ဘန်ကောက်၊ စက်တင်ဘာ - ၅
CB ဘဏ်သည် မြန်မာနိုင်ငံတွင်း၌ အလိုအလျောက်ငွေထုတ်စက် ATM များကို အကျယ်ပြန့်ဆုံး ထားရှိဆောင်ရွက်နေသောဘဏ်ဖြစ်ပြီး ယခုသဘောတူညီချက်အရ မာစတာကတ်အမှတ်တံ ဆိပ် ငွေပေးချေရေးကတ်များကိုလည်း ပြည်တွင်း၌ အသုံးပြုခွင့် ရရှိစေမည်ဖြစ်သည်။ အမေရိကန်အခြေ စိုက် ငွေပေးချေရေးကတ်ကုမ္ပဏီ မာစတာကတ်ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံအတွင်း ၎င်း၏ကတ်များ အသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံမှ သမ၀ါယမဘဏ် (Co-Operative Bank) CB ဘဏ် နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်ရခဲ့ကြောင်း သိရသည်။

မာစတာကတ်ကုမ္ပဏီ၏ အာရှ-ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကရေးရာဌာန ဥက္ကဋ္ဌ
ဗစ်ကီဗန်ဒရာက "သင့်မှာ ဘဏ်သုံးခု သို့မဟုတ် လေးခုလောက်ရှိလာတာနဲ့အမျှ
ရောင်းဝယ်ဖောက် ကားသူတွေ အတွက်ရောရော၊
ကြော်ငြာလုပ်ငန်းတွေအတွက်ပါ ပညာပေးဖို့ ပိုထိရောက်အကျိုးရှိလာမှာပါ။
ကျွန်တော်တို့ဟာ (မြန်မာဈေးကွက်အတွင်း ၀င်ရောက်ဖို့) မြန်နိုင်သမျှ
မြန်အောင်ကြိုးစားနေပါတယ်။ တစ်နှစ်လောက်ဆိုရင် ကျွန်တော်တို့အနေနဲ့
ပိုကောင်းတဲ့ပုံရိပ် ရလာမယ်လို့ မျှော်လင့်နေပါတယ်" ဟုပြောသည်။
မာစတာကတ်များကို မကြာမီလများအတွင်း CB ဘဏ်၏ အေတီအမ်စက်များ၊
ယင်းကတ်လက်ခံသော အရောင်းဆိုင်များ၊ နေရာများတွင် စတင်အသုံးပြုနိုင်မည်
ဖြစ်သည်။
မာစတာကတ်ကုမ္ပဏီသည် ၎င်း၏မာစတာကတ်များ အသုံးပြုခြင်း၊
ဖြန့်ဖြူးခြင်း လုပ်ငန်းများကို မြန် မာနိုင်ငံတွင် လာမည့်ငါးနှစ်မှ
ဆယ်နှစ်အတွင်း အီလက်ထရွန်နစ် ငွေပေးချေရေးဈေးကွက် ဖွံ့ဖြိုး လာပါမှ
ပြည်တွင်း၌ အခြေချလုပ်ကိုင်သွားမည် ဖြစ်သည်။ ယင်းမတိုင်မီအထိမူ ဗီယက်နမ်မှနေ၍ လုပ်ငန်း များ ဆောင်ရွက်မည်ဖြစ်သည်။ ပြီးခဲ့သည့်ဇူလိုင်လတွင် အမေရိကန်သမ္မတ
အိုဘားမားက ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ကုမ္ပဏီများအား မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံခွင့်ပေးပြီးနောက် အမေရိကန်
အကြွေးဝယ်ကတ်ကုမ္ပဏီ `ဗီဇာ´ က မြန်မာ့ဘဏ္ဍာရေးဝန်ဆောင်မှုဈေးကွက်သို့
စတင် ၀င်ရောက်မည်ဟု သြဂုတ်လ ၁၉ ရက်တွင် ကြေညာခဲ့သည်။
Ref: Reuters/ Businessweek
No comments:
Post a Comment