အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့်
ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက် ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့်
ထွက်ခွာသွားပြီဖြစ်သည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက် ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၂၄ ရက် (ယနေ့) မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ခရီးထွက် ခွာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းများအရ သိရှိရပါသည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက် ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၂၄ ရက် (ယနေ့) မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ခရီးထွက် ခွာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းများအရ သိရှိရပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂအထွေထွေညီလာခံတွင်
မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း အမေရိကန်အစိုးရ
တာဝန်ရှိသူများ၊ နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြား သည့်
ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါဖော်ပြချက်အရ သိရှိရသည်။
ထိုသို့ တွေ့ဆုံရာ ၌ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်းပြီး
ပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံတော်သမ္မတအဖြစ်
ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော သမ္မတဦးသိန်းစိန် သည်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင်
ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ် ၂၀၀၉ ခုနှစ်က ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့ဖူးသည်။ ထိုစဉ်က မြန်မာ အစိုးရ
ထိပ်တန်းအရာရှိများအား ဗီဇာပိတ်ပင်ထားမှုကြောင့် ကုလသမဂ္ဂရုံးချုပ်အနီးတ၀ိုက် ဧရိယာတွင်သာ သွားရောက်ခွင့်ရရှိခဲ့သည်။
သို့သော်လည်း ပြီးခဲ့သော ၂၀၁၂ခုနှစ်၊ သြဂုတ်လအတွင်းက အမေရိကန်အစိုးရအနေဖြင့်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်မှုအား အသိအမှတ်ပြုခဲ့ပြီး
မြန်မာနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများအပေါ် ဗီဇာ ပိတ်ပင်ထားခြင်းအား
ပယ်ဖျက်ပေးခဲ့သည်။ ထို့အပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနကလည်း
သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အား
အမေရိကန်တွင် စီးပွားရေလုပ်ကိုင်ခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်တားမြစ်ခံရသူများစာရင်းမှ စက်တင်ဘာလ၁၉ ရက်နေ့က ပယ်ဖျက်ပေးခဲ့သည်။
Ref: Eleven Media Group
No comments:
Post a Comment