မိုဘိုင်းဖုန်းများ၏ ကြိုတင်ငွေဖြည့်ကတ်များအား လက်ရှိထုတ်လုပ်နေသည့်
ကျပ်တစ်သောင်း တန်၊ နှစ်သောင်းတန်နှင့် ကျပ်သုံးသောင်းတန်
ငွေဖြည့်ကတ်များအပြင် ကျပ်ငါးထောင်တန် ငွေဖြည့်ကတ် များပါ မကြာမီ
ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
''သုံးထောင်တန် ငွေဖြည့်ကတ်တော့ မထုတ်ပါဘူး။ ငါးထောင်တန် ငွေဖြည့်ကတ်ပဲ
ထုတ်မှာပါ။ ရောင်းပေး မယ့်ရက် အတိအကျ မပြောနိုင်သေးပေမယ့် အမြန်ဆုံး
ထုတ်ပေးနိုင်အောင်တော့ လုပ်နေပါတယ်''ဟု မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများ၏
ကြိုတင်ငွေဖြည့်စနစ်အား ငွေဖြည့် ကတ်ဖြင့်သာမကပဲ
မိုဘိုင်းနက်ခ်ဝေါ့ပေါ်မှတဆင့် သတ်မှတ်ထားသည့် ငွေကြေးပမာဏအား
ဖြည့်သွင်း သုံးစွဲနိုင်သည့် e top up စနစ်ဖြင့်လည်း
ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါ သည်။
ပြည်တွင်းရှိ မိုဘိုင်းဖုန်းခေါ်ဆိုခများမှာ တစ်မိနစ်လျှင် ၅၀
ကျပ်ဖြစ်ပြီး မတ်လ ၁၄ ရက်နေ့မှစတင်၍ ည ၁၁ နာရီမှနံနက် ၇ နာရီအတွင်းတွင်မူ
တစ်မိနစ်လျှင် ၂၅ ကျပ်သို့ လျော့ချပေးခဲ့သော်လည်း လူအများစုအတွက် အကျိုး
သက်ရောက်မှုမရှိခဲ့ကြောင်း သိရသည်။
Ref: Eleven Media Group
No comments:
Post a Comment