ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်လမ်းညွှန်မှုကိုခံယူကာ ပဲခူးမြို့အတွက် ရရှိသော
လျှပ်စစ်ဓာတ် အားမဂ္ဂါဝပ်အပေါ် မူတည်၍ ပဲခူးမြို့ပေါ်ရှိ လျှပ်စစ်ဓာတ်အားအသုံးပြုနေကြသော လုပ်သားပြည်သူများသို့ ယခုအခါ
နေ့/ညမပြတ်လျှပ်စစ်ဓာတ်အားများပေးနေမှုကြောင့် လျှပ်စစ်သုံးစွဲပြည်သူများမှာ
ကျေနပ်မှုရ ရှိနေလျက်ရှိသည်။ ပဲခူးမြို့သည် ပဲခူးတိုင်းဒေသကြီး၏ တိုင်းမြို့တော်ဖြစ်သည်နှင့်အညီ မြို့တော်အင်္ဂါရပ်နှင့် လိုက်လျောညီထွေမှုရှိအောင် လျှပ်စစ်ဓာတ်အားများ နေ့/ညမပြတ်ရရှိစေရေး၊ မတော်တဆယာဉ်အန္တာ ရာယ်များလျော့နည်းသွားရေး၊ မြို့တော်စည်ပင်သာယာလှပရေး
စသည်တို့ကို စီမံချက်များချမှတ်ပြီး ဆောင် ရွက်နေကြလျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးဗိုလ်မှူးစိန်အောင်၊ ပဲခူးခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင် သန်းဝင်းနှင့် ပဲခူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဦးအောင်သိန်းထွဋ်တို့၏ ညွှန်ကြားမှုတို့ဖြင့် ပဲခူးမြို့ပေါ်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံပေါင်းအမှတ် (၁)၊ (၂)၊ (၃) ဖြင့် လျှပ်စစ်ဓာတ်အားခွဲရုံ (၃) ရုံရှိရာ ၎င်းဓာတ်အားခွဲရုံ များမှတစ်ဆင့် ပဲခူးမြို့ပေါ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲပြည်သူများသို့ နေ့/ညမပြတ်လျှပ်စစ်ဓာတ်အား များ ပေးဝေနိုင်အောင် စီစဉ်ပေးနေခြင်းဖြစ်သည်။
ပဲခူးမြို့မှာ နိုင်ငံတော်၏မဟာဓာတ်အားလိုင်းပေါ်တွင်ရှိပြီး ပဲခူးမြို့အရှေ့ဘက်အနီးရှိ ကမာနတ် ဓာတ်အားခွဲ ရုံကြီးမှ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာန (LDC) သို့လည်းကောင်း၊ ပဲခူးမြို့ လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာနသို့လည်းကောင်း၊ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရရှိမှု မဂ္ဂါဝပ်ပေါ် မူတည်ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနေရလျက်ရှိသည်။
ယခုအခါ မဟာဓာတ်အားလိုင်းအတွင်းသို့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား များ ၀င်ရောက်လာပြီးဖြစ်သဖြင့် မြို့၏သုံးစွဲနေသော လျှပ်စစ်ဓာတ်အားများ အပေါ်မူတည်ပြီး လျှပ်စစ် အား ဖြန့်ဝေပေးနေလျက်ရှိသည်။
ယခုအခါမဟာဓာတ်အားလိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး ၀င်ရောက်လာပြီးဖြစ်သဖြင့် ပဲခူးမြို့နေပြည်သူ များ လျှပ်စစ်ဓာတ်အားများ လုံလောက်မှုများရရှိလာတော့မည်ဖြစ်သည်။

Ref: Hot News Weekly နီလာဝင်း (ရွှေသွေးကြီး)
No comments:
Post a Comment