တော်တို့နိုင်ငံကို အတားအဆီးမဲ့ ၀င်လာခဲ့တဲ့ အ ချိန်ဖြစ်ပါတယ်။ အဲဒီတော့ ဗြိတိသျှလက်ထက်မှာရှိခဲ့တဲ့ အစိုးရ ပြန်တမ်းတွေကို ကြည့်တဲ့အခါမှာ ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေကို ကြည့်တဲ့ အခါမှာ ကျွန်တော်တို့မှာ ဘယ်တုန်းကမှ လူမျိုးခွဲခြားမှုထဲမှာ ရိုဟင်ဂျာဆိုတာကို တရားဝင် ဖော်ပြထားတယ် ဆိုတာ မရှိပါဘူး။ ဘင်္ဂါလီလူမျိုးသာ ဖော်ပြထားတာ ရှိပါတယ်။ ကျွန်တော်တို့မှာ တရားဝင် လူမျိုးစုကြီး ရှစ်စု ရှိပါတယ်။ ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး လူမျိုးစု ၁၀၀ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင်လူမျိုးစုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာကော၊ ဗြိတိသျှအစိုးရ ပြန်တမ်း မှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေ မှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည် ကျွန်တော်တို့လူမျိုးထဲမှာ ပါဝင်တဲ့လူမျိုး မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံမှာ မရှိပါဘူးလို့ ဖြေကြားချင်ပါတယ်" ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာကင်တားနား၊ ရန်ကုန်အခြေစိုက်သံရုံးများမှ သံတမန်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ INGO များ၊ ပြည်တွင်းပြည်ပသတင်းထောက်များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ 

Ref: Eleven Media Group & 7Day News Journal 

ဦးအောင်သိန်းလင်းကို ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းနိုင်ရေး တောင်ဥက္ကလာမဲဆန္ဒရှင်များ လက်မှတ်စုဆောင်း

ပြည်ခိုင်ဖြိုးပါတီတောင်ဥက္ကလာပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ တရုတ်နိုင်ငံ ထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သောစကားများ နှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မနှစ်သက်ကြောင်း တင်ပြရန် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူများ၏ လက်မှတ်စုဆောင်းနေကြကြောင်း ဦးဆောင်ဦးရွက်ပြုသူ ဦးမင်းအောင် က ပြောသည်။
''ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူအသံလွှတ်တော်အသံလို လွှတ်တော်ဆောင်ပုဒ်ရှိတယ်။ Southern Weekend တရုတ်သတင်းစာမှာ ပြောတဲ့စကားတွေက ပြည်သူ့ဆန္ဒကို လားလားကြီး ဆန့်ကျင်နေတဲ့ အတွက် လက်မှတ်ထိုးတင်ပြဖို့လုပ်နေတာပါ'' ဟု ဦးမင်းအောင်က ရှင်းပြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၉)
(လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း) အပိုဒ် ၃၉၆ (ခ) တွင် 
သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ် သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ပြဋ္ဌာန်းထားသည်။
''အခုပဲ လက်မှတ် ၈၀၀ ပြည့်တော့မယ်။ ၈၀၀ ပြည့်ရင် တစ်ရာခိုင်နှုန်းရပြီ။ ၂၀၁၀ တုန်းက မဲပေးခဲ့ တာ တောင်ဥက္ကလာပမှာ ၈ သောင်းကျော်ပဲ ရှိတယ်''ဟု ဦးမင်းအောင်က ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ် ပြောကြားခြင်း ရှိ၊ မရှိ ကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက် လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ကြေငြာချက်ထုတ်ပြန်ထားသည်။
အင်တာဗျူးတွင် ဦးအောင်သိန်းလင်းက သမ္မတဦးသိန်းစိန်သည် မိမိ၏သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည် ဟူဆိုသော ဧရာဝတီမြစ်ဆုံဆည်ကို မဖြစ်မနေ ပြန်လည် တည်ဆောက်သွားမည် ဖြစ်ကြောင်းပြောဆိုခဲ့သည်။

Sunday, July 29, 2012

ပထမဆုံး ရေဒီယိုအစီအစဉ် သင်တန်းဖွင့်လှစ်မည်

မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂနှင့် Creative Media House (CMH) နှင့် ပိုလန်နိုင်ငံရှိ Association Education for Peace  အဖွဲ့အစည်းတို့ပူးပေါင်း၍ ပထမဆုံး ရေဒီယိုအစီအစဉ်သင်တန်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ တို့တွင် သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။ 
အရေအသွေးပြည့်ဝသည့် ရေဒီယိုမှတစ်ဆင့် ပွင့်လင်းလွတ်လပ်သော မီဒီယာနယ်ပယ်မှ ဗဟုသုတများကို ရှာမှီးနိုင်သည့် အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရေးအတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းများကို ရန်ကုန်မြို့တွင် သြဂုတ်လ၂၀ ရက်နေ့မှ ၃၀ရက်နေ့အထိ၊ မန္တလေးမြို့တွင် စက်တင်ဘာလ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး သင်တန်းတစ်ခုတွင် သင်တန်းသားဦးရေ ၂၀ ခေါ်ယူသွား မည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါသင်တန်းတွင် စာတွေ့သင်ကြားချိန် ငါးရက်နှင့် လက်တွေ့ သင်ကြားချိန် ၇ ရက် သင်ကြားပေးသွား မည်ဖြစ်ကြောင်း၊ ဥရောပ ရေဒီယိုစတေရှင် TOK FM ပိုလန်နိုင်ငံသား ရေဒီယိုအသံလွှင့် ပညာရှင်နှစ်ဦးက သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသားသုံးဦးကို ရွေးချယ်၍ ပိုလန်နိုင်ငံရှိ မီဒီယာတစ်ခုတွင် တစ်လသင်တန်း တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။ 
ရေဒီယိုအစီအစဉ် သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် burmaoniar@gmail.com သို့ သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်းလည်း သိရသည်။

ရွှေတိဂုံစေတီတော်ရှိ နှစ်ပေါင်း ၂၃၄ နှစ် သက်တမ်းရှိသော စဉ့်ကူးမင်းခေါင်းလောင်း၏ အစိတ်အပိုင်းအချို့  ယိုယွင်းလာသဖြင့် ခေါင်းလောင်း ထိုးခွင့်မပြုတော့


2012-07-26-16.52.30
 ရွှေတိဂုံစေတီတော်ရှိ စဥ့်ကူးမင်းခေါင်းလောင်းတွင် ခေါင်းလောင်းထိုးနေသူအချို့ အား ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်

ရွှေတိဂုံစေတီတော်၊ ရာဟုထောင့်ရှိ နှစ်ပေါင်း ၂၃၄ နှစ်တမ်းရှိသော စဥ့်ကူးမင်းခေါင်းလောင်း၏ အစိတ်အပိုင်းအချို့မှာ ယိုယွင်းမှုများရှိလာသဖြင့် ခေါင်းလောင်းထိုးခွင့်ပြုတော့မည် မဟုတ်ကြောင်း ရွှေ တိဂုံစေတီတော်ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်၏ ပြောကြားချက်အရ သိရှိရသည်။
စဥ့်ကူးမင်းခေါင်းလောင်တွင်  သြဂုတ်လကုန်ပိုင်းမှ စတင်၍ ခေါင်းလောင်းထိုးတံ ထားရှိတော့မည်မဟုတ်ဘဲ ခေါင်းလောင်းအား သံပန်းများနှင့် ကာရံခြင်း၊ ခေါင်းလောင်း မထိုးရဟူ၍ ဆိုင်းဘုတ်များဖြင့် ရေးထားထားခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"စဥ့်ကူးမင်း ခေါင်းလောင်းရဲ့ အစိတ်အပိုင်းအချို့က ပျက်စီးနေပြီ။  ခေါင်းလောင်းထိုးခွင့် မပြုတော့ဘူး။ အဲဒီအစဉ်ကို သြဂုတ်လဆန်းပိုင်းမှာ စအကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ခေါင်းလောင်းကြီးက နှစ်လည်း ကြာနေပြီ။ ဆက်ပြီး ခေါင်းလောင်းထိုးခွင့် ပေးလို့ ဒီထက်ပိုပျက်စီးလာမယ်ဆိုရင် နောက်ပိုင်းလူတွေ မတွေ့ရတော့မှာစိုးလို့ အခုလို လုပ်ရတာဖြစ်ပါတယ်။ ခေါင်းလောင်းကြီးက စဥ့်ကူးမင်း လှူဒါန်းခဲ့တဲ့အတွက် စဥ့်ကူးမင်းခေါင်းလောင်းလို့ ခေါ်တာဖြစ်တယ်"ဟု ရွှေတိဂုံစေတီတ်ာဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်က ပြောပြခဲ့သည်။
ရွှေတိဂုံစေတီတ်ာတွင် ခေါင်းလောင်း စုစုပေါင်း ၃၅ လုံးရှိသည့် အနက် ကြီးမားသည့် ခေါင်းလောင်းမှာ နှစ်လုံးသာရှိပြီး စဥ့်ကူးမင်း ခေါင်းလောင်းနှင့် သာယာဝတီမင်း ခေါင်းလောင်းတို့ဖြစ်ကြောင်း သိရသည်။ စဥ့်ကူးမင်းခေါင်းလောင်းမှာ ရွှေတိဂုံစေတီတော်ရှိ သက်တမ်းအကြာဆုံး ခေါင်းလောင်းကြီးဖြစ်ပြီး  အရွယ်အစားအားဖြင့်မူ ဒုတိယအကြီးဆုံးဖြစ်ကာ အလေးချိန်မှာ ကြေး ၂၄ တန်ရှိကြောင်း သိရှိရသည်။ သာယာဝတီမင်းခေါင်း လောင်းမှာမူ ပထမအကြီးဆုံး ခေါင်းလောင်းဖြစ်ပြီး အလေးချိန် အားဖြင့် ကြေး ၄၂ တန်ရှိကာ သက်တမ်းအားဖြင့် ၁၇၂ နှစ်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

စဥ့်ကူးမင်းခေါင်းလောင်းတွင်  သြဂုတ်လကုန်ပိုင်းမှ စတင်၍ ခေါင်းလောင်းထိုးတံ ထားရှိတော့မည်မဟုတ် ဘဲ ခေါင်းလောင်းအား သံပန်းများနှင့် ကာရံခြင်း၊ ခေါင်းလောင်း မထိုးရဟူ၍ ဆိုင်းဘုတ်များဖြင့် ရေးသား ထားခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"စဥ့်ကူးမင်းခေါင်းလောင်းရဲ့ အစိတ်အပိုင်းအချို့က ပျက်စီးနေပြီ။  ခေါင်းလောင်းထိုးခွင့် မပြုတော့ဘူး။ အဲဒီအစဉ်ကို သြဂုတ်လဆန်းပိုင်းမှာ စတင်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ခေါင်းလောင်းကြီး က နှစ်လည်းကြာနေပြီ။ ဆက်ပြီးခေါင်းလောင်းထိုးခွင့်ပေးလို့ ဒီထက်ပိုပျက်စီးလာမယ်ဆိုရင် နောက်ပိုင်း လူတွေ မတွေ့ရတော့မှာစိုးလို့ အခုလိုလုပ်ရတာဖြစ်ပါတယ်။ ခေါင်းလောင်းကြီးက စဥ့်ကူးမင်း လှူဒါန်းခဲ့ တဲ့အတွက် စဥ့်ကူးမင်းခေါင်းလောင်းလို့ ခေါ်တာဖြစ်တယ်"ဟု ရွှေတိဂုံစေတီတ်ာဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောပြခဲ့သည်။
ရွှေတိဂုံစေတီတ်ာတွင် ခေါင်းလောင်း စုစုပေါင်း ၃၅ လုံးရှိသည့် အနက် ကြီးမားသည့်ခေါင်းလောင်း မှာ နှစ်လုံးသာရှိပြီး စဥ့်ကူးမင်း ခေါင်းလောင်းနှင့် သာယာဝတီမင်း ခေါင်းလောင်းတို့ဖြစ်ကြောင်း သိရသည်။ စဥ့်ကူးမင်းခေါင်းလောင်းမှာ ရွှေတိဂုံစေတီတော်ရှိ သက်တမ်းအကြာဆုံး ခေါင်းလောင်းကြီးဖြစ်ပြီး အရွယ်အစားအားဖြင့်မူ ဒုတိယအကြီးဆုံးဖြစ်ကာ အလေးချိန်မှာ ကြေး ၂၄ တန်ရှိကြောင်း သိရှိရသည်။ သာယာဝတီမင်းခေါင်းလောင်းမှာမူ ပထမအကြီးဆုံး ခေါင်းလောင်းဖြစ်ပြီး အလေးချိန် အားဖြင့် ကြေး ၄၂ တန်ရှိကာ သက်တမ်းအားဖြင့် ၁၇၂ နှစ်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွား လာစေနိုင်


7431
 မြေဈေးနှုန်း ကြီးမြင့်သည့် ရန်ကုန်မြို့ ဆူးလေစေတီတော် အနီးဝန်းကျင်ကို တွေ့ရစဉ်

လုပ်ငန်းရှင်ကြီးအချို့(ဥပမာ -အိမ်ရာ၊ မြေယာ ရောင်းဝယ်ခြင်း) အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံတော်အတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှုများ၊ မသမာမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ပိုမိုကြီးထွားလာစေနိုင်ကြောင်းကို အမျိုးသား လွှတ်တော်ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာကော်မတီ၏ အကြံပြုချက်စာတမ်းတွင် အကြံပြုထားကြောင်း သိရသည်။

ငွေကြေးအရင်းအနှီးမြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ငန်း မဟုတ်သည့် ၀ယ်လှောင်ရောင်းပုံသဏ္ဌာန်ဖြင့် ဆောင်ရွက်နေသည့် မြေ၊ အိမ်၊ ယာဉ်ရောင်းဝယ်မှုများ အပေါ်တွင်လည်း သင့်တော်သည့်နည်းလမ်းများဖြင့် စနစ်တကျစည်းကြပ်သွားရန် လိုအပ်သည် ဟု တင်ပြထားကြောင်း သိရသည်။

ငွေလဲလှယ်နှုန်းတစ်သမတ်တည်း ဖြစ်စေရေးအတွက် ဆောင်ရွက်နေသော်လည်း ငွေလဲကောင်တာနှုန်း၊ ပြင် ပဈေးနှုန်း၊ FEC ဈေးနှုန်း၊ Earning နှုန်းများ ကွာခြားမှုရှိနေခြင်းတို့ကြောင့် ငွေကြေးလဲလှယ်နှုန်း တစ်မျိုးတည်းဖြစ်အောင် လုပ်ဆောင်သင့်ပြီး ငွေကြေးလဲလှယ်နှုန်း အတက်အကျ ကွာခြားချက် နည်းနိုင်သမျှနည်း၍ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်သင့်ကာ ဈေးကွက်စနစ်ဖြစ်ပေါ်လာရန် လိုအပ်ကြောင်း အကြံပြုထားသည်ဟု သိရသည်။

ယခုအခါ ပုဂ္ဂလိကဘဏ် ၁၁ ခု အား နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ခွင့်ပြုပြီးဖြစ်၍ အက်ဖ်အီးစီ ဆက်လက်ထားရှိသုံးစွဲရန် သင့်မသင့်၊ Stock Exchange စနစ် ဖြစ်ပေါ်လာပါက Stock Share ဈေးကွက် လုခြင်းများ ဖြစ်ပေါ်နိုင်ခြင်း၊ ဗဟိုဘဏ်တွင် စုဆောင်းထားရှိသည့် နိုင်ငံပိုင်နိုင်ငံခြားငွေ ပမာဏ၊ ရွှေပမာ ဏနှင့် ဗဟိုဘဏ်မှ ထုတ်ဝေထားသည့် FEC ပမာဏ အခြေအနေများကို အများပြည်သူသိရှိအောင် အချိန် အခါ သတ်မှတ်၍ ထုတ်ပြန်ကြေညာပေးသွားသင့်ကြောင်း အကြံပြုတင်ပြထားသည်။

အခွန်ကိစ္စနှင့် ပတ်သက်၍လည်း အမြတ်ခွန်အများဆုံး ပေးဆောင်သော လုပ်ငန်း ၁၀ ခုတွင် အကြီးဆုံးလုပ် ငန်းရှင်များ မပါဝင်ခြင်းမှာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံ မှန်ကန်စွာ စုဆောင်းရရှိမှု မရှိခြင်း၊ ကုမ္ပဏီကြီးများက ဥပဒေနှင့်အညီ ပေးဆောင်မှု မရှိခြင်း၊ အခွန်ရ ရှိအောင် တာဝန်ယူရသည့်ဌာနများ၊ ၀န်ထမ်းများ၏ ဆောင်ရွက်မှု အားနည်းခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ဂျီဒီပီနှင့် အခွန်ရရှိမှုမှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား ၁၀ ရာခိုင်နှုန်း၊ လာအို ၁၁ ရာခိုင်နှုန်း၊ ဗီယက်နမ် ၂၁ ရာခိုင်နှုန်း ရှိနေချိန်တွင် ၃ ရာခိုင်နှုန်းသာ ရှိပြီး ရသင့်သည့်အခွန် မရရှိသည်နှင့် အမျှ ဘတ်ဂျက်လိုငွေပြပြီး တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးများတွင် ဖွံ့ဖြိုးတိုးတက် မှုနှေးကွေးနိုင်ကြာင်း ဖော်ပြထားသည်။

အခွန်ထမ်းက အခွန်ရှောင်ခြင်း၊ အခွန်ဝန်ထမ်းများက နိုင်ငံထက် ယင်းတို့၏ကိုယ်ကျိုးအ တွက် ဆောင်ရွက်နေခြင်းများကို လျော့နည်းပပျောက်စေမည့် အခွန်မူဝါဒမျိုး ချမှတ်ကျင့်သုံး သင့်ကြောင်း၊ ကုန်ထုတ်လုပ်မှုအဆင့်ဆင့်၊ ရောင်းဝယ်ဖောက်ကားမှု အဆင့်ဆင့်အပေါ်တွင် အခွန်အကြိမ်ကြိမ် စည်းကြပ်ကောက်ခံခြင်းများကြောင့် ရရှိသည့်အခွန်သည် သက်ဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီကြီး များက ကျခံရခြင်းမဟုတ်ဘဲ သွယ်ဝိုက်သောနည်းအားဖြင့် စားသုံး၊ သုံးစွဲသူများကသာ ကျခံရသည်ကို သတိပြုသင့်ကြောင်း အကြံပြုထားသည်။

အခွန်မှန်ကန်စွာ ရရှိရေးအတွက် အခွန်အကောက် ကောက်ခံခြင်း ခံရမည့် လူပုဂ္ဂိုလ်(အခွန်ထမ်း)၊ လုပ်ငန်း၊ ပစ္စည်းအားအမျိုးအစားနှင့် အတန်းအစားခွဲခြားခြင်း၊ ကောက်ခံခြင်းခံရမည့်အရာများ မှန်ကန်သည့် တန်ဖိုး၊ ဈေးနှုန်း သတ်မှတ်ပေးခြင်း၊ ကောက်ခံခြင်း ဆောင်ရွက်မည့်သူများ စနစ်တကျဖွဲ့စည်းခြင်းနှင့် ယင်းတို့၏တာဝန်ဝတ္တရားများ သတ်မှတ်ပေးခြင်း၊ အခွန်ကောက်ခံခြင်း ဆောင်ရွက်မည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များအတွက် စည်းမျဉ်းစည်းကမ်းများ တိကျစွာ သတ်မှတ်ပေးခြင်းများအပြင် ပြည်သူများ ယုံကြည် လက်ခံနိုင်သည့် အခွန်မူဝါဒ၊ ရှင်းလင်းလွယ်ကူသည့် အခွန်စနစ်များပါရှိသည့် ဥပဒေများကို ခေတ်ကာ လနှင့်အညီ ပြန်လည်ရေးဆွဲသွားသင့်ကြောင်း အကြံပြုထားကြောင်း သိရသည်။

ငွေရေးကြေးရေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများ ဟန်ချက်ညီစွာ အပြန်အလှန် အထောက်အကူပြုရေး အတွက် လက်ရှိတွင် ငွေကြေးဖောင်းပွမှု မြင့်မားနေသည့်အတွက် ယင်းကို ထိန်းသိမ်းနိုင်ရန်အတွက် ဘတ်ဂျက်အသုံးစရိတ်များကို လျှော့ချခြင်း၊ အခွန်အကောက်များကို ပိုမိုရရှိအောင် စွမ်းဆောင်ခြင်းအားဖြင့် ဘတ်ဂျက်လိုငွေပမာဏကို လျော့ကျအောင် လုပ်ဆောင်သင့်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာအောင် စွမ်းဆောင်သင့်ကြောင်း တင်ပြထားသည်။

ချင်းပြည်နယ် ဟားခါးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်

ယနေ့ မြန်မာစံတော်ချိန် ၈နာရီ ၅၁မိနစ် ၃၀ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၃၅မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဟားခါးမြို့၏ အရှေ့တောင်ဘက် ၁၄မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ချတာစကေး ၅.၈ အဆင့်ရှိ အင်အားအသင့်အ တင့်ရှိသော မြေငလျင်တခုလှူပ်ရှားသွားကြောင်း တိုင်းတာရရှိသည်ဟု မန္တလေးမြို့ရှိ မိုးလေ၀သ မှတ်တမ်းနှင့် မြေငလျင်ဌာနမှသတင်းထုတ်ပြန်သည်။ ယင်းငလျင်လှုပ်ခတ်မှုအား မန္တလေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့မှ လည်း ခံစားသိရှိလိုက်ကြသည်ဟု သိရသည်။ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း တစ်မြို့လုံး လှုပ်ခတ်မှုရှိခဲ့ကြောင်းနှင့် လှုပ်ခတ်ချိန်မှာ အနည်းငယ်သာကြာမြင့်သည်ဟု ဟား ခါးမြို့မှ ဒေသခံတစ်ဦး ကပြောသည်။ “ခေါင်းမူးတယ် ထင်နေတာ တစ်ချက်လောက် လှူပ်သွားတယ်။ မုံရွာမှာလည်း လှူပ်တယ်ကြားတယ်။”ဟု မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးကပြောသည်။

Ref: မန္တလေး၊ဇူလိုင်-၂၉

ဦးအောင်သိန်းလင်း၏ ပြောကြားချက်နှင့်ပတ်သက်ပြီး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းအနေဖြင့် Southern Weekend (China)သို့ အမှန်တကယ် ပြောကြားခြင်း ရှိ၊ မရှိကို စိစစ်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ကြေညာချက်တွင် အချက်သုံးချက်ပါရှိပြီး ၎င်းတို့မှာ
 (၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် Southern Weekend (China) ဟု ဖော်ပြထားသော တွေ့ ဆုံမေးမြန်းမှု ရေးသားဖော်ပြချက်များအား Internet စာမျက်နှာများပေါ်တွင်လည်းကောင်း၊ ပြည်တွင်းရှိ ဂျာနယ်များတွင်လည်းကောင်း ဖော်ပြလျက်ရှိနေကြပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းမှုများလည်း ရှိနေကြပါသည်။ 
(၂) အဆိုပါ ရေးသားဖော်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ အမှန်တ ကယ် ပြောကြားခဲ့မှုများဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိကပြောဆိုချက်များ သာဖြစ်ပြီး ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ။
(၃) ဦးအောင် သိန်းလင်းအနေနှင့် အမှန်တကယ် ပြောကြားခြင်း ရှိ၊ မရှိ ကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်'' တို့ဖြစ်ကြသည်။

Ref: Eleven Media Group

Saturday, July 28, 2012

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးလန့်မှုတစ်ခုဖြစ်ပွား

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ၀န်ထမ်းများနှင့် ဈေး လုံခြုံရေးများ
မီးကို ငြိမ်းသက်ထိန်းချုပ်အပြီး
ဇွန်လ ၂၈ ရက်၊ ၂၀၁၂ ညနေ ၆း၂၀ ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ အဆင့်မြင့် မင်္ဂလာဈေးတာဝန်ခံရုံး အနီးရှိ တာမွေမြို့နယ်နှင့် တောင်ညွန့်မြို့နယ်များသို့ လျှပ်စစ်ဓါတ်အားပေးဝေနေသော ထရန်စဖော်မာမှ ၀ါယာရှော့ဖြစ်ကာ မီးလန့်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလန့်မှုကို အဆင့်မြင့်မင်္ဂလာဈေး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ၀န်ထမ်းများနှင့် ဈေး လုံခြုံရေးများ က မီးသတ်ဆေးဘူးများကို အသုံးပြု၍ ညနေ ၆း၃၀ တွင် ထိန်းချုပ်နိုင်ခဲ့သည်။ ညနေ ၆း၃၈ တွင် မြို့နယ်မီးသတ်မှ မီးသတ်ကား ၂ စီးရောက်ရှိလာကာ မီးကြွင်းမီးကျန်ရှိမရှိကို စစ်ဆေးကာ ညနေ ၆း၅၅ တွင်ဈေးအတွင်းမှ ပြန်လည်ထွက်ခွာသွားသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ပြတ်တောက်သွားသည့် မီးလိုင်းများကို မြို့နယ်လျှပ်စစ်ဌာနမှ ၀န်ထမ်းများက ညနေ ၆း၅၀ မှစတင်ပြုပြင်ခြင်းဆောင်ရွက်ခဲ့ပြီး ည ၁၁း၁၅ တွင် ပြတ်တောက်သွားသော လျှပ်စစ်မီး များပြန်လည်ရရှိစေရေးလုပ်ငန်း ပြီးစီးခဲ့ကြောင်းကို သတင်းရရှိပါသည်။

မိုးလုံးမှိုင်း

Thursday, July 26, 2012

ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းမှ အများပြည်သူများ တရားဓမ္မနာကြားနိုင်ရန် ၀က်ဘ်ဆိုက်လွှင့်တင်

တရားစာအုပ်များနှင့် တရားခွေများကိုရရှိရန် အခက်အခဲရှိသော နေရာဒေသများမှ အများပြည်သူများ တရားတော်များကို အလွယ်တကူနာယူနိုင်ရန်နှင့် တရားစာအုပ်များကိုဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ၀က်ဘ်ဆိုက် တစ်ခု လွှင့်တင်ထားကြောင်း ဓမ္မရောင်ခြည်ဓမ္မဒါနလုပ်ငန်းမှ သိရသည်။

အဆိုပါဝက်ဘ်ဆိုက်လိပ်စာမှာ www.dhammayoungchi.com ဖြစ်ပြီး ၀က်ဘ်ဆိုက်တွင် ဓမ္မရောင်ခြည်မှ ပြုလုပ်ကျင်းပလျက်ရှိသော ဗုဒ္ဓဘာသာလူငယ်ယဉ်ကျေးမှု (စနေ၊ တနင်္ဂနွေ) အပတ်စဉ်သင်တန်းများ၊ ဗုဒ္ဓဘာသာ လူငယ်ယဉ်ကျေးမှုနည်းပြသင်တန်းများ၊ စနေနေ့တိုင်းပြုလုပ် လျက်ရှိသော ယဉ်ကျေးလိမ္မာ ကလေးတရားပွဲများ၊ ၄ လတစ်ကြိမ် သွေးလှူဒါန်းပွဲများ စသော ဓမ္မရောင်ခြည်လုပ်ငန်းစဉ်နှင့်ပတ်သက်သော သတင်းများနှင့် အခြားသော အမျိုး၊ ဘာသာ၊ သာသနာ လှုပ်ရှားမှုသတင်းများကို ဖော်ပြထားရှိသည်။ ထို့အပြင် ဆရာတော်များ၏ တရားတော်များကို နာယူနိုင်ခြင်း၊ တရားစာအုပ်များကို ဖတ်ရှုခြင်းများကို ပြုလုပ်နိုင်ရန် စီစဉ်ထားရှိကြောင်းသိရသည်။ စမ်းသပ်ဆောင်ရွက် ဆဲဖြစ်သောကြောင့် လိုအပ်သည်များကို အကြံပြုလိုပါက ဓမ္မရောင်ခြည်ဓမ္မဒါနလုပ်ငန်း၊ သိမ်ကြီးဈေး (စီ) ရုံ၊ အဆောင် ၄ - ပ ထပ်၊ ဖုန်း-၃၈၂၉၃၅ သို့ ဆက်သွယ်နိုင်သည်။
Email: dhammayoungchi6@gmail.com, www.facebook.com/dhammayoungchi

Ref: စိုးမြင့်ထွန်း (myanmar internet journal)

ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်တွင် မီးလောင်ကျွမ်း


ယနေ့ ဇူလိုင်လ ၂၆ ရက် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်တွင် ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၂ တွင် မီးစတင်လောင်ကျွမ်းရာ ၁ နာရီ ၄၅ မိနစ်တွင် မီးသတ်တပ်ဖွဲ့ဝင်များက ငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါလောင်ကျွမ်းမှုမှာ ဂမုန်းပွင့်ကုန်တိုက် မြေညီထပ်ရှိ Lilly(လီလီ) ဖိနပ်ဆိုင်မျက်နှာကျက်ပေါ်မှ LED မီးကြိုး အပူလွန်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်ကား ၁၅ စီးက ငြှိမ်းသတ်ပေးခဲ့သည်။ မီးသတ်မှ တာဝန်ရှိသူက မီးငြိမ်းသတ်နိုင်ပြီဟု ဆိုသော်လည်း မီးခိုးများ ၂ နာရီ ၁၅ မိနစ်ဝန်းကျင်အထိ ကုန်တိုက်မြေညီထပ်မှ ထွက်နေဆဲဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာတွင်ရောက်ရှိနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။



Ref:  7Day News

Wednesday, July 25, 2012

အမျိုးသမီးများလည်း သတ်မှတ်အရည်အချင်းပြည့်က ရပ်၊ကျေး အုပ်ချုပ်ရေးမှူးဖြစ်နိုင်

သတ်မှတ်အရည်အချင်းနှင့် ပြည့်မီပါက အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံပိုင်ခွင့်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော် ဇံမြင့်က ယနေ့ပြောကြားသည်။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအတွက် သတ်မှတ်အရည်အချင်းများအား ပြီးခဲ့သည့် မတ် ၂၈ ရက်က နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးဥ ပဒေတွင် ပါရှိသည်။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ်ခံလိုသူများသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ များဖြစ်ရခြင်း၊ မိမိအရွေးချယ်ခံမည့် ရပ်ကွက်တွင် တစ်ဆက်တစ်စပ်တည်း ၁၀ နှစ်နေထိုင်သူဖြစ်ရခြင်း၊ ကျန်းမာရေးကောင်းမွန်၍ ပညာအရည်အချင်း အသင့်အတင့်ရှိရမည်ဖြစ်ပြီး အထိုက်အလျောက် စား ၀တ်နေရေး ဖူလုံသူဖြစ်ရခြင်း၊မတရား အသင်းများနှင့် အဆက်အသွယ်ရှိသူ မဖြစ်ရခြင်း စသည့် အချက်များ ဥပဒေတွင် ပါရှိသည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ၁၅ ရက်မြောက်နေ့တွင် ဘားအံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဆေအွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အရည်အချင်းနှင့် ကိုက်ညီပါ က အမျိုးသမီးများအား ရွေးချယ်ပိုင်ခွင့် ရှိမရှိနှင့် စပ်လျင်းသည့်မေးခွန်းအား ပြည်ထဲရေးဒုဝန်ကြီး မှ ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်းပြောကြားသွားခြင်းဖြစ်သည်။
 
Ref: နေပြည်တော်၊ဇူလိုင်-၂၆

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေး အဆိုတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆွေးနွေး



 လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေစဉ်

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပါ ၀င်ဆွေးနွေးခဲ့သည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးလွှတ်တော်အတွင်း ဆွေးနွေးမှုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မက ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုး များရဲ့ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်လို့ အနည်းငယ် ဆွေးနွေးချင်ပါတယ်။ အခုဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုးများဆိုတဲ့ ဝေါဟာရကို သတ်သတ် မှတ်မှတ် အဓိပ္ပာယ် ဖော်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာဆိုရင်တော့ တိုင်းရင်းသားဆို တာ ၁၈၂၃ ခုနှစ်ကစပြီး ဒီမိခင်နိုင်ငံမှာ မှီ တင်းနေထိုင်ခဲ့တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပ္ပာယ်ဖော်ထားပါ တယ်။ အဲဒီအထဲမှာ ဗမာတွေလည်း ပါပါတယ်။ အခုဆွေးနွေးချက်တွေအရဆိုရင် ပြည်နယ်တွေ ကိုအခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွန်းပြီးတော့ ပြောသွားတယ်လို့ ကျွန်မတို့ မှတ်ယူရပါတယ်။ ပြည်နယ်တွေ အကြောင်းပြောမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေ မှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ဒေသတွေဟာ ပြည်နယ်ဒေသတွေ ဖြစ်ပါတယ်။ ချင်းပြည်နယ်ဆိုလို့ရှိရင် ခုနောက်ဆုံး အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ကိန်းဂဏန်းများ အရ ၇၃ ဒသမ ၃ ရာခိုင်နှုန်း၊ ရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းမြောက်ဆိုရင် ၃၇ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းတောင်ဆိုရင် ၂၅ ဒသမ ၂ ရာခိုင်နှုန်း၊ ပျမ်းမျခြင်းအားဖြင့် ရှမ်းပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၃၃ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းတော့ ၄၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှ ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၅ ဒသမ ၆ ရာခိုင်နှုန်းဖြစ်တာကြောင့်မို့လို့ ဒီပြည်နယ်တွေမှာ ပျမ်းမျှခြင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းထက် မြင့်နေတယ်ဆိုတာကို မြင်ရပါတယ်။ ထို့အတူပဲ ကချင်ပြည်နယ်မှာလည်း ၂၈ ဒသမ ၆ ရာ ခိုင်နှုန်းနဲ့ ပျမ်းမျှခြင်း ရာခိုင်နှုန်းထက် မြင့်နေပါတယ်။ မွန်၊ ကယားနဲ့ ကရင်တို့ကတော့ ပိုပြီးတော့ နိမ့်ကျပါတယ်။ ဒီကိန်းဂဏန်းတွေကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေနေဟာ ကျေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ထို့အပြင်လည်း ကျွန်မတို့ရဲ့နိုင်ငံမှာ ပြည်တွင်းစစ်မီး လုံးဝငြိမ်းသွားတယ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာဟာ ဘာသာစကား၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းထက် များစွာပိုပြီး ကျယ်ပြန့် နက်နဲတယ်ဆိုတာကို ကျွန်မတို့ ဆိုနိုင်ပါတယ်။ ဒါကို ထောက်ထားပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့ တန်းတူညီမျှရေး၊ အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်း လာရေးအတွက် ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ဆွေးနွေး ညှိုနှိုင်းပြီး တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သ လို ပြဋ္ဌာန်းခြင်းတို့ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်း ဦးတီခွန်မြတ်ရဲ့အဆိုကို ကျွန်မအနေနဲ့ ထောက်ခံပါ တယ်။ ကျေးဇူးတင်ပါတယ်''ဟု ဆွေးနွေးခဲ့သည်။

ယင်းအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုဆွေးနွေးမှုတွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အပြင် ဦးအုန်းကြိုင်၊ ဦးကျော်သီဟ၊ ဦးမင်းသူ တို့ ဆွေးနွေးခဲ့သည်။    

ပြည်မြို့ဝေပုလ္လဆရာတော်နှလုံးသွေးကြောကျဉ်းရောဂါဖြင့်ဘဝနတ်ထံပျံလွန်

ပြည်မြို့ ဝေပုလ္လ ဆရာတော် နှလုံးသွေး ကြောကျဉ်း ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်
ရန်ကုန်၊ ဇူလိုင် ၂၆ ဇူလိုင်လ ၂၅ ရက်နေ့ ည ၁၁ နာရီအချိန်က နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ပြည် မြို့ ဝေပုလ္လာရာမကျောင်းတိုက် ဆရာတော် ရုတ်တရက် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း အနီး ကပ်ပြုစုခဲ့သည့် တပည့်ဒါယကာများထံမှ သိရသည်။

''ဆရာတော်က အမြဲတမ်း ကျန်းကျန်းမာမာပါပဲ။ ၂၅ ရက်နေ့ နံနက် ၇ နာရီလောက်က ရင်ဘတ်အောင့်လို့ ဆိုပြီး မိန့်ကြားခဲ့ပါ တယ်။ ဒါနဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ပြည်မြို့က ပါရမီရှင် အထူးကုဆေးခန်းကို တင်လိုက်ပြီး ည ၁၁ နာရီလောက်ကျတော့ ပျံလွန်တော်မူခဲ့ပါတယ်'' ဟု ပြည်မြို့ရှိ ဒါယိကာမတစ် ဦးက ပြောသည်။

ပြည်မြို့ရှိ ပါရမီရှင် အထူးကု ဆေးခန်းသို့ တက်ရောက် ကုသမှု ခံယူနေရာ ဝေဒနာမှာ သက်သာမှု မရှိသည့်အတွက် ရန်ကုန်သို့ ပင့်ဆောင်ကြရန် အနီးနေ တပည့်များက ကြိုးစားကြသော်လည်း ထိုနေ့ည ၁ဝ နာရီ၊ ၃၅ မိနစ် အချိန်တွင် ဆေးတိုက်မှုကို ဆရာ တော်က ပါးစပ်မဟပေးတော့ဘဲ ငြိမ်သက်သွားခဲ့သည်ဟု ၄င်းက ဆက်လက်ကာ ပြောသည်။ ''သတိမေ့သွားတယ်လို့ပဲ ထင်ခဲ့တာ။ ဆရာဝန်တွေလည်း ကြိုးစားပြီး ရင်ဘတ်တွေ ဘာတွေ ဖိပြီး အမျိုးမျိုးလုပ်ကြတာတောင်မှ သတိက ပြန်မလည်လာတော့ဘူး။ ဒါနဲ့ ည ၁၁ နာရီမှာပဲ ပျံလွန်တော်မူသွားပါပြီလို့ ဆရာဝန်တွေက အတည်ပြုပေးခဲ့ပါတယ်''ဟု ရန်ကုန်မြို့မှ ရောက် ရှိနေသော ဒါယိကာမတစ်ဦးက ဆိုသည်။

ရုပ်ကလာပ်ကို ပျံလွန်တော်မူပြီးပြီးချင်း ဆေးခန်းမှ ည ၁၁ နာရီကျော်တွင် ဝေပုလ္လရာမကျောင်းတိုက်သို့ ပင့်ဆောင်လာခဲ့ပြီဟု သိရပြီး ဈာပနအခမ်းအနား ကျင်းပမည့်နေ့ကို ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီတွင် အစည်းအဝေးပြုလုပ်၍ ကြေညာမည်ဟု သိရသည်။

ပြည်မြို့ ဝေပုလ္လဆရာတော်မှာ သက်တော် ၆၈ နှစ်၊ သိက္ခာတော် ၄၈ ဝါ ရှိပြီး ပြည်မြို့ မင်းကြီးတောင်ခြေရှိ ဝေပုလ္လာရာမကျောင်းတိုက်တွင် သတင်းသုံးကာ သာသနာပြုနေခဲ့ရာ မဟာ သဒ္ဒမ ဇောတိကဓဇ္ဇ၊ အဂ္ဂမဟာသဒ္ဒမ ဇောတိကဓဇ္ဇ ဘွဲ့တော်တို့ကို နိုင်ငံ တော်မှ ဆက်ကပ်လှူဒါန်းခဲ့သည်။

၁၃ဝ၆ ခုနှစ် ဝါခေါင်လဆန်း ၁၅ ရက် ဗုဒ္ဓဟူးနေ့၌ ခမည်းတော် ဦးဒဟင်၊ မယ်တော် ဒေါ်ကြည်အေးတို့မှ မွန်ပြည်နယ်၊ ကျိုက် မရောမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာတွင် ဆရာတော် လျောင်းလျာကို မွေးဖွားခဲ့ပြီး ငယ်မည်မှာ မောင်လွန်းခင် ဖြစ်သည်။ ၁၃၂၃ တပေါင်းလဆန်း ၈ ရက်နေ့ အသက် ၁၇ နှစ်သား အရွယ်၌ ပြည်မြို့တွင် စစ်အင်ဂျင်နီယာ တပ်ဗိုလ်မှူးကြီး မျိုးမြင့်နှင့် မိသားစု၏ ထောက်ပံ့မှုကို ခံယူကာ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၂၆ ခု၊ ပထမဝါဆိုလဆန်း ၃ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ ၉ ထပ်ကြီး၊ ဗားကရာတိုက် ပဋိယတ္တိတိုက်ခွဲ ဆရာတော် ဘဒ္ဒန္တကေသရအား သပဇ္ဈာယ်ပြု၍ ရှင်ရဟန်းအဖြစ် ခံယူခဲ့သည်။
 

ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဟောင်ကောင် အစရှိသည့် ပြည် ပနိုင်ငံများနှင့် ပြည်တွင်းဒေသအနှံ့ သာသနာပြုတော်မူခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ အဖြစ် ပျံလွန်တော်မမူမီအထိ တာဝန်ယူတော်မူ ခဲ့သည်။

ဆရာတော်မှာ လောကုတ္တရာ စာပေများအပြင် လောကီစာအုပ်များကိုပါ ရေးသား ပြုစုတော်မူခဲ့သည်။
 
Ref: Popular Myanmar News Journal

Tuesday, July 24, 2012

လက်ရှိရထားထက် ၂ဆမြန်နှုန်းမြင့် ရန်ကုန်-မန္တလေး ရထား ပြေးဆွဲရန် ဂျပန်သုတေသနစတင်

ရန်ကုန်-မန္တလေး ရထားစီးနင်းသူ မိုးကုတ်မြို့မှ အသက် ၅၅ နှစ်ကျော် အရွယ်ရှိ အမျိုးသမီးတစ်ဦးက 
''အရင်တုန်းကဆို ရထားခက ဈေးသက် သာတော့ စီးတာများကြပေမယ့် အခုနောက်ပိုင်း ရထားနဲ့ ကားခလက်မှတ် ကအတူတူပဲဆိုတော့ ရွေးချယ်မှုက ကားဘက်ကို သာနေတယ်။ ကားလက်မှတ် ကျပ်တဲ့အခါမျိုးနဲ့ ဘူတာနှင့် နီးတဲ့သူတွေသာ စီးကြတော့တယ်။ ၁၄ နာရီ ခုတ်မောင်းတယ် ဆိုပေမယ့် ရပ်နားထားတာတွေကိုပါ ထည့်တွက်လျှင် အမှန် ၁၈နာရီလောက်ကြာ နိုင်တယ်''ဟု ပြောသည်။
၎င်းက အချိန် ၈နာရီနှင့် သာရောက်ပါက ကားနှင့်နှိုင်းယှဉ်လျှင် အန္တရာယ်ဖြစ်နိုင်မှု အခြေအနေမရှိ သလောက် နည်းပါးခြင်းကြောင့် ရထားကိုသာစီးမည်ဟု ပြောသည်။

ရန်ကုန်-
မန္တလေး အမြန်ရထားများသည် တစ်နာရီလျှင် မိုင် ၃ဝ သာ ခုတ်မောင်း ပြီး ပျော်ဘွယ်-ရမည်းသင်းတို့၌ တစ်နာရီ ၄၅ မိုင်နှုန်း ခုတ်မောင်းနေကြောင်းမြန်မာ့မီးရထားမှ သိရသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက ''မြန်နှုန်းမြှင့်ရပါမယ်။ ဒါမှ ခုတ်မောင်းချိန်က နည်းသွားမှာပါ။ ဒီမှာရှိတဲ့ လမ်းပိုင်း၊ သံလမ်းအခြေအနေတွေကို ကြိုတင်ပြီး မြန်မာ့မီးရထားပိုင်းက စလုပ်နေတာ မျိုးတွေလုပ်နေပါပြီ''ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်-မန္တလေး အမြန်ရထားပြေးဆွဲကြာချိန်မှာ ၁၄ နာရီဖြစ်ပြီး ၈ နာရီဖြင့် အရောက်သွားနိုင် ရန် အတွက် ဂျပန်အစိုးရက ကူညီသွားမည်ဟု သိရသည်။
ရန်ကုန်-မန္တလေးလမ်းပိုင်း နည်းတူ ရန်ကုန်-နေပြည်တော် အား ရထားဖြင့် အချိန်တစ်နာရီကြာ သာစီးနင်းပြီး သွားရောက်နိုင်မည့် အစီအစဉ်ကို ဆောင် ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မီဒီယာ များနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောခဲ့ဖူးသည်။
ရန်ကုန်-မန္တလေး အမြန် ရထား ပြေးဆွဲကြာချိန်ကို ထက်ဝက်လျှော့ချရန် အတွက် ဂျပန်ပညာရှင်များ ဆန်းစစ်သုတေသန ပြုလုပ်နေကြပြီဟု ရထား ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ဂျပန်ပညာရှင်များ၏ သုတေသနအစီရင်ခံစာ ပေါ်ထွက်ပြီး မကြာမီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက် သွားမည်ဟု ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူက ပြောသည်။

''ရန်ကုန်-မန္တလေးလမ်းပိုင်း ကို ဂျပန်ပညာရှင်တွေ လေ့လာပြီးတာနဲ့ အစီရင်ခံစာ ထွက်လာပါမယ်။ ဒီအစီရင်ခံစာကို နှစ်ဖက်ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်ကြပါမယ်'' ဟု ၄င်းကပြောသည်။

၃၈၅ မိုင်ခန့် ရှည်လျားသည့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထား၊ စာပို့နှင့် ရိုးရိုး ရထားများ ပြေး ဆွဲနေသော်လည်း ဂျပန်အစိုးရက အမြန်ရထားပြေးဆွဲချိန်ကိုသာ ထက်ဝက်လျော့ကျသွားရန် ကူညီပေး မည်ဟု ၄င်းက ဆက်လက်ပြောသည်ဟု သတင်းရရှိပါသည်။

VeVe အချိုရည်စက်ရုံရှိ ကလေး အလုပ်သမားများ ဆန္ဒပြမှု အောင်မြင်


မန္တလေး Ve Ve အချိုရည် စက်ရုံမှ ဆန္ဒပြ ကလေးအလုပ်သမားများ (ဓာတ်ပုံ – မန်းသားလေး/ ဧရာဝတီ)

မန္တလေးစက်မှုဇုန်ရှိVe Ve အချိုရည် စက်ရုံတွင်အလုပ်လုပ်နေသောကလေးအလုပ်သမားများ အပါအဝင် အလုပ်သမား ၁၀၀ ကျော်သည် လုပ်ခလစာနှင့် အခွင့်အရေးများ အပြည့်အ၀ မရရှိသည့်အတွက် ယမန်နေ့က ထိုင်သပိတ်မှောက်ပြီး ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်းသိရသည်။
ယင်းစက်ရုံတွင် အခြေခံလုပ်ခလစာကို ကျပ်ငွေ ၁သောင်းခွဲခန့်သာပေးပြီး ဒဏ်ကြေးနှင့် လစဉ်ဖြတ်တောက်ကြေးများ များပြားပြင်းထန်သည့်အတွက် အချက် ၁၃ချက်ကို ဆန္ဒပြတောင်း ဆိုကြခြင်းဖြစ်သည်။
VeVeအချိုရည်စက်ရုံတွင် အသက် ၁၂နှစ်မှ အသက် ၁၈နှစ်အတွင်း အသက်မပြည့်သေးသည့် ကလေးအလုပ်သမား ၃၀ ကျော်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယင်းကလေး အလုပ်သမားများသည် စားဝတ်နေရေးအဆင်မပြေသည့်အတွက် ကျောင်းမှထွက်ကာ အလုပ်ဝင်နေရခြင်း ဖြစ်သည်။ကျန် ဆန္ဒပြအလုပ်သမားများမှာ အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိကြောင်း သိရသည်။

‘‘၁၁ နှစ်သာသာ အရွယ်ကလေးတွေနဲ့ တွေ့ဆုံပြီးစကားပြောရတယ်။ အဲဒီကလေးတွေက ထုပ်ပိုးမှုတွေ လုပ်ရတယ်လို့ သိရတယ်။ အလုပ်ပိတ်ရက်လည်း လုံးဝမရှိဘူး။ ပိုက်ဆံရှင်းတဲ့အခါမှာလည်းဖြတ်တောက် တာတွေများတယ်လို့ ပြောတယ်။ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ ဥပဒေဘောင်အတွင်း ရသင့်ရထိုက်တဲ့အခွင့်ရေးတွေကို သူတို့တတွေရသင့်တယ်လို့ ကျနော်မြင်တယ်” ဟု MTC ကုန်ဈေးနှုန်း ကျဆင်းရေးအင်အားစု မန္တလေး တာဝန်ခံကိုစောလှအောင်ကပြောသည်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ၏ အဓိပ္ပာယ် သတ်မှတ်ချက်တွင် အသက် ၁၈ နှစ်အောက် အရွယ် အလုပ်လုပ်လျှင် ကလေး အလုပ်သမား အဖြစ် သတ်မှတ်ပြီး ယင်း ကလေး အလုပ်သမားများသည် မိဘ၏ ခွင့်ပြုချက်ရရှိပြီး ၎င်းတို့၏ ကျောင်းချိန်ပြင်ပတွင် ပညာရေးကို မထိခိုက်စေဘဲ မိသားစုအတွက် အထောက်အပံ့ ရ၍သော်လည်းကောင်း၊ ကလေးအတွက် မုန့်ဖိုး ရှာသည့် အနေဖြင့် သော်လည်းကောင်း အလုပ်လုပ်နိုင်ကြောင်း၊ သို့ရာတွင် ၎င်းတို့ အလုပ်လုပ်သည့် ပတ်ဝန်းကျင်သည် ကလေးများအတွက် ကျန်းမာရေး ထိခိုက်သည့်နေရာ၊ ကလေးအရွယ်နှင့် မတန်တရာ ခိုင်းစေသည့် နေရာ မဖြစ်သင့်ကြောင်း၊ ထို့အပြင် ကြီးပြင်းလာသည့် အချိန်တွင် ပတ်ဝန်းကျင် အတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည့် စိတ်ဓာတ် ပျက်ပြားသော အလုပ်မျိုး ကလေးအလုပ်သမား များအား မခိုင်းစေသင့်ကြောင်း ဖော်ပြပါရှိသည်။

ယမန်နေ့ထုတ် ကြေးမုံသတင်းစာတွင်မူ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၏ ပြောကြားချက်ကို ကိုးကားကာ အသက် ၁၅ နှစ်အောက် ကလေး အလုပ်သမားများကို တနေ့ ၄ နာရီထက် ပို၍ အလုပ်မခိုင်းသင့်ကြောင်း ရေးသားထားသည်။

အလုပ်သမားဝန်ကြီးဌာနက စက်ရုံဝန်ထမ်းများကို အခြေခံလစာကျပ် ၅၆၇၀၀ ကျပ်ဟု သတ်မှတ်ပေး ထားသော်လည်း VeVeအချိုရည် စက်ရုံတွင် တာဝန်ထမ်းဆောင်နေသည့် အလုပ်သမားများမှာ လစာကျပ်အပြင် အချိန်ပိုကြေးနှင့် ပေါင်းမှ တစ်လလျှင် ကျပ် ၅၀၀၀၀ ခန့်သာ ရရှိကြသည်။
ရက်မှန်ကြေး ၁၃၀၀၀ သတ်မှတ်ပေးထားသော်လည်း တစ်လအတွင်း တနင်္ဂနွေ တရက်ပျက်လျှင်ကျပ် ၈၀၀၀ ဖြတ်တောက်ကြောင်း၊ ကြားရက်တစ်ရက်ပျက်လျှင် တပြားမှမရရှိတော့ကြောင်း ဆန္ဒပြ အလုပ်သမားများက ပြောသည်။

အဆိုပါစက်ရုံရှိ အလုပ်သမားများသည် တစ်ရက်လျှင် ၁၂ နာရီအလုပ်လုပ်ရပြီး တနင်္ဂနွေနေ့တိုင်း၂၄ နာရီအလုပ်လုပ်ကြရကြောင်း၊ အချိန်ပို ဆင်းရသည့်အတွက် တစ်ခြားခံစားခွင့် မရှိဘဲ တစ်လလျှင် အချိန်ပိုကြေးကျပ် ငါးထောင်ခန့်ပင်မရကြောင်း ဆန္ဒပြသည့်အလုပ်သမားများထံမှသိရသည်။

‘‘အချိုရည်ဗူးတွေ တညလုံးကားပေါ် တင်ပေးရတယ်။ အချိုရည်ပါကင်တွေ ငါးဆင့်တန်း ငါးဆင့်တန်းကား တင်ပေးရတာ။ ဒီစက်ရုံမှာက ကလေးတွေပဲရှိတယ်။ ကျနော်တို့လူကြီးတွေတောင် မနည်းသယ်ရတာ။ သူတို့က ကလေးတွေဆိုတော့ပိုဆိုးတာပေါ့” ဟုယင်းစက်ရုံရှိ ထုပ်ပိုးကဏ္ဍတွင် လုပ်ကိုင်နေသည့်အသက် ၂၀ အရွယ်အလုပ်သမား တစ်ဦးကပြောသည်။

စက်ရုံတွင် အချိုရည်ဗူးများကို ထုပ်ပိုးရင်း မတော်တဆ အချိုရည်တဗူး ပေါက်သွားပါကကျပ် ၅ ထောင်ဒဏ် ရိုက်ကြောင်း လည်းဝန်ထမ်းများက ဆိုသည်။

‘‘ပြီးခဲ့တဲ့ အာဇာနည်နေ့ကလည်း အလုပ်ကို ပိတ်မပေးဘူး။ သင်္ကြန်ရက်တွေဆိုလည်း ၂ ရက်ပဲ အလုပ်ပိတ်ပေးတယ်။ အဲဒီအတွက်လည်း ပိုက်ဆံပိုရတာတွေမရှိဘူး။ အလုပ်ဆင်းတဲ့ အခါမှာ လည်း နေ့ရော၊ ညရော ဆင်းပေးရတာပါ”ဟုအသက် ၁၈ နှစ် အရွယ်ရှိမဆွေဆွေဝင်းကပြောသည်။

VeVeအချိုရည်စက်ရုံမှ အလုပ်သမားတာဝန်ခံက အလုပ်သမား ကလေးများကို ရိုင်းပြစွာဆဲဆို၍ အုပ်ချုပ်ကြောင်း၊ ထမင်းကိုလည်းအချိန်မှန်မစားရဘဲအလုပ်လုပ်ကြရကြောင်းသိရသည်။
ယမန်နေ့က အလုပ်သမားများ ဆန္ဒပြမှုနှင့် ပတ်သက်၍ မြို့နယ်အလုပ်သမားဦးစီးဌာန၊ အလုပ်ရှင်နှင့် အလုပ်သမား ခေါင်းဆောင်၁၀ ဦးတို့က ညှိနှိုင်းဆွေးနွေးခဲ့ရာတောင်းဆိုမှု အားလုံးရရှိခဲ့သည်။
 
‘‘ကျနော်တို့ မနက် ၇ နာရီက ဆန္ဒစပြတာ ညနေ ၄ နာရီခွဲမှာ အားလုံး အဆင်ပြေသွားပါတယ်။ ကျနော်တို့ တောင်းဆိုဆန္ဒပြတဲ့ အချက်တွေကို အလုပ်ရှင်က အားလုံးလိုက်လျောပေးတယ်။ အခုဆို အချိန်ပြည့်အလုပ်လုပ်စရာ မလိုတော့ပါဘူး” ဟု ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုဇေယျာဦး ကပြောသည်။

တောင်းဆိုသည့် အချက် ၁၃ ချက်တွင်ပါရှိသော နိုင်ငံတကာစံချိန်စံနှုန်းအတိုင်း တစ်ရက် ၈ နာရီသာ အလုပ်ဆင်းရေး၊ အခြေခံလုပ်ခလစာ အပြည့်အဝရရှိရေး၊ အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက် မှုပေးရေး စသည့်အချက်များ အပါအဝင် အချက်အားလုံး ရရှိပြီဖြစ်ကြောင်း၊ အချိန်ပိုကြေး အပါအဝင် တစ် လ ကျပ် ၁ သိန်းခန့် လစာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်တွင် စက်ရုံ ၁၀၀၀ ကျော် ရှိသည့်အနက်အလုပ်သမား ဆန္ဒပြသည့်စက်ရုံ ၄ ရုံရှိပြီဖြစ်သည်။ ယင်းစက်ရုံများမှာ အောင်စိန်ချည်မျှင်နှင့် အထည်စက်ရုံ၊ နေတံဆိပ် ဓာတ်ခဲစက်ရုံ၊ ရသာကောင်း ချိုချဉ်စက်ရုံနှင့် VeVe အချိုရည် စက်ရုံတို့ဖြစ်သည်။

နှစ်ရှည်ချေးငွေရယူကာ ဂျပန်၏ ချေးငွေများကို ပြန်လည်ပေးဆပ်ရန် ပြည်ထောင်စုလွှတ်တော် သဘောတူ

ဂျပန်နိုင်ငံသို့ ပြန်လည်ပေးဆပ်ရန် ကျန်ရှိသောချေးငွေများကို နှစ်ရှည်ချေးငွေရယူကာ ပြန်လည်ပေး ဆပ်ရန် တင်ပြချက် ပြည်ထောင်စုလွှတ်တော်မှ ဇူလိုင်လ ၂၄ ရက်နေ့တွင် သဘောတူခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ JICA ချေးငွေ (ယခင် OECF ချေးငွေ)ရယူခဲ့သည့် ၀န်ကြီးဌာန ၁၂ ခုရှိပြီး ၁၉၇၀ ပြည့်နှစ်မှ စတင်ကာ ချေးငွေများရယူခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ပြန်လည်ပေးဆပ်ရန် ကြွေးမြီမှာ ဂျပန်ယန်း ၅၀၂ ဒသမ ၄ ဘီလျံ ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံအစိုးရမှ အဆိုပါကြွေးမြီများအနက် နောက်ကျကြေး ဂျပန်ယန်း ၁၇၆ ဒသမ ၁ ဘီလျံအား ကြွေးလျော်ခြင်း၊ ကြွေးမြီ ဂျပန်ယန်း ၁၂၇ ဒသမ ၄ ဘီလျံကို ပယ်ဖျက်ပေးခြင်း၊ ကျန်ရှိသောကြွေးမြီ ဂျပန်ယန်း ၁၉၈ ဒသမ ၉ ဘီလျံအား နှစ်ရှည် သက်သာသော ချေးငွေအသစ်တစ်ရပ် ထုတ်ပေးခြင်းဖြင့် မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကို ဖြေရှင်းရန်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ပေးဆပ်နိုင်ရန်အတွက် ဂျပန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဘဏ်များဖြစ်သော Bank of Tokyo Mitsubishi ၊ Mitsubishi-Sumitomo Bank နှင့် Mizoho Bank တို့မှ နှစ်ရှည်ချေးငွေများ ချေးယူသွား မည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော် အလံကို စစ်တွေမြို့တွင် ၉ရက်ကြာ လွှင့်ထူမည်

စစ်တွေ တစ်မြို့လုံးရှိ နေရာ အနှံ့အပြားတွင် နိုင်ငံတော်အလံကို ဇူလိုင်လ ၂၁ ရက်နေ့က စပြီး ၉ ရက်ကြာ လွှင့်ထူသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။


နိုင်ငံတော် အလံအား လွှင့်ထူနေကြပုံ။ (ဓါတ်ပုံ- နိရဉ္စရာ)
ယခုကဲ့သို့ နိုင်ငံတော် အလံကို စစ်တွေမြို့ (၉) ရက်ကြာ လွှင့်ထူသွားမည့် အစီအစဉ်ကို ရတပ ဗဟို ကော်မီတီဝင် ခိုင်ကောင်းစံက ယခုလို ပြောသည်။
“ ဇူလိုင်လ ၁၁ရက်နေ့က သမ္မတကြီး ဦးသိန်းစိန်က UNHCR မင်းကြီး Antonio Guterres ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေဟာ  မြန်မာနိုင်ငံသား မဟုတ်ကြောင်းကို မြန်မာတိုင်းရင်းသားတွေ ဘက်မှ ပြတ်သားစွာ ရပ်တည် ပြောဆိုခဲ့မှုအပေါ် ဂုဏ်ပြုတဲ့ အနေနဲ့  စစ်တွေ မြို့အနှံ့ အပြားမှာ  နိုင်ငံတော်အလံကို ၉ ရက်ကြာ လွှင့်ထူသွားမှ ဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံတော် အလံအား  ဆိုက်ကား၊ သုံးဘီး၊ ဆိုင်ကယ် အများအပါအ၀င် နေရာတိုင်းတွင် ယခုအခါ ချိတ်ဆွဲ လွှင့်ထူထားကြသည်ဟု သူက ပြောသည်။
“ အခု သုံးဘီးတွေ၊ မော်တော် ကားတွေ၊ မော်တော်ဘုတ်တွေ အကုန်လုံးမှာ လွှင့်ထူထားပါတယ်။ အိမ်တွေ၊ လမ်းတွေမှာလည်း လွှင့်ထူတားကြပါတယ်။ စစ်တွေမြို့ပေါ်က မင်းဗာကြီးလမ်း၊ လမ်းမကြီး တလျှောက်ပါဘဲ။ သမ္မတကြီးရဲ့ ရပ်တည်ချက်နဲ့ ရဲရင့်ပြတ်သားတဲ့ ပြောကြားချက်ကို ရခိုင် တစ်မျိုး သားလုံးက အပြည့်အ၀  ထောက်ခံတဲ့ အနေနဲ့ နိုင်ငံတော် အလံကို လွှင့်ထူထားကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုအခါ နိုင်ငံတော်အလံကို သမ္မတကြီး ပြောကြားချက်ကို ထောက်ခံသော အနေဖြင့် စစ်တွေမြို့တွင် သာမက  ရခိုင်တစ်ပြည်နယ်လုံး မြို့ရော၊ တောပါ မကျန် လွှင့်ထူရန် လူပ်ရှားသူများက ကြိုးစား ဆောင်ရွက်နေကြောင်း သိရသည်။
ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦးနဲ့တ တခြားမြို့များတွင်လည်း လူမှုရေး အသင်းအဖွဲ့များက အဆိုပါ လူပ်ရှားမူကို ထောက်ခံသော အနေဖြင့် နိုင်ငံတော် အလံများကို စတင် လွှင့်ထူနေကြပြီ ဖြစ်ကြောင်း ကိုခိုင်ကောင်းစံက ပြောသည်။


နိုင်ငံတော် အလံ အိမ်များတွင်လည်း လွှင့်ထူ
 
၎င်းအပြင် သဲတပွင့် အမည်ဖြင့် ရေးသားထားသော ကျေညာချက် တစ်စောင်ကိုလည်း စစ်တွေမြို့ တွင် လိုက်လံ ဖြန့်ဝေနေကြသည်ဟု သိရသည်။ ကျေညာချက်ထဲတွင် နိုင်ငံတော် အလံလွှင့်ထူရခြင်း ရည်ရွယ်ချက်ကို အောက်ပါအတိုင်း ရေးသား ဖေါ်ပြထားသည်။
နံပါတ် (၁) သမ္မတဦးသိန်းစိန်အား ရခိုင်လူမျိုးများမှ အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်းပြသခြင်း၊ (၂) သမ္မတ ကြီး၏ ပြောစကားကို ရခိုင်လူမျိုးမှ ထောက်ခံကြောင်း ပြသခြင်း၊ (၃) ဘင်္ဂလီများ အရေး ကိစ္စတွင် သမ္မ ကြီးနောက်မှ ရခိုင်လူမျိုးများ ရှိကြောင်းပြသခြင်း၊ (၄) သမ္မတကြီး ပြောစကားကို ကန့်ကွက်၊ ဆန့်ကျင်၊ မ ထောက်ခံသော အဖွဲ့အစည်းများအား ရခိုင်လူမျိုးများက ပြန်လည် ကန့် ကွက်၊ ဆန့်ကျင်၊ မထောက်ခံကြောင်း ပြသခြင်း၊ (၅) သမ္မတကြီး ပြောစကားကို လက်တွေ့ အကောင် အထည် ဖေါ်ဆောင်ရွက်မည့် တပ်မတော်၊ ရဲ၊ နစက၊ လ၀ကနှင့် တခြားသော ၀န်ထမ်းများနှင့် တကွ ရခိုင်ပြည်သူ တစ်ရပ်လုံးမှ မှန်ကန်စွာ လက်တွဲပူးပေါင်း ဆောင်ရွက် မည်ကို ပြသခြင်းတို့ ဖြစ်သည် ဟု ရေးသားထားသည်။

Ref: ထွန်းထွန်း - နိရဉ္စရာ သတင်းဌာန

Monday, July 23, 2012

ဆရာအော်ပီကျယ်၏ ၅၃နှစ်မြောက် မွေးနေ့အမှတ်တရတဲ့

http://a4.sphotos.ak.fbcdn.net/hphotos-ak-snc7/403879_4009238520599_142369918_n.jpg

ဒေါ်အောင်ဆန်းစုကြည်အထ္ထုပ္ပတ္တိစတင်ရိုက်ကူး

ဇူလိုင် ၂၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဒေါ်အောင် ဆန်းစုကြည်၏ အထ္ထုပ္ပတ္တိ Documentary ရိုက်ကူးရေးစတင်ခဲ့ကြောင်း သိရသည်။
 http://a1.sphotos.ak.fbcdn.net/hphotos-ak-snc7/403871_509315175750949_325095324_n.jpg 
http://a4.sphotos.ak.fbcdn.net/hphotos-ak-ash4/377771_509315219084278_405697010_n.jpg 
ရိုက်ကွင်းတွင် ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်း ဒီကနေ့ လွှတ်တော်နားချိန်မှာ ဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ဒီကနေ့ လွှတ်တော် ခေတ္တရပ်နားချိန်မှာ တနာရီ နီးပါး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အသေးစိတ်ကို မသိရပေမယ့် အလုပ်သဘော ကိစ္စ ဆွေးနွေးကြတာ
ဖြစ်ကြောင်း NLD ပြောခွင့်ရသူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကွတ်ခိုင်မြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းခဲ့တဲ့ အဆိုဖြစ်တဲ့ “တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ” မူကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ရှိတယ် လို့လည်း သိရပါတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား
ပါတီတွေရဲ့ သဘောထားကို သိလိုတဲ့ အတွက် လွှတ်တော်ပြင်ပက တိုင်းရင်းသားပါတီတွေကို ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့ တယ်လို့လည်း သိရပါတယ်။

Ref: RFA Burmese

Sunday, July 22, 2012

ကချင်ပြည်နယ်အရေး ကချင်အမတ်များ စပြောသင့်ဟု KIO ဆို

ကချင်စစ်ပြေး ဒုက္ခသည်များ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

လွှတ်တော်အတွင်း ရောက်ရှိနေသော ကချင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ကချင်ပြည်နယ်တွင်း တိုက်ပွဲများနှင့်ပတ်သက်၍ ခေါင်းစဉ်တခု တင်သွင်းကာ ဆွေးနွေးသင့်ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ဆက်လက်၍ ၎င်းက ကချင်ပြည်နယ် မတည်ငြိမ်သည့် ကိစ္စနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ထုတ်ဖော် ပြောဆိုမှု နည်းပါးနေသည် ဆိုသည့်ဝေဖန်မှုများ ရှိနေကြောင်း၊ သို့သော် သူ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းထုတ်ခြင်း ထက် လက်ရှိ လွှတ်တော်တွင်း ရောက်ရှိ နေသော ကချင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်များကိုသာ ကချင်ကိစ္စ ဆွေးနွေးမှု ရှိ၊ မရှိ မေးခွန်း ထုတ်လိုကြောင်း ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာကြောင့်ကချင်အရေးကို လူသိရှင်ကြားထုတ်မပြောဘူးလဲ ဆို တဲ့မေးခွန်းမျိုး ကျနော်တို့ဆီမှာ မရှိပါဘူး။ တနိုင်ငံလုံးအရေးကို စဉ်းစားတဲ့အခါ တခါတလေ သူ့အနေနဲ့ Timing စောင့်နေတယ်လို့ထင်တယ်။ သူဟာ တနိုင်ငံလုံးရဲ့စီမံကိန်းတွေကို အစီအစဉ်တကျ ပြင်ဆင်နေ မယ်လို့ ကျနော်တို့ ယုံကြည်ထားတယ်” ဟု သူက ဆိုသည်။

သို့သော် Peace talk creation group မှ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ကမူ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင်း ရောက်ရှိနေပြီ ဖြစ်သော်လည်း ကချင်ဒေသ အရေးနှင့် ပတ်သက်၍ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးကြောင်း ပြောသည်။
“အစိုးရက အကူအညီ တောင်းခံလာမယ် ဆိုရင်တော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းမှာ ပါမယ်လို့ ပြောဖူးတယ်။ ဒါပေမယ့် အစိုးရက သူ့ကို တိုက်တွန်းတာမျိုး မလုပ်လို့ မပါသေးတာလည်း ဖြစ်နိုင်ပါတယ်” ဟု သူက ဆိုသည်။

ကချင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ မှတဆင့် ပြည်သူ့ လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်သို့ အဆို တင်သွင်းရန်ရှိကြောင်း ရှင်းပြသည်။

“အပစ်အခတ် မရပ်နိုင်တာ တိုင်းရင်းသား အခွင့်အရေးတွေ မရလို့၊ ဒါတွေကို တိတိကျကျ ဥပဒေပြဌာန်းပေးဖို့ လိုတယ် ဆိုတဲ့အကြောင်းကို တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လက London School of Economic (LSE) တွင် ကျင်းပသည့် အင်္ဂလန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲ၌ အစိုးရ တပ်မတော်က ကချင်ပြည်နယ်တွင်း ထိုးစစ်များ ဆက်တိုက် ဆင်နေမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေမူအပေါ် ကချင် ဥပဒေကျောင်းသား ကိုခွန်နောင်က မေးခွန်းမေးရာ ဒေါ်အောင်ဆန်းစုကြည်က လေသံပြင်းပြင်းနှင့် တုံ့ပြန်ခဲ့သည် ဆိုသည့် ဝေဖန်မှုများ ရှိခဲ့သည်။

အဆိုပါဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က စစ်ဖြစ်ရခြင်း၏အကြောင်းရင်းနှင့် ပတ်သက်၍ နှစ်ဘက်စ လုံးတွင် တာဝန်ရှိကြောင်း၊ နှစ်ဘက်စလုံးကို ရှုတ်ချကြောင်း၊ ကချင်ဒေသတွင် ဖြစ်ပေါ်နေသော လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍လည်း အစိုးရနှင့် KIA နှစ်ဘက်စလုံးကို စောင့်ကြည့်ရန် လွတ်လပ်သည့် စောင့်ကြည့်လေ့လာသူများ ရှိရမည်ဖြစ်ကြောင်း ကိုခွန်နောင်၏မးခွန်းကို ပြန် လည် ဖြေကြားခဲ့သည်။

ကိုခွန်နောင်က ဒေါ်အောင်ဆန်းစုကြည်၏အမြင်တချို့ကို လက်ခံသော်လည်း ကချင်ပြည်နယ် တွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ နှစ်ဘက်စလုံးကို စောင့်ကြည့်ရန် လိုအပ်သည် ဆိုသည့် စကားကို ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မပြောသင့်ဟု ဆိုသည်။

“ကချင်တွေကို စော်ကား သလိုဖြစ်တဲ့ အကြောင်းတွေနဲ့ ပတ်သတ်ပြီး ပိုမို ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်၊ နှစ်ဘက်စလုံးကို စောင့်ကြည့်သင့်တယ် ဆိုပြီး သူက ပြောတယ်။ ဒီမိုကရေစီ အရေး လှုပ်ရှားသူ၊ လူ့အခွင့်အရေး တိုက်ပွဲဝင်နေတဲ့ သူ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် မပြောသင့်ဘူးလို့ ကျနော် ထင်တယ်” ဟု ကိုခွန်နောင်က ပြောသည်။

ဗိုလ်မှူးချုပ် ဂွမ်မော်ကမူ စစ်ပွဲဖြစ်ပါက နှစ်ဘက်တပ်များ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှောင်လွှဲမရနိုင်ကြောင်း၊ တဘက်နှင့် တဘက် လူ့အခွင့်အရေး ချိုးဖောက်ခဲ့သည့် ကိစ္စများကြောင့် အပစ်အခတ် ရပ်စဲသည့်တိုင် ခံစားချက်များ ကျန်ရှိနေနိုင်ကြောင်း ပြောဆိုသည်။

“ဒီ ခံစားချက်တွေက တဆင့် အမုန်းပွားမှုတွေ မဖြစ်ဖို့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ လှုပ်ရှား တက်ကြွသူတွေက ဆောင်ရွက်နိုင်တယ် ဆိုတာကို သဘောပေါက်ပါတယ်” ဟု သူက ပြောသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောစစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များအ တွက် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားပေါင်းစုံအပါအဝင် အလွှာအသီးသီး၊ ကဏ္ဍအသီးသီးက ဝိုင်းဝန်းစောင့်ရှောက် လှူဒါန်းမှုများပြုလုပ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က LSE ဆွေးနွေးပွဲ တွင် ပြောဆိုခဲ့သည်။

၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် KIA တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သောကြောင့် တနှစ်တာ ကာလအတွင်း ဒုက္ခသည် သောင်းချီ၍ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး နယ်မြေ တည်ငြိမ်မှု မရရှိသေးသဖြင့် နေရပ်ရင်းသို့ မပြန်နိုင် ကြသေးချေ။

လက်ရှိအခြေအနေအရ ၎င်းဒုက္ခသည်များသည် တရုတ် – မြန်မာနယ်စပ် တရုတ်ပြည်ဘက်ခြမ်းရှိ ဒုက္ခသည် စခန်း ၂ ခု အပါအဝင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) စောင့်ရှောက်ထားသည့် ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိသည်။

KIO နှင့် အစိုးရသည် အပစ်ရပ်ရန်အတွက် တရားဝင်နှင့် အလွတ်သဘော ဆွေးနွေးမှုများ ရှိနေသည့် အချိန်ကာလ အတွင်း၌ပင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။ ယခု လဆန်းပိုင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ဆွေးနွေးကြမည့် နေရာကို နှစ်ဘက် ညှိနှိုင်း၍ မရသေးသောကြောင့် ယခုအချိန်တိုင်အောင် ဆွေးနွေးပွဲ မကျင်းပနိုင်သေးပေ။

Thursday, July 19, 2012

အာဇာနည်နေ့ အခမ်းအနားများအကြောင်း

  နှစ် ၂၀ ကျော်အတွင်း
ပထမဆုံး နိုင်ငံတော်အကြီးအကဲတက်ရောက်ခြင်းအဖြစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် ဂါရ၀ပြု လွမ်းသူ့ပန်းခွေချစဉ်။
 
 
၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်တက်ရောက် ဂါရ၀ပြုစဉ်။


ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား မြောက်ဘက်မုခ် အနီး အာဇာနည်ဗိမာန်တွင် ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဇာနည် ခေါင်းဆောင်များ၏ မိသားစုဝင်များက လွမ်းသူ့ပန်းခွေများချ၍ တက်ရောက်ဂါရဝပြု ကန်တော့ခဲ့ကြသည်။
ထိုနည်းတူ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်အဆင့်မှ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ပြီး NLD အပါအဝင် နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင် အသီးသီးလည်း တက်ရောက် ဂါရဝပြုခဲ့ကြသည်။ နံနက် ၈ နာရီတွင် စတင်ကျင်းပခဲ့သော ထိုအခမ်းအနားကို MRTV၊ MRTV-4 နှင့် Skynet ရုပ်သံလိုင်းများက ပြသခဲ့သည်။
အာဇာနည်ဗိမာန်ကို အများပြည်သူများ ဂါရဝပြုနိုင်ရန်အတွက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ခွင့်ပြုပေးမည်ဖြစ်ပြီး ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကိုလည်း အများကြည့်ရှု လေ့လာနိုင်ရန် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ အခမဲ့ ဖွင့်လှစ်ပေးထားသည်။

 
tl1 
သန်လျင်မြို့ရှိ အာဇာနည် ကျောက်တိုင်တွင်  နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အာဇာနည်နေ့ အခမ်းအနား
http://burma.irrawaddy.org/wp-content/gallery/martyrs-day_1/05.jpg 
ပြည်မြို့က  အာဇာနည်နေ့ အခမ်းအနား
http://burma.irrawaddy.org/wp-content/gallery/martyrs-day_1/09.jpg 
ပုသိမ်မြို့က ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား

ရှမ်းပြည်နယ် အာဇာနည်နေ့ အခမ်းအနား  
အတားအဆီးများကြားမှ ကော့သောင်း အာဇာနည်နေ့ အခမ်းအနား
စကုမြို့ (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား

အစိုးရဝန်ကြီးဌာနများ ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၀၆ ခုနှစ် မြို့တည်ထောင် ပြီးသည့် အချိန်မှစ၍ ယခုနှစ်တွင် ပထမဆုံးအကြိမ် အဖြစ် အာဇာနည်နေ့ အခမ်းအနား ကျင်းပကြောင်း သတင်းရရှိသည်။
နိုင်ငံတော် သမ္မတ ကိုယ်စား နေပြည်တော် ကောင်စီ၏ စီမံမှုဖြင့် မြို့တော်ခန်းမနှင့် နေပြည်တော်ရှိ မြို့နယ် အုပ်ချုပ်ရေး ရုံးများတွင် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပခဲ့ကြပြီး ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင် ကြီးများကို အလေးပြုခြင်းနှင့် ရည်စူး ဆွမ်းကပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
နေပြည်တော် မြို့တော် ခန်းမတွင် ကျင်းပသော အခမ်းအနားကို မြို့ပေါ်ရှိ သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနများမှ အရာရှိ ကြီးများ အပါအဝင် ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်များနှင့် ကြံ့ခိုင်ရေးပါတီ အမတ်များ တက်ရောက်ကြကြောင်း သိရသည်။
အလားတူ နေပြည်တော်အပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း အပါအဝင် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့ပေါ်နှင့် မြို့နယ်များ၌ ယနေ့ကျရောက် သော ၆၅ နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်များကို ဂါရဝပြုခြင်း အခမ်းအနားများ ကျင်းပြကြကြောင်း စုံစမ်းသိရှိရသည်။
အာဏာပိုင်များထံမှ ကျင်းပခွင့် ရရှိထားသော သက်ဆိုင်ရာ မြို့နယ်များ၏ လွပ်လပ်ရေးပန်းခြံများ၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများနှင့် ရုံးများတွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊ တရားနာဆွမ်းကပ်ခြင်းနှင့် အာဇာနည်နေ့ အကြောင်း ဟောပြောခြင်းများ ပြုလုပ်ကြခြင်း ဖြစ်သည်။
သို့သော်လည်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာ၊ မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်တု အပါအဝင် ပြည်နယ်နှင့် တိုင်း တချို့ရှိ မြို့ရွာများတွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခွင့် မရခဲ့ဟု သိရသည်။

Ref: ဧရာဝတီ၊ သစ်ထူးလွင်၊ Eleven media group၊ 7 day journal။



Tuesday, July 17, 2012

ဗိုလ်ချုပ်ပြတိုက်အား ယခုနှစ် မတ်လ ၅ ရက်ကပင်စတင်ပြီး တနင်္လာ၊ အင်္ဂါနှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် နေ့စဉ် ဖွင့်လှစ်ပေးထားကြောင်း

 
နှစ်စဉ် အာဇာနည်နေ့တွင်သာ ဖွင့်လှစ်ပေးခဲ့သည့် ဗိုလ်ချုပ်ပြတိုက်အား ယခုနှစ် မတ်လ ၅ ရက်ကပင်စတင်ပြီး တနင်္လာ၊ အင်္ဂါနှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် နေ့စဉ် ဖွင့်လှစ်ပေးထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။

နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လူကြီး ကျပ် ၃၀၀၊ သံဃာတော်၊ သီလရှင် နှင့်ကလေး ကျပ် ၁၀၀ ဖြင့် ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်တွင် အထူးအစီအစဉ်အနေဖြင့် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ မည်သူမဆို အခမဲ့ကြည့်ရှုလေ့လာခွင့်ပေးထားသည်။


Ref: 7Day News Journal

ကမ္ဘာပေါ်ရှိ နေထိုင်စားသောက်ကုန်ကျစရိတ် အမြင့်ဆုံး မြို့ကြီးများစာရင်းတွင် ရန်ကုန်မြို့ အဆင့် ၃၅ အထိခုန်တက် လူတစ်ဦးချင်း ၀င်ငွေများစွာမြင့်မားသည့် မီလန်၊ ပဲရစ်၊ ရောမ၊ ဗီယင်နာ၊ မက်ဒရစ်၊ ဘာစီလိုနာ၊ မြူးနစ်၊ ဘာလင်၊ ဒူဘိုင်းအပါအ၀င် ကမ္ဘာ့မြို့ကြီးပေါင်း ၁၂၀ ကျော်ကို ၂ နှစ်ဆက်တိုက် ဖြတ်ကျော်မြင့်တက်ခဲ့ခြင်းဖြစ်



ကမ္ဘာပေါ်ရှိ နေထိုင်စားသောက် ကုန်ကျစရိတ် အမြင့်ဆုံး မြို့ကြီးများ စာရင်းတွင် ရန်ကုန်မြို့မှာ အဆင့် ၃၅ အထိ ခုန်တက်လာခဲ့ကြောင်း ဈေးကွက်သုတေသနဆိုင်ရာ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Mercer တွင် ဖော်ပြထားသည်။ ၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးနှင့် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် နေထိုင်စားသောက် ကုန်ကျစရိတ်မှာ ကမ္ဘာ့မြို့ကြီးများစာရင်းတွင် အဆင့် ၁၅၉ အထိသာ ရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်မူ အဆင့် ၇၀ သို့ ခုန်တက်ခဲ့ပြီး ၂၀၁၂ ခုတွင်မူ အဆင့် ၃၅သို့ ဆက်တိုက်ခုန်တက်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့နာမည်ကျော် မြို့ကြီးများဖြစ်သည့် မီလန်၊ ရိုးမား၊ ဗီယင်နာ၊ မက်ဒရစ်၊ ဘာစီလိုနာ၊ မြူးနစ်၊ ဘာလင်၊ ဒူဘိုင်းကဲ့သို့သော မြို့ကြီးများကို နှစ်နှစ်အတွင်း ဆက်တိုက်ဖြတ်ကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ယခုစာရင်းမှာ ၂၀၁၂ မတ်လအထိ သုတေ သနပြု ကောက်ယူထားသည့် စာရင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တွက်ချက်ရာတွင် နိုင်ငံတစ်နိုင်ငံ၏ အဓိကမြို့တစ်မြို့တွင် သယ်ယူပို့ဆောင်ရေး၊ အိမ်ငှားနှုန်း၊ အိမ်ခြံမြေ ဈေးနှုန်း၊ အစားအသောက်ဈေး၊ အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်း ဈေးနှုန်း၊ အပန်းဖြေ ကုန်ကျစရိတ်များ အပါအ၀င် အချက်ပေါင်း ၂၀၀ အား ထည့်သွင်း တွက်ချက်ခြင်းဖြစ်ကြောင်း၊ နယူးယောက်မြို့ကို ကုန်ကျစရိတ်ကို အခြေခံပြီး အခြားနိုင်ငံစုံမှ မြို့ကြီး ၂၁၄ မြို့အတွက် တွက်ချက်ထားချက်များအရ ထွက်ပေါ်လာသည့် စာရင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကမ္ဘာ့ကုန်ကျစရိတ် အမြင့်ဆုံးမြို့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံမှာလည်း ကမ္ဘာ့ကုန်ကျစရိတ် အမြင့်ဆုံးမြို့ကြီးများစာရင်းတွင် ၂၀၁၁ ခုနှစ်တွင် အဆင့် ၈ မှ ၂၀၁၂ ခုနှစ်တွင် အဆင့် ၆ သို့ ခုန်တက်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့အနေဖြင့် ယခုအခါတွင် လန်ဒန်မြို့နှင့် အဆင့် ၁၀ ဆင့်သာ ကွာခြားပြီး နယူးယောက်မြို့နှင့် အဆင့်နှစ်ဆင့်သာ ကွာခြားသည်အထိ မြင့်တက်ခဲ့ကြောင်း အဆိုပါစာရင်းတွင် ဖော်ပြထားသည်။ ထူးခြားချက်အနေဖြင့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့၏ ကုန်ကျစရိတ်မှာ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊အင်ဒိုနီးနား၊ တရုတ်စသည့်ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ မြို့ကြီးများကို ကျော်တက်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ကုန်ကျစရိတ် အမြင့်ဆုံးမြို့ကြီး ၅၀ စာရင်းတွင် အာရှမှဆိုပါက မြန်မာနိုင်ငံအပါအ၀င် ၆ နိုင်ငံသာ ပါရှိပြီး အဆိုပါ ၆ နိုင်ငံမှ မြို့ကြီး ၁၁ မြို့သာပါဝင်ပြီး တရုတ်နှင့်စင်ကာပူမှလွဲ၍ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း၊ ဒေသတွင်းဟူသည့် နိုင်ငံမှမြို့ကြီးများ ပါဝင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။ ဘန်ကောက်၊ မနီလာ၊ ကွာလာလမ်ပူ၊ မွမ်ဘိုင်း၊ နယူးဒေလီ၊ ဟန်နွိုင်း၊ ဒါကာမြို့ကြီးများသည်ပင် ရန်ကုန်မြို့ Cost of Living ကဲ့သို့ မြင့်မားသည့် အဆင့်တွင် ရှိမနေကြောင်း သိရသည်။
Mercer မှ ထုတ်ပြန်ထားသည့်အပေါ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ Project Appraisal And Progress Reporting ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဝါ၀ါမောင်က ''Mercer ရဲ့ ထုတ်ပြန်ချက်က တကယ်တော့ မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုတာ မဟုတ်ဘူး။ ရန်ကုန်မြို့ရဲ့ Cost of Living ကိုပဲ အဓိကပြောတာလို့ မြင်ပါတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူ တစ်ဦးလာရောက်နေထိုင်မယ်ဆိုရင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့ ကုန်ကျစရိတ်က ဒါရှိတယ်ဆိုတာ တွက်ပြထားတာလို့ မြင်ပါတယ်။ ရန်ကုန်မြို့ရဲ့ Cost of Living မှာလဲ အဓိက မြင့်တက်တာကတော့ စားသောက်စရိတ်ပိုင်းထက် Living Cost ကတော့ တကယ်ကို မြင့်တက်လာတာပါ။ သူများနိုင်ငံတွေထက်ကို မြင့်တာရှိတယ်။ ငှားရမ်းခ၊ အိမ်ခြံမြေဈေးတွေ အဓိက မြင့်တက်တယ်။ ဟိုတယ်စရိတ်ဆိုလည်း မြန်မာနိုင်ငံရဲ့ ဟိုတယ်ခက အခြားနိုင်ငံတွေထက် မြင့်တက်နေတယ်။ အဲဒီ Living Cost ကြောင့် ရန်ကုန်က Cost of Living မှာ ဒီအဆင့်ထိ မြင့် တက်သွားတာလို့ မြင်ပါတယ်''ဟု သုံးသပ်ပြောကြားခဲ့သည်။



''Cost of Living မြင့်တက်တာနဲ့အညီ နိုင်ငံသားတွေ ၀င်ငွေရပြီး လိုက်ပါနေထိုင်နိုင်ဖို့ လိုပါတယ်။ ဒီလိုဖြစ်ဖို့အတွက်ဆိုရင် အရင်ဆုံး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ လိုက်လျောညီထွေတဲ့ သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်တွေ ဖြစ်ဖို့လိုတယ်၊ နောက်တစ်ချက်က Decent Pay ဆိုတာကတော့ နိုင်ငံသားတွေ တစ်ရက်ဝင်ငွေနဲ့ မြင့်တက်လာတဲ့ Cost of Living နဲ့ လိုက်လျောညီထွေနေထိုင်နိုင်တဲ့ သင့်တော်တဲ့ လစာဝင်ငွေဖြစ်ဖို့လည်း လိုတယ်။ လူတစ်ဦး ချင်းဝင်ငွေ မြင့်တက်ရုံနဲ့ ဒါကိုမြင့်တက်လာတယ်လို့ ပြောလို့မရဘူး၊ တစ်အိမ်ထောင်ချင်း ၀င်ငွေမြင့်တက်မှ ၀င်ငွေမြင့်တက်တယ်လို့ ပြောလို့ရတာပါ။ ဥပမာ-မြန်မာနိုင်ငံရဲ့ GDP ဆိုတာ လုံးပေါင်းကြီးကို တွက်ထားတာ။ ဒီလို လုံးပေါင်း  GDP ကိုပြန်တွက်တဲ့ လူတစ်ဦးချင်းဝင်ငွေဟာ မြန်မာတစ်နိုင်ငံလုံး ပျမ်းမျှဝင်ငွေဖြစ်ပြီး လူတစ်ဦးချင်းပေါ်မှာ ကိုယ်စားမပြုပါဘူး။ သူဌေးတစ်ယောက်က တစ်ယောက်တည်း တစ်လကို ကျပ်သိန်းပေါင်းများစွာ ၀င်ငွေရနေပြီး ကျေးလက်ကလူက တစ် လကို နှစ်သောင်း၊ သုံးသောင်းပဲ ၀င်ငွေရှိနေတာတွေ ဖြစ်နေတာမျိုးကျတော့ အားလုံးပျမ်းမျှပြီး လူတစ်ဦးချင်းဝင်ငွေ ဒီလောက်ရှိပါတယ်ဆိုတာကို ပြောလို့မရပါဘူး။ ဒီတော့ တကယ်တမ်း မြင့်တက်လာတဲ့ Cost of Living နဲ့အညီ နိုင်ငံသားတွေလိုက်ပါ နေထိုင်နိုင်မယ့်ဝင်ငွေဆိုတာ Household Income ကိုပဲ ပြောရမှာပါ။ သင့်တင့်လျောက်ပတ်တဲ့ အလုပ်၊ နေ့စဉ် ကုန်ကျစရိတ်နဲ့ကိုက်ညီတဲ့ လစာငွေရှိဖို့အထိ လုပ်ရမယ်။ နောက်တစ်ချက် အလုပ်လုပ်နိုင်တဲ့ အသက်အရွယ် Working Ace အပိုင်းအခြားထဲမှာ ရှိတဲ့သူတိုင်း သင့်တော်တဲ့အလုပ်ရဖို့အထိ လုပ်ရမယ်''ဟု ဒေါက်တာဝါ၀ါမောင်က ပြောပြခဲ့သည်။
ရန်ကုန်မြို့၏ Cost of Living  မြင့်တက်ခြင်းမှာ ရန်ကုန်မြို့တွင် နေ ထိုင်လုပ်ကိုင်ရသူနိုင်ငံသားများအပေါ် တွင်ပါသက်ရောက်မှုရှိကြောင်း၊ သုံး နှစ်အတွင်း နေထိုင်စရိတ် နှစ်ဆမြင့် တက်ခြင်း၊ စားသောက်ကုန်ကျစရိတ် နှစ်ဆထိတိုးလာခြင်း၊ အခြားရေမီးနှင့် သယ်ယူပို့ဆောင်စရိတ်မြင့်တက်လာ ခြင်း၊ အလုပ်အကိုင်ပုံမှန်မရှိခြင်းများ ကြောင့်သက်ရောက်မှုရှိခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တွင် လုပ်ကိုင်နေသည့် နယ်ပယ်စုံမှဝန်ထမ်းလုပ်သားများက ပြောပြခဲ့သည်။
နေ့စားဆေးသုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက''ကျွန်တော့်ဆီမှာ ငြမ်းတက်ဆေးသုတ် ကျွမ်းကျင်ဆို တစ်ရက် ၆၀၀၀ ရတယ်။ ကျွမ်းကျင်ဆို ၄၅၀၀ နဲ့ မကျွမ်းကျင်တဲ့သူ ၃၅၀၀ ကျပ်ပေးထားရတယ်။ သူတို့ အလုပ် စဆင်းတာနဲ့ တစ်ယောက်ကို ကျပ် ၅၀၀ မနက်စာစားဖို့ ထုတ်ပေးရတယ်။ နေ့လည်ထမင်းဖိုး ထုတ်ပေးရတယ်။ ညနေကျမှ လုပ်အားခထဲက ပြန်နုတ်ရတယ်။ တစ်ယောက်ကို အနည်းဆုံး တစ်ရက်ကို ကျပ် ၂၅၀၀ ကတော့ အားလုံး ကုန်ကျတာချည်းပဲ။ ဒါတောင် နေစရိတ်သက်သာလို့ မဟုတ်ရင် ဒီထက်ပိုကုန်တယ်။ တစ်ခုတော့ရှိတယ် အလုပ်မပြတ်ဖို့လိုတယ်။ အလုပ်ပြတ်လပ်သွားရင် နားနေကြရသေးတယ်''ဟု ပြောပြခဲ့သည်။
''ကျွန်တော်က ကုမ္ပဏီဝန်ထမ်းပါ။ လစာရင်းက တစ်လကို ကျပ် ၁၃၈၀၀၀ ရပါတယ်။ တစ်လကို အနည်းဆုံး ၈၀၀၀၀ ကျော်ကုန်တယ်။ အိမ်ငှားနေရတဲ့အတွက်ပါ။ ဒါတောင် သူငယ်ချင်းတွေစုပြီး သုံးလေးယောက် ငှားနေရတာ''ဟု ကုန်ပစ္စည်းစစ်ဆေး ရေး ကုမ္ပဏီတစ်ခုမှ ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်။
''ကျွန်မက တစ်လကို ၇၀၀၀၀ ရတယ်။ ကျွန်မထက် နည်းနည်းနိမ့်တဲ့သူက ၆၀၀၀၀ ကစရတယ်။  ၁၁၀၀၀၀ လောက်အထိ ရတဲ့သူရှိတယ်။ အိမ်မှာစားတဲ့ စရိတ်ပါထည့်တွက်ရင် တစ်ရက်ကျပ် ၁၄၀၀လောက်တော့ ကုန်တယ်''ဟု ဒဂုံစင်တာတွင် လုပ်ကိုင်နေသူ အရောင်းစာရေးမ တစ်ဦးက ပြောပြခဲ့သည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ လူတစ်ဦးချင်းဝင်ငွေ
စင်ကာပူ ၅၉၇၁၁
ဘရူနိုင်း ၄၉၃၈၄
မလေးရှား ၁၅၅၆၈
ထိုင်း ၉၃၉၆
တရုတ် ၈၃၈၂
သီရိလင်္ကာ ၅၆၇၄
အင်ဒိုနီးရှား ၄၆၆၆
ဖိလစ်ပိုင် ၄၀၇၃
အိန္ဒိယ ၃၆၉၄
ဗီယက်နမ် ၃၃၅၉
လာအို ၂၆၅၉
ကမ္ဘောဒီးယား ၂၂၁၆
ဘင်္ဂလားဒေ့ရှ် ၁၆၉၃
မြန်မာ ၁၃၂၅
ထမင်း တစ်နပ်ဝယ်၊ တစ်နပ်ချက်စားရသည့် မိသားစုရှိသော ကုန်ပစ္စည်းစစ်ဆေးရေး ကုမ္ပဏီဝန်ထမ်းတစ်ဦး၏ ရန်ကုန်မြို့ တစ်ရက်ကုန်ကျစရိတ်
အကြောင်းအရာ ကုန်ကျငွေ(ကျပ်)
အလုပ်သွားပြန် ၄၀၀
ထမင်းစရိတ်နှင့် အဆာပြေ ၁၇၀၀
အခြားအသုံးစရိတ် ၂၀၀ မှ ၃၀၀
နေစရိတ် ၁၈၀၀ မှ ၂၂၀၀
(မိသားစုရှိ၍ တစ်လ ကျပ် ၄၀၀၀၀ မှ ၆၀၀၀၀ တန် အခန်းငှားရမ်းနေထိုင်ရ။ ရေမီးစည်ပင်ခွန်များ တစ်လ အနိမ့်ဆုံး ကျပ် ၁၀၀၀၀ ထပ်ကုန်သည်)
ထမင်းဝယ်စားရသည့် နေ့စား ဆေးသုတ်လုပ်သားတစ်ဦး၏ ရန်ကုန်မြို့ တစ်ရက်ကုန်ကျစရိတ်
အကြောင်းအရာ ကုန်ကျငွေ(ကျပ်)
အလုပ်အသွားအပြန် ၄၀၀
(ဘတ်စကား)ထမင်းစရိတ် ၁၆၀၀
(မနက်၊ ည)နံနက်နှင့်နေ့လည် အဆာပြေ ၈၀၀ မှ ၁၀၀၀
အခြားအသုံးစရိတ် ၂၀၀ မှ ၃၀၀
နေစရိတ် ၅၀၀
(မြို့ပြင်တွင် အနိမ့်ဆုံးဈေးဖြင့် အခန်းကျဉ်းစုငှားခ၊ လူပျိုလူလွတ် တစ်ဦးအတွက်၊ မိသားစုရှိက ပိုမိုကုန်ကျ)
အများစုလုပ်ကိုင်နေရသည့် အလုပ်အကိုင်အချို့၏ ပျမ်းမျှ လစဉ်ဝင်ငွေ၊ အနိမ့်ဆုံး မဖြစ်မနေ လစဉ်ကုန်ကျငွေပြဇယား(ကျပ်)
လူပျို၊ အပျိုတစ်ဦး ရရှိသမျအား အချွေတာဆုံးသုံးသည့် ရန်ကုန်မြို့ ကုန်ကျစရိတ်
အလုပ်အမျိုးအစား လစဉ်ဝင်ငွေ လစဉ်ကုန်ကျငွေ

အမြင့်ဆုံး အနိမ့်ဆုံး အမြင့်ဆုံး အနိမ့်ဆုံး
ကုန်ပစ္စည်းစစ်ကုမ္ပဏီဝန်ထမ်း ၁၃၈၀၀၀ ၁၂၆၀၀၀ ၁၀၅၀၀၀ ၈၄၀၀၀
အရောင်းစာရေး ၁၀၀၀၀၀ ၆၀၀၀၀ ၇၀၀၀၀ ၄၅၀၀၀
နေ့စားဆေးသုတ်လုပ်သား ၁၈၀၀၀၀ ၁၀၅၀၀၀ ၁၀၅၀၀၀ ၇၅၀၀၀
နေ့စားပန်းရံလုပ်သား ၁၈၀၀၀၀ ၉၀၀၀၀ ၁၀၅၀၀၀ ၆၀၀၀၀
ကမ္ဘာ့မြို့ ကြီးများထဲတွင် Cost of Living အမြင့်ဆုံး မြို့ ၅၀ စာရင်း
၂၀၁၂ အဆင့် ၂၀၁၁ အဆင့် မြို့အမည် နိုင်ငံ
တိုကျို ဂျပန်
လူအန်ဒါ အန်ဂိုလာ
အိုဆာကာ ဂျပန်
မော်စကို ရုရှား
ဂျနီဗာ ဆွစ်ဇာလန်
ဇူးရစ် ဆွစ်ဇာလန်
စင်ကာပူ စင်ကာပူ
အင်န်ဒီဂျေမီနာ ချက်
ဟောင်ကောင် ဟောင်ကောင်
၁၀ ၁၁ နာဂိုရာ ဂျပန်
၁၁ ၁၄ ဆစ္ဒနီ ဩစေၾတးလ်
၁၂ ၁၀ ဆော်ပေါ်လို ဘရာဇီး
၁၃ ၁၂ ရီယိုဒီဂျနီယို ဘရာဇီး
၁၄ ၁၆ ဘန်းန် ဆွစ်ဇာလန်
၁၅ ၂၁ မဲလ်ဘုန်း ဩစတြေးလျ
၁၆ ၂၁ ရှန်ဟိုင်း တရုတ်
၁၇ ၂၀ ဘေဂျင်း တရုတ်
၁၈ ၁၅ အော်စလို နော်ဝေ
၁၉ ၃၀ ပါးတ် ဩစတြေးလျ
၂၀ ၁၂ လစ်ဘာဗယ်လ် ဂါဗွန်
၂၁ ၁၇ ကိုဗင်ဟေဂင် ဒိန်းမတ်
၂၂ ၁၉ ဆိုးလ် တောင်ကိုရီးယား
၂၃ ၃၄ ကန္ဘာရာ ဩစေၾတးလ်
၂၄ ၃၁ ဘရစ္စဘိန္း ဩစေၾတးလ်
၂၅ ၁၈ လန်ဒန် အင်္ဂလန်
၂၆ ၄၄ ခါးတွန်မ် ဆူဒန်
၂၇ ၄၆ အဒီလိတ် ဩစတြေးလျ
၂၈ ၂၉ စိန့်ပီတာစဘတ် ရုရှား
၂၉ ၅၁ ကာရကတ်စ် ဗင်နီဇွဲလား
၃၀ ၄၃ ရှန်ဇန်း တရုတ်
၃၁ ၃၈ တဲလ်အဗစ် အစ္စရေး
၃၁ ၃၈ ကွမ်ကျိုး တရုတ်
၃၃ ၃၂ နယူးယောက် အမေရိကန်
၃၄ ၂၃ နိုက်ယားမေး နိုင်ဂျာ
၃၅ ၇၀ ရန်ကုန် မြန်မာ
၃၆ ၆၁ ကင်ရှာစာ ကွန်ဂို
၃၇ ၂၇ ပဲရစ် ပြင်သစ်
၃၈ ၂၅ မီလန် အီတလီ
၃၉ ၄၁ လာဂို့စ် နိုင်ဂျီးရီးယား
၃၉ ၆၃ ဘမာကို မာလီ
၄၁ ၆၇ အဘစ်ဂျန် အိုင်ဗရီကို့စ်
၄၂ ၃၄ ရောမ အီတလီ
၄၃ ၅၅ ဘရာဇာဗယ်လီ ကွန်ဂို
၄၄ ၃၉ ဂျီဘိုးဒီ ဂျီဘိုးဒီ
၄၅ ၃၃ ဘရာဇီးလီးယား ဘရာဇီး
၄၆ ၃၉ စတော့ဟုမ်း ဆွီဒင်
၄၇ ၃၇ နူမီယာ နယူးကယ်လီဒိုးနီးယား
၄၈ ၃၆ ဗီယင်နာ ဩစတြီးယား
၄၉ ၄၈ ဘာကု အဇာဘိုင်ဂျန်
၅၀ ၂၅ ဗစ်တိုးရီးယား ချီလီ
၅၀ ၄၄ ဒါကာ ဆီနီဂေါ
 Ref: Mercer.com ( eleven media group)