Monday, September 10, 2012

တိုက်အနောက်ဘက် (၆) လွှာမှ အရေးပေါ်လှေကား နှင့်အတူ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု အလုံမြို့နယ်၌ ဖြစ်ပွား

74912
 သေဆုံးသူအား ဆေးရုံသို့ ပို့ဆောင်နေသည်ကို တွေ့ရစဉ်
တိုက်အနောက်ဘက် (၆)  လွှာမှ အရေးပေါ်လှေကားနှင့်အတူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ် ဦး ပြုတ်ကျသေဆုံးမှု တစ်ခုအလုံ မြို့နယ်၌ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အလုံမြို့နယ် စောရန်ပိုင်(မြောက်)ရပ်ကွက်၊ ငုဝါလမ်း၊ တိုက်အမှတ် ၂၀၀၊ ၆လွှာ/ A မှ သေဆုံးသူ မသက်ထက်စံ အသက် (၂၃) နှစ် သည် မွန်းတည့် ၁၂ နာရီအချိန် ၀န်းကျင်ခန့်တွင် အိမ်နောက်ဖက် အရေးပေါ်လှေကား၌ ဖုန်းပြောနေစဉ် ယင်းလှေကားနှင့်အတူ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းဖြစ်စဉ် ဖြစ်ပွားပြီး ချိန်တွင် ၀ဲဘက်နောက်စေ့စုတ်ပြဲ၊ ၀ဲဘက်မေးရိုးကျိုး၊ နှာခေါင်း၊ ပါးစပ်နှင့် ၀ဲဘက်ခြေထောက်များ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဋ္ဌာနသို့ ပို့ဆောင်ခဲ့ ပြီး မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
74912a
“ကျွန်တော်တို့အိမ်အနောက်ဖက်မှာ ၀ုန်းဆိုပြီးအသံကြားတော့ ဘာဖြစ်တာလဲဆိုပြီး သွားပြေးကြည့် တာ။ နောက်ဖေးလမ်းကြားမြောင်းထဲမှာ အမျိုးသမီးတစ်ယောက် လဲကျနေတာ တွေ့လိုက်ရတယ်။ သူ့ဘေးမှာလဲ အရေးပေါ်လှေကား အဆွေးကြီးတစ်ခု တွေ့ရတယ်။ တိုက်အပေါ်ကိုကြည့် လိုက်တော့ အောက်ကလှေကားတွေပါ သူကျလာတဲ့အရှိန်ကြောင့် ပျက်နေတာကိုတွေ့ရတယ်“ ဟု ၎င်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် တိုက်အနီးတွင် နေထိုင်သူတစ်ဦးကပြောခဲ့သည်။
“ကျွန်မသိသလောက်ကတော့ ဒီတိုက်ဆောက်ထားတာ နှစ်ပေါင်းဆယ်နဲ့ချီပြီး မရှိသေးပါဘူး။ တိုက်မှာ အကြောင်းတစ်စုံတရာ ဖြစ်ခဲ့ရင် ပြေးထွက်ဖို့ထားတဲ့အရေးပေါ်လှေကားက ဒီလိုမခိုင်မမာ၊ ဆွေးနေမှတော့ ဒီလှေကားကြောင့် တစ်ခုခုဖြစ်ရတော့မလိုပါပဲ“ဟု အဆိုပါဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးကပြော ပါသည်။
သေဆုံးသူသည် ၎င်းနေထိုင်ရာ တိုက်ခန်းတွင် အမဖြစ်သူနှင့် နှစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားချိန်တွင် နေအိမ်၌ ၎င်းတစ်ဦးတည်းသာ ရှိကြောင်း သိရသည်။

No comments:

Post a Comment