Sunday, September 2, 2012

ကချင်ပြည်နယ်အတွင်း တစ်နှစ်ကျော်ကြာဖြစ်ပွားနေသည့်စစ်ပွဲများကြောင့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူဒုက္ခသည်ဦးရေ ၉၀၀၀၀ ကျော်အထိရှိလာ၊ လက်ရှိကြုံတွေ့နေရသည့် ကဏ္ဍစုံ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကြောင့် စစ်ပွဲများအမြန်ဆုံး ရပ်ဆိုင်းရန် ဒေသခံပြည်သူများလိုလား

ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူဒုက္ခသည်ဦးရေ ၉၀၀၀၀ ကျော်အထိ မြင့်တက်လာပြီး ဒေသ ခံပြည်သူအများစုမှာ ပညာရေး၊ စားဝတ်နေရေး၊ လူမှုရေး စသည့်ကဏ္ဍစုံ လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုများကြောင့် လက်ရှိဖြစ်ပွားနေသည့်စစ်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းရန် ဒေသခံများနှင့် ကချင်အဖွဲ့အစည်း များမှ လိုလားနေကြောင်း သတင်းရရှိပါသည်။

ကချင်အမျိုးသားအစည်းအရုံး၊ ကချင်အမျိုးသမီးအစည်းအရုံး၊ ကချင်သတင်းဋ္ဌာန၊ ကချင်လူမှုဖွံ့ ဖြိုးရေးကွန်ယက်၊ ကချင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နှင့် အခြားသော ကချင်အဖွဲ့အစည်းများမှ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော်တို့၏ တပ်စခန်းများကို ဦးတည်ထိုးစစ် ဆင်နေသည့် တပ်ရင်းပေါင်း ၈၀ ကျော်၏ထိုးစစ်များ ရပ်တန့်ပေးရန်၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ဆောင်သည့် စစ်မှန်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများအား ကချင် လွတ်မြောက်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အခြားသော ကချင်အဖွဲ့အစည်းများပါဝင် သည့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ပေးစေလိုသည်ဟု ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

"အခုကျွန်တော်ရပ်နေတဲ့ နေရာကနေကြည့်ရင်ကိုပဲ မီးလောင်နေတဲ့ရွာတွေ လက်နက်ကြီးတွေ ကျတဲ့အ သံတွေ ကြားနေရပါတယ်။ ဖားကန့်မြို့ပေါ်မှာလည်း အနီးဝန်းကျင်ရွာတွေက မနေရဲတော့လို့ စစ်ပြေးလာ တဲ့လူတွေ ၁၀၀၀၀ ကျော်လောက် ဖြစ်နေပါပြီ၊ ဒီစစ်ပွဲတွေ အမြန်ရပ်ဖို့ကိုလည်း သက်ဆိုင်ရာတာဝန်ရှိ သူတွေ အမြန်ဆုံး ဆောင်ရွက်စေချင်ပါတယ်"ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်ကျော်မိုးက  ပြောကြားခဲ့ပါ သည်။  

ကချင်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား နိုင်ငံတကာအဖွဲ့ အစည်းများမှ စုံစမ်းစစ်ဆေးပေးရန်၊ ဒုက္ခသည် ၉၀၀၀၀ ကျော်အတွက် လူသားချင်း စာနာမှုဆိုင်ရာကူ ညီထောက်ပံ့မှုများရရှိရန် နှစ်ဖက်တာဝန်ရှိသူများမှ ညှိနှိုင်းဆောင်ရွက်ပေးရန်၊ စစ်ပဋိပက္ခများကြောင့် လယ် ယာလုပ်ငန်း မလုပ်ကိုင်နိုင်ခြင်းနှင့် ဆန်သယ်ယူခွင့် ပိတ်ထားသဖြင့် ပူတာအို၊ မချမ်းဘော၊ နောင် မွန်နှင့် ခေါင်လန်ဖူးမြို့နယ်များတွင် ဇွန်လမှစတင်၍ ဆန်ရှားပါးနေသဖြင့် စားနပ်ရိက္ခာ အ ခက်တွေ့နေသော ပြည်သူများအား ကူညီပေးရန်၊ ကချင်ဒေသအတွင်း ထိုးစစ်ဆင်ခြင်းအား ရပ်တန့်မှုမ ရှိသည့် နှစ်ဖက်တပ်ရင်းများအား အရေးယူပေးရန် ၊ စစ်ပဋိပက္ခအတွင်း ဒေသခံအမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများနှင့် အဓမ္မပြုကျင့်ခံရသူများမှထက်ဝက်ကျော် သတ်ဖြတ်ခံရမှုအား စနစ်တကျ ဖော် ထုတ်စစ်ဆေး အရေးယူပေးရန်၊ တရုတ်နိုင်ငံအတွင်း ရောက်ရှိနေသည့် ဒုက္ခသည်များအား မောင်းထုတ်နေ မှု ရပ်တန့်ပေးရန်နှင့် လူသားခြင်းစာနာမှုဆိုင်ရာကူညီမှုများအား တရုတ်အစိုးရမှ ဆောင်ရွက်ပေးရန် စသည့်အချက်များနှင့် အခြားသောအချက်များ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ၊ အတွင်းရေးမှူး၊ ကချင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ဒွဲဘူက "ကျွန်မတို့ လက်နက်မကိုင်တဲ့သူတွေ ဘယ်လောက်ပဲ စစ်ပွဲတွေရပ်ဖို့ လိုလားလိုလား၊ KIA နဲ့ တပ်မတော်က မရပ်ချင်ရင် ဘာမှဖြစ်မလာပါဘူး။ နှစ်ဖက်စလုံး က ခေါင်းဆောင်တွေအနေနဲ့ ပြည်သူလူထု ခံစားနေရတဲ့ဒုက္ခတွေကို တကယ်သိဖို့လိုပါမယ်။ နောက်ပြီး လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ တပ်မတော်သားတွေနဲ့ KIA အဖွဲ့ဝင်အား လုံးဟာပြည် သူတွေပါ။ နှစ်ဖက်တာဝန်ရှိသူတွေ ပြည်သူတွေကို တကယ်ငဲ့ညှာပေးမယ်ဆိုရင် အမြန်ဆုံး တွေ့ ဆုံဆွေးနွေးပြီး စစ်ပွဲတွေ ရပ်ပေးစေချင်ပါတယ်"ဟု စက်တင်ဘာလ ၂ ရက်နေ့က ပြောကြားခဲ့ပါသည်။

No comments:

Post a Comment