ရွှေတိဂုံစေတီတော် ရင်ပြင်တွင် နိုင်ငံခြားသားအချို့ ရေသပ္ပါယ်နေသည်ကို တွေ့ရစဉ်
(ဓာတ်ပုံ-တိုးအောင်)
ရွှေတိဂုံစေတီတော်သို့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လကုန်အထိ လာရောက်ဖူးမြော်ကြသည့်
နိုင်ငံခြားသား ဧည့်သည် နှစ်သိန်းနီးပါး ၀င်ရောက်ခဲ့ကြောင်း
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံ မှ သတင်းရရှိပါသည်။
၂၀၁၁ ခုနှစ်အတွင်း ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြသည့်
နိုင်ငံခြားသားဧည့်သည် ၂၂၅၃၈၁ ဦးဝင်ရောက်ခဲ့ပြီး ဧည့်နိုင်ငံခြားသားများထဲတွင် ထိုင်းလူမျိုး ၅၂၈၁၅ ဦး၊ တရုတ်လူမျိုး ၂၇၅၆၉ ဦးနှင့်
ပြင်သစ်လူမျိုး ၁၃၄၇၈ ဦး ဖြင့် အများဆုံးတက်ရောက်ခဲ့ကြကြောင်း
သိရှိရပါသည်။
“ရွှေတိဂုံစေတီတော်ကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် သြဂုတ်လအထိ
နိုင်ငံခြားသားဧည့်သည် ၂၃၆၈၂၄ ဦးဝင်ရောက်ခဲ့ပါတယ်။ ထိုင်းလူမျိုးနဲ့
တရုတ်လူမျိုးများကတော့ ပုံမှန်တက်ရောက်မှုများကြပါတယ်။ နိုင် ငံခြားသားဧည့်သည်တက်ရောက်မှုကတော့ ပိုမိုများပြားလာနေပါတယ်” ဟု ရွှေတိဂုံစေတီတော်
ဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်ကပြောကြားခဲ့ပါသည်။
ထို့အပြင်ရွှေတိဂုံစေတီတော်သို့ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ထက် ၂၀၁၂
ခုနှစ်အတွင်း ပြင်သစ်လူမျိုးများ တက်ရောက်မှုမှာ ပိုမိုမြင့်တက်လာခဲ့ပြီး
ကိုရီးယားနှင့် ဂျပန်လူမျိုးများ ဘုရားပေါ်တက်ရောက်မှုမှာ အနည်း
ငယ်လျော့ကျသွားခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၁ ခုနှစ် သြဂုတ်လအထိ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်သို့ ပြင်သစ်လူမျိုး ၈၀၀၀ ကျော် တက်ရောက်ခဲ့ပြီး ယခုနှစ် ၂၀၁၂ ခုနှစ်
သြဂုတ်လအထိတွင်မူ ရွှေတိဂုံစေတီတော် ရင်ပြင်တော်သို့ ပြင်သစ် လူမျိုး ၁၃၆၆၃
ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
“တက်ရောက်မှု အများဆုံးနိုင်ငံတွေထဲမှာတော့ ထိုင်းနဲ့ တရုတ်လူမျိုးတွေပြီးရင် ပြင်သစ်ကတက်ရောက်မှု အများဆုံးနိုင်ငံတွေရဲ့ အဆင့်သုံးနေရာ၊
ကိုရီးယားလူမျိုး တက်ရောက်မှုအဆင့် လေးနေရာ၊ ဂျပန်လူမျိုးတက်ရောက်မှု
အဆင့်ငါးနေရာမှာ ရှိပါတယ်။ နောက်ပြီး ဂျာမန်လူမျိုးနဲ့ အမေရိကန်လူမျိုးများ ဘုရားပေါ်တက်ရောက်မှု သိသိသာသာများပြားလာပါတယ်”ဟု
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ယင်းအပြင် ၂၀၁၂ ခုနှစ်၊ သြဂုတ်လအထိ ရွှေတိဂုံစေတီတော်သို့
နိုင်ငံခြားသားများမှ အလှူငွေ အမေရိကန်ဒေါ်လာ ၈၉၉၇၀၆ ရရှိခဲ့ပြီး ၆၂၉၄၉ FEC
ရရှိခဲ့ကြောင်း သိရှိရပါသည်။
Ref: Eleven Media group
No comments:
Post a Comment