Monday, September 3, 2012

ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရတို့ တတိယအကြိမ် အပစ်အခတ်ရပ်ဆဲရေးဆွေးနွေး

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ငြိမ်းချမ်းရေးအတွက် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးလျက် ရှိသည်။ ဆွေးနွေးပွဲကို စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ပြုလုပ်မည်ဖြစ်ပြီး ယမန်နေ့ (စက်တင်ဘာ ၃ ရက်) နံနက် ၈ နာရီမှ စတင်ဆွေးနွေးသည်။ အဆိုပါဆွေးနွေးပွဲသို့ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးစိုးသိန်း၊ ဦးခင်ရီ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ပြီး KNU မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ နော်မေဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရတို့ တတိယအကြိမ် အပစ်အခတ်ရပ်ဆဲရေးဆွေးနွေး ပွဲ ပထမနေ့၏မြင်ကွင်း

ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရတို့ တတိယအကြိမ် အပစ်အခတ်ရပ်ဆဲရေးဆွေးနွေး ပွဲ ပထမနေ့တွင်နှစ်ဦးနှစ်ဘက် လိုက်နာရမည့်ကျင့်ဝတ်များနှင့် အပစ်အခတ်ရပ်စဲဒေသများတွင် မိုင်းအသစ် ထပ်မံထောင်ထားခြင်းကို မပြုလုပ်တော့ဘဲ ထောင်ထားပြီးသောမိုင်းများကို ရှင်းလင်းရေးကိစ္စတွင် နှစ်ဦးနှစ် ဖက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်ဟု နှစ်ဖက်တာဝန်ရှိသူများကပြောသည်။

ဆွေးနွေးပွဲဒုတိယမြောက်နေ့ကို ယနေ့ (စက်တင်ဘာ ၄ ရက်) နံနက် ၉ နေ့ကစတင်ခဲ့ပြီး ပထမနေ့က သဘောတူခဲ့သည် အချက် ၃၇ ချက်အား လက်မှတ်ရေထိုးနိုင်လိမ့်မည် အကျိုးဆောင်များက ပြောသည်။

Ref: 7Day News Journal 

No comments:

Post a Comment