Thursday, June 28, 2012

စာပေဗိမာန်၏သမိုင်းကြောင်း

image    
           မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်နှင့် ဒုတိယကမ္ဘာစစ်ဒဏ်မှ ပြန်လည်ထူထောင်ရန်အတွက် ၁၉၄၇ခုနစ်တွင် ဆိုရန်တိုဗီလာစီမံကိန်း ရေးဆွဲရေးအစည်းအဝေး ကျင်းပခဲ့သည်။ုအစည်းဝေးတွင် တိုင်းသူပြည်သားများအတွက် အသုံးကျမည့်ပြည်ပနိုင်ငံထုတ်စာအုပ်များကို ဘာသာပြန်ရန်နှင့် ပုံနှိပ်ထုတ်ဝေရန် ဘာသာပြန်စာပေဌာနကြီးတစ်ခုထူထောင်ရန်  ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မိန့်ကြားခဲ့သည်မှာ ၁၉၄၇ခုနှစ်၊ သြဂုတ်လ၂၆ရက်နေ့တွင် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီး စတင် ပေါ်ပေါက်လာခဲ့သည်။ ထိုအသင်းကြီးကို ၁၉၄၈ခုနှစ်၊မေလတွင် စာပေဗိမာန်ဟုခေါ်တွင်စေခဲ့သည်။ စာပေဗိမာန်အဖွဲ့သည်မူလက ပြည်လမ်း ဟံသာဝတီအဝိုင်းအနီးရှိ ဆိုရန်တိုဗီလာ အဆောက်အအုံတွင် တည်ရှိခဲ့သည်။၁၉၅၅ခုနှစ်မေလတွင် (၅၂၉-၅၃၁)ကုန်သည်လမ်း (လက်ရှိနေရာ)သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၆၀ပြည့်နှစ် ဇူလိုင်လတွင် စာပေဗိမာန် စာအုပ်အသင်းကို စတင်တည်ထောင်ခဲ့သည်။ ၁၉၆၅ခုနှစ်တွင် စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ ဥပဒေကိုပြဌာန်းခဲ့သည်။၁၉၇၂ခုနှစ် မတ်လတွင် စနစ်သစ်အုပ်ချုပ်ရေးအရ ဗဟိုပုံနှိပ်တိုက်နှင့်ပေါင်းပြီး စာပေဗိမာန်သည်ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်း၏လက်အောက်ခံဌာနခွဲတစ်ခု ဖြစ်လာခဲ့သည်။ထိုအချိန်မှစ၍ စာပေဗိမာန်သည် ပြန်ကြားရေး ဝန်ကြီးဌာန၏မီဒီယာလုပ်ငန်းများတွင် ပုံနှိပ်မီဒီယာလက်ရုံးတစ်ခု ဖြစ်လာခဲ့သည်။ 

တောင်ကိုရီးယားအား သရေ ကစားကာ ခြေစစ်ပွဲ အောင်မြင်ရေး အားကောင်းလာသည့် မြန်မာ


ယခုပွဲစဉ်တွင် မြန်မာအသင်းသည် ရန်အောင်ဝင်းအား လစ်ဘရို နေရာတွင် ထားကာ ၎င်း၏ ရှေ့တွင် သက်နိုင်၊ အောင်ဟိန်းကျော်၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်းတို့ဖြင့် ကစားခဲ့သည်။ ကွင်းလယ်တွင် နိုင်လင်းဦးနှင့် ဖြိုးကိုကိုသိန်းတို့ ကစားခဲ့ပြီး ကြည်လင်း၊ ကျော်ဇေယျာဝင်းနှင့် ကျော်ကိုကိုတို့က တိုက်စစ်တွင် ကစားခဲ့သည်။

ပွဲစသည်နှင့် မြန်မာအသင်းက ကိုရီးယား အသင်းဘက်သို့ ထိုးဖောက်ရန် ကြိုးပမ်းခဲ့ပြီး ကိုရီးယား အသင်းကလည်း တန်ပြန် ထိုးစစ်ဖြင့် ခြိမ်းခြောက်ခဲ့သည်။ ပွဲကြည့်စင်မှ ပရိသတ် များကလည်း "မြန်မာဟေ့" ဟု တခဲနက် ဟစ်ကြွေးလျက် ရှိကာ ပွဲချိန် ၂မိနစ် မပြည့်မီတွင် ကိုရီးယား အသင်း မြန်မာ ဂိုးဧရိယာ အစပ်မှ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ ယင်းမှတစ်ဆင့် ကိုရီးယား တိုက်စစ်မှူး ဟွမ်အူဂျို အပိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးပေါက် ကပ်လွဲ သွားခဲ့သည်။

ပွဲချိန် ၅မိနစ်ခန့်အထိ ကိုရီးယား အသင်းက ဘောလုံး ကိုင်ကစား နေခဲ့ပြီး ပိုင်မှ ထိုးဖောက်သည့် ဟန်ဖြင့် မြန်မာအသင်းအား ရင်ဆိုင်ခဲ့သည်။ ထို့နောက်တွင် ကျော်ဇေယျာဝင်း ပေးသည့် ဘောလုံးအား သိန်းသန်းဝင်း ဘယ်ခြမ်းမှ ထိုးဖောက်ရာ တောင်ကိုရီးယား နောက်ခံလူများ တားဆီး နိုင်ခဲ့သည်။ ပွဲချိန် ၁၁မိနစ်တွင် မြန်မာအသင်း အတွက် ပထမဆုံး ကန်သွင်းခွင့် အဖြစ် ကြည်လင်း ဧရိယာ အပြင် ခပ်လှမ်းလှမ်းမှ ကန်သွင်းချက် ဂိုးဘေး ထွက်သွားခဲ့သည်။



ထို့နောက်တွင် ကိုရီးယား အသင်းက မြန်မာ ဧရိယာထိပ်မှ ဖရီးကစ် ကန်ခွင့် ရခဲ့သော်လည်း အရာမထင် ခဲ့ပေ။ ကိုရီးယား အသင်းသည် ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ကစားနေခဲ့ပြီး မြန်မာအသင်းမှာ တစ်ချက် တစ်ချက်တွင်မှ ထိုးဖောက်ခွင့် ရခဲ့သည်။ ၁၅မိနစ်တွင် ကွင်းလယ် ဘယ်ခြမ်းမှ မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့ပြီး ကျော်ဇေယျာဝင်း ကန်တင်ပေးမှု ကောင်းမွန် သော်လည်း နောက်ခံလူ ဖျက်ထုတ်ခဲ့သည်။ ထို့နောက်တွင် ညာခြမ်းမှ ကြည်လင်း ထိုးဖောက်ရာမှ မြန်မာတို့ ပထမဆုံး ထောင့်ကန်ဘော ကန်ခွင့်ရခဲ့သည်။ သို့သော် ယင်း ထောင့်ကန်ဘောအား မြန်မာတို့ အသုံးချ နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

၁၉မိနစ်တွင် တောင်ကိုရီးယား အသင်း၏ ထိုးဖောက်မှုအား ရန်အောင်ဝင်း အကောင်းဆုံး ဖျက်ထုတ်ခဲ့ကာ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ မြန်မာအသင်းသည် မိနစ် ၂၀ ကျော်သည်အထိ တောင်ကိုရီးယား အသင်းအား အကောင်းဆုံး ယှဉ်ကစားနေပြီး ပရိသတ်များ ကလည်း တခဲနက် အားပေး ခဲ့ကြသည်။ မိနစ် ၂၀ကျော် နောက်ပိုင်းတွင် နှစ်သင်းစလုံး ကွင်းလယ်တွင်သာ အပျက်များ နေခဲ့ပြီး ဂိုးသွင်းခွင့် မယ်မယ်ရရ မရဘဲ ဖြစ်နေခဲ့သည်။

၃၁မိနစ်တွင် ကိုရီးယား အသင်း ညာထောင့်ကန်ဘော ရရှိခဲ့သော်လည်း မြန်မာ ကစားသမားများ အကောင်းဆုံး ရှင်းထုတ် နိုင်ခဲ့သည်။ ၃၄မိနစ်တွင် ဟွမ်အူဂျို ဧရိယာ အတွင်းမှ ကန်သွင်းခွင့် ရရှိခဲ့သော်လည်း မြန်မာ နောက်ခံလူ ထိထွက်ခဲ့သည်။ ၃၆မိနစ်တွင် ကြည်လင်း ညာခြမ်းမှ ဖန်တီးပေးသည့် ဘောလုံးအား ကျော်ကိုကို ဆွဲဝင် ကန်သွင်းခဲ့ရာ ဂိုးပေါက် လွဲခဲ့၍ နစ်နာခဲ့သည်။ မိနစ် ၄၀တွင် ကြည်လင် တောင်ပံတစ်လျှောက်မှ ထိုးဖောက်ရာမှ မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့သည်။ သို့သော် ကျော်ဇေယျာဝင်း ကန်တင် ပေးမှုအား ဂိုးသမားက မြန်မာ တိုက်စစ်မှူးများ ကြားမှ အသာအယာ ဆွဲဖမ်း ထားနိုင်ခဲ့သည်။

၄၃မိနစ်တွင် ကိုရီးယား အသင်း ဘယ်ထောင့်ကန်ဘော မှတစ်ဆင့် လီဂျွန်ဆောင်း အပိုင်ကန်ခွင့် ရခဲ့သော်လည်း ဂိုးပေါက် ကပ်လွဲ သွားခဲ့သည်။ ပထမပိုင်း နာကျင် အချိန်ပိုတွင် ကိုရီးယား အသင်း ညာခြမ်းမှ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ရာ ပတ်ကွမ်ဂီး ကန်တင်မှုအား ကင်ယွန်းဟန် ကန်သွင်းခွင့် ရခဲ့သော်လည်း ဂိုးပေါက်လွဲ ခဲ့ကာ ပထမပိုင်း ၄၅မိနစ် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပြန်စသည်နှင့် ကိုရီးယား အသင်းက ဘောလုံး ကိုင်ကစားကာ မြန်မာ နောက်ခံလူများအား ကျော်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။ ၄၈မိနစ်တွင် ဖြိုးကိုကိုသိန်း ထိခိုက်ဒဏ်ရာ ရခဲ့၍ ရဲဇော်ထက်အောင်နှင့် လူစားလဲ ခဲ့သည်။ ၅၁မိနစ်တွင် ကိုရီးယား အသင်း ညာခြမ်းမှ ထိုးဖောက်မှုမှ တစ်ဆင့် ဂိုးပေးရလု နီးပါး ဖြစ်ခဲ့သော်လည်း ကိုရီးယား တိုက်စစ်မှူး ပိတ်သွင်းချက် နောက်ခံလူ ထိထွက်ခဲ့၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။ ၅၄မိနစ်တွင် မြန်မာအသင်း တိုက်စစ်ဆင် ရာမှ ကျော်ကိုကို ပြိုင်ဘက် အင်္ကျီဆွဲ၍ အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။

ဒုတိယပိုင်းတွင် မြန်မာအသင်း အားနည်းချက်များမှ တစ်ဆင့် ကိုရီးယား အသင်းက ဂိုးသွင်းခွင့်များ ရရှိရန် ကြိုးပမ်း လာခဲ့သည်။ မြန်မာအသင်း အနေဖြင့် ဘောလုံး ကိုင်ကစားခွင့် မယ်မယ်ရရ မရဘဲ ကိုရီးယား အသင်း၏ ထိုးစစ်အား ဟန့်တားရန်သာ ကြိုးပမ်း နေခဲ့ရသည်။ ၆၄မိနစ်တွင် ကိုရီးယား ထိုးစစ်ဆင်မှုအား ဟန့်တားခဲ့သည့် ကြည်လင်း အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ ထို့နောက်တွင် မြန်မာအသင်းက ဘယ်ခြမ်းတွင် ခြေစွမ်း မပြနိုင်သည့် ကျော်ဇေယျာဝင်း နေရာတွင် နန္ဒလင်းကျော်ချစ်အား ထည့်သွင်း ကစားခဲ့သည်။

၆၆မိနစ်တွင် တောင်ကိုရီးယား အသင်း ဧရိယာ အတွင်းမှ အပိုင်ကန်ခွင့် တစ်ကြိမ် ရရှိခဲ့ သော်လည်း ကျော်ဇင်ဖြိုး လက်စွမ်းပြ ကာကွယ် နိုင်ခဲ့၍ သက်သာခဲ့သည်။ ၆၈မိနစ်တွင် ကိုရီးယား အသင်းက ပတ်ယောင်ဂျီ နေရာတွင် ဂျောင်ဂျွန်ဟီးအား ထည့်သွင်း ကစားခဲ့သည်။ ထို့အတူ ၇၄မိနစ်တွင် ဂျွန်စောဟွာ နေရာတွင် ကန်ဂျွန်ဂူးနှင့် လူစားလဲခဲ့သည်။

၇၅မိနစ်တွင် မြန်မာအသင်း ညာထောင့်ကန်ဘော ရရှိခဲ့ပြီး ယင်း ထောင့်ကန်ဘောအား အကောင်းဆုံး အသုံးချ နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၇၇မိနစ်တွင် ကြည်လင်း ညာခြမ်းမှ ထိုးဖောက် ဖြတ်တင်ပေးရာမှ မြန်မာအသင်း ဂိုးရရန် နီးစပ်ခဲ့ သော်လည်း ဂိုးသမားနှင့် နောက်ခံလူများ အကောင်းဆုံး ရှင်းထုတ် သွားခဲ့သည်။ မိနစ် ၇၀နောက်ပိုင်းတွင် မြန်မာအသင်း ကစားအား တက်လာခဲ့ပြီး ပွဲ၏ အမြန်နှုန်း ပိုမို မြင့်တက်ခဲ့ကာ အကြိတ်အနယ် ပွဲကောင်းတစ်ပွဲ ဖြစ်နေခဲ့သည်။

မိနစ် ၈၀တွင် မြန်မာအသင်း ဂိုးဧရိယာ အပြင်ဘီးကုတ် အစပ်မှ ကိုရီးယား အသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရရာ ပတ်ကွမ်ဂီး ကန်ချက် နောက်ခံလူ ထိထွက်ခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ယင်းထောင့်ကန်ဘော မှတစ်ဆင့် ပြန်အံလာသည့် ဘောလုံးအား ညာတောင်ပံ ကစားသမားက မြန်မာ ဂိုးပေါက်ရှေ့ ဖြတ်တင်ပေးရာ ကိုရီးယား တိုက်စစ်မှူး ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးဘေး ထွက်ခဲ့သည်။

၈၄မိနစ်တွင် ကိုရီးယား အသင်း ဂိုးရလုနီးနီး ဖြစ်ခဲ့သော်လည်း ဂိုးသမား ကျော်ဇင်ဖြိုး အနာခံ တားဆီးခဲ့၍ သက်သာခဲ့သည်။ ၈၅မိနစ်တွင် မြန်မာအသင်း ဂိုးပေါက်နှင့် ကိုက် ၃၀ကျော် အကွာမှ ကိုရီးယား အသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ သော်လည်း နောက်ခံလူ များအား ကျော်လွှား နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၈၇မိနစ်တွင် နန္ဒလင်းကျော်ချစ် အဝေးမှ အပြင်းကန်သွင်း ခဲ့သော်လည်း ဂိုးသမား ကာကွယ်ခဲ့သည်။

၈၈မိနစ်တွင် နန္ဒလင်းကျော်ချစ် ဖြတ်တင်မှုအား ကိုရီးယား နောက်ခံလူ တားရာမှ ထောင့်ကန်ဘော ဖြစ်ခဲ့ပြီး "မြန်မာဟေ့" ဆိုသည့် ပရိသတ်များ၏ ဟစ်ကြွေးသံမှာ ပွက်ပွက်ညံ နေခဲ့သည်။ ယင်းထောင့်ကန်ဘောမှ ရဲဇော်ထက်အောင် အပိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးဘေး ကပ်ထွက် သွားခဲ့၍ နစ်နာခဲ့သည်။ ထို့နောက်တွင် ကိုရီးယား အသင်းက လီဂျွန်ဆောင်း နေရာတွင် ဂွာဂျွန်ဟူး ၀င်ရောက် ကစားခဲ့သည်။ မိနစ် ၉၀တွင် ကိုရီးယား အသင်း ဂိုးရရန် အတော်လေး နီးစပ်ခဲ့ပြီး ဧရိယာ အတွင်းမှ တိုက်စစ်မှူး အပိုင်ကန်ချက် ဂိုးဘေးကပ်ထွက် သွားခဲ့သည်။ ယင်းနောက်တွင် နှစ်သင်းစလုံး ဂိုးမရတော့ဘဲ သရေပွဲ အဖြစ်သာ ပြီးဆုံးခဲ့သည်။







ဗုဒ္ဓဘာသာ သာသနာ့အလံတော်

http://a4.sphotos.ak.fbcdn.net/hphotos-ak-snc6/179959_115410275268185_1748722353_n.jpg

အလံတော်ကို ၁၈၈၅ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ကိုလံဘိုကော်မတီက ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ ကော်မတီမှာ Ven. Hikkaduwe Sri Sumangala Thera (ဥက္ကဌ), Ven. Migettuwatte Gunananda Thera, Don Carolis Hewavitharana (အနာဂါရိက ဓမ္မပါလအရှင် ရဲ့ဖခင်), Andiris Perera Dharmagunawardhana (အရှင်အနာဂါရိက ဓမ္မပါလအရှင် ရဲ့ မိခင်ဘက်က အဖိုး), William de Abrew, Charles A. de Silva, Peter de Abrew, H. William Fernando, N. S. Fernando and Carolis Pujitha Gunawardena (အတွင်းရေးမှုး) တို့ ပါဝင်ပါတယ်။

အလံတော်ကို ၁၈၈၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ထုတ် Sarasavi Sandaresa သတင်းစာမှာ စတင်ပုံနှိပ်ဖြန့်ချိခဲ့ပြီး Vesak Day (ကျွန်မတို့ရဲ့ ကဆုန်လပြည့်နေ့) ဖြစ်တဲ့ ၁၈၈၅ ခုနှစ် မေလ ၂၈ ရက်နေ့မှာ Kotahena အရပ်မှာရှိတဲ့ Dipaduttamarama မှာ Ven. Migettuwatte Gunananda Thera က လူထုမြင်ကွင်းမှာ ပထမဆုံးလွှင့်တင်ခဲ့ပါတယ်။ အဲဒီနေ့ဟာ ဗြိတိသျှတို့အုပ်စိုးတဲ့ကာလမှာ ပထမဆုံး Vesak ပြည်သူ့ရုံးပိတ်ရက် ဖြစ်ခဲ့ပါတယ်။

Theosophical အဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်တဲ့ အမေရိကန် ဂျာနယ်လစ် ဗိုလ်မှူးကြီး ဟန်နရီစတီးလ်အိုလ်ကော့တ်က အလံတော်ရဲ့ ရှည်လျားတဲ့ အတန်းလိုက်ပုံသဏ္ဍာန်ဟာ နေရာတိုင်းမှာ အသုံးပြုလို့ အဆင်မပြေနိုင်ဘူးလို့ ထင်မြင်တာကြောင့် ပြောင်းလဲပြင်ဆင်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့် အလံတော်ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ဟာ နိုင်ငံတော်အလံတွေအတိုင်း ဖြစ်လာပါတယ်။ အဲဒီနောက် ပြုပြင်မှုတွေကို သင့်တော်သလိုပြုလုပ်ခဲ့ပါတယ်။ အသစ်ပြင်ဆင်ထားတဲ့ အလံတော်ကို ၁၈၈၆ ခုနှစ် ဧပြီလ ၈ရက်နေ့မှာ Sarasavi Sandaresa သတင်းစာမှာပဲ ပုံနှိပ်ဖြန့်ဝေခဲ့ပြီး ၁၈၈၆ ခုနှစ် Vesak Day (ကဆုန်လပြည့်နေ့) မှာ လူထုမြင်ကွင်းမှာ လွှင့်တင်ခဲ့ပြန်ပါတယ်။

၁၈၈၉ ခုနှစ်မှာ အနာဂါရိက ဓမ္မပါလအရှင်နဲ့ အိုလ်ကော့တ်တို့က ဂျပန်ဘုရင်ကို အလံတော်ပြသပြီး ဂျပန်နိုင်ငံနဲ့ စတင်မိတ်ဆက်ပေးခဲ့ပြီး နောက်တဆက်ထဲ မြန်မာနိုင်ငံကိုလည်း ဆက်လက်မိတ်ဆက်ပေးခဲ့ပါတယ်။

၁၉၅၀ ခုနှစ် မေလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ ညီလာခံ (Conference of the World Fellowship of Buddhists) ဖွင့်ပွဲမှာ တည်ထောင်သူ ဥက္ကဌ ပါမောက္ခကြီး G P Malasekera က အလံတော်ကို ကမ္ဘာတဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလံတော်အဖြစ် ရွေးချယ်သတ်မှတ်ဖို့ အဆိုပြုပါတယ်။ ဒီအဆိုပြုချက်ကို တညီတညွှတ်ထဲ အဆင့်ဆင့်ဖြန့်ဝေကြပြီး ပျံ့နှံ့သွားပါတယ်။

အလံတော်မှာပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။

ပြာသောရောင်ခြည် (နီလ) = ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့်ကျက်သော မေတ္တာတော်။

ဝါသောရောင်ခြည် (ပီတ)= အလယ်အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိလက်လွတ်နေခြင်းများကို ရှောင်ကျဉ်ခြင်း။

နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိဥာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။

ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့်အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊

လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။

အလံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့အရောင်ငါးမျိုးရဲ့ လေးထောင့်လိုင်းလေးတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားပြီး အဲဒီလိုင်းဟာ ရောင်ခြည်တော်ထဲက အရောင်ငါးမျိုးပေါင်းစုံမှုကို ကိုယ်စားပြုပါတယ်။ အဲဒီ ပေါင်းစပ်မှုအရောင်ဟာ “ပဘဿရ” (အလင်းရဲ့အဓိက အနှစ်ချုပ်) ကို ရည်ညွှန်းပါတယ်။
  
တိဗက်မှာတော့ အလံတော်ထဲက လိုင်းတွေဟာ (ကမ္ဘာတလွှားက) ဗုဒ္ဓဘာသာဘုန်းတော်ကြီးများရဲ့ သက္ကန်းအရောင်မျိုးစုံကို အောင်လံတံခွန်တစ်ခုထဲမှာ တစုတစည်းထဲ ဖော်ညွှန်းပါတယ်။ တိဗက်ဘုန်းတော်ကြီးများရဲ့ သက္ကန်းဟာ ကြက်သွေးရောင် ဖြစ်ပါတယ်။ ဒါကြောင့် အလံတော်မူရင်းပုံစံထဲက လိမ္မော်ရောင်ကို တခါတရံ ကြက်သွေးရောင်နဲ့ အစားထိုးတတ်ကြပါတယ်။

~ ဂျပန်နိုင်ငံက ရှင်းဗုဒ္ဓဘာသာကျောင်းရဲ့ အလံတော်ပေါ်က လိမ္မော်ရောင်လိုင်းကို ပန်းရောင်လိုင်းနဲ့ အစားထိုးပါတယ်။
~ နိပေါနိုင်ငံက တိဗက်ဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မော်ရောင်လိုင်းကို သပြေမှည့်ရောင်နဲ့ အစားထိုးပါတယ်။
~ မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မောရောင်လိုင်းကို အစိမ်းပုတ်ရောင်နဲ့ အစားထိုးပါတယ်။
~ ဂျပန်နိုင်ငံက Soka Gakkai ကတော့ အပြာ၊ အဝါနဲ့ အနီရောင်သုံးမျိုးစပ်ကို အသုံးပြုပါတယ်။
  

Ref: Mg Mandalay note

Wednesday, June 27, 2012

အလေးစားဆုံး တဲ့


Googleလည်း Tablet ထုတ်တော့မည်

http://cdn4.mos.techradar.com///art/tablets/Google/Nexus7TabletLEAK-580-75.jpg 
 Gizmodo Australia ၀က်ဆိုဒ်မှ ထွက်ပေါ်လာသော ပုံနှင့် အချက်အလက်များအရ Google Nexus 7 သင်ပုန်းကွန်ပျူတာဟု ခေါ်ဝေါ်ဖွယ်ရှိသည် ဟုသိရသည်။ ၇ လက်မဖန်သားပြင်ပါဝင်ပြီး ASUS ကုမ္ပ္ပဏီမှ ထုတ်လုပ်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။ 1.3 GHz NVIDIA Tegra3 quadcore္ပ္ပ္ပ္ပprocessor ကိုသုံးထားပြီး 1GB RAM ကိုသုံးထားသည်။ 8GB နှင့် 16GB စက်အတွင်းသိုလှောင်နိုင်မည်။ NFC နည်းပညာသုံး ရုပ်သံခေါ်ဆိုမှုအတွက် 1.2MP front-facing camera ပါရှိသည်။ Android OS  ဖြစ်ပြီး 4.1 Jelly Bean ကိုသုံးထားသည်။

Tuesday, June 26, 2012

စိတ်ချရတဲ့စားသောက်ကုန်တွေဖြစ်ဖို့အတွက် လေဘယ်လ်အညွှန်း လိုအပ်

 
ထုတ်လုပ်တဲ့စားသောက်ကုန်တွေမှာ စိတ်ချရတဲ့စားသောက်ကုန်တွေဖြစ်ဖို့အတွက် လေဘယ်လ်အညွှန်း လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

စားသောက်ကုန်တွေမှာ လေဘလ်အညွှန်းပါဝင်မှသာ စားသုံးသူအနေနှင့် မိမိကျန်းမာရေးအလိုက် အစားအသောက်များကို ရှောင်နိုင်မှာဖြစ်ပြီး ကုန်ပစ္စည်းဟာလည်း ဈေးကွက်စေိတ်ချရတဲ့ ကုန်ပစ္စည်းတစ်ခု အဖြစ် ရောင်းချနိုင်မှာဖြစ်ပြီး ယခုကဲ့သို့ ကုန်ပစ္စည်းများမှာ အညွှန်းတိကျစွာပါဝင်ခြင်းဟာ လာမည့် ၂၀၁၅ ခုနှစ်မှာ ပြုလုပ်မည့် အာဆီယံလွတ်လပ်သောကုန်သွယ်မှုနယ်မြေ ( AFTA ) ဖြစ်လာပါက ကုန်ပစ္စည်း၏ အရည်အသွေးတစ်ရပ်အဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။

ထို့အပြင် လေဘယ်လ်အညွှန်းပါဝင်ပါက ကုန်ပစ္စည်းကို စာသုံးသူဘက်ကလည်း စိတ်ချစွာစားသုံးနိုင်မှာဖြစ် ပြီး နိုင်ငံတကာဈေးကွက်အတွင်းမှာလည်း ကုန်ပစ္စည်းဟာ ဈေးကွက်ရရှိမှာဖြစ်တယ်လို့လည်း သိရသည်။

Ref: ဂျက် ( မြို့တော်သတင်း )

ပြောင်းလဲပြင်ဆင်ထားသည့် မူဝါဒများအရ ကားတင်သွင်းရာတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကားအမျိုးအစား တင်သွင်းနိုင်မှု မရှိသလောက်နည်းပါး တင်သွင်းမှု စုစုပေါင်း၏ ၉၂ ရာခိုင်နှုန်းမှာ အိမ်စီးကားများသာဖြစ်ပြီး ဘတ်စ်၊ တက္ကစီ တင်သွင်းမှု ၃ ရာခိုင်နှုန်းပင် မပြည့်

အိမ်စီးကားများအဖြစ် အသုံးပြုရန် တင်သွင်းလာသော ကားများကို သီလ၀ါဆိပ်ကမ်း၌ မေလ ၂၈ ရက်နေ့က တွေ့မြင်ရစဉ်
ကားဟောင်းအပ်ကာ ကားသစ် အစားထိုး တင်သွင်းခွင့်ပြုသည့် အချိန်မှစ၍ ယခု ဇွန်လနောက်ဆုံးပတ်ထိ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် ကားအစီးရေ ၅၀၀၀၀ ၀န်းကျင်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အသုံးပြုမည့် ကားအမျိုးအစား တင်သွင်းနိုင်မှုမှာ မရှိသလောက် နည်းပါးကြောင်း သတင်းရရှိပါသည်။
ဇွန်လ ၁၈ ရက်နေ့အထိ တင်သွင်းရန် လိုင်စင်ရယူထားသည့် အစီးရေ စုစုပေါင်း ၄၅၂၈၁ စီးရှိပြီး အဆိုပါ အစီးရေထဲတွင် အိမ်စီးကားတင်သွင်းသည့် အစီးရေမှာ ၄၁၃၇၉ စီးဖြစ်ကြောင်း၊ ဘတ်စ်ကားတင်သွင်းသည့် အစီးရေမှာ ၈၇၀ စီးသာရှိကြောင်း၊ တက္ကစီအဖြစ် တင်သွင်းမည့်အစီးရေမှာ ၁၈၆ စီးသာရှိကြောင်း သိရသည်။

ယင်းအတွက် ရာခိုင်နှုန်းဖြင့် တွက်ချက်ပါက ဘတ်စ်ကားတင်သွင်းမှုမှာ ၂ ရာခိုင်နှုန်း၊ အငှားယာဉ် တင်သွင်းမှုမှာ ၀ ဒသမ ၄ ရာခိုင်နှုန်းသာရှိပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် တင်သွင်းနိုင်မှုမှာ မရှိသလောက်ပင် နည်းပါးသည့် အနေအထားဖြစ်နေကြောင်း ထောက်ပြခဲ့ကြသည်။
လက်ရှိ အချက်အလက်များကို ကြည့်ရှုခြင်းဖြင့် ကားမူဝါဒများ မကြာခဏ ပြောင်းလဲမှုမှာ အများပြည်သူအတွက်ဟု ခေါင်းစဉ်တပ်ထားသော်လည်း အမှန်တကယ်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးထက် လူတစ်ဦးချင်း အသုံးပြုနိုင်မှုကိုသာ လွယ်ကူစေရန် ပြောင်းလဲ ပေးခဲ့သည့် ပုံစံမျိုးဖြစ်ပေါ်နေသည်ဟုလည်း သုံးသပ်ကြသည်။
ကားတင်သွင်းခွင့်ပြုခဲ့သည်မှ ယနေ့အထိ ကိုးလတာကာလအတွင်း ဘတ်စ်ကားသစ်၊ တက္ကစီအသစ်များ တင်သွင်းအသုံးပြုနိုင်မှု နည်းပါးသည့်ဒဏ်ကို ရန်ကုန်မြို့နေပြည်သူများ နေ့စဉ်ခံစားနေရပြီဟုလည်း ထောက်ပြခဲ့ကြသည်။

''အချက်အလက်မရှိဘဲ မပြောချင်တဲ့အတွက် စောင့်နေတာ။ အခု ရပြီ၊ အိမ်စီးကား ၉၂ ရာခိုင်နှုန်း အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် သွင်းနိုင်တာက ၂ ဒသမ ၀၄ ရာခိုင်နှုန်း၊ ကုန်ကားသွင်းတာ ၆ ရာခိုင်နှုန်း ဆိုတော့ တွက်ကြည့်ကြပေါ့။ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ကား စီးနိုင်တာက နိုင်ငံလူဦးရေရဲ့ တစ်ရာခိုင်နှုန်းတောင် ရှိသေးလို့လား။ အများအသုံးပြုနိုင်တဲ့ ဘတ်စ်ကားနဲ့ တက္ကစီကိုပဲ အားထားရတဲ့ လူဦးရေက ၉၉ ရာခိုင်နှုန်းရှိတယ်။ ကားသွင်းတာနဲ့ အများပြည်သူ လိုအပ်ချက်ကို ကဲနှိုင်းယှဉ်ကြပါ။ ပြောင်းပြန်ဖြစ်နေတယ်။ အများပြည်သူအတွက် တကယ်လိုအပ်ချက်ရှိတဲ့ ကားတွေဝင်မလာဘဲ လူနည်းစုအတွက်ပဲ အဆင်ပြေတဲ့ ကားတွေကျတော့ သောက်သောက်လဲ ၀င်နေတယ်။ ဒီတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် မူဝါဒတွေ ချမှတ်တာလား၊ ကားဝယ်စီးနိုင်တဲ့သူတွေအတွက် မူဝါဒတွေ ချမှတ်တာလား မေးရမလိုဖြစ်နေပြီ''ဟု ကားအရောင်းပြခန်း လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

''ကားသွင်းခွင့်ပေးတာ ကိုးလကျော်ပြီ တစ်နှစ်ပြည့်တော့မယ်။ အများပြည်သူ ဘတ်စ်ကားအသစ်၊ အဲယားကွန်းပါတဲ့ ကားကောင်းကောင်းတွေ စီးရပြီလား၊ စီးတာထားဦး မြင်ရောမြင်ဖူးကြရပြီလား။ ရုံးတက် ရုံးဆင်းချိန်မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခံပြီး စီးရတဲ့ဘ၀က လွတ်ပြီလား။ ဒီ နေ့ ရန်ကုန်မှာလာကြည့် အိမ်စီးကားအသစ်တွေ ပေါမှပေါ။ အဲဒီကြားထဲမှာ အများပြည်သူ စီးနေရတဲ့ကားတွေကိုကြည့်လိုက် ကျပ်ညပ်ပြည့်ကျပ်၊ ကားက စုတ်သေးတယ်။ မလဲနိုင်ကြသေးဘူး။ ဒါကအဖြေပဲ၊ အများပြည်သူ သုံးတဲ့ကားတွေ သွင်းရတာထက် အိမ်စီးကားသွင်းရတာပို လွယ်နေလို့ပဲ။ အဟောင်းတွေ ကုန်အောင်လုပ်ပေမယ့် ပြောင်းချင်တိုင်းပြောင်းလို့ ကားဟောင်းတွေ လာတောင်မအပ်လို့ ဒုက္ခရောက်ရပြီ၊ ကားဟောင်းလည်းမရှင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးလည်း အဆင်ပြေမလာလို့ မူဝါဒက တကယ်အကျိုးရှိသလား မရှိဘူးလား ဒါပဲ မေး ချင်ပါတယ်''ဟု ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ခဲ့သည်။      

အစိုးရသစ်လက်ထက် ကားတင်သွင်းမှု အစီအစဉ်အရ ကားသွင်းခွင့်ပေးစဉ် ၉ လတာကာလအတွင်း ၆ ကြိမ်ပြောင်းလဲခဲ့သည့် မူဝါဒများ
  • ၁။ Van, Minivan နှင့် Wagon အမျိုးအစားခွဲခြားမှု နိုင်ငံတကာ သတ်မှတ်ချက်ဖြင့် ကွဲလွဲမှု ပြန်လည်သတ်မှတ်ခြင်း။
  • ၂။ ကား CIF ဈေးနှုန်းသစ်နှင့် တင်သွင်းခွင့်ပြုသည့် ကားမော်ဒယ်များ ပြင်ဆင်သတ်မှတ်ခြင်း။ ၁၉၉၆ မော်ဒယ်မှ ၂၀၀၆ မော်ဒယ်အထိ ပြင်ဆင်သတ်မှတ်လိုက်ပြီး ကားအမျိုးအစားအလိုက် ဈေးနှုန်းများ သတ်မှတ်ပေးခြင်း။
  • ၃။ နိုင်ငံခြားငွေဖြင့် အခွန်ထမ်းဆောင်ထားသူများအား ကြေညာထားသည့်အတိုင်း ပါမစ်အားလုံး ခွင့်ပြုမပေးဘဲ ၃၀၀၀ တစ်သုတ်အဖြစ် ကန့်သတ်ချက် ပြင်ဆင်ခြင်း။
  • ၄။ ကညနမှ ကောက်ခံသည့် ယာယီမှတ်ပုံတင်ကြေးအား ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်း။ အင်ဂျင်ပါဝါအလိုက် ၅၀ ရာခိုင်နှုန်းမှ ၁၂၀ ရာခိုင်နှုန်းအထိ ခွဲခြားသတ်မှတ်ကောက်ခံခြင်း။
  • ၅။ မော်ဒယ်ကွဲလွဲသည်ဟု သတ်မှတ်ခံရသည့် ကားများအပေါ် တပ်ရိုက်သည့် ဒဏ်ကြေးအား ပြင်ဆင်သတ်မှတ်ခြင်း။ ဂျပန်နိုင်ငံမှ ၁၉၉၆ မော်ဒယ်ဟု သတ်မှတ်ကာ တင်ပို့လိုက်သော ကားများ မြန်မာနိုင်ငံမှ စစ်ဆေးချက်အရ ၁၉၉၅ မော်ဒယ်ဖြစ်သည့် ဖြစ်ရပ်မျိုးများစွာ ဖြစ်ပေါ်ပြီးနောက် မော်ဒယ်တစ်နှစ်နိမ့်လျှင် ဒဏ်ကြေး သုံးဆတပ်ရိုက်ခြင်းအစား ဒဏ်ကြေးကင်းလွတ်ခွင့်ပြုပြီး ယခင် ဒဏ်ကြေးပေးသွင်းပြီးသူများမှာ ပြန်လည်ထုတ်ယူခွင့်မရ၍ နစ်နာရခြင်း။
  • ၆။ ယခု ၂၀၀၇ မော်ဒယ်နှင့်အထက် ကားများပါမစ်မလိုဘဲ တင်သွင်းခွင့်ပြုခြင်း။
  •  ၇။ ကညန မှတ်ပုံတင်ကြေးများ ထပ်မံလျော့ချကောက်ခံခြင်း။
Ref: Eleven Media Group

မြန်မာ့ထိပ်တန်းလုပ်ငန်းကြီးအချို့  အာမခံလုပ်ငန်း လုပ်ကိုင်မည်

 
ကမ္ဘောဇ၊ ထူးနှင့် မက်စ်မြန်မာမှ ပိုင်ဆိုင်သော ကမ္ဘောဇဘဏ်၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်နှင့် ဧရာဝတီဘဏ်တို့ အပါအ၀င် ပုဂ္ဂလိကဘဏ်များနှင့် မြန်မာ ထိပ်တန်း စီးပွားရေး လုပ်ငန်းကြီးအချို့သည် ပုဂ္ဂလိက အာမခံလုပ်ငန်းကို ၀င်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။

"ဇွန်လ ၂၉ရက်နေ့ ဖောင်ပိတ်မယ်။ ဇူလိုင် ၃ရက်နေ့ ၀န်းကျင်မှာ မြန်မာ့ အာမခံလုပ်ငန်း ကြီးကြပ်ရေး ကော်မတီကို တင်ပြမယ်။ စိစစ်မှုကာလက တစ်လ ၀န်းကျင်ကြာနိုင်ပါတယ်။ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းမှာ ပုဂ္ဂလိက အာမခံလုပ်ငန်းတွေ ပေါ်ပေါက်လာတော့မှာပါ"ဟု မြန်မာ့ အာမခံလုပ်ငန်းမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးစိန်မင်းက Eleven Media Group ကို ပြောကြားခဲ့သည်။

ပုဂ္ဂလိက အာမခံလုပ်ငန်းများအတွက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း ၉ချက်ရှိပြီး ယင်းအချက်များနှင့် ကိုက်ညီသည့် မည်သည့်လုပ်ငန်းကိုမဆို လုပ်ကိုင်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ဈေးကွက်စီးပွားရေးနှင့် အညီ တိုင်းရင်းသား လုပ်ငန်းများ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ထိုသို့ ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းများ အာမခံလုပ်ငန်းကို လုပ်ကိုင်ခွင့်ပေးပြီး နိုင်ငံတကာအဆင့်မီမှသာ နိုင်ငံခြားအာမခံလုပ်ငန်းများနှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားပါသည်။

ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည့် အာမခံ အမျိုးအစားများမှာ အသက်အာမခံနှင့် အထွေထွေ အာမခံများဖြစ်သည့် မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံ အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသား လုံခြုံမှု အာမခံနှင့် သမာဓိ အာမခံ တို့ဖြစ်သည်။ ထိုသို့ အာမခံလုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်ငန်း၏ ခိုင်မာမှုနှင့် ယုံကြည်စိတ်ချရမှုအတွက် အသက်အာမခံလုပ်ငန်း လုပ်ကိုင်လိုသူများသည် မတည်ရင်းနှီးငွေ ကျပ်သန်းခြောက်ထောင်၊ အထွေထွေ အာမခံ လုပ်ကိုင်လိုသူများသည် မတည်ရင်းနှီးငွေကျပ် သန်းလေးသောင်းနှင့် လုပ်ငန်းနှစ်ခုပေါင်း လုပ်ကိုင်လိုသူများသည် မတည်ရင်းနှီး ငွေကျပ် ပမာဏ သန်းလေးသောင်း ခြောက်ထောင် ရှိရမည့်အပြင် ဖွင့်လှစ်မည့် ရုံးအဆောက်အအုံ အကျယ်အ၀န်း၊ မြေနေရာတို့ကိုလည်း တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ရန်အတွက် လုပ်ငန်းပေါင်း ၁၈၀ကျော်က လျှောက်လွှာဝယ်ယူထားပြီး ဇွန်လ ၂၅ ရက်နေ့ထိ လုပ်ငန်းတစ်ခုသာ လာရောက် လျှောက်ထားသေးကြောင်းနှင့် ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်း အမီ လုပ်ငန်း အချို့ လာရောက် လျှောက်ထားမည်ဟု ကြားသိရကြောင်း မြန်မာ့အာမခံလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။

မြန်မာ့အာမခံလုပ်ငန်းကို ၁၉၆၃ခုနှစ်ကတည်းက အစိုးရကသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရလက်ထက် ၂၀၁၂ခုနှစ် မေလတွင် ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းများကို အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။

၁၉၆၃ ခုနှစ် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ပြည်သူ ပိုင်သိမ်းစဉ်က ပုဂ္ဂလိက နိုင်ငံခြားအာမခံကုမ္ပဏီပေါင်း ၇၀ကျော် ရှိခဲ့ဖူးကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။

Ref: Eleven Media Group


ဒေါ်လာ တန်ဖိုးတက်၊ ၀ယ်သူများ၍ ငွေလဲလှယ်ရေး ကောင်တာများ စောပိတ်

ငွေလဲကောင်တာများက ရောင်းချပေးနေသော ငွေလဲနှုန်းဈေးနှင့် ပြင်ပပေါက်ဈေးတွင် ဖြစ်ပေါ်နေသော ငွေလဲ
နှုန်းဈေးမှာ ဇွန်လ ၂၆ ရက်က တစ်ဒေါ် လာလျှင် ရှစ်ကျပ် ခန့်ထိ ဈေးကွာ လာသည်။

ဇွန်လ ၂၆ ရက်က ငွေလဲကောင်တာများတွင် သတ်မှတ်သောဈေးမှာ တစ်ဒေါ်လာလျှင် ၈၆၇ကျပ်(ရောင်းဈေး)သာရှိပြီး ပြင်ပဈေးကွက်ဝယ်ဈေးမှာ တစ်ဒေါ်လာလျှင် ၈၈၅ ကျပ်ဈေးဖြစ်ခဲ့သည်။ ထို့ကြောင့် ငွေလဲကောင်တာများတွင် ရောက်ဝယ်ယူသူများခဲ့သဖြင့် ပုံမှန်နေ့များ ထက်စော၍ ကောင်တာများ အရောင်းရပ်ခဲ့ရကြောင်းသတင်းရရှိသည်။

ငွေလဲကောင်တာများတွင် ဒေါ်လာရောင်းဈေးနှုန်းများမှာ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်နေ့လျှင် နှစ်ကျပ်နှုန်းခန့် ဈေး တက်လာခဲ့ပြီး ဇွန်လ ၂၆ရက်တွင် မူ သုံးကျပ်ဈေးတက်လာခဲ့သည်။

''ဈေးကွက်ထဲမှာ ဈေးခွာတာက ငွေလဲကောင်တာတွေက အပြင်ဈေးကွက်မှာ ဈေးကျသွားရင် ရှုံးမှာစိုးလို့ထိန်းထားတာ''ဟု ငွေကြေးဆိုင်ရာကျွမ်းကျင်သူတစ်ဦးကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ငွေလဲနှုန်းသတ်မှတ်ရေးနှင့် ပတ်သက်သောအလုပ်ရုံဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူ များက တစ်ထောင်နှင့်အထက် ဖြစ်ရန် အဆိုပြုခဲ့ကြသဖြင့် တဖြည်းဖြည်း ဆွဲတင်တာမျိုးဖြစ် နိုင်ကြောင်း ၀ါးခယ်မရောင်းဝယ် ရေးကုမ္ပဏီမှ အုပ်ချုပ်ရေးဒါရိုက် တာဒေါက်တာစိုးထွန်းကသုံးသပ် သည်။

''တက်ဖို့အတွက် ၀ိုင်းတောင်းဆိုတာဆိုတော့ ဖြည်းဖြည်းချင်း တက်တာကောင်းပါတယ်။ တစ်သောင်းတန်ထုတ်တာ လည်းပါတာပေါ့''ဟု ဒေါက်တာ စိုးထွန်းကသုံးသပ်သည်။

ကားများအား ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြုပြီးနောက်ပိုင်းမှ စ၍ ငွေလဲနှုန်းတဖြည်းဖြည်းမြင့် တက်လာခဲ့ပြီး ကျပ်တစ်သောင်း တန်ငွေစက္ကူထုတ်ဝေပြီးနောက်ပိုင်း ပိုမိုဈေးတက်လာခဲ့သည်။

Ref: 7Day News Journal

CDMA နှင့် GSM အင်တာနက်ဝန်ဆောင်မှုအသစ် စတင်

 http://media.tumblr.com/tumblr_m4gnc8GbLw1r60hcf.jpg
အင်တာနက်လျှောက်ထားပြီးဖြစ်သော CDMA နှင့် GSM မိုဘိုင်းဖုန်းပိုင်ဆိုင်သူများအနေနှင့် တစ်ရက်လျှင် ကျပ် ၂၀၀ ဖြင့် ၂၄ နာရီအင်တာနက် အသုံးပြုနိုင်သော ၀န်ဆောင်မှုအသစ်အား Cell Center မှစတင်၍ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

အသုံးပြုလိုသူများက Cell Center ၏ ကုတ်နံပါတ် ၁၈၈၃ ကိုနှိပ်ကာ GAT MAIL စာလုံးကို အင်္ဂလိပ်အက္ခရာအကြီးများဖြင့် ရေးသားရမည်ဖြစ်ပြီး သုံးစွဲမည့်သူ၏ အင်တာနက် Account နှင့် Password ကိုပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ အသုံးပြုခကို သုံးစွဲသူ၏ ဖုန်းဘေလ်ထဲမှ နုတ်ယူသွားမည်ဖြစ်ပြီး တစ်ရက် ၂၀၀ ကျပ် နှင့် တစ်လစာ ၆၀၀၀ ကျပ် သတ်မှတ်ထားကြောင်း အသုံးမပြုလိုသော ရက်ရှိပါက Cell Center သို့ ကြိုတင်အကြောင်းကြားပြီး Server ပိတ်ထားရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မိမိအသုံးမပြုလိုသောရက်ကို ကြိုတင်အကြောင်းကြားခြင်းမရှိပါက တစ်လစာအတွက် ကျပ် ၆၀၀၀ ကို မိမိ၏ဖုန်းဘေလ်ထဲမှ ပုံမုန်အတိုင်းဖြတ်သွားမည်ဖြစ်ကြောင်း Cell Center မှ တာဝန်ရှိသူတစ်ဦး မှ ပြောကြားသည်။

အဆိုပါ ၀န်ဆောင်မှုကို ဇွန်လကုန်အထိ အခမဲ့အသုံးပြုနိုင်ပြီး ဇူလိုင် ၁ ရက်နေ့မှစ၍ အသုံးပြုခ ကောက်ခံသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

Ref: ကောင်းကင်လင်း ( မြို့တော်သတင်း )

Monday, June 25, 2012

မျဉ်းကျားမှ မဖြတ်၍ အဖမ်းခံရ သူများထဲမှ သုံးပုံ တစ်ပုံမှာ ဒဏ်ငွေ မဆောင်နိုင်

လမ်းစည်းကမ်း မလိုက်နာ၍ ဖမ်းဆီး တရားစွဲခံ ရသူများ ထဲမှ သုံးပုံတစ်ပုံမှာ ဒဏ်ငွေ
မဆောင်နိုင် သူများ ဖြစ် သည် ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ် မှု ကော်မတီမှ အရာရှိတစ်ဦးက ပြောသည်။ လမ်းစည်း ကမ်း မလိုက်နာ သူများအား တစ်နေ့လျှင် ဦးရေ ၂၀ မှ ၆၀ အထိ ဖမ်းဆီးရရှိပြီး ဖမ်းဆီးမိသူ အားလုံးထံမှ ဒဏ်ကြေးငွေ အပြည့်အဝ ရရှိခြင်းမရှိဟု ဆိုသည်။

“လူ ၃၀ လောက် ဖမ်းမိတဲ့နေ့ဆို ဒဏ်ငွေက လူ ၂၀ လောက်ဆီကပဲ ရတယ်။ တချို့ကတော့ တကယ်မရှိလို့ မဆောင်နိုင်တာမျိုးပါသလို တချို့တွေက တမင်မပေးတာတွေလည်း ရှိတယ်။ မပါဘူးဆိုတော့ ကျွန်တော်တို့ အနေနဲ့ ဘယ်လိုမှ လုပ်လို့ မရပါဘူး။ နောင်ဒီလိုမျိုး မလုပ်ပါနဲ့လို့ ပြောပြီး ပြန်လွှတ်ရတာပါပဲ” ဟု ၎င်းက ပြောသည်။ လမ်းစည်းကမ်း မလိုက်နာသူများ ဖမ်းဆီး၍ တရားစွဲဒဏ်ရိုက်ခြင်းတွင် ၁၈ နှစ်အောက် ကလေးငယ်များအား တရားစွဲဆိုခြင်း မပြုဘဲ ပညာပေး သဘောဖြင့်သာ ပြောဆို၍ ပြန်လည် လွှတ်ပေးကြောင်း ၎င်းက ပြောသည်။ “ဖမ်းမိရင် တစ်ခါတည်း ယာဉ်ထိန်းဆီမှာပဲ ဒဏ်ငွေဆောင်သွားမယ်လို့ ပြောတာတွေ ရှိတယ်။ အလုပ်မအားလို့ တရားရုံး မလိုက်နိုင်ဘူး။ ဒီလိုမျိုး မရပါဘူး။ ကျွန်တော်တို့က တရားဥပဒေအရ လုပ်ရတာပါ” ဟု ၎င်းက ဆက်လက် ပြောသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူများအား ဖမ်းဆီးအရေးယူရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အစိုးရပင်စင်စားများကို ခန့်အပ်၍ ဖေဖော်ဝါရီလမှ စတင်ကာ ဖမ်းဆီး အရေးယူမှုများကို ဆောင်ရွက်လျက်ရှိပြီး မျဉ်းကျားမှ ဖြတ်ကူးခြင်း မရှိသူများအား ဒဏ်ကြေးငွေ ကျပ်၂၀၀၀ နှင့် ဥပဒေအခ ကျပ် ၂၀၀ စုစုပေါင်း ၂၂၀၀ နှင့် မျဉ်းကျားတွင်အရှိန် လျှော့မောင်းနှင်ခြင်း မရှိသည့် ယာဉ်များအတွက် ကျပ်သုံးသောင်းတစ်ထောင် ဒဏ်ကြေး ချမှတ်ထားကြောင်း ယာဉ်ထိန်း ဒုရဲမှူးတစ်ဦးထံမှ သိရသည်။ ဖမ်းဆီးမိသူများထံမှ ရရှိသည့် ဒဏ်ငွေများဖြင့် အစိုးရ ပင်စင်စားများအား လုပ်အားခ ပြန်လည် ပေးအပ်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

Ref: ဝေမာထွန်း( POPULAR NEWS )

ဗီယက်နမ်အား အနိုင်ယူကာ နိုင်ပွဲ ဆက်နေဆဲ မြန်မာလူငယ်

အာရှ ယူ-၂၂ ခြေစစ်ပွဲ ဒုတိယနေ့ ပွဲစဉ်များ၏ နောက်ဆုံးပွဲ အဖြစ် ဗီယက်နမ်နှင့် မြန်မာတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာအသင်း နိုင်ပွဲဆက်ခဲ့ပြီး ကိုရီးယားနောက် ဒုတိယ နေရာတွင် ရပ်တည်ခဲ့သည်။

မြန်မာအသင်းသည် ပထမပွဲစဉ် ဖြစ်သည့် ဖိလစ်ပိုင်နှင့် ပွဲစဉ်က လူစာရင်းအတိုင်း ပြန်လည် ပွဲထွက်လာခဲ့သည်။ ရှေ့ပွဲတွင် ဒဏ်ရာ အနည်းငယ် ရရှိထားသည့် နောက်ခံလူ ဇော်မင်းထွန်းလည်း ပါဝင်လာခဲ့ပြီး ဗီယက်နမ်အား အင်အားပြည့် ရင်ဆိုင်ခဲ့သည်။ ယခုပွဲစဉ် ပရိသတ် အများအပြား လာရောက် အားပေးခဲ့ သော်လည်း ဖိလစ်ပိုင်နှင့် ပွဲစဉ်ကလောက် များပြားခြင်း မရှိခဲ့ပေ။ လုံခြုံရေးများ တင်းကြပ်စွာ ချထားခြင်းကြောင့် ပရိသတ်များ တစ်နေရာနှင့် တစ်နေရာ ကျော်ခွခြင်းမျိုး မရှိဘဲ ပွဲအား ကြည့်ရှု အားပေးရန်သာ စိတ်အား တက်ကြွစွာဖြင့် စောင့်မျှော်လျက် ရှိသည်။

ပွဲစသည်နှင့် မြန်မာအသင်းက ဘယ်ခြမ်းမှ ထိုးဖောက်ရန် ကြိုးပမ်း နေခဲ့ပြီး ဗီယက်နမ် ကွင်းလယ် လူကလည်း ရှေ့တက်နေသည့် ဂိုးသမားအား ကျော်ကန်သွင်းရန် ကြိုးပမ်းခဲ့သည်။ ၂မိနစ်တွင် သိန်းသန်းဝင်း ဘယ်ခြမ်းမှ ဖြတ်တင်ပေးသည့် ဘောလုံးအား ဧရိယာ အတွင်းမှ ကြည်လင်း ရရှိခဲ့သော်လည်း ဘောလုံးထိန်း မသေသပ်သဖြင့် နစ်နာခဲ့သည်။

ပွဲချိန် ၄မိနစ်တွင် မြန်မာအသင်း ထောင့်ကန်ဘော စတင်ရရှိခဲ့ပြီး ယင်း ထောင့်ကန်ဘောမှ ပြန်လျံ ကျလာသည့် ဘောလုံးအား ကြည်လင်း ညာခြမ်းမှ ဖြတ်တင်ပေးရာ ကောင်းမွန်သော်လည်း ဂိုးသမား ဖြတ်ပုတ် သွားခဲ့သည်။ ၅မိနစ်တွင် ဒုတိယအကြိမ် ထောင့်ကန်ဘော ရရှိခဲ့သော်လည်း နောက်ခံလူ များအား ကျော်လွှားနိုင်ခြင်း မရှိခဲ့ပေ။ ထို့နောက်တွင် နှစ်သင်းစလုံး ကွင်းလယ်တွင်သာ အပျက်များ နေခဲ့သည်။


၁၅မိနစ်တွင် ဗီယက်နမ် အသင်းက ပြစ်ဒဏ်ဘောမှ တစ်ဆင့် အမှတ်မထင် ဂိုးရရှိခဲ့သည်။ ဂိုးသမား အားနည်းချက်မှ တစ်ဆင့် ငုရင်ဗန်ကွက်က အပိုင် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ၁၈မိနစ်တွင် ဗီယက်နမ် နောက်ခံလူ ကြည်လင်း ထိုးဖောက်မှုအား အင်္ကျီဆွဲ တားထားသဖြင့် ညာခြမ်းမှ ပြစ်ဒဏ်ဘော ကန်ခွင့်ခွင့် ရခဲ့ပြီး ကျော်ဇေယျာဝင်း ကန်တင် မှုအား ဂိုးရှေ့ ရှုပ်ယှက်ခတ်သည့် အနေအထားမှ ကန်ခွင့် ရခဲ့သော်လည်း ကန်ချက် ပျော့ခဲ့၍ နောက်ခံလူများ ရှင်းထုတ်ခဲ့သည်။ မိနစ် ၂၀တွင် ဗီယက်နမ် ကစားသမားအား ဥပဒေပ တားဆီးခဲ့သည့် ဇော်မင်းထွန်း အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။

၂၁မိနစ်တွင် ဘယ်ခြမ်းမှ ရရှိသည့် ထောင့်ကန်ဘောအား ကျော်ဇေယျာဝင်း ပေးရာမှ ကြည်လင်း ဂိုးရှေ့ ဖြတ်တင်ပေးရာ နောက်ခံလူများ ရှင်းထုတ် ခဲ့ပြန်သည်။ ယင်းနောက်တွင် ရန်အောင်ဝင်း ထိုးဖောက်မှုအား တားဆီးခဲ့သည့် ဗီယက်နမ် ကစားသမား ငုဟောင်သန်း အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ ယင်းပြစ်ဒဏ်ဘောအား သိန်းသန်းဝင်း ကန်တင်ပေးရာ ကျော်ဇေယျာဝင်း ဖြတ်တိုက်ခွင့် ရခဲ့သော်လည်း ဂိုးသမား တည့်တည့် တိုက်မိခဲ့သည်။ ၂၄မိနစ်တွင် ကွင်းလယ်မှ ဖြတ်တင်ပေးမှုအား ကျော်ကိုကို အခွင့်အရေး ရခဲ့သော်လည်း ဘောလုံးထိန်း အားနည်းခဲ့၍ ကန်ခွင့် မရခဲ့ဘဲ ဂိုးသမား ကာကွယ် သွားခဲ့သည်။

၂၅မိနစ်တွင် ကြည်လင်းပေးရာမှ ကျော်ကိုကို တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်းချက် နောက်ခံလူ ထိထွက်ကာ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ယင်း ထောင့်ကန်ဘောမှ တစ်ဆင့် ဇော်မင်းထွန်း အပိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း အပေါ်ထောင် သွားခဲ့သည်။ ၂၈မိနစ်တွင် မြန်မာအသင်း ဂိုးဧရိယာ အပြင်ဘက်မှ ဗီယက်နမ်တို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ သော်လည်း ကျော်ဇင်ဖြိုး ကာကွယ် နိုင်ခဲ့သည်။

မိနစ် ၃၀ခန့်အထိ မြန်မာအသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် တောက်လျှောက် ဖိကစား နေသော်လည်း နောက်ဆုံး ဂိုးဧရိယာ အတွင်း အပိုင် အခွင့်အရေး ဖန်တီးနိုင်မှုပိုင်း အားနည်းနေ၍ ချေပဂိုး ရရန် အခက်တွေ့ နေခဲ့သည်။ ၃၂မိနစ်တွင် ဘယ်ခြမ်းမှ ရရှိသည့် ပြစ်ဒဏ်ဘောအား ကျော်ဇေယျာဝင်း ကန်တင်ပေးရာ နောက်ခံလူထိ ပြန်ကျလာသည့် ဘောလုံးအား ကျော်ကိုကို တစ်ချက်ထိန်း အပြင်းကန်သွင်းခဲ့ရာ ဂိုးသမား လက်စွမ်းပြ ပုတ်ထုတ် သွားခဲ့သည်။ ယင်းထောင့်ကန်ဘောမှ တစ်ဆင့် မြန်မာ နောက်ခံလူ ဇော်မင်းထွန်းက အနီးကပ် ခေါင်းတိုက်ကာ ချေပဂိုး ပြန်လည် ရရှိခဲ့သည်။

ယင်းနောက်တွင် မြန်မာအသင်းက ဆက်တိုက် တိုက်စစ်ဆင်ပြီး ဗီယက်နမ် နောက်တန်းအား ဖိအားပေး ခဲ့သည်။ ၃၉မိနစ်တွင် မြန်မာအသင်း ဘက်သို့ ဗီယက်နမ် တန်ပြန် ထိုးစစ်ဆင် ကစားစဉ် ဥပဒေပ ကစားခဲ့သည့် ဗီယက်နမ် တိုက်စစ်မှူး အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ မိနစ် ၄၀တွင် ကျော်ကိုကို လှလှပပ ဖန်တီးပေးသည့် ဘောလုံးအား ကျော်ဇေယျာဝင်း ဧရိယာ အတွင်း ဆွဲဝင်ကာ ဂိုးရှေ့ ဖြတ်ထိုးပေးရာမှ ဘယ်ခြမ်းမှ အသင့် ပြေးဝင်လာသည့် နန္ဒလင်းကျော်ချစ်က အသာအယာ ပိတ်သွင်းကာ မြန်မာတို့ ဦးဆောင် ဂိုးရရှိခဲ့သည်။


ထို့နောက်တွင် မြန်မာအသင်းကပင် ဆက်တိုက် ဖိကစား နေခဲ့ပြီး နာကျင် အချိန်ပို၌ ကျော်ကိုကို ဧရိယာ အပြင်မှ ကန်သွင်းခွင့် တစ်ကြိမ်ရခဲ့ သော်လည်း ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး နာကျင် အချိန်ပို နောက်ဆုံး မိနစ်၌ ဗီယက်နမ်တို့ ရရှိသည့် ထောင့်ကန်ဘောအား ဂိုးသမား ကျော်ဇင်ဖြိုး အစွမ်းပြ ပုတ်ထုတ် နိုင်ခဲ့သည်။ ထို့အတူ ချက်ချင်း ဆိုသလို ဗီယက်နမ်တို့ အပိုင် အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပြီး တစ်ဦးချင်း အပိုင် ကန်သွင်းခွင့်အား ကျော်ဇင်ဖြိုး အစွမ်းပြ တားဆီးနိုင်ခဲ့၍ ပထမပိုင်း အပြီး မြန်မာက ၂-၁ဖြင့် ဦးဆောင် နိုင်ခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် မြန်မာ အသင်းဘက်သို့ ဗီယက်နမ်က ထိုးဖောက်ရန် ပိုမို ကြိုးပမ်း လာခဲ့ပြီး ၄၆မိနစ်၌ ကျော်ကိုကို ဘယ်ခြမ်းမှ ဆွဲဝင်မှုအား ဗီယက်နမ် နောက်ခံလူ ဧရိယာ အတွင်း တားဆီးခဲ့ သော်လည်း ဒိုင်ဖြစ်သူက ပင်နယ်တီ ပေးရန် ငြင်းဆန်ခဲ့သည်။ မြန်မာအသင်းသည် ဗီယက်နမ် အသင်း၏ ထိုးစစ်အား ခုခံ ကစားရင်းက တန်ပြန် ထိုးစစ်များဖြင့် အခွင့်အရေး ရရှိရန် ကြိုးပမ်းခဲ့သည်။ ၅၅မိနစ်တွင် ကြည်လင်း ကွင်းလယ်မှ ထိုးပေးသည့် ဘောလုံးအား ကျော်ကိုကို ညာခြမ်းမှ ဆွဲပြေးကာ အပြင်း ကန်သွင်းခဲ့ သော်လည်း ဂိုးသမား ကာကွယ် နိုင်ခဲ့သည်။

၅၆မိနစ်တွင် ကြည်လင်း ဆွဲပြေးကာ ဖြတ်ထိုးပေးသည့် ဘောလုံးအား ကျော်ဇေယျာဝင်း အသာ ပိတ်သွင်းခဲ့ သော်လည်း ဂိုးသမား အစွမ်းပြ ကာကွယ်ခဲ့သည်။ ၅၈မိနစ်တွင် ဗီယက်နမ် အသင်းအတွက် အကောင်းဆုံး အခွင့်အရေး တစ်ရပ်အနေဖြင့် ဂိုးသမားနှင့် တစ်ဦးချင်း ရင်ဆိုင်ကန်ခွင့် ရခဲ့သော်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့၍ မြန်မာတို့ သက်သာခဲ့သည်။ ၆၂မိနစ်တွင် မြန်မာတို့ ဂိုးပေါက် ကန်သွင်းခွင့် တစ်ကြိမ် ရရှိခဲ့ပြီး ကျော်ကိုကို ဆွဲပြေး ကန်သွင်းချက် ဂိုးသမား ကာကွယ်ခဲ့သည်။

၆၃မိနစ်တွင် ကျော်ကိုကို - ကျော်ဇေယျာဝင်း တွဲလုံးမှ ကျော်ကိုကို အလယ်သို့ ဖြတ်ချိုးမှုအား ကြည်လင်း ဆွဲယူကာ ကန်သွင်းခဲ့ သော်လည်း ဂိုးသမား အစွမ်းပြ ကာကွယ်ခဲ့၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။ ၆၅မိနစ်တွင် ဗီယက်နမ် တိုက်စစ်မှူး ဘောလုံးအား လက်ဖြင့် ပုတ်သဖြင့် အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ ၆၈မိနစ်တွင် အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်း ဧရိယာ အပြင်မှ အဝေး ကန်ချက်ဖြင့် ခြိမ်းခြောက်ခဲ့ သော်လည်း ဂိုးပေါက် လွဲခဲ့သည်။ ၆၉မိနစ်တွင် ဗီယက်နမ် တိုက်စစ်မှူး ဂိုးသမား ကျော်ဇင်ဖြိုးအား ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ သော်လည်း ဒိုင်ဖြစ်သူက ပြစ်ဒဏ်ဘောသာ သတ်မှတ် ပေးခဲ့သည်။

ထို့နောက်တွင် မြန်မာအသင်း ဘက်၌ နန္ဒလင်းကျော်ချစ် နေရာတွင် သက်နိုင် ၀င်ရောက် ကစားခဲ့သည်။ ၇၅မိနစ်တွင် မြန်မာအသင်းက တန်ပြန် ထိုးစစ်မှ တစ်ဆင့် ကြည်လင်း လွတ်ထွက် သွားခဲ့ပြီး တစ်ဦးတည်း ဧရိယာ အတွင်း ဆွဲဝင်ကာ ဘယ်ခြေဖြင့် လှလှပပ အဆုံးသတ် ကန်သွင်းကာ တတိယဂိုး ရရှိခဲ့သည်။ မြန်မာအသင်းသည် ဂိုးရပြီးနောက် ကြည်လင်း နေရာ၌ ညီညီမင်းနှင့် အစားထိုးခဲ့ပြီး ၈၂မိနစ်တွင် သိန်းသန်းဝင်းနှင့် ရန်အောင်ဝင်းတို့ အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။

၈၆မိနစ်တွင် ညီညီမင်း ဖြတ်တင်မှုမှ သက်နိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးဘေး ကပ်ထွက်ခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်း အခွင့်အရေး အချို့ ရရှိခဲ့သော်လည်း တိုက်စစ်မှူးများ အသုံးမချနိုင်၍ ဂိုးမရဘဲ ဖြစ်နေခဲ့သည်။ ၈၉မိနစ်တွင် ဗီယက်နမ် အသင်း ဂိုးရှေ့မှ အပိုင်ကန်ခွင့် တစ်ကြိမ် ရရှိခဲ့ သော်လည်း ဂိုးဘေး ကပ်ထွက် သွားခဲ့သည်။ နာကျင် အချိန်ပိုတွင် ဗီယက်နမ်တို့ မြန်မာ ဂိုးပေါက်အား ပိုမို ခြိမ်းခြောက် လာခဲ့ပြီး မြန်မာအသင်းက ကျော်ကိုကို နေရာတွင် ရဲဇော်ထက်အောင်အား ထည့်သွင်းခဲ့သည်။ နာကျင် အချိန်ပို ၂မိနစ်တွင် ဗီယက်နမ် အသင်း ညာခြမ်းမှ ဖရီးကစ် ဂိုးဘေး ကပ်ထွက်ခဲ့ပြီး မြန်မာအသင်းက ၃-၁ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သည်။

ယခုနိုင်ပွဲကြောင့် မြန်မာအသင်းသည် အုပ်စုတွင်း ရပ်တည်မှုတွင် ကိုရီးယားနှင့် ရမှတ်တူ ဂိုးကွာခြားချက် အရ ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ မြန်မာနှင့် ကိုရီးယားတို့သည် လာမည့် ၂၈ရက်နေ့ ညနေ ၆း၁၅ အချိန်တွင် သုဝဏ္ဏကွင်း၌ ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။



Ref: ScoccerMyanmar


Sunday, June 24, 2012

ဟုတ်ကိစ္စ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyDM1csdb2Mw262-j9kROt_B8htgLswzP6TxojLGBpHV31gRrzAeWkCsfkMgOQpZOBzXjHlFn-8TxC0XI0I4lXipH96FU3ZIqOEaTC1FxLYkxfuqV2IjlXiYd4sssRhw82fsZ8-2Xgz2L-/s1600/image007.jpg 
အော်ပီကျယ်

မိုက်ကရိုဆော့၏ Surface Tablet

http://www.geeky-gadgets.com/wp-content/uploads/2012/06/microsoft-surface-tablet.jpg 
 မကြာမီ ကမ္ဘာ့နည်းပညာဈေးကွက်တွင် နေရာယူလျက်ရှိသော Apple ၏ Tablet များနှင့် Android Tablet များအားယှဉ်ပြိုင်ရန် မိုက်ကရိုဆော့မှ Surface Tablet များထုတ်လုပ်တော့မည်။

မိုက်ကရိုဆော့၏ Surface Tablet သည် Tablet တစ်ခုအနေဖြင့်လည်းကောင်း၊ notebook တစ်ခုအနေဖြင့်လည်း တွဲသုံးနိုင်ရန် keyboard တစ်ခုတွဲလျက်ပါရှိသည်။

မိုက်ကရိုဆော့၏ Window 8 ကို ယင်း Tablet ပေါ်တွင်သုံးနိုင်ပြီး Window 8 OS မှာလည်း Touch ဖြင့်လုပ်ဆောင်ရာတွင် လွယ်ကူရန်အတွက် ထုတ်လုတ်ထားခြင်းဖြစ်သည်ဟု သိရသည်။

အင်အမ်အမ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံကြိုဆို

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား ဗြိတိန်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၁ ရက် နေ့က ထောက်ခံကြိုဆိုခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရ သည်။

 မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်နှင့် လန်ဒန်မြို့တွင် ဇွန်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့်ပူးတွဲ သတင်းစာရှင်း လင်းပွဲ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဗြိတိန်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

“သမ္မတ ဦးသိန်းစိန်ကို ဖိတ်တာ မှန်တယ်လို့ ကျွန်မထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့အနေနဲ့ အတိတ်ရဲ့အချုပ်အနှောင်ကို မခံလိုတဲ့အတွက်ကြောင့်ပါ။ နောက်ပြီး ပိုပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ အနာဂတ်ကို တည်ထောင်လိုတဲ့အတွက် အတိတ်ကိုကျွန်မတို့ အသုံးချချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ဧပြီလက ၀န်ကြီးချုပ် မြန်မာနိုင်ငံမှာ ရှိတုန်းက သူတို့တွေ စတင် ဆွေးနွေးခဲ့တာတွေကို ဆက်လက် ဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန် လာမယ့်လတွေမှာ ယူကေကို လာလည် ဖို့ ရှိပါတယ်”ဟု ၀န်ကြီးချုပ် ဒေး ဗစ်ကင်မရွန်၏ ပြောရေးဆိုခွင့်ရှိသူ က ဇွန်လ ၂၁ ရက်နေ့ အစောပိုင်း က ပြောကြားခဲ့သည်။

“ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက် တစ်ခုပါ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အကောင်အထည်ဖော် နေတာရှိပါတယ်။ ဒီလုပ်ငန်းစဉ် အောင်မြင်တာကို ဗြိတိန်အပါအ၀င် မိတ်ဆွေနိုင်ငံတွေက မြင်တွေ့လိုပါတယ်။ ဒီလုပ်ငန်းစဉ် အောင်မြင်ဖို့ အတွက် ကျွန်တော်တို့အနေနဲ့ အတိတ်ကာလက ဘယ်လိုပဲ သဘော ထားခဲ့သည်ဖြစ်စေ မြန်မာနိုင်ငံအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါ တယ်”ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်သည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က တစ်ရက်ကြာခရီး လာရောက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နေ ပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ သီးခြားစီ တွေ့ဆုံဆွေးနွေးပြီး နောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့ထားမှုများအနက် အချို့ကို ဆိုင်းငံ့သင့် ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ပြောကြားခဲ့သည်။


Ref: Eleven Media Group

တူညီစွာ ဆက်ဆံပါ


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWIPsLPV9wU1IE6wtednOJ7EIFrZMiucLngiT49tbtedjScBD-6NCfqkF7sT-uYjpVeveUUTIwfySxXWQiFGIu-bCrhZiK69Rm5Lafbs6tdm-3Umtjl6g-VbhZBtxAbH9jLiigWLWuvo8/s1600/UT.jpg 
``လူတိုင်းဟာ ဘယ်အနွယ် ဘယ်အဖွားကဘဲဆင်းသက်
လာပါစေ၊လေးစားသမှု့နဲ့ တော့ထိုက်တန်ကြတာချည်းပါ။ ကျနော်တို့ ကိုယ့်ကိုကိုယ် လေးစားသမှု့ ထားသလိုမျိုး လူတိုင်းအပေါ်တူညီစွာ ဆက်ဆံကြရမယ်။´´
 (ဦးသန့် ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း)

ဖိလစ်ပိုင်နှင့် ပွဲစဉ်တွင် ကွင်းအတွင်း ခဲတစ်လုံး ၀င်ရောက်ခဲ့ခြင်း အတွက် သတိပေးခံရ





အာရှ အသက် ၂၂နှစ်အောက် ခြေစစ်ပွဲစဉ် တစ်ခုဖြစ်သည့် မြန်မာ - ဖိလစ်ပိုင် ပွဲစဉ်တွင် ပရိသတ် တစ်ဦး ပစ်ပေါက်လိုက်သည့် ခဲတစ်လုံး ကွင်းအတွင်း ၀င်ရောက်ခဲ့ခြင်း အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူ များအား ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံက ပြင်းပြင်းထန်ထန် သတိပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မြန်မာ - အိုမန် ကမ္ဘာ့ဖလား ပွဲစဉ်က ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အား ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့် ပိတ်ပင်ကာ ဒဏ်ကြေး ဆွစ်ဖရန့် ၂၅၀၀၀၊ တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ တို့အား ပေးဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက်တွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က နာမည်ကြီး ရှေ့နေများ ငှားရမ်းကာ အယူခံလွှာ တင်သွင်းခဲ့၍ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၀င်ခွင့်အား ပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။

မနေ့က ဖိလစ်ပိုင်နဲ့ ပွဲမှာ ရိုးရိုးတန်း ပွဲကြည့်စင်ဘက်က ခဲတစ်လုံး ကွင်းထဲကို ၀င်ရောက်လာတဲ့ အတွက် ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံက ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ တကွ တာဝန်ရှိ သူတွေကို ပြင်းပြင်းထန်ထန် သတိပေး ခဲ့ပါတယ်..."အိုမန်နဲ့ ပွဲစဉ်က အဖြစ်အပျက် တွေကြောင့် နိုင်ငံတကာနဲ့ ဖီဖာ၊ အေအက်ဖ်စီ စတဲ့ အဖွဲ့အစည်းတွေ အားလုံးက အခု ပြိုင်ပွဲမှာ မြန်မာ ပရိသတ်တွေရဲ့ အပြုအမူကို စောင့်ကြည့် နေကြပါတယ်။ မနေ့က ဖိလစ်ပိုင်နဲ့ ပွဲမှာ ရိုးရိုးတန်း ပွဲကြည့်စင်ဘက်က ခဲတစ်လုံး ကွင်းထဲကို ၀င်ရောက်လာတဲ့ အတွက် ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံက ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ တကွ တာဝန်ရှိ သူတွေကို ပြင်းပြင်းထန်ထန် သတိပေး ခဲ့ပါတယ်။ တကယ်လို့သာ နောက်လာမယ့် ပွဲစဉ်တွေမှာ အလားတူ ဖြစ်ရပ်မျိုး ဖြစ်လာမယ် ဆိုရင် အေအက်ဖ်စီရဲ့ အရေးယူခြင်းကို ခံရမယ့် အပြင် မြန်မာတွေ အတွက်လည်း ဂုဏ်သိက္ခာ ကျဆင်းစရာ ဖြစ်လာ ပါလိမ့်မယ်။ ဘောလုံး အဖွဲ့ချုပ် အနေနဲ့တော့ ပရိသတ်တွေ အားလုံးက ယဉ်ယဉ်ကျေးကျေးနဲ့ ကိုယ့်အသင်းကိုပဲ အသန့်ရှင်းဆုံး အားပေးကြဖို့ တိုက်တွန်း ပြောကြား လိုပါတယ်" ဟု ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက Soccer Myanmar သို့ ဖွင့်ဟ ပြောကြားခဲ့သည်။


ယမန်နေ့က မြန်မာ - ဖိလစ်ပိုင် ပွဲစဉ် မတိုင်မီတွင် ရိုးရိုးတန်း ဘက်ခြမ်းမှ ပရိသတ်များ အထူးတန်း ဘက်သို့ ပိတ်ဆို့ထားသည့် သံဇကာ များအား ချိုးဖောက် ၀င်ရောက် လာခဲ့သည့် အပြင် အထူးတန်း ပွဲကြည့်စင် ဘက်ခြမ်းတွင်လည်း အတားအဆီး အဟန့်အတား များအား လုံခြုံရေးများက တားဆီးနေသည့် ကြားမှ စည်းကမ်းမဲ့ ဖြတ်ကျော် ၀င်ရောက်ခဲ့သူ များရှိခဲ့သည်။

ထိုဖြစ်ရပ် များကြောင့် ယမန်နေ့ ဘောလုံး ပွဲစဉ်အပြီး ကွင်းအတွင်းမှ ထွက်ခွာလာသည့် အချုပ်ကား ပေါ်၌ ကားအပြည့် ဖမ်းဆီးခြင်း ခံထားရသည့် ဆိုးသွမ်း ပရိသတ်များအား တွေ့မြင်ခဲ့ရပြီး လုံခြုံရေး တာဝန်ရှိသူများ အနေဖြင့် CCTV များ၊ လုံခြုံရေး ကင်မရာ များ၏ သက်သေ အထောက်အထားများ ရယူကာ ဆိုးသွမ်း ပရိသတ်များနှင့် စည်းကမ်းမဲ့ အားပေးသူ ပရိသတ်များအား အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ထို့အတူ ကွင်းအတွင်း အသစ် တပ်ဆင်ထားသည့် ထိုင်ခုံ အချို့လည်း ချိုးဖျက်ခြင်း ခံခဲ့ရသည်ဟု သိရသည်။

Ref : soccermyanmar





မြန်မာ၅ဂိုး-ဖိလစ်ပိုင်၁ ဂိုးဖြင့် ပွဲပြီးဆုံးသွား



ယခုနောက်ပိုင်း နှစ်များတွင် မြန်မာအသင်းမှာ နိုင်ငံတကာပြိုင်ပွဲများတွင် ရလာဒ်မကောင်းသော်လည်း အိမ်ကွင်းပွဲစဉ်တွင် မြန်မာ ယူ-၂၂ ကို တခဲနက်အားပေးနေသော မြန်မာဘောလုံးပရိသတ်များ
ဓာတ်ပုံ -ဂျေမောင်မောင်(အမရပူရ)


မြန်မာ-ဖိလစ်ပိုင်ပွဲတွင် ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိဘဲ မြန်မာ၅ဂိုး-ဖိလစ်ပိုင်၁ ဂိုးဖြင့် ပွဲပြီးဆုံးသွားသည်။ အုပ်စုအဖွင့်ပွဲနေ့သုံးပွဲကစားရာတွင် မြန်မာအသင်းမှာ ခြောက်သင်းပါအုပ်စုတွင် အားအနည်းဆုံးအသင်းဖြစ်သော ဖိလစ်ပိုင်ကို ဂိုးပြတ်သွင်းယူနိုင်မှုကြောင့် ဂိုးကွာခြားချက်ဖြင့် အုပ်စုဗိုလ်ဖြစ်နေသည်။

 တောင်ကိုရီးယားမှာ မလေးရှားကို ၃ဂိုး-၂ဂိုး၊ တရုတ်(တိုင်ပေ)မှာ ဗီယက်နမ်ကို ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရထားကြ၍ တောင်ကိုရီးယားက ဒုတိယ၊တရုတ်(တိုင်ပေ)က အုပ်စုတတိယနေရာ၌ ရမှတ် ၃မှတ်စီဖြင့် ရှိနေသည်။

အုပ်စုတွင် တောင်ကိုရီးယား ယူ-၂၂ မှာ အုပ်စုဗိုလ်ဖြစ်ရန် ရေပန်းစားနေပြီး၊ မြန်မာအသင်းမှာ ဗီယက်နမ်၊ မလေးရှား၊ တရုတ်(တိုင်ပေ)တို့နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု ပြည်တွင်းဘောလုံးရေးရာကျွမ်းကျင်သူများကခန့်မှန်းထားသည်။ ခြောက်သင်းပါအုပ်စုမှာ နှစ်သင်းသာ နောက်တစ်ဆင့်တက်ခွင့်ရမည်ဖြစ်သည်။

Ref: 7Day News Journal

အမှိုက်ပုံးများ ခိုးခံရကြောင်း ရန်ကုန် စည်ပင်မှ သတင်းထုတ်ပြန်

ရန်ကုန်၊ ဇွန် ၂၄
ဓါတ်ပုံ - Popular Myanmar News Journal
လွန်ခဲသော ငါးရက်ခန့်က ရန်ကုန် မြို့တော် စည်ပင် နယ်နမိတ်အတွင်း အများပြည်သူ အမှိုက် စွန့်ပစ်ရန် ထားရှိသော အမှိုက်ပုံးအချို့ ယခုရက်ပိုင်းအတွင်း ခိုးယူခံနေကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မီးဖိုချောင်ထွက် အမှိုက်များနှင့် စည်းကမ်းမဲ့ စွန့်ပစ်သော အမှိုက်များ လျော့နည်း သက်သာစေရန်နှင့် ပြည်သူများ စနစ်တကျဖြင့် သတ်မှတ် အမှိုက်ပုံးများတွင် လွယ်ကူစွာ စွန့်ပစ်ရန် အတွက် ရန်ကုန်မြို့အနှံ့တွင် ယင်းအမှိုက်ပုံးကြီး ၄၇၀ လုံးအား မြို့နယ်အလိုက် ချထားပေးခဲ့ ပြီးနောက်ပိုင်း ဗဟန်း မြို့နယ် ကမ္ဘာအေးဘုရား လမ်းဘေးတွင် ချထားသော ၆၆၀ လီတာဆန့် တန်ဖိုးကြီး အမှိုက်ပုံးကြီး တစ်လုံး ပထမဆုံး အခိုးခံရခြင်း ဖြစ်ကြောင်း အဆိုပါဌာန ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

"အမှိုက်ပုံး မရှိလို့ မထားလို့ ဆိုပြီး ပစ်ချင်ရာ ပစ်ခဲ့တယ်။ အခု အမှိုက်ပုံး ရှိပြန်တော့လည်း အခိုးခံရတယ်ဆိုတော့ အမှိုက်ပုံးတောင် ခိုးတဲ့သူက ဘယ်လို လူမျိုးလဲဆိုတာ စဉ်းစားဖို့တောင် မလိုဘူး။ ဒါကို စည်ပင်အနေနဲ့ ထိထိရောက် အရေးယူ သင့်တယ်။ ဒါမှမဟုတ် နောက်ထပ် အမှိုက်ပုံး မပျောက်အောင် ဘယ်လို စီမံမလဲဆိုတာ စဉ်းစားသင့်တယ်" ဟု ရန်ကုန်တိုင်း တာမွေမြို့နယ်နေ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက မှတ်ချက်ပြုသည်။

ယင်းအမှိုက်ပုံးကြီးများကို ရန်ကုန်မြို့တွင်းတွင် ယခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် လည်းကောင်း၊ ၂၄၀ လီတာဆန့် အမှိုက်ပုံး ၁၁၄၈ လုံးကို ဇွန်လ ၂၀ ရက်နေ့တွင် လည်းကောင်း စတင် ချထားပေးခဲ့ပြီး ဖြစ်ကြောင်း မြို့တော် စည်ပင်ဌာနက စုံစမ်းသိရှိ ရသည်။

“အများပြည်သူပိုင် ပစ္စည်း ဖြစ်တဲ့အတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၆၁ အရ အမှုဖွင့်ထားတယ်၊ နောက် ဒီပုံးတွေကို ဘယ်ကုမ္ပဏီကမှ တင်သွင်းထားတာ မဟုတ်တဲ့အပြင် ပုံးတွေမှာလည်း စည်ပင်တံဆိပ်တို့ သက်ဆိုင်ရာ မြို့နယ်ကုတ်တွေ ရိုက်ထားတယ်၊ မခိုးအောင် သံကြိုးလုပ်ဖို့ ဆိုတာကတော့ ပုံမှန် အမှိုက်သိမ်းရ တဲ့အတွက် မဖြစ်ဘူး။ နောက် လွယ်လွယ်ကူကူ အမှိုက်သိမ်း နိုင်အောင်လည်း ဘီးတွေ တပ်ထားသေးတယ်။ ဘာပဲဖြစ်ဖြစ် အမှိုက်ပုံး ခိုးတာ ကိစ္စမရှိပေမယ့် စည်ပင်လုပ်ငန်း တစ်ခုကို အနှောက်အယှက် ပေးတာ ပိုဆိုးတယ်”ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော် သတင်းဌာန တာဝန်ရှိသူက ပြင်းထန်စွာ ရှုတ်ချ ပြောဆိုသည်။

အဆိုပါ အမှိုက်ပုံး ပျောက်ဆုံးမှုအတွက် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ယင်းမြို့နယ် စည်ပင် အုပ်ချုပ်ရေးမှူးရုံးက အမှုဖွင့် တိုင်ကြားထားသည်။

သတင်း - The Voice Weekly

Friday, June 22, 2012

မော်လ်ဒိုက်အား အရေးနိမ့်ခဲ့သည့် မြန်မာလူငယ် ယူ၂၂

ယနေ့ပွဲတွင် မြန်မာ ယူ-၂၂ အသင်း အနေဖြင့် အဓိက ကစားသမား အားလုံးနီးပါး အနားပေးခဲ့ကာ အသင်းသစ် တစ်သင်းဖြင့် ပွဲထွက် လာခဲ့သည်။ ဂိုးသမား အဖြစ် မျိုးမင်းလတ်က ပွဲထွက်ခဲ့ပြီး ရဲဝင်းအောင်၊ ရဲဇော်ထက်အောင်၊ ဖြိုးကိုကိုသိန်း၊ နိုင်လင်းဦးတို့က နောက်ခံ လူများအဖြစ် ပွဲထွက်ခဲ့သည်။ ထို့အတူ သက်ပိုင်ဦး၊ ဇော်လင်း၊ နန္ဒကျော်၊ နန္ဒလင်းကျော်ချစ် တို့က ကွင်းလယ်တွင် ပွဲထွက်ခဲ့ပြီး တိုက်စစ်တွင် ကောင်းစည်သူနှင့် ချစ်မင်းစိုးတို့ ကစားခဲ့သည်။

ပွဲစသည်နှင့် နှစ်သင်းစလုံး ကစားကွက် တည်မရဘဲ ဖြစ်နေခဲ့ပြီး မြန်မာအသင်းက ဘောလုံးအား ကိုင်ကစားရန် ကြိုးပမ်းလျက် ရှိသည်။ ၄မိနစ်တွင် နန္ဒကျော် ဧရိယာအပြင် ခပ်လှမ်းလှမ်းမှ အပြင်းကန်သွင်းရန် ကြိုးပမ်းခဲ့ သော်လည်း ဂိုးပေါက်လွဲခဲ့သည်။ ပွဲချိန် ၁၀မိနစ်ခန့်ထိ မြန်မာတို့ ကစားပုံ တည်မရ ဖြစ်နေခဲ့ကာ ၁၀မိနစ်တွင် နန္ဒလင်းကျော်ချစ် ဘယ်ခြမ်းမှ ထိုးဖောက်ရာမှ သက်ပိုင်ဦး ကန်ခွင့်ရခဲ့ သော်လည်း နောက်ခံလူ ထိထွက် သွားခဲ့သည်။ ထို့ကြောင့် မြန်မာတို့ ပထမဆုံး ထောင့်ကန်ဘော ကန်ခွင့် ရခဲ့သည်။ သို့သော် ကန်တင်ပေးမှုအား ဂိုးသမား ပုတ်ထုတ် ရှင်းလင်း နိုင်ခဲ့သည်။



၁၅မိနစ်တွင် မြန်မာအသင်း တိုက်စစ်မှူး ကောင်းစည်သူ တစ်ဦးတည်း လွတ်ထွက် သွားခဲ့သော်လည်း ညာခြမ်းမှ ဂိုးရှေ့ ဖြတ်ချိုးပေးမှု မသေသပ်၍ မော်လ်ဒိုက် နောက်ခံလူ ရှင်းထုတ်ခဲ့သည်။ ၁၇မိနစ်တွင် မော်လ်ဒိုက် အသင်းခေါင်းဆောင် ဧရိယာ အပြင်မှ မြေမကျ ကန်သွင်းချက် သေသပ်လှပ သော်လည်း မျိုးမင်းလတ် အကောင်းဆုံး ကာကွယ်နိုင်ခဲ့၍ မြန်မာအသင်း သက်သာခဲ့သည်။

မိနစ် ၂၀တွင် တန်ပြန် ထိုးစစ်ဆင်သည့် မော်လ်ဒိုက် ကစားသမားအား ရဲဝင်းအောင် အတားကြမ်း သဖြင့် အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ ၂၃မိနစ်တွင် နိုင်လင်းဦး အဝေးမှ လှမ်းကန်ခဲ့ သော်လည်း ဂိုးဘေး ကပ်ထွက် သွားခဲ့သည်။ ၂၆မိနစ်တွင် မြန်မာတို့ အတွက် အကောင်းဆုံး အခွင့်အရေး အဖြစ် ကောင်းစည်သူ ဧရိယာ အတွင်းမှ ကန်ခွင့် ရခဲ့သော်လည်း နောက်ခံလူ ထိထွက်ခဲ့ကာ ပြန်ကျလာသည့် ဘောလုံးအား ကောင်းစည်သူ တစ်ဖန် ဖြတ်တင်ပေးရာ နန္ဒလင်းကျော်ချစ် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း အပေါ်ထောင် သွားခဲ့၍ နစ်နာခဲ့ရသည်။

ထို့အတူ ၂၈မိနစ်တွင် ကောင်းစည်သူ နောက်တစ်ကြိမ် ကန်ခွင့် ရခဲ့သော်လည်း နောက်ခံလူ ထိကာ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ယနေ့ပွဲတွင် မြန်မာလူငယ် အသင်း အနေဖြင့် ကစားပုံ ကောင်းမွန်ခြင်း မရှိဘဲ တစ်ချက်တစ်ချက် တွင်မှသာ ထိုးဖောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ထိုကဲ့သို့ ရရှိသည့် အခွင့်အရေး များကိုလည်း အကောင်းဆုံး အသုံးချနိုင်ခြင်း မရှိဘဲ မော်လ်ဒိုက် နောက်ခံလူများကသာ ရှင်းထုတ် နိုင်ခဲ့သည်။ ၄၃မိနစ်တွင် မော်လ်ဒိုက် ကစားသမား တစ်ဦးအား အဖျက်ကြမ်းသည့် နိုင်လင်းဦး အ၀ါကတ် အပြခံခဲ့ရသည်။ နာကျင် အချိန်ပိုတွင် မြန်မာတို့ အတွက် အကောင်းဆုံး အခွင့်အရေး တစ်ရပ် နောက်တစ်ကြိမ် ထပ်ရခဲ့သော်လည်း သက်ပိုင်ဦး ကန်ချက် ဘားထိထွက်ခဲ့ သဖြင့် ပထမပိုင်း ၄၅မိနစ် အပြီး ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် မြန်မာအသင်းက လူစားလဲမှု အချို့ ပြုလုပ်ခဲ့သည်။ ချစ်မင်းစိုး၊ ဇော်လင်း၊ သက်ပိုင်ဦးတို့ နေရာတွင် ရန်အောင်ဝင်း၊ မျိုးဇော်ဦး၊ ညီညီမင်းတို့ ၀င်ရောက် ကစားခဲ့သည်။ ၄၈မိနစ်တွင် ရန်အောင်ဝင်း ညာတောင်ပံ ဖြတ်တင်ဘောမှ တစ်ဆင့် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးပေါက် လွဲခဲ့သည်။

မိနစ် ၅၀တွင် ကောင်းစည်သူ ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးဘား ကပ်ကျော်သွားခဲ့ ပြန်သည်။ ထို့အတူ ၅၂မိနစ်တွင် ကောင်းစည်သူ ပိတ်သွင်းရန် ကြိုးပမ်းမှု နောက်ခံလူ ရှင်းထုတ်၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။ ၅၅မိနစ်တွင် မော်လ်ဒိုက် ထိုးစစ်အား ခပ်ကြမ်းကြမ်း တားဆီးခဲ့သည့် ရန်အောင်ဝင်း အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ မြန်မာလူငယ် အသင်းသည် ဒုတိယပိုင်းတွင် မော်လ်ဒိုက် အသင်းဘက်သို့ ပိုမို ဖိကစား လာနိုင်ခဲ့ သော်လည်း အပိုင်အခွင့်အရေး ဖန်တီးမှုမှာ အားနည်း နေဆဲဖြစ်သည်။

၅၈မိနစ်တွင် ညီညီမင်း ညာခြမ်းမှ ထိုးဖောက် ဖြတ်တင်ပေးရာမှ မျိုးဇော်ဦး အပိုင်ကန်ခွင့် ရခဲ့သော်လည်း ဂိုးသမား အစွမ်းပြ ပုတ်ထုတ် သွားခဲ့၍ နစ်နာခဲ့ရသည်။ မိနစ် ၆၀တွင် နန္ဒလင်းကျော်ချစ် ဘယ်ခြမ်းမှ ဖြတ်တင်ပေးမှုအား ညီညီမင်း ပြေးဝင် ပိတ်သွင်းခဲ့ သော်လည်း ကန်ချက် မမှန်ခဲ့ဘဲ အခွင့်အရေး တစ်ကြိမ် နစ်နာခဲ့သည်။ ၆၉မိနစ်တွင် ညာခြမ်းမှ ရရှိသည့် ပြစ်ဒဏ်ဘောမှ တစ်ဆင့် မော်လ်ဒိုက် ဂိုးရှေ့ ရှုပ်ယှက်ခပ် နေသည့် အနေအထားမှ ဖြိုးကိုကိုသိန်း အပိုင်ကန်ခွင့် ရခဲ့သော်လည်း ဂိုးစည်းနားရှိ မျိုးဇော်ဦးနှင့် ထိထွက်ခဲ့၍ နစ်နာခဲ့ရပြန်သည်။ ၇၃မိနစ်တွင် နိုင်လင်းဦး နေရာတွင် သိန်းသန်းဝင်း ၀င်ရောက် ကစားခဲ့သည်။ ထို့အတူ ရဲဝင်းအောင် နေရာတွင် သက်နိုင် ၀င်ကစားခဲ့သည်။

မိနစ် ၈၀တွင် နန္ဒလင်းကျော်ချစ် နေရာတွင် ကြည်လင်း ၀င်ရောက် ကစားခဲ့သည်။ သို့သော် မြန်မာတို့ ဂိုးရရန် ခက်ခဲနေခဲ့ပြီး ၈၅မိနစ်တွင် ညာခြမ်းမှ ရရှိသည့် ပြစ်ဒဏ်ဘောမှ တစ်ဆင့် မော်လ်ဒိုက် အသင်း ကျောနံပါတ် ၉က ဧရိယာအတွင်း လိမ်ခေါက် ကန်သွင်းကာ အဖွင့်ဂိုး စတင်ရရှိခဲ့သည်။ ထို့နောက်တွင် မြန်မာ လူငယ်တို့ ချေပဂိုး ရရှိရန် ကြိုးပမ်းကစား ခဲ့သော်လည်း တစ်ဦးနှင့် တစ်ဦး အချိတ်အဆက် မမိဖြစ်ခဲ့ပြီး ဂိုးရရန် ဆက်လက် ရုန်းကန် ခဲ့ရသည်။ နာကျင် အချိန်ပိုတွင် မြန်မာတို့ ဘယ်ခြမ်းမှ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သော်လည်း ကြည်လင်း ကန်တင်ပေးမှုအား နောက်ခံလူ ရှင်းနိုင်ခဲ့သည်။ ထို့နောက်တွင် ဂိုးမရတော့ဘဲ မော်လ်ဒိုက် အသင်းကသာ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သည်။



မော်လ်ဒိုက် ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ ယူ-၂၂ အသင်းသည် မော်လ်ဒိုက် အသင်းအား ၁-၀ဂိုးဖြင့် အရေးနိမ့်ကာ မျက်နှာပန်းမလှ ဖြစ်ခဲ့ရသည်။

Wednesday, June 20, 2012

အင်တာနက်တွင် ငွေချေနိုင်မည့် Shwe Money Virtual Visa Card စတင်အသုံးပြုနိုင်

https://www.shwemoney.com/images/Card.png 
အင်တာနက်ပေါ်ရှိ Visa Card Payment လက်ခံသည့် ၀က်ဘ်ဆိုက်များတွင် ငွေပေးချေနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားပြီး အကြိမ်ကြိမ်ငွေဖြည့်သွင်းနိုင်သည့် Re loadable Visa Prepaid Card အမျိုးအစားဖြစ်သည့် Shwe Money Virtual Visa card ကို ပြည်တွင်း၌ ယခုလ ၁၂ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Myanmar Soft-Gate Technology မှ အုပ်ချုပ်မှု ဒါရိုက်တာ ကိုရန်နောင်စိုးကပြောသည်။

Debit Visa Card အမျိုးအစားဖြစ်ပြီး ကတ်ဝယ်လိုလျှင် Virtual Visa Card ပြုလုပ်ခ ကျပ် ၅၀၀၀ ကျသင့်မည်ဖြစ်ပြီး လစဉ်ကြေး နှစ်စဉ်ကြေး မရှိကြောင်း၊ ကတ်အသုံးပြုလိုသူများအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀ အနည်းဆုံး ဖြည့်သွင်းထားရမည်ဖြစ်ကြောင်း ကိုရန်နောင်စိုးကပြောသည်။

Online Virtual Visa Card ကိုဟက်ကာများမထိုးဖောက်နိုင်အောင် စီစဉ်ထားပြီးဖြစ်ကြောင်း၊ အသုံးပြုခဲ့သည့် Balance နှင့် အသုံးပြုခဲ့သည့် ငွေစာရင်း Statement ကိုပြန်လည်ကြည့်ရှုနိုင်ရန်စီစဉ်ထားကြောင်း၊ အခြားအသုံးပြုသူများထံမှလည်း လွှဲငွေများကိုလည်း လက်ခံနိုင်ကြောင်းသိရသည်။

Shwe  Money Virtual Visa Card ၏ ဆောင်ရွက်ချက်များနှင့် ယင်းအကြောင်းသိလိုသူများအနေဖြင့် www.shwemoney.com တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။

Ref: ထူးအောင် ( Myanmar Times)

ရောင်စုံငှက်များ အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်ရာတွင်ပိုမိုလျင်မြန်သည်

http://farm3.static.flickr.com/2505/4004503113_12bae4be0d.jpg
အရောင်အသွေးစုံရှိသော ငှက်များသည် အမွေးထူသောငှက်များထက် မျိုးစိတ်အသစ်များသို့ ပိုမိုလျင်မြန်စွာ အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်ခဲ့သည်ဟု မေလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သော တိကျသည့် မျိုးရိုးဗီဇလေ့လာမှုတွင် သြစတြေးလျသုတေသိများက ဖော်ထုတ်ခဲ့သည်။
 
"Nature" တွင်ဖော်ပြခဲ့သော မဲလ်ဘုန်းတက္ကသိုလ် သုတေသနဌာနက Gouldian စာဝတီးကဲ့သို့ အနီ၊အနက်နှင့် အ၀ါရောင်ခေါင်းရှိသည့် အရောင်မျိုးစုံရှိ ငှက်များသည် မျိုးစိတ်များသို့ အလျင်အမြန်ပြောင်းလဲသည်ကို တွေ့ရှိရသည်။

``လေ့လာမှုက ပထမဦးဆုံး လွန်ခဲ့သောနှစ်ပေါင်း ၆၀လောက်က အဆိုပြုခဲ့သော ဆင့်ကဲ ဇီဝပြောင်းလဲမှုမှာ စာတွေ့တစ်ခုကို သက်သေပြခဲ့ပါတယ်´´ ဟု သုတေသီခေါင်းဆောင် ဒဲဗီစတူးဝပ်ဖောက်စ်က ပြောသည်။ လေ့လာမှုအရ စာဝတီးများသည် ငှက်ကောင်ရေတစ်ခုအတွင်း အတူတကွ ယှဉ်တွဲနေထိုင်သည်။ စတူးဝပ်ဖောက်စ်က ``၄င်းတို့သည် အရောင်တစ်မျိုးတည်းရှိသောငှက်များထက် မျိုးရိုးဗီဇအားဖြင့်  မျိုးစိတ်သစ်များကို အဆင့်ဆင့် ပြောင်းလဲသည်ဟု လေ့လာမှုက တွေ့ရှိကြောင်းပြောသည်။

``အဆင့်ဆင့်ပြောင်းလဲမှု  နှုန်းတွေက အမှန်တကယ်ပဲ မြန်ဆန်တယ်ဆိုတာ ပထမဦးဆုံးအနေနဲ့  ကျွန်မတို့ပြသနိုင်ခဲ့ပါတယ်´´ ဟု၎င်းကပြောသည်။

Ref: AFP
သန်းလွင် ဘာသာပြန်သည်။


UNHCR ရခိုင်မှာ လုပ်ငန်းပြန်စ

http://previous.presstv.ir/photo/20101214/jelveh20101214153018233.jpg
ရခိုင်ပြည်ဘက်မှာ ဖြစ်ခဲ့တဲ့အကြမ်းဘက် အဓိကရုဏ်းတွေကြောင့် လုပ်ငန်းတွေ ယာယီရပ်ခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သူတို့ရဲ့လုပ်ငန်းတွေကို အပြည့်အဝ ပြန်စဖို့ ပြင်ဆင်နေ ပါပြီ။ အခြေအနေအရ ရခိုင်အခြေစိုက် ၀န်ထမ်းတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့တာဖြစ်ပြီးတော့ အခုတော့ အကူအညီတွေ ပြန်ပေးနိုင်ဖို့အတွက် လေ့လာမှုတွေ လုပ်နေပါပြီ။ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တည်ငြိမ်နေပေမဲ့ မနေ့တုန်းကဆိုရင် ရသေ့တောင်မြို့နယ်ထဲက ကျေးရွာတခုမှာ ထိခိုက်သေဆုံးတဲ့အထိ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါသေးတယ်။ နေရပ်စွန့်ပြီး ဘေးလွတ်ရာ နေနေကြသူတွေမှာလည်း  အနေအစား ဆင်းရဲနေကြပါတယ်။ ရခိုင်ဘက်က အခုလို အခြေအနေတွေကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထား တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ခဲ့ပြီးတဲ့နောက် UNHCR ၀န်ထမ်းတွေကို သူတို့ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကစပြီး ရွှေ့ပြောင်းထားပြီးတော့ လုပ်ငန်းတွေ လည်း ရပ်ထားတာပါ။ ဒါ့အပြင် အဲဒီအချိန်က လူ ၅၀၀ လောက်ဟာ UNHCR ရုံးဝင်းထဲမှာ လာရောက် ခိုလှုံနေကြပြီးတော့ အဲဒီလောက်လူများများကို ဆက်ပြီး စောင့်ရှောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက်ကြောင့် လည်း ၀န်ထမ်းတွေရဲ့လုံခြုံရေးကို အဓိကထားပြီး စီစဉ်ခဲ့ရတာဖြစ်တယ်လို့ UNHCR ရဲ့ ဘန်ကောက် အခြေစိုက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာရုံးက ပြောခွင့်ရသူ မစ္စ ကစ်တီ မက်ကင်းဇီး (Kitty McKenzie) က ဗွီအိုအေကို ပြောပါတယ်။ သူဟာ ဒီကနေ့မှာပဲ ရန်ကုန်မြို့မှာရောက်နေတာဖြစ်ပြီး UNHCR ရဲ့ လုပ်ငန်းတွေ ပြန်စနိုင်ဖို့ စပြီး လေ့လာနေပြီလို့ ပြောပါတယ်။

“သတင်းကောင်းကတော့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဘက် ငါးဦးဟာ အခု ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆီ ပြန် သွားကြပါပြီ။ သူတို့ဟာ အဲဒီကအခြေအနေတွေကို လေ့လာနေကြပြီးတော့ ရခိုင်ပြည်နယ်က လူထုကို ပြန်ပြီး အကူအညီပေးဖို့ ဘာတွေ လုပ်နိုင်မယ်ဆိုတာ ကြည့်ရှုနေကြပါတယ်။” လို့ ကစ်တီ မက်ကင်းဇီးက ပြောပါ တယ်။

UNHCR အနေနဲ့ ဒုက္ခရောက်နေသူတွေအတွက် အရင်ရှိထားပြီးသား အကူအညီ ပစ္စည်းတွေ ပေးခဲ့ပြီးပြီဖြစ် ပြီး ရေတိုအတွက်ရော ရေရှည်မှာပါ ဘာတွေလိုအပ်မယ်ဆိုတာကို သိဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။

စစ်တွေမြို့ပေါ်က ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အဖွဲ့တွေထဲက တခုဖြစ်တဲ့ ရက္ခအလင်းတန်းအဖွဲ့က တာဝန်ရှိသူတဦး ကတော့ အကူအညီတွေ ပေးနေကြတယ်ဆိုပေမဲ့လည်း ဒုက္ခသည်တွေမှာ လိုအပ်ချက်တွေ ရှိနေတုန်းပဲလို့ ဆိုပါတယ်။

“အဲဒီမှာ ကြာတော့ ကြာပြီပေါ့နော်။ ဒါပေမဲ့ စား၊ ဝတ်၊ နေရေးကတော့ လှူတဲ့အလှူတွေနဲ့ သူတို့နေထိုင်ရတာနဲ့ တော့ တကယ် ဆင်းရဲတာပေါ့နော်၊ မလုံလောက်ဘူးပေါ့။ နေရတာကလည်း ဘုန်းကြီးကျောင်းအောက်တွေ မှာဆိုရင် တမံသလင်းတွေပေါ်မှာ နေရတယ်။ မိုးတွေကလည်း ရွာတယ်ဆိုရင် အကုန်လုံး စိုစွတ်နေ တာပေါ့။ ဈေးဝယ်ရတာကအစ အရမ်းခက်တယ်။ ဈေးတွေ ဘာတွေလည်း အကုန်ပိတ်ထားတော့ သား၊ ငါးဈေးတွေလည်း မရှိဘူး။ ကြက်ဥရယ်၊ ပဲရယ်၊ အာလူးရယ်ပဲစားနေရတယ်။”

တဘက်မှာလည်း UNHCR ဟာ ရခိုင်ပြည်နယ်မှာ ဘက် တဘက်ထဲကိုပဲ အကူအညီပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက ရှိထား ပါတယ်။ မစ္စမက်ကင်းဇီးကတော့ ဒါကို အခိုင်အမာငြင်းဆိုခဲ့ပါတယ်။

“လူမှုအ၀န်းအ၀ိုင်းတခုကို တခြားတခုထက် ပို မျက်နှာသာပေးပြီးတော့ ကျမတို့က ကူညီနေတယ်ဆိုတာ လုံးဝ မမှန်ပါဘူး။ ကျမတို့က လိုအပ်ချက်ရှိနေတာကို အကူအညီပေး တာပါ။ တခါတလေမှာ အဖွဲ့အစည်းတခုခု သို့မဟုတ် အစိုးရက အစုတခုထက် တခြားအစုတခုကို ပိုပြီး စောင့်ရှောက်နိုင်တာမျိုး ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ဟာ လူတွေကို ခွဲခြားဆက်ဆံတာ လုံးဝ မလုပ်ပါဘူး။ ကျမတို့ဟာ ဒုက္ခသည်အေဂျင်စီဖြစ်ပြီး ဘေး ဒုက္ခ ရောက်သူတွေ၊ ခွဲခြားဆက်ဆံခံရသူတွေကို အကူအညီပေးတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူ့ ဘယ်သူကိုမှ ခွဲခြားဆက်ဆံဖို့ အဲဒီမှာ ကျမတို့ လုပ်ဆောင်နေတာမဟုတ်ပါဘူး။ ကျမတို့က လူမှုအ၀န်းအ၀ိုင်း အတွင်း ဟန်ချက်ညီ မျှတစေဖို့အတွက် လုပ်ဆောင်နေတာပါ။” - လို့ မစ္စကစ်တီ မက်ကင်းဇီးက ပြောခဲ့ပါ တယ်။

ရခိုင်ပြည်နယ်တွင်း မြို့နယ် အတော်များများမှာ အခြေအနေတွေ တည်ငြိမ်သလောက် ရှိနေပြီဖြစ်ပေမဲ့ ပဋိပက္ခဖြစ်နေတဲ့ ဘက် နှစ်ဘက်အကြားမှာ တဘက်နဲ့တဘက် စိုးရိမ်မှုနဲ့ သတိထားစောင့်ကြည့်နေကြ ဆဲဖြစ်ပြီး အဲဒီကနေ ပေါက်ကွဲထွက်တဲ့ ဖြစ်ရပ် တချို့လည်း ရှိနေဆဲပါ။ ဇွန်လ ၁၉ ရက်၊ အင်္ဂါနေ့တုန်းကပဲ ရသေ့တောင်မြို့နယ်၊ ဂူတောင်ကျေးရွာမှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ လူအသေအပျောက် ရှိခဲ့ပါသေးတယ်။

“ဂူတောင်ကျေးရွာမှာ မနေ့ကတော့ မီးရှို့ခံရသေးတယ်။ ပထမတော့ ရခိုင်ရွာအစမှာပဲ မီးရှို့တယ်။ အဲဒီအခါ ရခိုင်တွေက ဒေါသဖြစ်ပြီး ကုလားရွာထဲဝင်ပြီး ခုတ်ကြတယ်၊ ပြန်မီးရှို့တယ်။ အဲဒီမှာ အပြန်အလှန် ခုတ်ကြ တာပေါ့။ ကုလားနှစ်ဦး သေတယ်ပြောတယ်။ ရခိုင်ကတော့ တဦးသေတယ်၊ ၁၀ ဦးကပျောက်နေတယ်။ ဒီနေ့ နောက်ဆက်တွဲအချိန်ကတော့ ငြိမ်သွားပြီခင်ဗျ။ နေရာအတော်များများ တပ်က လုံခြုံရေးတပ် ထွက် သွားတာတွေ့တယ်။ သူတို့ထိန်းရင် အစကတည်းက ဒီလောက် မဆူပါဘူး။ ကျနော့်အမြင်ပြောတာလေ- လုံခြုံရေးထိန်းတာ နောက်ကျလို့ အခုလိုမျိုး ဆူဆူပူပူဖြစ်သွားတာ။”

အခင်းဖြစ်ပွားရာ ရသေ့တောင်မြို့နယ်က ဒေသခံတဦး ပြောသွားတာပါ။

ဒေသတွင်းနေထိုင်သူတွေကြားမှာ မယုံကြည်မှုတွေ၊ သံသယတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေဆဲဖြစ်တာ မို့ ပြည်နယ်မြို့တော် ဖြစ်တဲ့ စစ်တွေမှာတောင်မှပဲ အခြေအနေတွေက ခုထိ ပုံမှန်မဖြစ်သေးပါဘူး။ UNHCR အနေနဲ့တော့ ကုလသမဂ္ဂရဲ့ တခြား အေဂျင်စီတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ဒေသတွင်း အဖွဲ့ အစည်းတွေ၊ အထူးသဖြင့်တော့ အစိုးရတာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းပြီး အကူအညီပေးရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပြောခွင့်ရသူ ကစ်တီ မက်ကင်းဇီးက ပြောခဲ့ပါတယ်ခင်ဗျား။

  Ref: ဗွီအိုအေ (မြန်မာဌာန)

ချက်လက်မှတ်လက်ဆောင်ပေးခြင်းဝန်ဆောင်မှု ကမ္ဘောဇဘဏ်မှ ဆောင်ရွက်ပေးပြီ

 


ကမ္ဘောဇဘဏ်မှ ချက်လက်မှတ် လက်ဆောင်ပေးခြင်းဝန်ဆောင်မှု အစီအစဉ်အား ဇွန်လ ၁၇ ရက်နေ့မှ စတင်ဆောင်ရွက်ပေးနေကြောင်းသိရသည်။

ဝန်ဆောင်မှုအစီအစဉ်များမှာ မွေးနေ့လက်ဆောင်ချက်လက်မှတ်၊ မင်္ဂလာလက်ဆောင်ချက်လက်မှတ်နှင့် အခြားချက်လက်မှတ်များလည်းရှိကြောင်းသိရသည်။

၎င်းဝန်ဆောင်မှုကိုဆောင်ရွက်လိုပါက နိုင်ငံသားမှတ်ပုံတင်ဖြင့် စာရင်းဖွင့်ပြီး အဆိုပါချက်လက်မှတ်တွင် ငွေကျပ် ၅၀၀၀ မှ ကျပ်သိန်း ၅၀ အထိထည့်သွင်းစာရင်း ဖွင့်နိုင်ပြီး၊ ၀န်ဆောင်ခကျသင့်ငွေမှာ ကျပ် ၅၀၀၀ ဖြစ်ကြောင်းသိရသည်။

မင်္ဂလာဆောင်ချက်လက်မှတ်များ၊ မွေးနေ့ချက်လက်မှတ်များတွင် မိမိပေးပို့လိုသူ၏အမည်ကို ဘဏ်မှထည့်သွင်းပေးမည်ဖြစ်သည်။ အခြားသောလက်ဆောင်ချက်လက်မှတ်များ ပြုလုပ်လိုပါက ဘဏ်မှဆောင်ရွက်ပေးမည်ဖြစ်သည်။ အဆိုပါချက်လက်မှတ်ပျောက်ဆုံးပျက်ဆီးသွားပါကလည်း ၀န်ဆောင်ခကျပ် ၅၀၀၀ ပေးသွင်းပြီးဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါဝန်ဆောင်မှုအစီအစဉ်ကို ကမ္ဘောဇဘဏ်တိုင်းတွင် ဆောင်ရွက်ထားကြောင်း သိရသည်။

Ref: ငွေလမင်း (မြို့တော်သတင်း)

Tuesday, June 19, 2012

အမေရိကန်တွင် သမ္မတသက်တမ်းနှစ်ကြိမ်ထက်ပို တာဝန်ထမ်းဆောင်ခွင့်မရှိဟူ၍ ရေးသားထားမှုများမှားသည်

မြန်မာနိုင်ငံ့၏ အချို့သောနိုင်ငံ့ရေးအသားပေး သတင်းဂျာနယ်အချို့တွင် သမ္မတ သက်တမ်းအပေါ်ဝေဖန်သော သတင်းဆောင်းပါးအချို့ကိုတွေ့မိသည်။ ထိုသတင်း ဆောင်းပါးတိုင်းလိုလိုတွင် အမေရိကန်တွင် သမ္မတသက်တမ်းနှစ်ကြိမ်ထက်ပို တာဝန်ထမ်းဆောင်ခွင့်မရှိဟူ၍ ရေးသားထားသည်ကိုတွေ့ရသည်။ အမှန်ကထိုကဲ့သို့မဟုတ်ပေ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်၏ပဲ့ကိုင်ရှင်သမ္မတကြီး ဖရန့်ကလင် ဒီဒေါ့ ရုစဗဲ့သည် သမ္မတ သက်တမ်း (၃) ကြိမ်ထမ်းဆောင်ခဲ့သည်။ အမေရိကန် ပြည်သူများက (၄)ကြိမ် အထိလိုလားသော်လည်း သမ္မတကြီးသည်ကျန်းမားရေးကြောင့် နိုင်ငံ့ရေးလောကမှ အနားယူခဲ့ခြင်းဖြစ်သည်။
ပြည်သူများ ဗဟုသုတချို့တဲ့မှုအပေါ် ထိုသို့ထိုသို့သော နိုင်ငံ့ရေး အမြတ်ထုတ်သတင်းသမားများလည်း ရှိနေသည်။

ကြိုးစားပါ။ ရိုးသားပါ။




နိုင်ငံ့ ခေါင်းဆောင်အဆိုမိန့်ခွန်းများမှ>>
 It is common sense to take a method and try it. If it fails admit it frankly and try another. But above ally try something.

တူညီသောအမြင်ဖြင့် နည်းလမ်းတစ်ခုကိုယူပြီး ကြိုးစားကြည့်ပါ။ မအောင်မြင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ၀န်ခံပြီး နောက်တစ်နည်းနဲ့ကြိုးစားကြည့်ပါ။ ဒါပေမယ့် အရာအားလုံးအပေါ် တစ်စုံတစ်ခုနဲ့တော့ ကြိုးစားကြည့်ပါ။
၃၂ယောက်မြောက်အမေရိကန်သမ္မတ ဖရန့်ကလင် ဒီဒေါ့ ရုစဗဲ့ (၁၉၃၃-၁၉၄၅)

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး

 

(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူပွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည် 

၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူပွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ကရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။
Ref: နိုင်းနိုင်း စနေ

ကျန်းမာရေးသော့ချက်များ

သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။

သော့(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။

သော့(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။

သော့(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။

သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။

သော့(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။

သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။

သော့(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။

သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။

သော့(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။

သော့(၁၁) TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။

သော့(၁၂) SMILE
ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။

လမ်းပေါ်ထွက် ဆန္ဒပြမှု ဖြေရှင်းရန်နည်းလမ်း သမ္မတညွှန်ကြား

 ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခြင်းများကို လျော့နည်းသွားစေရန် အတွက် ပြည်နယ်နှင့် တိုင်း အစိုးရများအနေဖြင့် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ ပြည်သူများ၏ အခက်အခဲများကို ဖေါ်ထုတ်
ဆွေးနွေး ဖြေရှင်းပေးသည့်နည်းကို သုံးသင့်ကြောင်း သမ္မတဦးသိန်းစိန်က လမ်းညွှန် မှာကြားလိုက်သည်။

အင်္ဂါနေ့က နေပြည်တော် သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ဥက္ကဋ္ဌများကို သမ္မတ က လမ်းညွှန်မှာကြားခြင်း ဖြစ်သည်။

“ပြည်သူလူထု၏ အခက်အခဲများကို ဒေသဆွေးနွေးပွဲများ၌ ဖော်ထုတ်ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေရှင်းနိုင် သည်များကို ချက်ချင်းဖြေရှင်းပေးခြင်းနှင့် ယနေ့ လမ်းမပေါ် ထွက်၍ ဆန္ဒပြရန်မလိုဘဲ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာဖြစ်ပါတယ်” ဟု သမ္မတ က ထည့်သွင်းပြောကြားသွားသည်။

မေလအတွင်းမှာပင် စက်ရုံပေါင်း ၅၇ ရုံမှ အလုပ်သမား ၃၆,၈၁ဝ ဦးက လစာတိုးပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး ဇွန်လအတွင်း လှိုင်သာယာ အမှတ် ၂ စက်မှုဇုန်ရှိ Myanmar Sunny အထည်ချုပ် စက်ရုံမှ အလုပ်သမားများက လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုခြင်း၊ ရမည်းသင်းမြို့ မိုးထိမိုးမိ ရွှေမှော်မှ အလုပ်သမားများက တပိုင်တနိုင်
ရွှေတူးဖော်ခွင့် ပြည်လည် ရရှိရေးတို့အတွက် ဆန္ဒပြခြင်းများ ရှိခဲ့သည်။

“ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒဖော်ထုတ်တယ်ဆိုပြီး လမ်းမပေါ်မှာ လူအုပ်နဲ့ထွက် အစုအဝေးနဲ့ သွေးထိုးမှု ပါလာတဲ့ အခါ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ပြည်သူအများစုရဲ့ အသက်အိုးအိမ်၊ လုံခြုံမှု ထိခိုက်တဲ့ ဖြစ်စဉ်အထိ ရုတ်ချဉ်းပြောင်းလဲ သွားတတ်တဲ့ ဖြစ်စဉ်နဲ့ သဘောသဘာဝကို ရင့်ကျက်ယဉ်ကျေးသော တိုင်းပြည်တိုးတက်အောင် ညီညွတ်စွာ ကြိုးပမ်း ဆောင်ရွက်နိုင်သော ကမ္ဘာ့အလယ်မှာ သားစဉ်မြေးဆက်ရပ်တည်နိုင်အောင် စွမ်းဆောင်ရည် ရှိသော လူမျိုးများအဖြစ် အစိုးရ၊ လွှတ်တော်၊ ပြည်သူ အားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့ ပူးပေါင်းပြီး ညီညီညွတ်ညွတ်၊ ခိုင်ခိုင်မာမာ လက်တွဲ ကာကွယ် စောင့်ရှောက် သွားရမှာ ဖြစ်ပါတယ်” ဟုလည်း ဦးသိန်းစိန် က ထည့်သွင်းပြောသွားသည်။

ထို့အပြင် မေလအတွင်း ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်ခဲ့မှုများကိုလည်း သမ္မတက ရည်ညွှန်းပြီး တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ကဏ္ဍအတွက် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စသည့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများ စီမံဆောင်ရွက်ရန်လည်း လမ်းညွှန်သွားသည်။

“လျှပ်စစ်ဓာတ်အား လျော့နည်းကျဆင်းခဲ့မှုအပေါ် ပြည်သူများအနေနဲ့ လျှပ်စစ်မီး လိုအင်ဆန္ဒကို ဖော်ထုတ်ပြသခဲ့ကြ ပြီး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးမယ့် လတ်တလော အစီအစဉ် များကို အမြန်စီမံ ဆောင်ရွက်ခဲ့ပါတယ်။ သို့ရာတွင် ရေတိုရေရှည်အတွက် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုအတွက် လျှပ်စစ်ကဏ္ဍကို ချိတ်ဆက် စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်” ဟုလည်း ပြောသွားသည်။

သမ္မတ၏ မိန့်ခွန်းတွင် ၂ဝ၁ဝ မှ ၂ဝ၁၅ အထိ ငါးနှစ်အတွင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) တနှစ်ပျမ်းမျှ ၇.၇% တိုးတက်ရန် ရည်မှန်း လုပ်ဆောင်နေသည်ဟုလည်း ပြောသွားခဲ့သည်။

စီမံကိန်းများ လုပ်ဆောင်ရာတွင်လည်း ယခင်ကကဲ့သို့ အထက်မှအောက်သို့ စေခိုင်း လုပ်ကိုင်စေခြင်း မဟုတ်ဘဲ
အောက်ခြေမှ အထက်သို့ တင်ပြ လုပ်ဆောင်သွားရန်လည်း သမ္မတက လမ်းညွှန်သွားခဲ့သည်။

“ရှေးကကဲ့သို့ Top-Down ခွဲဝေချထားမှုမျိုး ဆောင်ရွက်မှာ မဟုတ်ဘဲ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေး ကဏ္ဍနှင့် နယ်မြေများကို အောက်ခြေအဆင့်ကစပြီး Bottom-Up လုပ်ငန်းစဉ်နှင့် တင်ပြ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု သမ္မတက ပြောသွားခဲ့သည်။

Written: မျိုးသန့်     | အင်္ဂါနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၂
Ref      :  ရန်ကုန် (မဇ္ဈိမ) ။

ကျရှုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံအဆင့် ၁၈ တွင်ရှိ

နိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ဖိအားများကို လေ့လာပြီး မီးမောင်းထိုး ဖော်ပြထားသည့် ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ Fund for Peace မှ တနင်္လာနေ့က ထုတ်ပြန်လိုက်သော ကျရှုံးနိုင်ငံများစာရင်း “Failed State Index (FSI)” တွင် မြန်မာနိုင်ငံသည် အဆင့် ၁၈ တွင် ရှိနေကြောင်း တွေ့ရသည်။
၂ဝ၁၂ ခုနှစ် 'ကျရှုံးနိုင်ငံများစာရင်း' အခြေပြမြေပုံတွင် မြန်မာနိုင်ငံသည် အဆင့် ၁၈ တွင်ရှိပြီး 'အန္တရာယ်' အဆင့်တွင်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါအဆင့်သည် ‘အန္တရာယ်’ အဆင့်တွင် ရှိနေသည်။ ၂ဝ၁ဝ ခုနှစ်က မြန်မာနိုင်ငံသည် အဆိုပါစာရင်းတွင် အဆင့် ၁၆ ရှိခဲ့ပြီး ယခုအဆင့်ထက် နှစ်ဆင့် နိမ့်သည်။
ငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး ကရစ်စတာဟန်ဒရီ က FSI ကိန်းဂဏန်းကို အစိုးရများ၊ မီဒီယာများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများက ပဋိပက္ခ၏ နောက်ခံအခြေအနေများကို
လေ့လာရာ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အသုံးပြုကြသည်ဟု ပြောသည်။
“ကျနော်တို့ နိုင်ငံ ၁၇၈ နိုင်ငံကို လေ့လာခဲ့ပါတယ်။ နိုင်ငံတိုင်း ဖိအားဒဏ်တွေ ရှိနေပြီး ဒီဒဏ်တွေကို ကိုင်တွယ်ဖြေရှင်း ဖို့ လိုတယ်လို့ အသိအမှတ်ပြုလို့ ခုလို လေ့လာတာ ဖြစ်ပါတယ်။ ပရိယေသန ဝမ်းစာရှာဖွေရာမှာ နိုင်ငံတခုချင်းအကြား ကွာခြားချက်ဟာ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်က ထွက်ပေါ်လာတဲ့ အကျိုးရလဒ်ပဲ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံမှာ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ အားကောင်းတဲ့ နိုင်ငံတော် အဖွဲ့အစည်းတွေ ရှိနေပြီး တရားဥပဒေ စိုးမိုးမှုနဲ့ ဒီမိုကရေစီကိုသာ အခြေခံပြီး ဖြေရှင်းဆောင်ရွက်မယ်ဆိုရင် ဒီဖိအားဒဏ်တွေကို ပို အောင်အောင်မြင်မြင်
ဖြေရှင်း ဆောင်ရွက်နိုင်မယ်ဆိုတဲ့ အယူအဆကို အခြေခံဆောင် ရွက်မှာဖြစ်ပါတယ်” ဟု ဟင်ဒရီ က ပြောသည်။
FSI ၂ဝ၁၁ စာရင်းတွင် ဆိုမာလီယာနိုင်ငံက ငါးနှစ်မြောက်ဆက်တိုက် ဗိုလ်စွဲသည်။ အနှံ့အပြား ဖြစ်ပွားနေသော ဥပဒေမဲ့ဖြစ်ရပ်များ၊ ထိရောက်မှုကင်းမဲ့သော အစိုးရစနစ်၊ အကြမ်းဖက်ဝါဒ၊ ပြည်တွင်းသောင်းကျန်းမှု၊ ရာဇဝတ်မှုနှင့် နာမည်ကျော်လှသော နိုင်ငံခြား သင်္ဘောများအား ပင်လယ်ဓားပြ တိုက်သည့်လုပ်ရပ်တို့ကြောင့် ဆိုမာလီယာနိုင်ငံမှာ ထိုသို့ ထိပ်ဆုံးအဆင့်တွင် ရောက်ရှိသွားခြင်းဖြစ်သည်။
အလားတူပင် နှစ်အလိုက်နှိုင်းယှဉ်မှုတွင် ဆီးရီးယားနိုင်ငံမှာလည်း FSI ရာဇဝင်တွင် စတုတ္ထ အဆိုးဆုံးနိုင်ငံ ဖြစ်လာ သည်။ သမ္မတ အာဆတ် အစိုးရအဖွဲ့၏ အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်မှုများကြောင့် ထိုသို့အဆင့်ကျခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် တောင်ပိုင်း ဆူဒန်နိုင်ငံကိုလည်း ငြိမ်းချမ်းရေးရံပုံငွေ အဖွဲ့က ဆန်းစစ်လေ့လာ ခဲ့သည်။ ဤနိုင်ငံသည် ၂ဝ၁၁ ခုနှစ် ဒုတိယနှစ်ဝက်က လွတ်လပ်ရေး ရခဲ့သည်။ အချက်အလက် မပြည့်စုံမှုကြောင့် FSI အဆင့်သတ်မှတ်ချက်ကို တရားဝင် သတ်မှတ်ခြင်း မပြုလုပ်ခဲ့သော်လည်း ခန့်မှန်းခြေအားဖြင့် စတုတ္ထမြောက် အဆိုးဆုံးနိုင်ငံ အဆင့်တွင် မြောက်ဖက်အိမ်နီးချင်း ဆူဒန်နိုင်ငံနှင့် ကပ်လျက် အောက်တွင် တည်ရှိနေသည်။
ကာဂျစ္စတန်နိုင်ငံသည် အဆိုပါစာရင်းတွင် တိုးတက်မှု အရှိဆုံးနိုင်ငံ ဖြစ်သည်။ ၂ဝ၁ဝ နှစ်လယ်က ဖြစ်ပွါးခဲ့သောတော်လှန်ရေးကြောင့် FSI စာရင်းတွင် ထိုးကျသွားခဲ့ရာမှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ သိသိသာသာ လုပ်ဆောင် ခဲ့ပြီး အာဏာကို တည်တည်ငြိမ်ငြိမ် အသွင်ကူးပြောင်းနိုင်ခဲ့ခြင်းကြောင့် ထိုသို့ အခြေအနေ ကောင်းမွန်လာခဲ့ခြင်း
ဖြစ်သည်။
နိုင်ငံ ၁၇၈ နိုင်ငံကို ကျရှုံးနိုင်ငံအဆင့် စာရင်းသတ်မှတ်ရာတွင် နိုင်ငံတခုအပေါ် ကျရောက်နေသည့် ဖိအားများဖြစ်သော လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး စသည့် ညွှန်းကိန်း ၁၂ မျိုးကို အသုံးပြုပြီး သူ့အောက်တွင် အသေးစိတ် ညွှန်းကိန်း ၁ဝဝ ရှိသည်။
အဆိုပါ ညွှန်ကိန်းများတွင် တပြေးညီညာမဟုတ်သော ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတခု၏ တရားဝင်မှု၊ အုပ်စုလိုက် နစ်နာမှုများ၊ လူ့အခွင့်အရေးတို့ ပါဝင်သည်။ ညွှန်းကိန်းတခုစီတွင် အဆင့် ၁ မှ ၁ဝ အထိ သတ်မှတ်ထားပြီး ရတတ် သမျှသော စာရွက်စာတမ်း အထောက်အထားများ၊ အခြား အရေအတွက်ပြ ကိန်းဂဏန်းများ စသည့် အချက်အလက် သန်းပေါင်း များစွာကို စိစစ်လေ့လာသူများက ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ကြခြင်းဖြစ်သည်။ ရမှတ် များလျှင် အဆိုပါနိုင်ငံ အပေါ်ကျရောက်နေသော ဖိအားများနေခြင်းကို ပြခြင်းဖြစ်ပြီး မတည်ငြိမ်မှု ပိုဖြစ်နိုင်ချေလည်း ရှိသည်။
ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့သည် ဝါရှင်တန်အခြေစိုက် လွတ်လပ်သည့် သုတေသနနှင့် ပညာပေးရေး အဖွဲ့အစည်းတရပ်
ဖြစ်သည်။ အဖွဲ့၏ ရည်ရွယ်ချက်နှင့် တာဝန်မှာ ပဋိပက္ခများကို တားဆီးကာကွယ်ရန်နှင့် ရေရှည်တည်တံ့မည့် လုံခြုံမှုကို
မြှင့်တင်အားပေးရန် ဖြစ်သည်။ ယခုလေ့လာမှုကို နိုင်ငံခြားရေး မူဝါဒ ဂျာနယ်နှင့်အတူ ပူးတွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Ref: မဇ္ဈိမသတင်းဌာန

ဇူလိုင်လအတွင်း နိုင်ငံခြားသို့ Call Center မှတဆင့်တိုက်ရိုက်ဖုန်း ခေါ်ဆိုနိုင်တော့မည်

အင်တာနက်ဆိုင် သွားစရာမလိုပဲ အိမ်ဖုန်းနှင့် မိုဘိုင်းဖုန်းများမှနေ၍ နိုင်ငံခြားသို တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင် ရေးအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီနှစ်ခုက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရတနာပုံ Call Center က သိရှိရသည်။
အဆိုပါစနစ်အရ နိုင်ငံခြားဖုန်းခေါ်ဆိုမှုအတွက် Y-talk Password နံပါတ်မလိုပဲ Call Center ကုတ်နံပါတ် (1877) ကိုနှိပ်၍  ညွှန်ကြားသည့်အတိုင်း ခေါ်ဆိုလိုသည့် နိုင်ငံသို့ ဆက်သွယ်ခေါ်ဆိုနိုင်မည် ဖြစ်သည်။
၎င်းစနစ်၏ အားသာချက်မှာ  ဖုန်းခေါ်ဆိုလိုသူများအနေဖြင့် အင်တာနက်ဆိုင်ကို သွားရောက်စရာမလိုဘဲ ကြိုးဖုန်း၊ မိုဘိုင်းလ်ဖုန်းများ အသုံးပြု၍ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။
“ အခုလက်ရှိမှာ ခေါ်ဆိုခနှုန်းထားများတွေတော့ မသတ်မှတ် ရသေးဘူး၊ ခေါ်ဆိုခ နှုန်းထား သတ်မှတ် ပြီးရင် တရားဝင် ထပ်မံထုတ်ပြန်ကြေညာသွားမှာပါ” ဟု Call Center မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
သုံးစွဲသူများအနေဖြင့် ဖုန်းခေါ်ဆိုခနှုန်းထားများအား မိမိ တယ်လီဖုန်းဘေလ်မှ ကျပ်ငွေဖြင့် ပေးဆောင်ရမည် ဖြစ်သည်။
 “ကျွန်တော်တို့က အရင်ကတည်းက ဒီလို လုပ်ဖို့ရှိတာပါ နောက်ပြီး မိုဘိုင်းဖုန်းတွေမှာလည်း  နိုင်ငံခြားဖုန်းခေါ် ဆိုနိုင်အောင် လုပ်ဖို့ရှိပါတယ် ခုလောလောဆယ်တော့ Call Center နဲ့ ဒီစနစ်ကို ပေါင်းပြီးလုပ်နေပါတယ် ” ဟု V MG Telecoms ကုမ္ပဏီတို့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုခဲ့သည်။
အဆိုပါ ဖုန်းခေါ်ဆိုမှုကို Y-talk Callingမှ နည်းပညာစနစ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက ဇူလိုင်လ အတွင်းရရှိအောင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
“အခုလို နိုင်ငံခြားကို တိုက်ရိုက်နီးပါး ဖုန်းခေါ်နိုင်မှာဆိုတော့ ကောင်းတယ်၊ ကျွန်တော်ဆို သားက စင်ကာပူ မှာလေ ဖုန်းခေါ်ခြင်ရင် Internet ဆိုင်ကို သွာရတယ်၊ အရေးကြီးရင် လွယ်လွယ်ကူကူ ဖုန်ခေါ်ဆိုလို မရဘူလေ ခုလို Call Centerနှင့် Y- talk Calling တို့ ပူပေါင်ပြီးလုပ်ပေးမှာဆိုတော့ အရင်ကထက်စာရင် ပိုကောင်တာပေါ့” ဟု လှည်းတန်းမှ ဦးဇော်ဝင်းက ဆိုသည်။ လက်ရှိအချိန်တွင် နိုင်ငံခြားသို့ဖုန်းခေါ်ဆိုလိုသူများအနေဖြင့် Pfingo နှင့် Skype ဆက်သွယ် စနစ်များကိုသာ အားထားခေါ်ဆိုနေရပြီး၊ နိုင်ငံအလိုက် တစ်မိနစ်လျှင် (၂၅)ကျပ် မှ ကျပ်(၂၀၀)၀န်းကျင်အထိ ရှိကြောင်း အင်တာနက်ဆိုင်များက သိရှိရသည်။
by Myit Makha

ဂျာမနီကို အနည်းဆုံး ဆီမီးလောက်အထိ ယုံနိုင်တယ်

http://img.bleacherreport.net/img/images/photos/001/751/861/Picture45_crop_exact.png?w=650&h=440&q=75




ကမ္ဘာ့ဖလားပွဲတွေမှာ ဂျာမနီဟာအစဉ်အလာကြီးမားဆုံးအသင်းဖြစ်သလို ယူရိုမှာလည်း အောင်မြင်မှုအမြင့်ဆုံးအသင်းဖြစ်သည်။
ယခု ၂၀၁၂ ယူရိုမှာ ဂျာမန်ဝါရင့်ကွင်းလယ်ကစားသမား ရှဝိန်းစတိုက်ဂါးရဲ့ ဖန်တီးမှုအားနဲ့ ဂျာမန်ရှေ့တန်းကစားသမား ဂိုမက်စ်ရဲ့ တိုက်စစ်တွေဟာ ဂျာမနီအသင်းကို အုပ်စုပထမနဲ့ ကွာတားတက်စေခဲ့တာ အမှန်ပင်ဖြစ်သည်။ ဂျာမနီဂိုးသမားနူအာသည်လည်း  ကမ္ဘာ့ထိပ်တန်းဂိုးသမားတစ်ယောက်ဖြစ်သည်။ယူရိုမစခင် လူငယ်ကစားသမားတွေဖြစ်တဲ့ အော့ဇီး၊ မူလာ၊ ခီဒီရာလို အလယ်တန်းတွေ၊ ဘန်ဒါ၊ ဟမ်မဲ၊ ဘတ်တူစတာ စတဲ့နောက်တန်းတွေပါဝင်သော ဂျာမနီဗိုလ်စွဲဖို့ထင်ကြေးဟာ နယ်သာလန်အသင်းထက်ပင် နိမ့်ခဲ့သည်။
ဒိန်းမတ်ကိုသရေကျရုံဖြင့် ဂျာမနီအုပ်စုတက်ရန်သေချာသော်လည်း အများမျှော်လင့်သလို သရေမကစားဘဲ အနိုင်ကစားသွားခဲ့သည်။ ထိုကဲ့သို့ ကစားအားနှင့် စိတ်ဓာတ်တို့သာ ရှေ့လာမည်ပွဲများတွင်ဆက်ရှိနေမည် ဆိုလျှင် ချန်ပီယံမဟုတ်ရင်တောင် ဂျာမနီကို အနည်းဆုံး ဆီမီးလောက်အထိ ယုံနိုင်သည်။

e-စနစ်



လှထွဋ်ဦး
http://api.ning.com/files/3hr00b0aUFMAWhvByfW16YqjjJG1ItRwd-UlDrbWpcjlyYw1XGOLRxGaabq81rLjrf4fgHfJ7aivVqAAm1toDBelOWLbInWz/cartoon_934l.jpg





ခေတ်

http://api.ning.com/files/-MZERZM*AIKTcS0muTetZkQu-62E6XIurIdxrQrGYd2kUpFBs3FVumoofRWgFzJT4rdCYn82jAVM8xEOb0v9EfAzAnBY6K6i/125048634319.jpg

ထီအရောင်းဆိုင်အချို့ တစ်စောင်လျှင် ကျပ်နှစ်ရာဖြင့် ဇွန်လလယ်ပိုင်းမှ စတင်ရောင်းချမှုများ ရှိလာ




ထီထိုးမှု လျော့ကျလာသောကြောင့် ထီအရောင်းဆိုင်အချို့ ထီတစ်စောင်လျှင် ကျပ်နှစ်ရာဖြင့် ဇွန်လလယ်ပိုင်းမှ စတင်ရောင်းချမှုများ ရှိလာကြောင်း ထီအရောင်းဈေးကွက်မှ စုံစမ်းသိရှိရပါသည်။

ထီအရောင်းဈေးကွက်အတွင်း ဆိုင်အများစုမှာ ထီတစ်စောင်လျှင် ကျပ် ၂၅၀ နှင့် ၃၀၀ ကျပ်အတွင်း ရောင်းချလျက်ရှိကြကာ ယခုလက်ရှိ အချိန်ကာလသည် မိုးရာသီကာလဖြစ်နေသည့်နည်းတူ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဆဲကာလလည်း ဖြစ်နေမှုများကြောင့် ထီကံစမ်းကြမှုများမှာ သိသိသာသာ လျော့ကျလာလျက်ရှိသည်။

''ဇွန်လဆန်းပိုင်းကစပြီး ထီကံစမ်းတဲ့သူတွေ သိသိသာသာ လျော့ကျနေတာ အခုဆိုရင် လ၀က်ရှိနေပါပြီ။ အရင်ကတော့ ထီတစ်စောင်ကို ကျပ် ၂၅၀ အနည်းဆုံးထားပြီး ရောင်းပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ထီကံစမ်းတဲ့သူ လျော့ကျလာတာကြောင့် အရောင်းမြင့်တင်တဲ့အနေနဲ့ ထီတစ်စောင်ကို ကျပ်နှစ်ရာ၊ အထူးမင်္ဂလာစုံတွဲကို ကျပ် ၆၂၀၀ နဲ့ ဇွန်လ ၁၅ ရက်နေ့ကစပြီး ရောင်းချနေပါတယ်။ အဲဒီလိုရောင်းမှပဲ ထီကံစမ်းသူ တက်လာတော့တယ်''ဟု ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓ္ဓုလလမ်းထောင့်ရှိ ထီအရောင်းဆိုင်တစ်ဆိုင်က ဆိုပါသည်။

Ref: Eleven Media Group

ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်း ကွယ်လွန်





ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း(အသက် ၇၁ နှစ်) သည် ဇွန်လ ၁၇ ရက်နေ့၊ ည ၁၁ နာရီ၊ မိနစ် ၃၀ အချိန်က ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးရုံ၌ နာတာရှည် အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆရာကြီး လူထုစိန်ဝင်းသည် ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရွှေဂုံတိုင် အထူးကုဆေးရုံကြီးသို့ ကျန်းမာရေးအခြေအနေကြောင့် တက်ရောက် ဆေးကုသမှုခံယူခဲ့ပြီး ည ၁၁ နာရီ၊ မိနစ် ၃၀ အချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆရာလူထုစိန်ဝင်းကို ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး မန္တလေး လဖုန်းအထိမ်းအမှတ် အထက်တန်းကျောင်း(Lafon Memorial High School) ၊ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်များတွင် ပညာဆည်းပူးခဲ့သည်။ ထို့နောက် ၁၉၆၄ ခုနှစ်တွင် လူထုသတင်းစာ၌ ဂျာနယ်လစ်တစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် လူထုသတင်းစာ ပိတ်သိမ်းခြင်းခံရပြီး ဆရာလူထုစိန်ဝင်းနှင့် အယ်ဒီတာငါးဦး ဖမ်းဆီးခံခဲ့ရသည်။ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရပြီး နိုင်ငံရေး အကျဉ်းသားများသာထားရှိသော ကိုကိုးကျွန်းသို့ ပို့ဆောင်ခံခဲ့ရကာ ၁၉၇၁ ခုနှစ်တွင် အင်းစိန်ထောင်သို့ ပြန်လည်ပြောင်းရွှေ့ခံခဲ့ရသည်။ ၁၉၇၆ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီး မကြာမီမှာပင် နောက်တစ်ကြိမ် ထောင်ဒဏ်လေးနှစ် ကျခံခဲ့ရပြန်သည်။ အင်းစိန်အကျဉ်းထောင်တွင် သုံးနှစ်ကြာ သီး ခြားထားရှိခြင်း ခံခဲ့ရပြီးနောက် လေဖြတ်ရောဂါခံစားရပြီး ၁၉၈၀ ခုနှစ်တွင် ထောင်မှပြန်လည်လွတ်မြောက်ခဲ့သည်။ ပြန်လည်လွတ်မြောက်ချိန်တွင် လေဖြတ်ပြီး ညာဘက် ကိုယ်တစ်ခြမ်းသေသွားရာမှ ဘယ်လက်ဖြင့် စာရေးကျင့်ပြီး စာပေများကို ဆက်လက်ရေးသားခဲ့သည်။ ထို့နောက် နေအိမ်၌ပင် အင်္ဂလိပ်စကားပြောသင်တန်းဖွင်လှစ်ခဲ့ပြီး စာပေရေးသားခြင်းနှင့် စာသင်ကြားခြင်းတို့ကို တွဲဖက် လုပ်ဆောင်ခဲ့ပါသည်။ မကွယ်လွန်မီအချိန်ထိ ကလောင်ခွဲ ၁၅ ခုဖြင့် ဆောင်းပါးများကို ရေးသားခဲ့သည်။ အထင်ရှားဆုံး ကလောင်ခွဲတစ်ခုမှာ ၀င်းဇော်ဖြစ်ပါသည်။
စာပေဖြတ်သန်းမှုအနေဖြင့် ၁၉၆၄ ခုနှစ်တွင် စောမိုခမ်းပင်ကိုယ်ရေး အချစ်ဝတ္ထု ထွက်ရှိခဲ့ပါသည်။ အဆိုပါခုနှစ်၌ပင် တောင်ဗီယက်နမ်မှ ငရဲခန်းများစာအုပ်ကို ၀င်းဇော်ကလောင်ဖြင့် ဘာသာပြန်ဆို ထုတ်ဝေခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် "အလံမလှဲစတမ်း" ဘာသာပြန်စာအုပ်ကို ၀င်းဇော်ကလောင်ဖြင့် ပထမဆုံး အကြိမ်ထုတ်ဝေခဲ့ပြီး ထိုစာအုပ်သည် ဆရာလူထုစိန်ဝင်း၏ အထင် ရှားဆုံးစာအုပ်ဖြစ်ခဲ့ပါသည်။ "အလံမလှဲစတမ်း" စာအုပ်ကို ၁၉၇၅ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် ထပ်မံထုတ်ဝေ ခဲ့ကြပါသည်။ ၁၉၆၆ ခုနှစ်တွင် ၀င်းဇော် အမည်ဖြင့်ပင် "အဖြူနဲ့အ၀ါ" ဘာသာပြန်စာအုပ် ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် "ရှက်စိတ်" ဆောင်းပါးပေါင်းချုပ်စာအုပ် ထွက်ရှိခဲ့ပါသည်။ ၁၉၉၉ ခုနှစ်နောက်ပိုင်း ထွက်ရှိခဲ့သည့် စာအုပ်များမှာ လူထုစိန်ဝင်း ကလောင်ဖြင့် ရေးသားသော စာအုပ်များဖြစ်ခဲ့ပြီး "မော်ဒန်လက်ဖက်ရည်ပန်းကန်ထဲမှ မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ၊ လူငယ်နဲ့အချစ်၊ အရှက်နဲ့ တန်ဖိုး၊ စာနယ်ဇင်း အရေးအသား ပုံစံသစ်" အစရှိသော စာအုပ်များ ထွက်ရှိခဲ့ပါသည်။ ၂၀၀၃ ခုနှစ် "သတင်းပညာသောင်းပြောင်းထွေလာ" စာအုပ်ထွက်ရှိခဲ့ပါသည်။
ဆရာလူထုစိန်ဝင်းသည် မျက်မှောက်ခေတ် မြန်မာစာပေလောကတွင် စာအရေးနိုင်ဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားသူဖြစ်သည်။ မည်သည့် အကြောင်းအရာကိုမဆို နိုင်ငံရေးအသိကို အခြေခံထားပြီး စဉ်းစားသုံးသပ်ရန် တိုက်တွန်းပြောဆိုလေ့ရှိသည့် ဆရာလူထုစိန်ဝင်း၏ စာများမှာလည်း နိုင်ငံရေးအသိ အခြေခံဖြင့် ချဉ်းကပ်ရေးသားခဲ့သော စာပေများဖြစ်ခဲ့သည်။ ထို့ပြင် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍သာမက လူမှုရေးနယ်ပယ်တွင်ပါ မှားယွင်းလွဲချော်နေသည့် အချက်များကို စာနယ်ဇင်း ကျင့်ဝတ်နှင့်အညီ အမှန်တရားဘက်မှ ရပ်တည်၍ အစဉ်တစိုက် ရေးသားခဲ့သူ ဖြစ်ပါသည်။
ဆရာလူထုစိန်ဝင်းသည် ပုံမှန်အားဖြင့် တစ်ရက်လျှင် ဆောင်းပါးနှစ်ပုဒ်နှုန်းဖြင့် ဆောင်းပါးများနေ့စဉ် ရေးသားခဲ့သည့် ၀ါရင့်သတင်းစာဆရာကြီး ဖြစ်ပါသည်။ အပတ်စဉ်ထုတ်ဂျာနယ်များတွင် ဆောင်းပါးများ ပုံမှန်ရေးသားလျက်ရှိနေသော ဆရာလူထု စိန်ဝင်းသည် ကျန်းမာရေးအခြေအနေကြောင့် ဆောင်းပါးရေးသားမှုများကို ၂၀၁၂ ခုနှစ် ဧပြီလအတွင်းမှ စတင်ပြီး ရပ်နားထားခဲ့ကြောင်း သိရသည်။
Ref: Eleven Media Group