အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်
လူဦးရေထောင်ဂဏန်းရှိသော စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာလ ၂၁
ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
သို့ဖြစ်ရာ စက်တင်ဘာလ ၂၁
ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ တွင်
မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင်
ဦးဆောင်လှုပ်ရှားမှု ပြုလုပ် သူများနှင့် ပါဝင်သူများအား ဥပဒေအရ
အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး
ရုံးဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက အဆိုပါနေ့ ညနေ ၅ နာရီတွင်
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရဲမှူးမြင့်ထွေးက ''ဒီနေ့ဖြစ်သွားခဲ့တဲ့
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်မှာ ကျွန်တော်တို့က
စီတန်းလှည့်လည်ရင် ဖြတ်သန်းမယ့် မြို့နယ်များတယ်၊ လမ်းကြောင်း လည်း ရှည်တယ်
လူဦးရေလည်းများတော့ လမ်းပိတ်ဆို့မှုတွေဖြစ်နိုင်တဲ့အတွက်
ကျွန်တော်တို့အနေနဲ့ ငြင်း ပယ်ခဲ့ပါတယ်။ သူတို့က ငြိမ်းချမ်းစွာ
လျှောက်တဲ့အခါမှာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းက တားဆီး မှုတွေ
ပြုလုပ်ဆောင်ခဲ့ပေမယ့် သူတို့က လူစုမခွဲဘဲ ဆက်ပြီးတော့ လျှောက်တယ်။ အဲဒီလို
လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့အတွက် ဒီအဖွဲ့တွေကို
ဥပဒေနှင့်အညီ အရေးယူမှုတွေ ဆောင် ရွက်သွားမှာပါ။ ဥပဒေရဲ့အပေါ်မှာ
ဘာမှမရှိနိုင်ဘူး''ဟု ပြောကြားခဲ့ပါသည်။
လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့အတွက် ဒီအဖွဲ့တွေကို
ဥပဒေနှင့်အညီ အရေးယူမှုတွေ ဆောင်ရွက်သွားမှာပါ။ ဥပဒေရဲ့အပေါ်မှာ
ဘာမှမရှိနိုင်ဘူး ............................................
''ငြိမ်းချမ်းရေးဆိုတာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့လူသားအားလုံးကလည်း
ငြိမ်းချမ်းရေးကို လိုလား တယ်။ နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေးကို
လိုလားတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေကို ငြိမ်းချမ်းစွာ
ရှိနေဖို့အတွက် ဥပဒေဘောင်ထဲကနေ စောင့်ရှောက်နေတဲ့အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
သူတို့အနေနဲ့ ကျွန်တော်တို့ ငြင်းပယ်တာကို အယူခံဝင်လို့ ရပါတယ်။
ဒါပေမယ့်သူတို့ကလည်း ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြု သည်ဖြစ်စေ သူတို့ရဲ့
ရည်ရွယ်ချက်အတိုင်း ဥပဒေချိုးဖောက်ပြီး လျှောက်လှမ်းခဲ့တာဟာ ဥပဒေနဲ့အညီ
မဟုတ်လို့ ဥပဒေအတိုင်း အရေးယူမှာပါ။ ဒီလိုအရေးယူတဲ့အခါမှာ ငြိမ်းချမ်းစွာ
လုပ်ဆောင်တဲ့သူတွေကို အရေးယူတာ မဟုတ်ပါဘူး။ သူတို့အနေနဲ့
ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ဖောက်ဖျက်တဲ့အတွက် သက်ဆိုင် ရာ မြို့နယ်မှူးတွေက
စီတန်းလှည်လည်မှုမှာ ပါဝင်တဲ့ ခေါင်းဆောင်တွေနဲ့ ပါဝင်တဲ့သူတွေကို ပုဒ်မ ၁၈
အရ အရေးယူဖို့ ဆောင်ရွက်သွားမှာပါ''ဟု ရဲမှူးမြင့်ထွေးက
ဆက်လက်ပြောကြားခဲ့ပါသည်။
မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင်
ဦးဆောင်လှုပ်ရှားမှု ပြုလုပ် သူများနှင့်ပါဝင်သူများအား ဥပဒေအရ အရေးယူသွားမည့်
ပုဒ်မ ၁၈ ၏ ပြစ်ဒဏ်များမှာ ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) ငွေဒဏ်သုံးသောင်းကျပ် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ခြင်းဖြစ်ကြောင်း
ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။
မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင်
လှုပ်ရှားမှုပြုလုပ်သူများ သည် ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊
မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊
ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်များရှိ လမ်းတစ်လျှောက် ငြိမ်းချမ်းစွာစီတန်း၍ ဆန္ဒဖော် ထုတ်မှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း ရဲမှူးမြင့်ထွေးက
ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် နည်းဥပဒေပေါ်ထွက်ပြီးသည်မှစ၍
ဆန္ဒဖော်ထုတ်ခွင့်လျှောက်ထားသည့် အကြိမ်ပေါင်း ၂၀ ရှိခဲ့ရာ ၈ ကြိမ်ခွင့်
ပြုခဲ့ပြီး ၉ ကြိမ်ကို ဆန္ဒဖော်ထုတ်ခွင့် ငြင်းပယ်ခဲ့ကြောင်းနှင့် ၃
ကြိမ်မှာ ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားမှုပြန် လည် ရုပ်သိမ်းသွားကြောင်း
သိရသည်။
Ref: Eleven Media Group
No comments:
Post a Comment