ရန်ကုန်၊ စက်တင်ဘာ ၁၈
၁၉၈၅ ခုနှစ်တွင် အဆိုတော် အယ်လ်ခွန်းရီ၏ ဖခင်ဖြစ်သူ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန် အား လုပ်ကြံသည့် အဖွဲ့ခေါင်းဆောင်အဖြစ် တရားစွဲဆိုခံရကာ သေဒဏ်ချမှတ်ခံခဲ့ရသူ လဖိုင်ဇော်ဆိုင်း
အစိုးရ အကျဉ်းထောင်အတွင်း ၂၇ နှစ်ကြာ အကျဉ်းချခံခဲ့ရရာမှ ပြန်လည်လွတ်မြောက်လာသည့် KIA အထူးတပ်ဖွဲ့ခေါင်းဆောင် လဖိုင်ဇော်ဆိုင်းသည်
ကချင်ပြည်နယ် ငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်သွားမည် ဟု ပြောသည်။
''ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ရန်ကုန်ကို လာတာကလည်း ဒီမှာရှိတဲ့
ကျွန်တော့်သူငယ်ချင်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ တွေ့ပြီး
ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ဖို့ပါ''ဟု စက်တင်ဘာ ၁၇ ရက်နေ့က
မြင်းခြံထောင်မှ လွတ်မြောက်လာသော ၄င်းက ပြောသည်။ ၄င်း၏
ငြိမ်းချမ်းရေးဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ လုပ်ငန်းကော်မတီဝင်တစ်ဦးဖြစ် သည့်
ကိုဘိုဘိုဦးက ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် မည်သူနှင့်မဆို
လက်တွဲလုပ်ဆောင်သွားရန် အသင့်ရှိကြောင်း မှတ်ချက်ပြုပြောကြား သည်။ ထောင်တွင်း၌ ခင်မင်ခဲ့သောရန်ကုန်မှ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မိတ်ဆွေဟောင်း များနှင့် တွေ့ဆုံကာ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များအတွက်
လုပ်ဆောင်မည့် အစီအစဉ်များ ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
လွတ်ရက်စေ့ရန် နှစ်လသာလိုတော့သည့် ၄င်းသည် နိုင်ငံတော်သမ္မတ၏
လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာခြင်းဖြစ်သည်။
လဖိုင်ဇော်ဆိုင်းသည် ၁၉၈၅ ခုနှစ်တွင် အဆိုတော် အယ်လ်ခွန်းရီ၏ ဖခင်ဖြစ်သူ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန် အား လုပ်ကြံသည့် အဖွဲ့ခေါင်းဆောင်အဖြစ် တရားစွဲဆိုခံရကာ သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

No comments:
Post a Comment