Wednesday, September 5, 2012

တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဖားကန့်မြို့နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း တစ်သောင်းနီးပါးအထိရှိလာ

 ဖားကန့်ဒေသမှ ပြန်လာသော ဒုက္ခသည်များအား မိုးကောင်းဘူတာတွင် စက်တင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်မောင်းကုန်းဒေသ၊ ရှရော်ခဒေသများ၌ တပ်မတော်နှင့် ကေအိုင်အေ အကြား သြဂုတ်လ ၂၇ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ တိုက်ပွဲဝန်းကျင်ဒေသများမှ စစ်ရှောင်ဒေသခံ ပြည်သူပေါင်း ၈၈၇၄ ဦး ရှိသွားပြီဖြစ်ကြောင်း သြဂုတ်လ ၃၁ ရက်နေ့ စာရင်းအရ သိရှိရသည်။ နယ်မြေလုံခြုံမှုမရှိသည့် ကျေးရွာများမှာ မှော်မောင်းကုန်း၊ မှော်ဝမ်းကြီး၊ သူဌေးဂျောင်၊ မှော် ၀မ်းလေး၊ တောင်ပြို၊ ဆွတ်နန်ကောင်၊ မှော်မောင်းရှန်၊ မျောက်ဖြူ၊ ကုလားမှော်၊ ဆိုက်ဂျာဘွမ်၊ မန၊ ရှရော်ခစသော မှော်ကျေးရွာများဖြစ်ကြောင်း သိရသည်။ ယခုအခါ ဒုက္ခသည်များကို ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်း၊ သီလရှင်ကျောင်း၊ မူကြိုကျောင်း၊ ရိုးရာစာပေယဉ်ကျေးမှုရုံးများ၊ ပါရမီလူမှုကူညီရေး အသင်းရုံးများတွင် ဒုက္ခသည်စခန်း ၃၁  ခုဖွင့်လှစ်ထားပြီး နေ့စဉ်လူဦးရေတိုးနေကြောင်း သိရသည်။
အဆိုပါ ဖားကန့်ဒေသဘက်သို့ မူရင်းဒုက္ခသည် ၁၀၁၁ ဦးအား အကူအညီပေးရန် သြဂုတ်လ ၂၇ ရက်နေ့က မိုးကောင်းမြို့မှ ထွက်ခွာသွားသော ကချင်ပြည်နယ် ကြက်ခြေနီကားများကိုလည်း နန့်ဟိုင်စခန်းမှ မိုးကောင်း မြို့သို့ ပြန်လှည့်စေကြောင်း ကချင်ပြည်နယ် ကြက်ခြေနီရုံးမှ စုံစမ်းသိရှိရပါသည်။
 ''၂၇ ရက်နေ့ ထောက်ပံ့ရေးသွားတာက မူလက ဒုက္ခသည်တွေ အတွက်ပါ။ နန့်ဟိုင်ရောက်တော့ ပြန် လှည့်ခဲ့ရပြီး ထောက်ပံ့ရေးပစ္စည်းတွေ မိုးကောင်းမှာ သောင်တင်နေတယ်။ နောက်ရောက်လာတဲ့ဒုက္ခသည် စာရင်းက အတည်မဖြစ်သေးဘူး။  သွားခွင့်ရတာနဲ့ ချက်ချင်းသွားဖို့ ပြင်ဆင်နေပါတယ်''ဟု ကချင်ပြည်နယ် ကြက်ခြေနီပြည်နယ်မှူးက ပြောကြားခဲ့ပါသည်။
မြစ်ကြီးနားမြို့မှ ဖားကန့်ဘက်သို့ ထွက်သော မှန်လုံကားကြီးများမှာ ခေတ္တပိတ်ထားပြီး ဘင်ကားများမှာ ကုန်စည်နှင့် အမျိုးသမီးများသာ သွားရောက်ခွင့်ပြုထားကြောင်း စုံစမ်းသိရှိရသည်။
သြဂုတ်လ နောက်ဆုံးပတ်မှ စတင်ပြီး တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများဖြစ်ပွားနေခဲ့ရာ သြဂုတ်လ ၃၁ ရက်နေ့မှစတင်ပြီး တိုက်ခိုက်မှုများရပ်နားသွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိ ရသည်။ စက်တင်ဘာလ ၄ ရက်နေ့အထိ နှစ်ဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခြင်းမရှိဘဲ အခြေအနေပြန် လည် တည်ငြိမ်လာကြောင်း ဒေသခံများက ဆိုပါသည်။
''ဒီရက်ပိုင်းမှာ ပစ်တာခတ်တာ မကြားရတော့ပါဘူး။ မှော်ထဲမှာနေကြတဲ့လူတွေကတော့ ဖားကန့်မြို့ပေါ် ကို ရွှေ့ပြောင်းလာတာရှိသလို တချို့လည်း ဇာတိကိုပြန်ကြတာရှိပါတယ်။ မြို့ပေါ်မှာ စစ်ရှောင်တဲ့ဒုက္ခသည် တစ်သောင်းကျော် ရှိလာပါပြီ။ မိုးကလည်းရွာနေတဲ့အတွက် နေရေးထိုင်ရေးအခက်အခဲတော့ ရှိပါတယ်။ လောပန်းကြီးတွေ ထောက်ပံ့နေတော့ စားရေးသောက်ရေး အခက်အခဲ မရှိသေးပါဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ နေရပ်မပြန်နိုင်သေးဘူးဆိုရင် ရေရှည်မှာ နေရေးစားရေး အခက်ကြုံလာနိုင် ပါတယ်။ နောက်ပြီး ဒီဒေသက မြေပြန့်က မှာပြီးစားသောက်နေရတဲ့အတွက် လမ်းတွေပိတ်နေလို့ မကြာခင်မှာပဲ ရိက္ခာပြတ်လပ်မှု ကြုံနိုင်ပါတယ်။  မကြာခင်မှာ ထိုးစစ်ဆင်တော့မယ်ဆိုတဲ့ သတင်းစ ကားတွေကြောင့် ဖားကန့်ကို လာမယ့်ကားတွေလမ်းမှာ အတားခံထားရတယ်လို့ သိရပါတယ်။ ကချင်ပြည် နယ် ကြက်ခြေနီအသင်းကကားတွေလည်း ဒီကိုတက်မလာနိုင်ဘူးလို့ သိရပါတယ်။ ထောက်ပံ့ရေးအတွက် လာတဲ့ လူတွေကိုတော့ လာခွင့်ပေးစေချင်ပါတယ်။ ဒုက္ခသည်စခန်းမှ ကြာရှည်နေရမယ်ဆိုရင် အခက်အ ခဲတွေ ရှိလာမှာဖြစ်လို့ အားလုံးအတွက် စဉ်းစားပြီး ကူညီထောက်ပံ့ရေးအဖွဲ့တွေကို ဒီဒေသထဲ လာခွင့်ပြု ဖို့ နှစ်ဖက်စလုံးကို မေတ္တာရပ်ခံချင်ပါတယ်''ဟု ဖားကန့်မြို့ပေါ်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်း မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
ကချင်ပြည်နယ်အတွင်း၌ စစ်ပွဲများဖြစ်ပွားနေသည်မှာ လွန်ခဲ့သော ၂၀၁၁ ခုနှစ် ဇွန်လမှစတင် ခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနားနှင့် အခြားမြို့နယ်များတွင် မှီခိုနေသည့် ဒုက္ခသည်အရေအတွက်မှာ တစ်သိန်းဝန်း ကျင်ရှိကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။ ဒုက္ခသည်များမှာ မြန်မာနိုင်ငံအတွင်း သာမကဘဲ တရုတ်နိုင်ငံအတွင်းသို့ပါ ထွက်ပြေးတိမ်းရှောင်နေရပြီး တရုတ်အစိုးရကလက်ခံရန် ငြင်းဆန် သဖြင့် သြဂုတ်လကုန်ပိုင်း၌ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ရွှေ့ပြောင်းရမှုများ ရှိခဲ့သည်။
''ပဋိပက္ခ ကြာရှည်လာတာနဲ့အမျှ ပြည်သူတွေ ဒုက္ခခံစားလာရပါတယ်။ တွေ့ဆုံဆွေးနွေးပြီး အမြန်ဆုံး ငြိမ်းချမ်းရေးရဖို့ ဆုတောင်းနေသလို နှစ်ဖက်စလုံးကိုလည်း မေတ္တာရပ်ခံပါတယ်''ဟု မြစ်ကြီးနားမြို့မှ လူမှုရေးလုပ်ငန်းဆောင် ရွက်နေသူတစ်ဦးက ပြောကြားပါသည်။ 

ဒုက္ခသည်စခန်း ၃၁  ခုရှိ ဒုက္ခသည်အရေအတွက်
စဉ် စခန်းအမည် ကျား ပေါင်း
၁။ မြို့ဦးစေတီကျောင်း (မှော်ဝမ်း) ၅၇၀ ၂၅၈ ၈၂၈
၂။ ကျောက်လှိုင်ဂူကျောင်း (မှော်ဝမ်း) ၃၀၅ ၂၃၈ ၅၄၃
၃။ မြို့ဦးတောရကျောင်း (မရှီကထောင်)

၁၇၂
၎။ အထက်မက်လင်ချောင်ကျောင်း

၁၈၈
၅။ ကျောက်သွေးတောင်ကျောင်း

၉၅
၆။ သီရိမင်္ဂလာမဏိဇေယျုံကျောင်း (မြို့မ)

၃၀၄
၇။ ပါရမီလူမှုကူညီရေးအသင်း (မြို့မ) ၉၈ ၆၈ ၁၆၆
၈။ ရောင်ခြည်ဦး သီလရှင်ကျောင်း

၃၆၃
၉။ နှစ်ခြင်းခရစ်ယာန်ကျောင်း (မရှီကထောင်)

၃၁၀
၁၀။ နှစ်ခြင်းခရစ်ယာန်ကျောင်း (မှော်ဝမ်း)

၈၆၀
၁၁။ ကျောက်စိမ်းနှစ်ခြင်းခရစ်ယာန်ကျောင်း ၄၂၆ ၃၄၉ ၇၇၅
၁၂။ နှစ်ခြင်းခရစ်ယာန်(မူရင်း)ကျောင်း (မှော်ဝမ်း) ၁၁၉ ၈၈ ၂၀၇
၁၃။ နှစ်ခြင်းခရစ်ယာန်ကျောင်း (ယူမာ)

၃၆၉
၁၄။ ချင်းနှစ်ခြင်းခရစ်ယာန်ကျောင်း (မှော်ဝမ်း) ၁၁၀ ၆၁ ၁၇၁
၁၅။ ဇိုမီးနှစ်ခြင်းခရစ်ယာန်ကျောင်း (မှော်ဝမ်း)

၂၇
၁၆။ လီဆူးနှစ်ခြင်းခရစ်ယာန်ကျောင်း (မှော်ဝမ်း) ၁၄
၁၇။ လော်ဝေါ်နှစ်ခြင်းခရစ်ယာန်ကျောင်း (မှော်ဝမ်း)
၁၈။ အင်္ဂလီကန်ကျောင်း (မှော်ဝမ်း) ၃၅၈ ၁၈၂ ၅၄၀
၁၉။ ကက်သလစ်အသင်း (နမ့်မဖြစ်)


၂၀။ ကက်သလစ်အသင်း (ဆိုင်းဝမ်)


၂၁။ ကက်သလစ်အသင်း (မရှီကထောင်) ၄၈၉ ၄၉၃ ၉၈၂
၂၂။ ကက်သလစ်အသင်း (ငှက်ပျောတော)


၂၃။ ခရစ်တော်၏အသင်းတော် (အေးမြသာယာ)

၂၃၄
၂၄။ ခရစ်တော်၏အသင်းတော် (နမ့်မဖြစ်) ၁၆ ၄၁ ၅၇
၂၅။ မှော်ဝမ်း (စီ၊အို၊ဂျီ) အသင်း

၅၀
၂၆။ ဧ၀ံဂေလိအသင်း (မရှီကထောင်)

၇၂
၂၇။ ရှင်သန်ခြင်းဧ၀ံဂေလိအသင်း (မှော်ဝမ်း) ၁၉ ၂၇
၂၈။ မစိုးရိမ်ကျောင်းတိုက် (ဆန်းကြွယ်)

၅၈၃
၂၉။ ရခိုင်ရိုးရာရုံး (မရှီကထောင်)

၅၄၃
၃၀။ ရှမ်းရိုးရာရုံး (မရှီကထောင်)

၁၉၄
၃၁။ စည်ပင်ဓမ္မာရုံ (မရှီကထောင်)

၁၉၇

စုစုပေါင်း

၈၈၇၄

သြဂုတ် ၃၁ ရက်အထိရရှိသော စာရင်းများသာဖြစ်သည်။

No comments:

Post a Comment