Thursday, September 6, 2012

ကျောက်တန်းမြို့နယ်ရှိ လယ်ယာများကို ၁၉၉၇ ခုနှစ်ကတည်းက စက်မှုဇုန်စီမံကိန်းအတွက် သိမ်းယူခဲ့ပြီး စီးပွားရေးလုပ်ငန်းကြီး ခြောက်ခုမှ လုပ်ငန်းစတင်နေခြင်းကို စုံစမ်းစစ်ဆေးနိုင်ရန် လယ်သမားများတင်ပြ

5231
သိမ်းဆည်းခံထားရသော လယ်မြေပေါ်တွင် ကုမ္ပဏီတစ်ခု၏ ဆောက်လုပ်ဆဲ အဆောက်အဦအား
သြဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ-အောင်မြတ်ကို
 
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ အေးမြသီတာရပ်ကွက် (ယခင်ဖလမ်းကျေးရွာ)ရှိ လယ်များ ကို ၁၉၉၇ခုနှစ်ကတည်းကစက်မှုဇုန် စီမံကိန်းလုပ်ဆောင်ရန်သိမ်းယူခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် စီးပွားရေး လုပ်ငန်းခြောက်ခုမှ လုပ်ငန်းစတင်နေခြင်းကို လယ်သမားများမှ သက်ဆိုင်ရာသို့ စုံစမ်းစစ်ဆေးပေးရန် အတွက် အသနားခံစာကို ယခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် တင်ပြထားကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာလွန်ခဲ့သော ၁၉၉၇ ခုနှစ်တွင် ကျောက်တန်းမြို့နယ် အေးမြသီတာရပ်ကွက်ရှိ လယ်သမား ၁၈ ဦး ပိုင်ဆိုင်သောလယ်မြေဧက ၁၈၀ ဒသမ ၈၆ ဧကအား ကျောက် တန်းမြို့နယ်ရှိ အိုးအိမ်ဦးစီးဌာနမှ အစိုးရ၏ စက်မှုဇုန်စီမံကိန်းအကြောင်းပြပြီး တစ်ဧကလျှင် ကျပ်နှစ်သောင်း နစ်နာကြေးပေး၍ သိမ်းယူခဲ့ကြောင်း၊ သက်ဆိုင်ရာမှ အစိုးရ၏စီမံကိန်း အကြောင်းပြချက်ဖြင့် သိမ်းယူခဲ့သော်လည်း ၁၃ နှစ်ကျော်ကြာမြင့် သည်အထိ မည်သည့်စီမံကိန်း တစ်စုံတရာမျှ အကောင်ထည်ဖော် ဆောင်ရွက်ခြင်းမရှိကြောင်း သိရသည်။
ယင်းလယ်မြေများပေါ်တွင် လွန်ခဲ့သောနှစ်နှစ်ခန့်မှစ၍ နာမည်ကြီးကုမ္ပဏီခြောက်ခုမှ လာရောက်၍ ခြံစည်း ရိုးကာရံခြင်း၊ အဆောက်အဦးဆောက်ရန်မြေညှိခြင်း၊ အကွက်ရိုက်ခြင်းများ ပြုလုပ်လာကြောင်း၊ အစိုးရ၏ စီမံကိန်းအတွက် ဖော်ဆောင်ခြင်းမရှိဘဲ စီးပွားရေးလုပ်ငန်းရှင်ကုမ္ပဏီများ လာရောက်လုပ်ကိုင်နေသည့် အတွက် သက်ဆိုင်ရာသို့ အသနားခံစာတင်ပြထားခြင်းဖြစ်ကြောင်း လယ်မြေ ၁၁ ဧက သိမ်းဆည်းခြင်းခံ ရသော ဦးရဲမြင့်က ပြောကြားသည်။
“ပြီးခဲ့တဲ့နှစ်နှစ်ကစပြီး ကုမ္ပဏီကြီး ခြောက်ခုဖြစ်တဲ့ ဦးပိုင်၊ ထူး၊ မက်စ်မြန်မာ၊ အေးရှားဝေါလ်၊ ဧဒင်၊ ဒဂုံအင်တာနေရှင်နယ်တို့က လာပြီး ခြံစည်းရုံးခတ်၊ သဲမှုတ်တာတို့၊ မြေညှိတာတို့စလုပ်ပါတယ်။ အခုဆိုရင် တချို့ဆောက်အဦးတွေ အတော်ပြီးနေပါပြီ။ ဆီသိုလှောင်ကန်တွေ လာဆောက်တာလို့ သိရတယ်။ သိမ်းတာက အစိုးရစီမံကိန်းဆိုပြီး အခု ပုဂ္ဂလိကလုပ်ငန်းတွေ လာလုပ်နေပါတယ်။ အခုလို နှစ်ရှည်သိမ်းခံ ထားရတော့ ကျွန်တော်တို့ စားသောက်လုပ်ကိုင်ဖို့အတွက် အခက်အခဲဖြစ်နေရတယ်” ဟု လယ်မြေ ၁၃ဒသမ၁၃ ဧကသိမ်း ဆည်းခံရသူ ဦးမြင့်စိုးက ပြောပြသည်။
အသနားခံစာအား ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်း၊  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့ထံ မှတိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာကော်မတီ၊  လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးမှူး၊ ရန်ကုန် တိုင်းဒေသကြီးသို့ တင်ပြထားသည် ဟု ၎င်းလယ်သမား ၁၈ ဦးထံမှ သိရှိရပါသည်။ 

No comments:

Post a Comment