Tuesday, October 23, 2012

အကြီးအကဲတစ်ချို့အတုယူပါ

မြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ၎င်းခံစားခွင့်ရှိသော လစာငွေကျပ်သိန်းငါးဆယ်ကို မယူဘဲ ယခင်အစိုးရလက်ထက် နိုင်ငံအကြီးအကဲ၏ လစာနှုန်းဖြစ်သော ကျပ်ဆယ့်ငါးသိန်းကိုသာ ရယူခံ စားနေကြောင်း ပြောကြားသည်။ တိုင်းပြည်စီးပွားရေးမဖွံ့ဖြိုးသေး၍ ၀န်ထုပ်ဝန်ပိုးမဖြစ်အောင် ဥပဒေအရ ကျပ်သိန်းငါးဆယ်ခံစားခွင့်ရှိသော်လည်း ယခင်အစိုးရလက်ထက်ကနှုန်းအတိုင်းသာ ရယူခံစားခြင်းဖြစ်ပြီး ထိုနှုန်းမှာ ကုမ္ပဏီကြီးများတွင် တာဝန်ထမ်းဆောင်နေသော အဆင့်မြင့်ဝန်ထမ်းတစ်ဦး၏ လစာခန့်သာရှိကြောင်း သမ္မတကြီးကိုယ်တိုင်က  အောက်တိုဘာလ ၂၁ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

Ref: 7Day News Journal.

မင်းပြားနှင့် မြောက်ဦးမြို့နယ်တို့တွင်ဖြစ်ပေါ်ခဲ့သော မီးလောင်မှုသတင်းအား ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်

ရခိုင်ပြည်နယ်အတွင်း မင်းပြားမြို့မှ စတင်ခဲ့သော မီးလောင်မှုများတွင် ရှို့သောမီးများဖြစ်ကြောင်းနှင့် ယင်းမှ တဆင့်ကူးစက်မှုများ ဖြစ်ပေါ်ခဲ့ရာ နောက်ဆုံးရသတင်းများအရ အိမ်ခြေ ၃၂၀ ခန့် မီးလောင်ကျွမ်း ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
ဦးစွာဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနက် မင်းပြားမြို့တွင် ဖြစ်ပွားသောဖြစ်စဉ်မှာ မင်းပြားမြို့၊ ပိုက်သည်ရွာ တွင် ၂၁ ရက်နေ့ည ၁၀ နာရီခန့်တွင် ဘင်္ဂလီလူမျိုး ဘူတီးယာနှင့် သူ့ဇနီးအမီနာခါတူတို့ အချင်းများ ရန်ဖြစ်နေကြသည်ကို ရွာချင်းထိစပ်နေသည့် ကင်းဆိပ်ရွာနေဦးစံသိန်းမှ သူ့နေအိမ်ဘက်မှ လှမ်းကြည့်ရာ တွင် ဘူတီးယာက မကျေနပ်သဖြင့် ဦးစံသိန်းအား လေးဂွဖြင့်ပစ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အား

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ နိုဝင်ဘာလအတွင်း ထွက်ပေါ်လာဖွယ်ရှိ

၂၀၁၂၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၌ နိုင်ငံတော်သမ္မတက ပေးပို့လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းအပေါ် သဘောထားမှတ်ချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင် ခံစာကို ထုတ်ပြန်ခဲ့သဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေမှာ နိုဝင်ဘာလအတွင်း ထွက်ပေါ်လာဖွယ် ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ပြောခဲ့သည်။

Wednesday, October 17, 2012

ပြည်ပသို့ Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူရန်မရှိကြောင်း ၀န်ကြီးဌာနအင်ဂျင်နီယာချုပ်ပြောကြား

ပြည်ပသို့  Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူမှုများ ပြုလုပ်ရန် မရှိကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။
အင်တာနက်နှင့် ပြည်တွင်းမီဒီယာအချို့တွင် ဖော်ပြနေသကဲ့သို့ မိုဘိုင်းဖုန်းများတွင် Viber စနစ် ထည့်သွင်း၍ ပြည်တွင်း၊ ပြည်ပသို့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ပါက ဖုန်းလိုင်းဖြတ်တောက်ခြင်းနှင့် တရားဆွဲ ဆိုမှုများ ပြုလုပ်သွားမည်မဟုတ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ''မီဒီယာအချို့မှာ ဖော်ပြနေတဲ့ Viber စနစ်ကိုသုံးရင် အရေးယူမယ်။လိုင်းဖြတ်မယ်ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ Viber  စနစ်နဲ့ ဖုန်းခေါ်တာ ပြည်သူတွေအကျိုးရှိနေတာပဲ။ ဘာမှအရေးယူဆောင်ရွက် တာတွေ ပြုလုပ်ဖို့မရှိပါဘူး''ဟု ပြောကြားခဲ့သည်။

ရုပ်ရှင်ကြည့်ရှုနေသည့် ပရိသတ်တစ်ဦး သတိလစ်ပြီး သေဆုံးမှုဖြစ်ပွားခဲ့

ရုပ်ရှင်ကြည့်နေသည့် ပရိသတ်တစ်ဦး သတိလစ်ပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
သတိလစ်ပြီး သေဆုံးသွားသည့် ပရိသတ်တစ်ဦးကို ရုပ်ရှင်ပြီးဆုံးချိန်တွင် သန့်ရှင်းရေးပြုလုပ်ချိန်၌ ထိုင်ခုံအောက်၌ သတိလစ်နေသည်ကို တွေ့ရှိရ၍ ဆေးရုံသို့ကုသရန် သွားရောက်စဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသူမှာ အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ သိမ်ကြီးဈေး (ဒီ) ရုံရှိ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံ၊ ထိုင်ခုံအမှတ် H.. တွင် မွန်းလွဲ ၃နာရီခွဲအချိန်ပွဲကို လာရောက်ကြည့်ရှုခဲ့သူ ပရိသတ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
အလောင်းကို ရန်ကုန်ဆေးရုံမှ ပီအာရ်-၀၇၁ ဖြင့်လက်ခံထားပြီး လသာရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၉/၂၀၁၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Wednesday, October 10, 2012

ကီလိုမီတာ ၇၀၀၀ ကျော်ကို မောင်းနှင်ရက် ၂၀ ကျော်ကြာမောင်းနှင်ယှဉ်ပြိုင်ရမည့် အာဆီယံကားမောင်းပြိုင်ပွဲသို့ မြန်မာအနုပညာရှင်များပါဝင်ယှဉ်ပြိုင်မည်

ခရီးအရှည်ကီလိုမီတာ ၇၀၀၀ ကျော်ကို မောင်းနှင်ရက် ၂၀ ကျော်ကြာ မောင်းနှင်ယှဉ်ပြိုင်ရမည့် အာဆီယံ ကားမောင်းပြိုင်ပွဲသို့ မြန်မာအနုပညာရှင်များပါဝင်ယှဉ်ပြိုင်ရန်စီစဉ်ထားသည်ဟု သတင်းရရှိသည်။
အဆိုပါကားမောင်းပြိုင်ပွဲသို့ မြန်မာအနုပညာရှင်များပါဝင်နိုင်ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တစ်ဆင့် တရားဝင်ဖိတ်ခေါ်လာခြင်းဖြစ်သည်။
"အာဆီယံကားမောင်းပြိုင်ပွဲကို မြန်မာအနုပညာရှင်တွေဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လာတာနဲ့ တာဝန်ရှိ သူတွေနဲ့သွားပြီး ဆွေးနွေးဖြစ်ပါတယ်။ ရက်ပေါင်း နှစ်ဆယ် ကျော်ကြာမောင်းရမှာဖြစ်သလို မောင်းရမယ့် ခရီးအကွာအဝေးကလည်း ကီလိုမီတာ ၇၀၀၀ ကျော်ဖြစ်တာကြောင့် သူတို့အနေနဲ့ စိတ်ပါဝင်စားတဲ့ အနုပညာရှင်တွေထဲက ပြန်လည်ရွေးချယ်သွားမယ်လို့သိရပါတယ်။ အဓိကတော့ ခရီးဝေးကားမောင်းနိုင်တဲ့

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ တင်သွင်းရမည့် ကားများအတွက် မော်ဒယ်တစ်နှစ်ထပ်မံတိုးမြင့်ပေးမည်၊ ကား CIF ဈေးများ ပြောင်းလဲရန် အစီအစဉ်မရှိ

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ တင်သွင်းရမည့်ကားများအတွက် မော်ဒယ်တစ်နှစ် ထပ်မံ တိုးမြင့်ပေးမည်။
လက်ရှိတင်သွင်းရန် သတ်မှတ်ထားသည့်ကား၏ CIF ဈေးများကို ပြောင်းလဲရန် အစီအစဉ် မရှိသေးကြောင်းနှင့်  ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ တင်သွင်းရမည့်ကားများအတွက် မော်ဒယ် တစ်နှစ် ထပ်မံတိုးမြင့်ပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ကားဟောင်းများအပ်နှံ၍ အသစ်ပြန်လည်တင်သွင်းသည့်ကားများအတွက်ဖြစ်စေ၊ တစ်ဦးချင်း တင်သွင်း သည့် အစီအစဉ်အရ တင်သွင်းသည့် ကားများအတွက်ဖြစ်စေ တင်သွင်းရန် လက်ရှိသတ်မှတ်ပေးထားသည့် ကားမျိုးစုံအတွက် CIF ဈေးများကို ပြင်ဆင်လျော့ချရန် အစီအစဉ်မရှိကြောင်း၊ လျော့ချမည့်အစီအစဉ် အတွက်လည်း ဆွေးနွေးမှုမရှိကြောင်း၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပ

 ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်နေပြီး မြန်မာနိုင်ငံဒေသအချို့၌ မုန်တိုင်း၏ သက်ရောက်မှုကြောင့် နေရာကွက်၍ မိုးသည်းထန်မှုများ ဖြစ်ပေါ်

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စတင်ဖြတ်ကျော်နေပြီဖြစ် ပြီး မြန်မာနိုင်ငံတွင် ဒေသအချို့၌ မုန်တိုင်း၏ သက်ရောက်မှုကြောင့် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။
''မုန်တိုင်းက ဘင်္ဂလားဒေ့ရှ်ကို ဖြတ်နေပါပြီ။ ရခိုင်ပြည်နယ် မောင်တော၊ ကျောက်ဖြူဘက်မှာတော့ မိုးရွာနေ တယ်။ မောင်တောမှာ ၁၆၉ မီလီမီတာလောက်အထိ မိုးရွာတယ်။ လေက တစ်နာရီကို ၄၅ မိုင်နှုန်း တိုက်နေ

လက်နက်ပါဝင်သည့် ကွန်တိန်နာအား အကောက်ခွန်ဦးစီးဌာနမှသာ စစ်ဆေးခဲ့သဖြင့် ယင်းဌာနတွင် တာဝန်ရှိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူပြောကြား

ကွန်တိန်နာအတွင်း ပစ္စတိုသေနတ်၁လက်နှင့် ကျည်ကဒ်များပါဝင်သည့် ကွန်တိန်နာအား  ဆိပ်ကမ်းတွင် လုံခြုံရေးအရ  အကောက်ခွန်ဦးစီးဌာနမှသာ စစ်ဆေးခဲ့သဖြင့် ယင်းဌာနတွင် တာဝန်ရှိကြောင်း စုံစမ်း စစ်ဆေးရေးအဖွဲ့တွင်ပါဝင်သည့် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
''ကွန်တိန်နာကို ဆိပ်ကမ်းမှာ လုံခြုံရေးအရစစ်ဆေးခဲ့တာ အကောက်ခွန်ဦးစီးဌာနတစ်ခုတည်းဖြစ်ပြီး၊ တစ်ခြားဌာနတွေမပါဘူးဆိုတာ စစ်ဆေးတွေ့ရတယ်။ ဒါကြောင့်မို့ အကောက်ခွန်ဦးစီးဌာနမှာ တာဝန် ရှိတယ်ဆိုတာ တွေ့ရှိရပါတယ်'' ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ရန်ကုန်မြို့ ကောင်းကင်ယံတွင် အလင်းရောင်အကွက်အချို့ ဖြစ်သော အကြောင်းအရင်း

Oct 9, 2012 10:49pm
အောက်တိုဘာ ၉ ရက်နေ့ညက ရန်ကုန်မြို့ ကောင်းကင်ယံတွင် အလင်းရောင်အကွက်အချို့ ဖြစ်ပေါ်နေ သည်ကို မြင်တွေ့သူ မြို့ခံအချို့ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပြီး ထင်ကြေးအမျိုးမျိုး ပေးခဲ့သည်။
ကောင်းကင်ယံတွင် အလင်းရောင်အကွက်များ ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းမှာ ရန်ကုန်ယူနိုက်တက် အသင်းပိုင် (လှိုင်) မြက်ခင်းတုကွင်းအတွင်း၌ ထူးကုမ္ပဏီအုပ်စု (ထူးဖောင်ဒေးရှင်း) မှ ပရဟိတလုပ်ငန်းများ တွင် အခမဲ့ပါဝင်ကူညီရန် မီးဆလိုက်များ၊ အသံစနစ်များ စသောစက်ပစ္စည်းများ စမ်းသပ်မှုပြုလုပ်ရာမှ ဆလိုက်မီးရောင်များ ကောင်းကင်ယံတွင် ဖြတ်သန်းခဲ့၍ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း တာဝန် ရှိသူတစ်ဦးက ပြောသည်။
"မနေ့ည ၇ နာရီခွဲလောက်ကနေ ၁၁ နာရီဝန်းကျင်လောက်အထိ အင်တာတိန်းမင့်စက်ပစ္စည်းတွေ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ အိုင်းရင်းခရော့စ်၊ အင်ပါယာတီးဝိုင်းတွေ အဆိုတော်တွေနဲ့ စမ်းတာပါ။ ထူးဖောင်ဒေးရှင်းက ပြုလုပ်မယ့် ရန်ပုံငွေပွဲတွေအတွက် စမ်းသပ်တာပါ"ဟု ရန်ကုန်ယူနိုက်တက်အသင်း အုပ်ချုပ်သူ ဦးအောင်ကျော်လွင်က ပြောသည်။
 
Ref: 7Day News Journal

Breaking News

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇောသည် ကျန်းမာရေးမကောင်းသဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့ တွင် ဆေးကုသမှုခံယူနေရာမှ ယနေ့ (အောက်တိုဘာ ၁၀ ရက်) နံနက် ၃ နာရီတွင် ဆုံးပါးသွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။ အသက် ၉၃ နှစ်ရှိပြီဖြစ်သော ဗိုလ်မှူး ချုပ်ကျော်ဇောသည် ယခုနှစ်ပိုင်းတွင် ကျန်းမာရေးဆိုးရွားလာခဲ့ပြီး မကွယ်လွန်မီက ရွှေတိဂုံဘုရားကို ဖူးမျှော်ရန် ဆန္ဒရှိခဲ့သည်။

Ref: 7Day News Journal

Tuesday, October 9, 2012

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် သွားလာရေးခက်ခဲသည့်ဒေသများမှ ဆေးတက္ကသိုလ်ဝင်ခွင့်ရသူများအား မကွေးဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ပြုမည်

၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀နှင့် သွားလာရေးခက်ခဲသည့်ဒေသများမှ ဆေးတက္ကသိုလ်ဝင်ခွင့်ရသူများအား မကွေးဆေး တက္ကသိုလ်သို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာဦးစီးဌာနမှ သိရ သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးအတွက် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသည့်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ ဆေးပညာကို အမှန်တကယ်ဝါသနာပါပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်နိုင်မည့် အရည်အသွေးပြည့်ဝသည့် ဆေးပညာရှင်၊ ဆရာဝန်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ခေါ်ယူ

ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင်တွင် သတ်မှတ်ချိန်ကျော်သွား၍ ၀န်ထမ်းတစ်ဦးမှ ပြန်ခိုင်းခြင်းကြောင့် မကျေနပ်သည့်လူတစ်စုက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာ အခြားသူများကိုပါ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့

အောက်တိုဘာလ ၁ ရက်နေ့
ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင်ဝန်ထမ်းတစ်ဦးမှ ညကိုးနာရီကျော်သွား၍ ပြန်ခိုင်းရာမှစ၍ မကျေမနပ်ဖြစ်နေသူများက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာဖြင့် အခြားသူများကိုပါ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁ ရက်နေ့ ည ၉နာရီကျော်တွင် ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင် လုံခြုံရေးဝန်ထမ်းတစ်ဦးက ကန်ဘောင်ပေါ်မှ ဆင်းခိုင်းခဲ့သဖြင့် မကျေမနပ်ဖြစ်နေသောသူများက ည ၁၁ နာရီဝန်းကျင်တွင် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အဆိုပါဝန်ထမ်းကို ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်

အေးရှားဝေါလ်ကုမ္ပဏီမှ အသေးစားလုပ်ငန်းရှင်များကို ပေးရန်ရှိသည့် ငွေကျပ် ၁ ဒသမ ၁ ဘီလျံကျော်ကို ၁၉ လကြာသည်အထိမပေး၍ အသေးစားလုပ်ငန်းရှင်များ လုပ်ငန်းရပ်ဆိုင်းထားရ၊ သုံးလအတွင်းမပေးပါက အေးရှားဝေါလ်ကုမ္ပဏီကို တရားစွဲမည်

 mt3
 အေးရှားဝေါလ်ကုမ္ပဏီနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့သာ စီးပွားရေးလုပ်ငန်းရှင်များ ရှင်းလင်းပြောကြားနေစဉ်

နေပြည်တော်နှင့် အခြားမြို့ရွာများ၌ တည်ဆောက်သည့် လုပ်ငန်းများလုပ်ကိုင်ရာတွင် အေးရှားဝေါလ် ကုမ္ပဏီမှတစ်ဆင့် ပြန်လည်လုပ်ငန်းအပ်နှံခိုင်းစေသည့် အသေးစားလုပ်ငန်းရှင်များအား ပေးရန်ရှိသည့် လုပ်အားခနှင့်စိုက်ထုတ်ပစ္စည်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၁ ဘီလျံကျော်အား မပေးသည့်အတွက် အဆိုပါ အသေးစားလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများရပ်ဆိုင်းထားရသည်ဟု သတင်းရရှိပါသည်။
အေးရှားဝေါလ်ကုမ္ပဏီ၏ Subcontractor အနေဖြင့် ဆယ်စုနှစ်တစ်စုနီးပါးကြာ လက်တွဲလုပ်ခဲ့သည့် အသေးစားတိုင်းရင်းသားလုပ်ငန်းရှင် ၁၀ ဦးအနေဖြင့် အေးရှားဝေါလ်မှ အပ်နှံသည့်လုပ်ငန်းများကို

တာဝန်မဲ့ရေးသားသော အင်တာနက်ဝက်ဘ်ဆိုက်အချို့နှင့် Facebook Account အချို့၏ မမှန်ကန်သောအချက်အလက်များကို တာဝန်သိသူများကဖော်ထုတ်ထောက်ပြရန် တာဝန်ရှိသည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

တာဝန်မဲ့ရေးသားသော အင်တာနက်ဝက်ဘ်ဆိုက်အချို့နှင့် Facebook Account အချို့၏ မမှန်ကန်သော အချက်အလက်များကို တာဝန်သိသူများက ဖော်ထုတ်ထောက်ပြရန် တာဝန်ရှိသည်ဟု မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
အောက်တိုဘာလ ၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင်ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်း စုကြည်၏ အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် Eleven Media Group မှ မေးမြန်းခဲ့သည့် မေးခွန်း များနှင့်ပတ်သက်၍ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ Grand Royal နှင့် အင်္ဂလန်ပရီးမီးယားလိဂ်မှ Chelsea အသင်းတို့ ၂နှစ် အကျိုးတူပူးပေါင်းမှုစာချုပ် လက်မှတ်ရေးထိုး၊ မြန်မာနိုင်ငံရှိ လူငယ်များအတွက် အားကစား သင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန် စိတ်ဝင်စားကြောင်း CHELSEA အသင်း တာဝန်ရှိသူပြောကြား

oct9h4
 Mr. Adrian New (MD, Chelsea FC Asia Pacific) နှင့် ဦးအောင်မိုးကျော် (ဥက္ကဌ၊ IBTC) တို့ အမှတ်တရပစ္စည်း လဲလှယ်နေစဉ်
မြန်မာနိုင်ငံမှ Grand Royal နှင့် အင်္ဂလန် ပရီးမီးယားလိဂ်မှ Chelsea FC အသင်းတို့သည် ၂နှစ် အကျိုးတူပူးပေါင်းမှုစာချုပ်လက်မှတ် ရေးထိုးပွဲကို အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ တရားဝင်ပူးပေါင်းမှုမှာ ၂နှစ်တာ ကာလအတွက်ဖြစ်ပြီး Grand Royal သည် မြန်မာနိုင်ငံ တွင် Chelsea FC ၏ တရားဝင်ပါတနာဖြစ်သွားပြီး ဖြစ်ကြောင်း၊ Grand Royal Whisky က Chelsea FC ၏ တရားဝင် ဝီစကီဖြစ်ပြီး Grand Royal Drinking Water မှာ Chelsea FC ၏ တရားဝင်သောက်ရေ သန့် ဖြစ်သွားပြီဖြစ်ကြောင်း သိရှိရသည်။

Monday, October 8, 2012

စက်သုံးဆီဆိုင် ၂၃ ဆိုင်ကို ၀င်စစ်ရာ ၂၁ ဆိုင် အခြင်အတွယ်မပြည့်ကြောင်း တွေ့

ရန်ကုန်၊ အောက်တိုဘာ-၆

စွမ်းအင်ဝန်ကြီးဌာနက ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၂၃ အား အောက်တိုဘာ ၆ ရက်နေ့က ရှောင်တခင်စစ်ဆေးရာ ဆိုင်ပေါင်း ၂၁ ဆိုင်ရှိ ပန့်များမှာ သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိဘဲ လျော့နည်းနေသည်ကို တွေ့ရှိရကြောင်း စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတ်မ
ှတ်အခြင်အတွယ်ပြည့်မီခြင်းမရှိသည့် ဆိုင်ပိုင်ရှင်များထံသို့ တရားဝင်စာဖြင့် သတိပေးသွား မည်ဖြစ်ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက စက်သုံးဆီသိုလှောင် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ကို ပြန်လည် သုံးသပ်သွားမည်ဟုလည်း ကြေညာချက်တွင်ပါ ရှိသည်။
''တက္ကသိုလ်ရိပ်သာလမ်းက မြ၀တီဆိုင်မှာ ဆီထည့်တုန်းက ဂိတ်ကမတက်ဘူးလို့ပြောတော့ ၀န်ထမ်း က ပြန်ပြောတယ်။ တစ်သောင်းဖိုးထည့်တာတောင် ဂိတ်ကမတက်ဘူးလို့ ပြောတယ်။ အဲဒီကတည်းက အဲဒီဆိုင်မှာ တစ်ခါမှမထည့်တော့ဘူး'' ဟု အငှားယာဉ်မောင်းသူကိုစန်းလင်းအောင်က ပြောသည်။
များသောအားဖြင့် ဓာတ်ဆီတစ်ဂါလံတွင် ၄ ဒသမ ၅ လီတာရှိသော်လည်း မပြည့်သော ဆိုင်များ၌ လီတာဝက်ခန့်လျော့သည်ကို တွေ့ရှိရကြောင်း ကိုစန်းလင်းအောင်က ပြောသည်။
သတ်မှတ်အခြင်အတွယ် မပြည့်မီသော ဆိုင် ၂၁ ဆိုင်ထဲတွင် နာမည်ကြီးကုမ္ပဏီများက ဖွင့်ထားသော ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ထူးထရေးဒင်းကုမ္ပဏီ၊ တော်လှန်ရေးပန်းခြံရှေ့၊ ဦးဝိစာရလမ်းရှိ DENKO ကုမ္ပဏီ၊ တာမွေမြို့နယ်ရှိ မက်စ်မြန်မာကုမ္ပဏီ၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ နီလာရိုးမကုမ္ပဏီ၊ တောင်ဥက္ကလာပမြို့နယ် မင်္ဂလာလမ်းထောင့်နှင့် ရတနာလမ်းထောင့်ရှိ ရာဇာမင်းကုမ္ပဏီ၊ ကန်သာယာလမ်း မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ ရွှေတောင်ကုမ္ပဏီ၊ ရန်ကုန်-ပြည်လမ်း မင်္ဂလာဒုံမြို့နယ် ဧရာရွှေဝါကုမ္ပဏီ၊ ပန်းပင်ကြီးကြည့်မြင်တိုင် မြို့နယ်ရှိ Petro Green (ယုဇနကုမ္ပဏီ)၊ ဦးဝိစာရလမ်း ဒဂုံမြို့နယ်ရှိ လင်းလက်အောင် (မြ၀တီထရေးဒင်း) ကုမ္ပဏီတို့ ပါဝင်သည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုလျာထားစာရင်းတွင် သမ္မတဦးသိန်းစိန်ပါဝင်

စတော့ဟုမ်း၊ အောက်တိုဘာ ၈

ယခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လျာထားစာရင်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပါရှိနေကြောင်း AFP သတင်းအရသိရသည်။ 
နိုဘယ်ငြိမ်းချမ်းရေးဆုကော်မတီက အမည်စာရင်းတင်သွင်းခံရသူများ၏ အမည်များကို ထုတ်ဖော်ပြော ကြားလေ့မရှိသော်လည်း နော်ဝေနိုင်ငံအော်စလိုမြို့ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု့အကြီးအကဲ Mr.Kristian Berg Harpviken ကအဆိုပါကော်မတီ၏ လုပ်နည်းလုပ်ငန်းကို လေ့လာပြီး ဆုရရှိနိုင်ခြေရှိသူ လျာထားအတိုချုပ်စာရင်းအား နှစ်စဉ်ထုတ်ပြန်လေ့ရှိသည်။
ယခုနှစ်အတွက် ထုတ်ပြန်သော ငြိမ်းချမ်းရေးနိုဘယ်ဆုလျာထားစာရင်းတွင် သမ္မတဦးသိန်းစိန်နှင့်အတူ အကြမ်းမဖက်ငြိမ်းချမ်းစွာ တော်လှန်ရေးဆိုင်ရာကျွမ်းကျင်သူ အမေရိကန်နိုင်ငံသား Dr . Sharp ၊ရုရှားသူ အခွင့်အရေးအုပ်စု Memorial တည်ထောင်သူ Ms Svetlana Gannushkina ၊ အမှီအခိုကင်းသော ရုရှားမီဒီယာအဖွဲ့ Echo of Moscow တည်ထောင်သူ Mr Alexei Venediktov ၊ ဘာသာရေးအား လွဲမှားစွာအသုံးပြုခြင်းကိုဆန့်ကျင်သူ နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ဦးတို့ ပါဝင်ကြသည်။ ငြိမ်းချမ်းရေးနိုဘယ် ဆုရှင်အား အောက်တိုဘာလ ( ၁၂ )ရက်တွင်ကြေငြာမည်ဖြစ်သည်။

Ref - AFP

နိုင်ငံတော်သမ္မတဦးသိန်းစိန် တောင်ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားသမ္မတ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် မှ တောင်ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း၊ လျပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီး ဦးရဲမြင့်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနဒုတိယ ၀န်ကြီး ဦးဟန်စိန်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရှိရသည်။ 
သမ္မတဦးသိန်းစိန်သည် ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတနှင့် တွေ့ဆုံမည်ဖြစ်ပြီး တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံရန်ရှိကာ စက်ရုံအလုပ်ရုံများကို လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

 MMA လက်ဝှေ့သမား ကချင်တိုင်းရင်းသား အောင်လအန်ဆောင်က ဆုကြေးငွေများအား ကချင်ဒုက္ခသည်များကို လှူဒါန်းမည်

8019a
MMA လက်ဝှေ့သမား အောင်လအန်ဆောင်နှင့် အောက်တိုဘာလ ၁၃ ရက်တွင်
ထိုးသတ်မည့် ပွဲကြော်ငြာအား တွေ့ရစဉ်

















အမေရိကန်နိုင်ငံတွင် ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သော Mixed Martial Artist MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ကချင်တိုင်းရင်းသား အောင်လအန်ဆောင် ကလာ မည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထိုးသတ်ရမည့်ပွဲစဉ်မှ ရရှိသောငွေများအား ကချင်ဒုက္ခသည်များ အား ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်မြစ်ကြီးနား ဇာတိဖြစ်သူ အောင်လအန်ဆောင်သည် အမေရိကန်နိုင်ငံ မစ်ချီကန်ပြည်နယ် အင်ဒရူးတက္ကသိုလ်မှ စီးပွားရေးနှင့် မွေးမြူရေးသိပ္ပံဘွဲ့ရရှိခဲ့သူတစ်ဦး ဖြစ်ပြီး Mixed Martial Artist ပညာကို ၂၀၀၄ ခုနှစ်မှစတင် သင်ကြားခဲ့သူတစ်ဦး ဖြစ်သည်။

8019

The Burmese Python ဟု အမည်ပြောင်ခေါ်ကြသော အောင်လအန်ဆောင်သည် ၂၀၀၇ ခုနှစ်မှ စတင်ကာ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ လက်ရှိအချိန်အထိ ၂၃ ပွဲယှဉ်ပြိုင်ကစား အပြီးတွင် ၁၅ ပွဲနိုင်၊ ၈ပွဲ ရှုံး၊ သရေပွဲ မရှိစံချိန်ရရှိထားသူဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ Rollins Center တွင် မိုက်ဝယ်ကော့ခ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။
လက်ရှိကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ သည့် ကချင်တိုင်းရင်းသားများ နှင့်ပတ်သက်၍ အောင်လအန်ဆောင်က “ ကျွန်တော်ကငယ်ငယ်လေးက တည်းကမြန်မာနိုင်ငံမှာ ကြီးပြင်းလာတာပါ။ ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ကျွန်တော် ကြားသိနေရပါတယ်။ ဒါကြောင့် လာမယ့် အောက်တိုဘာလ ၁၃ ရက် မှာ ထိုးမယ့်ပွဲကနေ ရလာတဲ့ငွေတွေ၊ စပွန်ဆာကြေးတွေ၊ လက်မှတ်ရောင်းရငွေတွေအားလုံးကို ကချင်ဒုက္ခသည်တွေဆီကို လှူဒါန်းမှာပါ။ ဒုက္ခရောက်နေတဲ့ သူတွေဆီကိုလည်း ကျွန်တော့်မှာရှိတဲ့ နည်းလမ်းတွေနဲ့ အားပေး စကားပြောကြားမှာပါ။ သူတို့ရဲ့ငိုသံတွေကို ကျွန်တော်နားထဲမှာ အမြဲကြား နေရပါတယ်”ဟု ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး ဥပဒေကြမ်း အမေရိကန်သမ္မတ ဘာရက်အိုဘားမား လက်မှတ်ရေးထိုး

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးဥပဒေကြမ်းကို အောက်တိုဘာလ ၅ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။
အဆိုပါဥပဒေကြမ်းကို အမေရိကန်ကွန်ဂရက်လွှတ်တော်က ပြီးခဲ့သည့်လက အတည်ပြုခဲ့ပြီး ယခုကဲ့သို့ သမ္မတအိုဘားမားက လက်မှတ်ရေးထိုးလိုက်သည့်အတွက် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး အဖွဲ့အစည်း များအနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးနိုင်တော့မည် ဖြစ်သည်။
“ဒီဥပဒေကို အကောင်အထည်ဖော်ခြင်းဟာ မြန်မာနိုင်ငံမှာ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ကောင်းမွန် တဲ့အုပ်ချုပ်မှု၊ ပြုပြင်ပြောင်းလဲမှုတို့မှာ တိုးတက်မှုရှိလာစေဖို့အတွက် ဒီဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေ၊ မူဝါဒတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ပုံဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု အမေရိကန်လက်ထောက် ဘဏ္ဍာရေးဝန်ကြီးနီးလ်ဝိုလင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကို ငွေချေးထားသည့် ဘဏ္ဍာရေးအဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့်  အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က မြန်မာနိုင်ငံကိုချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၀၀ အထိ ထပ်မံထုတ်ချေးပေးသွားရန် စဉ်းစားနေသည်ဟုလည်း ဂျပန်နိုင်ငံ၏နေ့စဉ်ထုတ် စီးပွားရေးသတင်းစာ Nikkei က ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ငွေကြေးချေးငှားမှု ပြန်လည်မစတင်မီ အဆိုပါ ဘဏ်များအပေါ် တင်ရှိနေသည့် ကြွေးကျန်များကို ပြန်ဆပ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ပို့ကုန်များကို အမေရိကန်နိုင်ငံသို့ တင်သွင်းမှုပိတ်ဆို့ထားခြင်းကို ဖြေလျှော့သွား မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတဦးသိန်းစိန်နှင့် စက်တင်ဘာလ ၂၆ ရက်နေ့က နယူးယောက်မြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ပြီး မကြာမီ ယခုကဲ့သို့ သမ္မတအိုဘားမား၏ ဥပဒေကြမ်း လက်မှတ်ရေးထိုးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် အမေရိကန်ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု များ  ပြန်လည်စတင်နိုင်ရန် ခွင့်ပြုကြောင်း ဇူလိုင်လ ၁၁ ရက်နေ့ က ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများအတွက် ချီးမြှင့်သည့် အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့လျက် ရှိနေသည်။

Ref: Eleven Media Group

Tuesday, October 2, 2012

 ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအား ပြည်သူ့ရင်ပြင်တွင်ထားရှိပေးရန်အဆိုကို ပြည်ထောင်စုအဆင့်သို့ တင်ပြဆုံးဖြတ်သင့်ကြောင်း ပြောကြား

စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထ အကြိမ်ပုံမှန်အစည်းအဝေး ပထမနေ့တွင် သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ်ဦးကျော်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပေ ၂၀ အမြင့်ရှိသည့် ရုပ်ထုကို ပြည်သူ့ရင်ပြင်တွင်ထားရှိပေးရေးအဆိုကို တင်သွင်းခဲ့ကြောင်း၊ ယင်းအဆိုကို  စက်တင်ဘာလ ၂၈ ရက်နေ့ ဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်သုံးဦးက ထောက်ခံဆွေးနွေးခဲ့ပြီး  ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် မြို့တော်ဝန် ဦးလှမြင့်တို့က ပြည်ထောင်စုအဆင့်သို့ တင်ပြဆုံးဖြတ် သင့်ကြောင်း  ပြောကြားခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
ဦးကျော်က အဆိုတင်သွင်းရာတွင် ''ကန်တော်ကြီးက ဗိုလ်ချုပ်ပန်းခြံထဲက ဗိုလ်ချုပ်ကြေးရုပ်ကို လူလာတာ နည်းပါတယ်။ ဒါကြောင့် မှေးမှိန်သွားမလားဆိုတဲ့ အမြင်တွေရှိလာတယ်။ ပြည်သူ့ရင်ပြင်ကတော့ အထင်ကရနေရာဖြစ်တဲ့အပြင် လွှတ်တော်အဆောက်အအုံနဲ့ ပနံသင့်တဲ့အတွက် ပြည်သူ့ရင်ပြင်မှာ ဗိုလ်ချုပ်ကြေးရုပ်တည်ခြင်းအားဖြင့် ဗိုလ်ချုပ်ကို ဂုဏ်ပြုရာလည်း ရောက်တဲ့သဘောဖြစ်ပါတယ်''ဟု တင်သွင်းခဲ့သည်။
ယင်းအဆိုအား ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောလှထွန်းနှင့် မြောက် ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းတို့ က ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေနှင့် မြို့တော်ဝန် ဦးလှမြင့်တို့ကလည်း ၀င်ရောက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ''ပြည်သူ့ရင်ပြင်ဟာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံမျက်နှာစာမှာတည်ရှိပြီး ပြည်သူ့ရင်ပြင်ဟာ ပြည်သူလူထုအပန်းဖြေရာတွင် အသုံးပြု သည့်နေရာဖြစ်ကြောင်း၊ အခုလက်ရှိ ဗိုလ်ချုပ်ကြေးရုပ်ထားရှိသည့်  ကန်တော်ကြီးဗိုလ်ချုပ်ပန်းခြံတွင် ဘာရည်ရွယ်ချက်နဲ့ ကြေးရုပ်ကိုထားရှိခဲ့တာလည်း မသိပေမယ့် သူ့အကြောင်းနဲ့သူတော့ ရှိခဲ့ပါလိမ့်မယ်။ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ရုပ်ထုက ထပ်ထုလုပ်ပေးဖို့ ၀န်မလေးပေမဲ့ ဗိုလ်ချုပ်က တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့အတွက် နိုင်ငံတော်အဆင့်က စဉ်းစားဆုံးဖြတ်သင့်ပါတယ်''ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ''ဗိုလ်ချုပ်ရုပ်ထုဟာ စံနမူနာထုလုပ်ထားတဲ့ ရုပ်ထုတစ်ခုဖြစ် တယ်။ ပြည်သူ့ရင်ပြင်မှာ ထားရှိပေးဖို့ တင်ပြတာကို ကျေးဇူးတင်ပါတယ်။ အခုလက်ရှိမှာ ဗိုလ်ချုပ်ကို ဂုဏ်ပြုထားတဲ့ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်လမ်းတို့ ရှိပါတယ်။ ဒါကြောင့် ပြည်သူ့ရင်ပြင်မှာ ထပ်ထားပေးဖို့အတွက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆုံးဖြတ်တာပိုမိုသင့်လျော်မှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ''ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံမှာ ဗိုလ်ချုပ်ရုပ်ထုရှိတာနဲ့ နောက်ထပ်တစ်နေရာမှာမရှိရတော့ဘူးလား။ ဒါဟာစဉ်းစား စရာ ဖြစ်ပါတယ်။ ပြည်သူ့ရင်ပြင်မှာ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာဖြစ်ပြီး ကျွန်တော့်ဆန္ဒကတော့ ပြည်သူ့ ရင်ပြင်မှာထားရှိရေးကို ပိုပြီးအလေးထားစေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း အသင်းသားစုံညီပွဲတော် ကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း အသင်းသားအားလုံး စုံညီပွဲတော်ကို အောက်တိုဘာလ ၁၃ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲနှင့် ဖျော်ဖြေပွဲများ ကျင်းပသွားမည်ဟု သတင်းရရှိသည်။
ယင်းစုံညီပွဲတော်တွင် အဆိုတော် အဲလက်စ်၊ ဟဲလေး၊ နောနော်၊ ယုန်လေး၊ ဆင်ပေါက်၊ လွှမ်းပိုင်၊ စန္ဒီမြင့်လွင်၊ အေသင်ချိုဆွေ၊ ချမ်းချမ်း၊ Bobby Soxer စသည့် အဆိုတော်များမှ ဖျော်ဖြေသွား မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သီးလေးသီးအငြိမ့်၏ တင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်သည်။ ယင်းအစီအစဉ်များကို Sky Net မှ တိုက်ရိုက် ထုတ်လွှင့်သွားမည်ဟုလည်း သိရသည်။
"MCIA အသင်းဝင်တွေအနေနဲ့ တစ်နိုင်ငံလုံးမှာ ၆၀၀ ကျော် လောက်ရှိပါတယ်။ လက်မှတ်တစ်စောင်ကို ကျပ်တစ်သောင်း သတ်မှတ်ထားပြီးတော့ အသင်းဝင်တွေကိုပဲ အဓိကထားရောင်းပေးသွားမှာ ဖြစ်ပါတယ်" ဟု MICA မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


အမေရိကန်ပြည်ထောင်စုမှ ပြန်လည်ရောက်ရှိလာသော သမ္မတဦးသိန်းစိန်အား ပြည်သူများ၊ နိုင်ငံရေးပါတီများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လာရောက်ကြိုဆို

 လာရောက်ကြိုဆိုသူများကို နှုတ်ဆက်နေသည့် နိုင်ငံတော်သမ္မတနှင့်သမ္မတအား ကြိုဆိုနေသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တွေ့ရစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံး တွင် ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတကို ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့မှ ပါတီဝင်များ၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ အခြားနိုင်ငံရေးပါတီဝင်များ၊ အနုပညာရှင် များ၊ စက်မှုလုပ်ငန်းရှင်ကြီးများနှင့် တိုင်းရင်းသားလူငယ်များ၊ Myanmar Egress သင်တန်းသားများနှင့် အဖွဲ့ဝင်များ၊ အထည်ချုပ်စက်ရုံများမှ ၀န်ထမ်းများ၊ ဌာနဆိုင်ရာ အသီးသီးမှ အဆင့်မြင့်အရာရှိ များနှင့် ပြည်သူများက လာရောက်ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။
 လာရောက်ကြိုဆိုသူများကို နှုတ်ဆက်နေသည့် နိုင်ငံတော်သမ္မတနှင့်သမ္မတအား ကြိုဆိုနေသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တွေ့ရစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း
အဆိုပါ လာရောက်ကြိုဆိုသူများသည် နံနက် ၇ နာရီခန့်မှ စတင်ကာ ရန်ကုန် အပြည်ပြည်ဆိုင် ရာ လေဆိပ်ရှေ့တွင် 'နိုင်ငံတကာတွင် မြန်မာ့ဂုဏ်ကို ဆောင်ခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား ကြိုဆိုပါ၏'၊ 'Congratulation Mr.President '၊ 'We Support You '၊ 'ပြည်သူသန်း ၆၀ အတွက် သမိုင်းဝင်အပြောင်းအလဲကို ဆောင်ကျဉ်းသူသမ္မတကြီး ဦးသိန်းစိန်အား လှိုက်လှဲစွာ ကြိုဆိုပါ၏'၊ အစရှိသော စာတန်းများကိုင်ဆောင်ကာ စောင့်ဆိုင်းနေခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နံနက် ၉ နာရီ ၂၀ မိနစ်တွင် စင်ကာပူ Silk Air လေကြောင်းလိုင်းဖြင့် ရောက်ရှိလာခဲ့ရာ ကြိုတင်စောင့်ဆိုင်း ကြိုဆိုနေသူများက ''သမ္မတကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဂုဏ်ယူပါတယ် သမ္မတကြီး'' စသည့် ကြွေးကြော်သံများဖြင့် ကြိုဆိုခဲ့ ကြကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံတော်သမ္မတအား ကြိုဆိုနေသူများကိုတွေ့ရစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း
ရခိုင်တိုင်းရင်းသူတစ်ဦးက ''ကျွန်မက ရခိုင်ပြည်နယ် စစ်တွေကပါ။ Myanmar Egress မှာ သင်တန်းလာတက်တာပါ။ အခုလို လာကြိုခွင့်ရတာ ၀မ်းသာပါတယ်။ ကြိုဆိုရမယ်လို့ မမျှော်လင့်ပါဘူး။ အခုလို အပြောင်းအလဲတွေလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီထက်မက တိုးတက်အောင်လုပ်ပေး ပါလို့ သမ္မတကြီးကို တောင်းဆိုပါတယ်''ဟု ပြောပြခဲ့ပါသည်။
နိုင်ငံသမ္မတကြီးကို ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံများမှ အထည်ချုပ်ဝန်ထမ်းများမှလည်း  ''မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းနှင့် အလုပ်သမားများအကျိုးအတွက် အထူးဆောင်ရွက်ပေးသော နိုင်ငံတော်သမ္မကြီး အား ဂုဏ်ပြု ကြိုဆိုပါသည်''ဟူသည့် ဆိုင်းဘုတ်များနှင့် ကြိုဆိုခဲ့ကြသည်။
လှိုင်သာယာမြို့နယ် လက်ဝါးအထည်ချုပ်စက်ရုံမှ ၀န်ထမ်းအမျိုးသမီးတစ်ဦးက ''မနက် ၇ နာရီကတည်း က ရောက်နေတာပါ။ စက်ရုံက စီစဉ်ပေးမှုနဲ့ အခုလိုလာကြိုခွင့်ရတာပါ။ အခုလိုလာကြိုခွင့်ရတာ အရမ်းဝမ်းသာပါတယ်။ သမ္မတကြီးအနေနဲ့ ဒီ့ထက်အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ပေးပါလို့ တောင်းဆိုချင် ပါတယ်။ လူနေမှုအဆင့်အတန်းတွေ ဒီထက်ပိုပြီးကောင်းအောင် လုပ်ဆောင်ပေးမယ်လို့လည်း ယုံကြည်ပါ တယ်''ဟု ပြောပြပါသည်။
 
 အထည်ချုပ်စက်ရုံ အလုပ်သမများမှ နိုင်ငံတော်သမ္မတအား ဂုဏ်ပြုကြိုဆိုကြောင်း ဖော်ပြသည့် ဆိုင်းဘုတ်များရေး သားနေစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ''နိုင်ငံအကျိုး အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေတဲ့ သမ္မတကြီးကို လာရောက်ကြိုဆိုတာပါ။ တိုင်းသူပြည်သားတွေအားလုံး သာယာဝပြောတဲ့ ဘ၀ရှေ့တက်လမ်းတွေအတွက် တံခါးဖွင့်ပေးတဲ့ သမ္မတကြီးကို  ၀မ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ သမ္မတကြီးကို လာကြိုချင်ကြတယ်ဆိုလို့ ကျွန်တော်တို့က စီစဉ်ပေးတာပါ။ တစ်နိုင်ငံလုံးက ပြည်သူတွေ စိတ်ချမ်းသာသာနဲ့ နေထိုင်နိုင်အောင် သမ္မတကြီးက အစွမ်းကုန် ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောပြခဲ့ပါသည်။
''ကျွန်တော်တို့နိုင်ငံရဲ့ သမ္မတလည်းဖြစ်တယ်။ ကျွန်တော်တို့ ပါတီရဲ့ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ခဲ့ဖူးတယ်။ သန်းခြောက်ဆယ်သော ပြည်သူတွေအတွက် ဒီမိုကရေစီဖော်ဆောင်ပေးနေလို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမယ့်တာဝန် ကျွန်တော်တို့မှာ ရှိပါတယ်။''ဟု ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေ သကြီး တိုင်းကော်မတီအဖွဲ့ဝင် ဦးတင်ဝင်းက ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မဦးသိန်းစိန်သည် အမေရိကန်နိုင်ငံသို့ စက်တင်ဘာလ ၂၄ရက်နေ့က စတင်ထွက်ခွာခဲ့ပြီး အမေရိကန်နိုင်ငံတွင် ခေတ္တရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံခြင်း၊ အမေရိကန်နိုင်ငံ နယူးရောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံးတွင်ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခြင်း၊ ဘင်္ဂလားဒေရှ့် ၀န်ကြီးချုပ်နှင့် တွေ့ဆုံခြင်း၊ နယူးယောက်မြို့ရှိ အာရှအသင်းတွင် တွေ့ဆုံမေးမြန်းဖြေကြားခြင်း များ ပြည်ပမီဒီယာများနှင့် တွေ့ဆုံမေးမြန်းဖြေကြားခြင်းများ၊ ပြည်ပအခြေစိုက် မြန်မာမီဒီယာများနှင့် တွေ့ ဆုံခြင်း စသည်တို့ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

Ref: Eleven Media Group & နိုင်ငံ့ပိုင်သတင်းစာများ