Tuesday, September 18, 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေ

 
 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ၀ါရှင်တန်ဒီစီရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဟီလာရီကလင်တန်ရုံးခန်းတွင် စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ဆုံစဉ် Photo: AFP

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု ခရီးစဉ်အ တွက် မြန်မာနိုင်ငံမှ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းတွင် လေကြောင်းဖြင့် ထွက်ခွာသွားရာ စက်တင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရောက်ရှိ လာခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ၌ ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ၀ါရှင်တန်ဒီစီတွင် စက်တင်ဘာလ ၁၈ ရက်နေ့ က တွေ့ဆုံဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံမှုတွင် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။

Ref: AFP

No comments:

Post a Comment