မြန်မာဗီဒီယို ဇာတ်ကားရောင်းချရမှုတွင် ယခုနှစ်အတွင်း တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် ရောင်းအားထက် ၀က်ခန့် ကျဆင်းသွားခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဗီဒီယိုအခြေခံအဖွဲ့(ဗဟို)မှ သိရသည်။
“တချို့နယ်တွေဆိုရင် လုံးဝမရောင်းရတော့တာမျိုးတွေရှိသလို
တချို့နယ်တွေဆိုရင် ရောင်းရတယ် လို့ပြောလို့ရတဲ့ အတိုင်းအတာတစ်ခုလောက်ပဲ
ရှိနေတယ်။ တချို့နယ်တွေမှာဆိုရင် အ၀ယ်မရှိဆိုတာမျိုး မဖြစ်အောင်
ဈေးလျော့ပြီးရောင်းနေရတဲ့ အနေအထားမျိုးမှာတောင်မှ အ၀ယ်က တက်မလာဘူး။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံလိုက်မယ်ဆိုရင်တော့ အရင်ကထက်
အခုလက်ရှိမှာ ရောင်းအား က ၅၀ ရာခိုင်နှုန်းလောက်ကို ကျဆင်းသွားခဲ့တာပါ။
ဒီရောင်းအားကျဆင်းမှုတွေကို ထိန်းသိမ်းနိုင်ဖို့ သက်ဆိုင် ရာနယ်မြေတွေအလိုက်
အရောင်းကိုယ်စားလှယ်တွေနဲ့ ဗီဒီယိုအခြေခံအဖွဲ့တွေကို တွေ့ဆုံညှိနှိုင်း
မှုတွေလုပ်နေသလို ဗီဒီယိုဇာတ်ကားတွေရဲ့ အရည်အသွေးပိုင်းတွေ ပိုမိုကောင်းမွန်လာဖို့လည်း ကြိုးစားနေ ကြပါတယ်”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဗီဒီယိုအခြေခံအဖွဲ့(ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
လက်ရှိမြန်မာဗီဒီယို ဈေးကွက်တွင် နယ်မြေမငြိမ်သက်မှုများဖြစ်ပွားနေသည့်
ကချင်ပြည်နယ်၊ ရခိုင်ပြည် နယ်တို့ရှိ နယ်မြေအများစုသည်
အ၀ယ်ရပ်ဆိုင်းသွားခဲ့ပြီး သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့်
ရေ ကြီးမှုများကြောင့်လည်း နယ်အချို့တွင် အ၀ယ်ရပ်ဆိုင်းမှုများရှိခဲ့ကြောင်း
သိရသည်။ မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်များသည် လက်ရှိတွင်
မြန်မာဗီဒီယိုဇာတ်ကား ၀ယ်ယူမှု သိသိသာသာ ကျဆင်းသွား ခဲ့သည်။
Ref: Eleven Media Group
No comments:
Post a Comment