ပါရီ၊ စက်တင်ဘာ - ၃
ပြင်သစ်ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီတိုတယ်သည် မြန်မာ့ကမ်းလွန်ပင်လယ် မုတ္တ မကွေ့ရှိ M-11 လုပ်ကွက်တွင် ထုတ်လုပ်ခွင့်ဝေစု ၄၀ ရာခိုင်နှုန်းကို မဖော်ပြနိုင်သော ငွေကြေးပမာဏတစ် ခုဖြင့် ထိုင်းနိုင်ငံ PTT Exploration and Production ရေနံကုမ္ပဏီထံမှ ၀ယ်ယူလိုက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

တိုတယ်ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ်မှစ၍
တူးဖော်ရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ထိုင်းနိုင်ငံရှိ ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပေးပို့နေသော ရတနာ
သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီ မံကိန်းကို လုပ်ဆောင်ခဲ့သည်။ ယခုအကြိမ်သည် ကုမ္ပဏီအတွက် ၁၉၉၈ ခုနှစ်မှစ၍ မြန်မာ့စွမ်းအင်ကဏ္ဍ တွင် ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။
တိုတယ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ယက်ဗ်လူးစ်ဒါရီကာရာက ကုမ္ပဏီ၏ ကြေညာချက်တွင် “ ဒီလို လွှဲပြောင်းဝယ်ယူလိုက်ခြင်းအားဖြင့် ကုမ္ပဏီဟာ သူ့ရဲ့ကမ္ဘာတစ်ဝန်း အသိအမှတ်ပြုခံထားရတဲ့ ကမ်းလွန် ပင်လယ်တူးဖော်ရေးနည်းပညာတွေနဲ့ မြန်မာနိုင်ငံရဲ့ ရေနံဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းတွေမှာ အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ဟိုက်ဒရိုကာဗွန်ရင်းမြစ်တွေ ဖွံ့ဖြိုးရေးအတွက် အထောက်အ ကူဖြစ်စေပါတယ် ”ဟု ဖော်ပြခဲ့သည်။
ထိုင်းရေနံကုမ္ပဏီ PTTEP သည် ယင်းမုတ္တမ M-11 လုပ်ကွက်၌ ပြင်သစ်ကုမ္ပဏီ တိုတယ်အပြင် JX Nippon ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးကော်ပိုရေးရှင်းတို့နှင့်လည်း လက်တွဲဆောင်ရွက်မည်ဖြစ်ကာ JX Nippon မှာ လုပ်ကွက်တွင် ၁၅ ရာခိုင်နှုန်း ဝေစုရယူဆောင်ရွက်သွားမည်ဟုသိရသည်။
ကိုးကား _ AFP/Reuters. Ref: 7Day News Journal
No comments:
Post a Comment