Monday, September 3, 2012

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်လိုကြောင်း နိင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့

သတ္တုတွင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်အား ပြည်ထောင်စု စာရင်းစစ်ချုပ် ရာထူးနေရာတွင် ပြောင်းလဲတာဝန် ပေးအပ်လိုကြောင်းနှင့် ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းအား စစ်ဘက်မူလ တာဝန်များ ပြန်လည် ထမ်းဆောင်စေပြီး ၄င်း၏အစား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်အား တာဝန်ပေးအပ် လိုကြောင်း သ၀ဏ်လွှာကို နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးကာ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ထံ ပေးပို့သည့် အဆိုပါ သ၀ဏ်လွှာကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များထံ စက်တင်ဘာလ ၃ ရက်နေ့တွင် အသိပေး ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား တာဝန်ပေးအပ်လိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ နိုင်ငံတော် သမ္မတထံ တင်ပြခဲ့ကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်သဖြင့် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးသင့် သူဖြစ်ကြောင်း၊ ထိုသို့တာဝန်ပေးအပ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဂ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (ခ) ပါ ပြဌာန်းချက်များအရ အရေး ယူ ဆောင်ရွက်နိုင်ရန် သ၀ဏ်လွှာ ပေးပို့အပ်ပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရာထူးအတွက် သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်အား တာဝန်ပေးလိုပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥ ပဒေ ပုဒ်မ ၂၄၂ ပုဒ်မခွဲ (က) နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၅ ပါ ပြဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် သ၀ဏ်လွှာ ပေး ပို့အပ်ပါကြောင်းဖြင့် သ၀ဏ်လွှာနှစ်စောင်ကို အဆိုပါပုဂ္ဂိုလ်တို့၏ ကိုယ်ရေးမှတ်တမ်းတစ်စုံစီနှင့်အ တူ ပြည်ထောင်စုလွှတ်တော်သို့ ပို့ခဲ့ခြင်းဖြစ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူးတွင် တာဝန်ထမ်းဆောင်နေသော ဒုတိယဗိုလ် ချုပ်ကြီးလှမင်းအား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး၊ ယခင်ပြည်ထောင်စု စာရင်းစစ် ချုပ်မှာ ဦးလွန်းမောင်ဖြစ်သည်။ ၄င်းအား စာရင်းစစ်ချုပ်ရာထူးမှ သြဂုတ်လ ၂၈ ရက်နေ့တွင် နိုင်ငံတော် သမ္မတမှ အနားယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment