Monday, December 31, 2012

မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးစေရန်အတွက် အမေရိကန်တက္ကသိုလ်ကိုးခု ပူးပေါင်းပါဝင်မည်

ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးအဖြစ် အမေရိကန်သမ္မတအိုဘားမား လာရောက် လည်ပတ်ခဲ့စဉ်က အဆင့်မြင့်ပညာရေးနှင့်ပတ်သက်ပြီး ကတိပေးပြောကြားခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ ပညာရေးအဖွဲ့အစည်း (IIE) မှ အမေရိကန် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းကိုးခု ပူးပေါင်းပါဝင်သည့် အစီအစဉ်ကို စတင်လုပ်ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါပညာရေး အဖွဲ့အစည်းများသည် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ် ထားပြီး မြန်မာနိုင်ငံ၏ အဆင်မြင့်ပညာရေးစနစ် ပြန်လည်တည်ဆောက်ရာတွင်လည်း ကူညီထောက်ပံ့ မည် ဖြစ်သည်။ ပူးပေါင်းပါဝင်မည့် အမေရိကန်တက္ကသိုလ်များမှာ American University, Arizona State University, Ball State University, Hawaii Pacific University, Northern Illinois University, Northern Arizona University, Samford University, University of Massachusetts Lowel နှင့် University of Washington တို့ဖြစ်ပြီး အဆိုပါ အမေရိကန်ကောလိပ်နှင့် တက္ကသိုလ်ကိုးခု သည် မြန်မာနိုင်ငံဆိုင်ရာ International Academic Partnership Program (IAPP) ၏အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း IIE မှကြေညာခဲ့သည်။ အဆင့်မြင့်ပညာရေးအတွက် IIE ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစင်တာကို IAPP မှစီမံအုပ်ချုပ်ပြီး ရွေးချယ်ထားသည့် ကျောင်းကိုးခုမှာ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်မည့် ညွှန်ကြားချက်များနှင့် စိတ်ဝင်စားမှုတို့အပေါ် အခြေခံ ကာ ရွေးချယ်ထားခြင်းဖြစ်သည်ဟု သိရသည်။ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးစနစ်နှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းမှု နှစ်ကြိမ်ပြုလုပ်ရန် IIE မှစီစဉ်ထားပြီး အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွက် အဖွဲ့ဝင် ၁,၀၀၀ ရှိသည့် IIE Network မှတက္ကသိုလ်များ ပါဝင်ရန် ဖိတ်ကြားမည်ဟုသိရသည်။

ရေးသားသူ -နောင်နောင်
Ref: Myanmar Internet Journal

ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော အဘိဓာန်ထွက်ရှိ

နိုင်ငံခြားသို့ ပညာသင်သွားကြသော ကျောင်းသားကျောင်းသူများ၊ စကားပြန်များ၊ ဧည့်လမ်းညွှန်များ၊ သင်္ဘောသားများ၊ နိုင်ငံခြားသို့ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများ၊ နိုင်ငံတကာသို့ ခရီးသွားနေသူ များအတွက် ရည်ရွယ်၍ ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော အဘိဓာန် တစ်မျိုးကို ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း KMD Computer Group မှသိရသည်။

KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့

လိုင်ဇာ၊  ဒီဇင်ဘာ ၃၁။
  တရုတ်ပြည်ဘက်ကို ပြောင်းရွှေ့နေကြသော KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ
KIA ခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ပြီး တရုတ်နဲ့လက်တွဲရေး လုပ်ဆောင်ချက်တွေကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာတ၀ိုက်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပါတယ်။ တိုက်ပွဲတွေမှာ KIA ဘက်က ထိခိုက်ကျဆုံးမှုတွေ တစ်နေ့ ထက်တစ်နေ့ ပိုမိုများပြားလာတဲ့အတွက် KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ တရုတ်ပြည်ဘက် ကို အစောဆုံးဆုတ်ခွာသွားခဲ့သလို ကျန်ရှိနေတဲ့ ဆွေမျိုးတွေလဲ အိမ်ထောင်စုအလိုက် တရုတ်ပြည်ဘက် ကို ပြောင်းရွှေ့နေကြပါတယ်။
KIA ခေါင်းဆောင်ပိုင်းတွေရဲ့ ဆွေမျိုး၊မိသားစုတွေအနေနဲ့ အရင်ကထဲက တရုတ်ပြည်နယ်အစိုးရနဲ့ သဘောတူညီချက်တွေရှိထားတဲ့အတိုင်း လိုင်ဇာမှာနေလို့မရတော့တဲ့ အတွက် ပြောင်းရွှေ့နေ ကြခြင်းဖြစ် ပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာ လိုင်ဇာဌာနချုပ်က အစိုးရတပ်တွေရဲ့လက်ထဲကို ကျရောက်တော့မဲ့ အခြေအနေ ဖြစ်နေပါတယ်။ KIA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးလဂျွန်ကတော့ "သူတို့ KIA တွေ ရဲ့ လျှို့ဝှက်ချက် တွေကို ABSDF ကျောင်းသားတပ်မတော်ကနေတစ်ဆင့် စစ်တပ်က သိသွားတာဖြစ် တယ်လို့" ပြောပါတယ်။ "ABSDF ကျောင်းသားတပ်မတော်မှာ အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေ ရှိတယ် ဆိုတာ သူတို့သတိမပြုမိလို့ အခုလိုခံလိုက်ရခြင်းဖြစ်တယ်လို့" လည်း ပြောပြပါတယ်။
 
KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ တရုတ်ပြည်ဘက်မှာရှိနေတဲ့ သူတို့ရဲ့ ကျောက်စိမ်း ကုမ္ပဏီ တွေမှာ အရှိန်အဟုန်မပျက်ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပေမယ့် လိုင်ဇာမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေ နဲ့ မိသားစုတွေရဲ့ အနာဂတ်အရေးကတော့ ဘာမှသေချာရေရာခြင်းမရှိပါဘူး။ ကျန်ခဲ့တဲ့တပ်ဖွဲ့တွေမှာ စားနပ်ရိက္ခာ၊ ငွေကြေးနဲ့ ဆေးဝါးတွေလုံလောက်မှုမရှိတဲ့အတွက် တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ တပ်ဖွဲ့ဝင်တွေ အခြေအနေကဆိုးရွားနေသလောက် တရုတ်ပြည်ဘက်မှာရောက်နေတဲ့ KIA ဆွေမျိုးတွေ ကတော့ အခြေအနေ မပျက် စည်းစိမ်အပြည့်နဲ့ နေနိုင်မှာပါလို့ ဆက်လက်ပြောပြပါတယ်။

Ref: Kachin Daily News

KIA ခေါင်းဆောင်များ တရုတ်နိုင်ငံတွင် နေထိုင်နိုင်ရန်အတွက် မြေကွက်များကြိုတင်ငှားရမ်းထား

လိုင်ဇာ၊  ဒီဇင်ဘာ ၃၁။
 လိုင်ဇာအနီး တရုတ်နိုင်ငံ Dehong မြို့ရှိ  KIA ခေါင်းဆောင်များ ငှားရမ်းထားသော တိုက်ခန်းများ
ယခုရက်များအတွင်း အစိုးရတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့အတွက် KIA ခေါင်းဆောင်ပိုင်းတွေ တရုတ်နိုင်ငံဘက်ကို အသုတ်လိုက် ထွက်ပြေးနေကြပါတယ်။ လိုင်ဇာနဲ့ ကပ်နေ တဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ အရင်ကထဲက ငှားရမ်းထားတဲ့မြေကွက်မှာ သူတို့ဆွေမျိုးတွေ အစုလိုက် သွားရောက် နေထိုင်မယ်လို့ သိရပါတယ်။ ကချင်လက်နက်ကိုင်တပ်တွေအနေနဲ့ ကချင်ပြည် နယ်အတွင်း မှာရှိတဲ့ လူထုအများစုကိုယ်တိုင်က မထောက်ခံတဲ့အတွက် အစိုးရတပ်ရဲ့ ထိုးစစ်ဆင်လာတာကို ကချင်ပြည်နယ်အတွင်းမှာ ဘယ်သူကမှ ကန့်ကွက်မှုတစ်စုံတစ်ရာ မလုပ်ခဲ့ကြပါဘူး။
KIA တပ်တွေဟာ တရုတ်အစိုးရရဲ့ တိတ်တဆိတ်ထောက်ပံ့မှုတွေရရှိနေတာ ဖြစ်တယ်လို့လည်း ဒေသ ခံတွေ ကပြောပါတယ်။ KIA တပ်တွေအနေနဲ့ သီးခြားကချင်ပြည်နယ်ထူထောင်ဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံ က လက်နက်ကျွမ်းကျင်သူတွေဦးစီးတဲ့ လက်နက်စက်ရုံတွေကို တရုတ်နယ်စပ်နဲ့ လိုင်ဇာဌာနချုပ် အနီး ဝေကြိုင်ဘွန်ရပ်ကွက်မှာ တည်ဆောက်ထားပါတယ်။ အစိုးရဘက်က အကြိမ်ကြိမ် အလျော့ပေး ပြီး ဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမယ့်ဆွေးနွေးပွဲတွေ အောင်မြင်လာခြင်းမရှိခဲ့တဲ့အပေါ် ဒေသခံ လူမျိုး စု ခေါင်းဆောင်တွေကိုယ်တိုင်က KIA အပေါ် ထောက်ခံမှု လျော့နည်းလာခဲ့ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် KIA ခေါင်းဆောင်အများစုဟာ ကချင်ပြည်နယ်အတွင်းမှာ မနေရဲတော့ဘဲ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံ သွားတာဖြစ်တယ်လို့ နယ်စပ်ဒေသက KIA အရေး စောင့်ကြည့်လေ့လာသူတစ်ဦး က ထောက်ပြပြောဆိုပါတယ်။
 
Ref: Kachin Daily News

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမှတစ်ဆင့် မြန်မာပြည်သူများသို့ နှစ်သစ်ကူးမိန့်ခွန်းပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ (၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့) နံနက် ၇ နာရီ အချိန်တွင် မြန်မာပြည်သူများသို့ မြန်မာ့အသံ ရေဒီယိုအစီအစဉ်နှင့် အက်ဖ်အမ်ရေဒီယို အစီအစဉ်များမှ တစ်ဆင့် နှစ်သစ်ကူးမိန့်ခွန်းအား ငါးမိနစ်ကြာ ပြောကြားခဲ့ပါသည်။
မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မိဘပြည်သူများ ခင်ဗျား
ယခုလို နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွင်ခြင်း၊ ငြိမ်းချမ်းခြင်းများနဲ့ ပြည့်စုံပါစေ လို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ယခုလို ကျွန်တော့ အနေနဲ့ မိဘပြည်သူတို့ကို ရေဒီယိုကနေ တစ်ဆင့် တိုက်ရိုက်စကားပြောခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလို ရေဒီယိုကနေ တစ် ဆင့် ပြည်သူလူထုကြီးကို တိုက်ရိုက်ဆက်သွယ် ပြောကြားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား တိုက်ရိုက်ဆက်ဆံရေး လမ်းကြောင်းသစ် တစ်ခုကို အစပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူ အကြား အပြန်အလှန်ယုံကြည်မှုကို ကျွန်တော်တို့ ပြန်လည် တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရသစ် တက်ရောက်လာတဲ့ အချိန်ကစတင်ပြီး ပြည်သူလူထုနဲ့ အစိုးရအကြား အပြန်အလှန် ဆက်သွယ်မှုကို ပိုမိုကောင်းမွန်လာစေဖို့၊ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ရေး လမ်းကြောင်းများ ပေါ်ပေါက်လာစေဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ အခါအခွင့်သင့်တိုင်း ကျွန်တော့ အနေနဲ့ ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို မီဒီယာများကနေတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု အတွက်လည်း ကျွန်တော် အပါ အဝင် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေနဲ့လည်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ကျင်းပပြီး ပြည်သူလူထုထံသို့ သတင်းအချက်အလက်များ စီးဆင်းစေခဲ့ပါတယ်။ အခုလို မီဒီယာမျိုးစုံနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကာလမှာ ရေဒီယိုကို အသုံးပြုတဲ့ ဆက်သွယ်ရေး နည်းလမ်းဟာ ထိရောက်မှု ရှိနေသေးတဲ့အပြင် လက်ရှိမိမိတို့ နိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီမှုရှိပြီး တစ်နိုင်ငံလုံးက ပြည်သူ အများစု အားထားရတဲ့ သတင်းဆက်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့အတွက် ရေဒီယိုမိန့်ခွန်းများ စ တင် ပြောကြားရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

ယခင်နှစ်အတွင်း ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များက ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ နိုင်ငံရေး ဖြစ်ထွန်းတိုးတက် မှုများကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်စ ပြုခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိဘပြည်သူများနဲ့ ကျွန်တော်တို့အစိုးရ အထူးသတိပြုရမယ့်ကိစ္စရပ်ကတော့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေ နဲ့ အစိုးရယန္တရားရဲ့ ဖြည့်ဆည်းနိုင်စွမ်း အကြားမှာရှိတဲ့ ကွာဟမှုပဲ ဖြစ်ပါတယ်။ ဒီကွာဟမှုကို နည်းနိုင်သမျှ နည်းအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးစားရမယ်ဆိုတာ ကျွန်တော့အနေနဲ့ လေးလေးနက်နက် ယုံကြည်ထားပါတယ်။

ပွင့်လင်းလွတ်လပ်မှုများ မရှိခဲ့ဘဲ အထီးကျန်ဆန်ခဲ့ရတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ပြုပြင် စရာ၊ ပြောင်းလဲစရာတွေနဲ့ ပြည့်နက်နေတာကို ကျွန်တော်တို့အားလုံး သိရှိကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ယခုလို ပြုပြင်ပြောင်းလဲရေးကာလမှာ အကောင်းဆုံးအခြေအနေကို မျှော်လင့်ပြီး ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အကောင်းဆုံးမျှော်လင့်တာ သဘာဝကျတဲ့ကိစ္စ ဖြစ်ပါတယ်။ မျှော် လင့်ချက်တွေအတွက် ဆန္ဒထုတ်ဖော် တောင်းဆိုပိုင်ခွင့်လည်း ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် အရေးကြီးဆုံးကတော့ အခုလက်ရှိဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲ မှုများက တစ်ဆင့် သေချာရေရာတဲ့ အနာဂတ်ဖြစ်အောင် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ လွတ်လပ် ပွင့်လင်းမှု ရှိလာတဲ့အခြေအနေကို ရင့်ကျက်မှု ရှိရှိနဲ့ တုံ့ပြန်နိုင်မှသာ ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ ကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ကျမှုကို အခြေခံပြီး အပြုသဘောဆောင်တဲ့ ရှုမြင်မှုမျိုး နှစ်ဦးနှစ်ဖက် ညှိနှိုင်း အဖြေထုတ်တဲ့ နိုင်ငံရေးဓလေ့မျိုး အစွန်းမရောက်တဲ့ အမြင်မျိုး ဖြစ်စေရန် ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ယခင် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာကပင် အံ့သြစရာကောင်းလောက်အောင် နိုင်ငံရေး ဖြစ်ထွန်းမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နေ့စဉ် လူမှုစီးပွားဘဝကို မြှင့်တင်နိုင် ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးစနစ်တစ်ခုကို ကျွန်တော်တို့အတူ အုတ်မြစ်ချနိုင်ခဲ့ပြီလို့လည်း ဆိုနိုင်ပါ တယ်။ လာမယ့်နှစ်တွေမှာ အထွေထွေ ပြုပြင်ပြောင်းလဲမှုများရဲ့ အသီးအပွင့်တွေကို ပြည်သူတစ်ဦးချင်းစီ လက်တွေ့ ခံစားခွင့်ရစေဖို့၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့ စီမံကိန်းများ ချမှတ် ပြီး ဆောင်ရွက်နေပါတယ်။ ရှေ့ဆက် ဆောင်ရွက်မယ့် ကိစ္စရပ်များနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုကြီးထံကို စဉ်ဆက်မပြတ် ပြော ကြားပေးသွားမှာ ဖြစ်ပါတယ်။

မကြာမီမှာ ကျရောက်တော့မယ့် လွတ်လပ်ရေးနေ့နဲ့ ဆက်စပ်ပြီး ကျွန်တော် တွေးမိတဲ့ အကြောင်းအရာ တစ်ခုကို ပြည်သူလူထုကြီးကို မျှဝေလိုပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ လွတ်လပ်ရေးရယူ စဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှု အင်အားအတိုင်း နိုင်ငံသားတစ်ဦးချင်း၊ တစ်ယောက်ချင်းစီက လက်တွဲ လုပ်ဆောင်နိုင်မယ် ဆိုပါလျှင် ယခုကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေကို မလွဲ မသွေ ကျော်လွှားနိုင်မယ် ဆိုတဲ့ အတွေးပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အများစုအနေနဲ့လည်း ကျွန်တော်နဲ့ တစ်သဘောတည်း ရှိနေမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူတစ်ရပ်လုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။

Ref: Eleven Media Group

Thursday, December 27, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေပွဲတော် ကျင်းပ လူထုအနေနှင့် အရည်အချင်းမရှိ၊ စိတ်ဓာတ်မမြင့်မားပါက သယံဇာတရှိလည်း မချမ်းသာနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

  ha-27-12-2
 ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေပွဲတော်ကို ဒီဇင်ဘာ ၂၇ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး ပြည်သူလူထု အရည်အချင်းမရှိ၊ စိတ်ဓာတ်မမြင့်မားပါက သယံဇာတရှိလည်း နိုင်ငံမချမ်း သာနိုင်ဟု ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် သယံဇာတအားဖြင့် အလွန်ချမ်းသာကြွယ်ဝသည့် နိုင်ငံဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံအချို့ကိုကြည့်ပါက သယံဇာတရှိသည့်နိုင်ငံများ မဟုတ်ကြောင်း၊ သို့သော် ယင်းနိုင်ငံများသည် ၎င်းတို့၏ နိုင်ငံသူနိုင်ငံသားများကို ရတနာများဖြစ်အောင် ပြုစုပျိုးထောင်နိုင် ခဲ့ကြောင်း၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများကိုလည်း ယင်းကဲ့သို့ ရတနာများ ဖြစ်စေချင်ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသွားသည်။
'' နိုင်ငံတစ်နိုင်ငံ ချမ်းသာတယ်ဆိုတာ အဓိက ပြည်သူပြည်သားတွေရဲ့ အရည်အချင်းပေါ်မှာ အများကြီး တည်ပါတယ်။ ဒီနိုင်ငံမှာ သယံဇာတပစ္စည်းတွေ ဘယ်လောက်များနေများနေ၊ ပြည်သူလူထုဟာ အရည် အချင်းမရှိဘူး၊ စိတ်ဓာတ်မမြင့်မားဘူးဆိုရင် ချမ်းသာနိုင်မှာ မဟုတ်ပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ခြင်း ဖြစ်သည်။

Wednesday, December 26, 2012

မီးလောင်ပျက်စီးသွားသော လေယာဉ်မှ ပျံသန်းမှု မှတ်တမ်းသေတ္တာအား ရှာဖွေတွေ့ရှိပြီဖြစ်ပြီး တစ်ဆင့်အာမခံရာနိုင်ငံသို့ ပို့ဆောင်ကာ စစ်ဆေးသွားမည်

မီးလောင်ပျက်စီးသွားသော Air Bagan လေယာဉ်မှ Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်းသေတ္တာ) အားရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပြီး စင်ကာပူ နိုင်ငံသို့ ပို့ဆောင်ကာ လေယာဉ်ပျက် ကျမီးလောင်မှု ဖြစ်ပွားခဲ့ရသည့် အဓိကအကြောင်းအရင်းကို စုံစမ်းဖော်ထုတ်သွားမည်ဟု Air Bagan လေကြောင်းလိုင်းမှ သတင်း ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ Black Box (လေယာဉ် ပျံသန်းမှုမှတ်တမ်းသေတ္တာ)အား လေယာဉ်ပျက်ကျ မီးလောင်မှုဖြစ်ပွား ပြီး နာရီပိုင်းအတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
Air Bagan လေကြောင်းလိုင်းသည် နိုင်ငံခြားသားခရီးသည်များအတွက် ယင်းတို့၏ သက်ဆိုင်ရာနိုင်ငံများ၏ သံရုံးများနှင့်ပူးပေါင်းလျက် ခရီးသည်များ၏ နိုင်ငံကူးလက်မှတ်များ အမြန်ဆုံးပြန်လည်ရရှိရေး အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
Air Bagan လေကြောင်းလိုင်းသည် လေကြောင်းလိုင်းပိုင်ရှင်၏ဆန္ဒအရ မြန်မာ့အာမခံလုပ်ငန်းမှ ပြည်ပ၌ Reinsure (တစ်ဆင့်အာမခံ) ပြန်လည်ထားရှိထားသော မြန်မာနိုင်ငံ၏ လေကြောင်းလိုင်းနှစ်ခုအနက် တစ်ခုအပါ အ၀င်ဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)  သည် နိုင်ငံတကာခရီးစဉ်များ ပျံသန်းပြေးဆွဲနေသောကြောင့် စင်ကာပူနိုင်ငံတွင် တစ်ဆင့်အာမခံ ထားရှိပြီး ကျန်လေကြောင်းလိုင်းများ၏ လေကြောင်းအာမခံအား မြန်မာ့အာမခံလုပ်ငန်းမှသာ တာဝန်ယူ လုပ်ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။

Ref: Eleven Media Group

Wednesday, December 19, 2012

နွေမပေါက်ခင် အသေဖြောင့်အောင် ဆုတောင်းကြရတော့မည့် ကေအိုင်အေများ

ငြိမ်းချမ်းရေး ဖော်ဆောင်မည့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့မှ ညှိုနှိုင်း ဆောင်ရွက်နေစဉ်မှာလဲ ကေအိုင်အေတို့ဘက်မှ စစ်ရေးအရ လှုပ်ရှားတိုက်ခိုက်မှုတွေ လုပ်ခဲ့သည်။ ပြည်တွင်းတွင် မီဒီယာများ သတင်းရေးစရာမရှိလို့ ကချင်ပြည်နယ်ထိတက်ပြီး သတင်းရှာခဲ့ ချိန်မှာတော့ ကေအိုင်အေတို့ရဲ့ ထိခိုက်ကျဆုံးမှုသတင်းများ ရှိခဲ့ဖူးပေမယ့် နောက်ပိုင်းတွင် ကေအိုင်အေတို့ တိုက်ပွဲတွင် သေဆုံးသည် မရှိတော့။ မြန်မာ့တပ်မတော်သားများသာ ကျဆုံးနေသည့် ဆိုသည့်နောက် ကေ အိုင်အေမှ ကျဆုံးသောင်းကျန်းသူများ ဘယ်နေရာတွင် သွားသေကုန်ကြပါသလဲ။
စစ်ပွဲတစ်ခုဖြစ်သည်နှင့် သေဆုံးခြင်း၊ ဒဏ်ရာရခြင်းရှိသည်မှာ တပ်မတော်သားများအတွက် အဆန်းမဟုတ်။ ကိုယ့်တိုင်းပြည်၏ ဒို့တာဝန်အရေး(၃)ပါးကို ဆောင်ရွက်ရင်း အသက်ပေးခဲ့သည့် စစ်သည်တို့၏ ၀ိဥာဉ်များ မြန်မာနိုင်ငံအနှံ့လက်ညှိုးထိုးမလွဲ။ ဒါပေမယ့် အတင်းအဓမ္မ လူသစ်စု၊ ဆက်ကြေးကောက်ပြီး အာဏာတစ်ခုအတွက် စီးပွားရေးဆန်သည့်စစ်ပွဲဆင်နွှဲသည့် ကေအိုင်အေ တို့အတွက်ကား သေဆုံးခြင်း သည် တိရိစ္ဆာန် တစ်ကောင်လောက်မျှ တန်ဖိုးမရှိ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုဟု သက်ဆိုင်ရာသို့ တင်ပြထား

 191
ပုဂ္ဂလိကမှ နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည်ဟု တင်ပြထားသည့် ကိုကိုးကျွန်း၏ ဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခု က နှစ်ရှည်ငှားရမ်းလုပ်ကိုင်လိုသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လာရောက်တင်ပြ ထားကြောင်း သတင်းရရှိသည်။
အဆိုပါ ကုမ္ပဏီက ကိုကိုးကျွန်းအား ငှားရမ်းလုပ်ကိုင်လိုသည်ဟု Proposal သဘောမျိုး ယေဘုယျ လာရောက်တင်ထားခြင်းဖြစ်ပြီး နှစ်ရှည်ငှားခွင့်ဆိုရာတွင် နှစ် ၅၀ အထိ ငှားရမ်းလုပ်ကိုင်လိုခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“လာတင်ပြတဲ့ ကုမ္ပဏီကတော့ ကိုကိုးကျွန်းကို ငှားရမ်းလုပ်ချင်တယ်ဆိုပြီးတော့ ယေဘုယျ လာတင် ထားတဲ့သဘောပါ၊၊ ဘာမှ အတိအကျမလုပ်သေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခေတ်မမီတော့သည့် ရန်ကုန်မြို့ပတ် ရထားလမ်းစီမံကိန်းအား ဂျပန်နိုင်ငံ အကူအညီဖြင့် ၂၀၁၃ ဇန်န၀ါရီမှ စတင်ပြုပြင် တည်ဆောက်မည်

 thn-19--12-1
အင်းစိန်မြို့နယ်အတွင်းရှိ တညင်းကုန်းဘူတာအနီးမြင်ကွင်း

ခေတ်မီခြင်းမရှိတော့သည့် ရန်ကုန်မြို့ပတ်ရထားလမ်းစီမံကိန်းအား ၂၀၁၃ ဇန်န၀ါရီလမှ စတင်ကာ ဂျပန်နိုင်ငံအကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား ၀န်ကြီးဌာန၏ ရုံးအဖွဲ့မှူးထံမှ သိရသည်။

ယင်းစီမံကိန်းနှင့် ဆက်စပ်ပြီး ၂၀၁၂ ခုနှစ် ဧပြီက ဂျပန်နိုင်ငံသို့သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားခဲ့ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးပေးမည့် မြန်မာ့မီးရထားစီမံကိန်းတွင် ရန်ကုန်မြို့ပတ်ရထားလမ်းစီမံကိန်းနှင့် ရန်ကုန်-နေ ပြည်တော် စီမံကိန်းတို့ပါဝင်ကြောင်း မြန်မာ့မီးရထားဝန်ကြီးဌာနမှ သိရသည်။

 ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား (ပါရမီ)အား ဖွင့်လှစ်လိုက်သည်

 ha-19-12-4
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့စဉ်
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တို့ကို ဆက်သွယ်ထား သည့်  ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား (ပါရမီ)အား ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၇ နာရီ မိနစ် ၄၀ အချိန်ခန့်က ဖွင့်လှစ်ခဲ့ကြောင်း  သတင်းရရှိသည်။

အဆိုပါတံတားအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်နှင့် သက်ဆိုင်ရာ ရန်ကုန်တိုင်း တိုင်းဒေသကြီး ၀န်ကြီးများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 ABSDF (မြောက်ပိုင်း)အဖွဲ့၏ ကချင်စစ်မြေပြင် ၀ါဒဖြန့်ချိရေး ရုပ်သံဖိုင်များ အင်တာနက်ပေါ်တွင် ပျံ့နှံ့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြောက်ပိုင်း)အဖွဲ့၏ ကချင်စစ်မြေပြင် ၀ါဒဖြန့်ချိရေးရုပ်သံဖိုင်များ အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ www.facebook.com/lachid.kachin နှင့် www.facebook.com/jinghpaw.kasa များမှ တစ်ဆင့် ပျံ့နှံ့နေခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့က KIA  ဌာနချုပ်နှင့် ခုနစ်မိုင်အကွာတွင်ရှိသော လဂျားယန် (Laja Yang) ၌ ဖြစ်ပွားခဲ့သောKIA ၊ ABSDF  (မြောက်ပိုင်း) ပူးပေါင်းတပ်နှင့် တပ်မတော်တို့ တိုက်ပွဲတွင် အရှင်ဖမ်းမိခဲ့သော တပ်မတော်သား(သုံ့ပန်း)အချို့ကို စစ်ချက်ယူခြင်း၊ မေးမြန်းခြင်း ရုပ်သံဖိုင်နှင့် တိုက်ပွဲဖြစ်ပွားမှု ရုပ်သံဖိုင်များကို ၀ါဒဖြန့်ချိရေးအနေဖြင့် အင်တာနက်ပေါ်တွင် လွှင့်တင် ပျံ့နှံ့နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ သီပေါမင်းနန်းတော်ကို အိန္ဒိယအစိုးရမှ ငွေကြေးစိုက်ထုတ်ကာ အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်မည်

ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် သီပေါမင်းတရားကြီး စိုးစံခဲ့သော အိန္ဒိယနိုင်ငံ မဟာရာဖတ်ပြည်နယ်၊ ရတနာဂီရိရှိ သီပေါစံအိမ်တော်ကို အိန္ဒိယအစိုးရမှ ငွေကြေးစိုက်ထုတ်ကာ အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန အတွင်းရေးမှူး Mr.A.K.Upad- hyay က ပြောကြားခဲ့သည်။

အဆိုပါ သီပေါမင်းတရားကြီး၏ စံနန်းတော်ကို အိန္ဒိယနိုင်ငံမှ ငွေကြေးစိုက်ထုတ်ကာ ပြင်ဆင်မှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း Mr.A.K.U pad-hyay က ဒီဇင်ဘာလ ၁၃ ရက်နေ့၌ မန္တလေးမြို့ ရွှေပြည် သာ ဟိုတယ်တွင် ပြုလုပ်သည့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။

Tuesday, December 18, 2012

ထားဝယ်လေဆိပ်တွင် ထိုင်းလေတပ်မှ လေယာဉ်တစ်စီး အင်ဂျင်ပိုင်းချွတ်ယွင်းမှုကြောင့် ညအိပ်ရပ်နားခဲ့ရ

ဒီဇင်ဘာလ ၁၇ ရက်နေ့က ထားဝယ်ရေနက်ဆိပ်ကမ်းသို့ လာရောက်သည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်၏ အဖွဲ့တွင် လိုက်ပါလာသော လေယာဉ်တစ်စီးသည် အင်ဂျင်ပိုင်းပြဿနာ ဖြစ်ပွားခဲ့ ၍ လေယာဉ်ပျံတက်နိုင်ခြင်း မရှိဘဲ ထားဝယ်လေဆိပ်၌ ညအိပ်ရပ်နားခဲ့ရကြောင်း သတင်းရရှိသည်။

ထိုင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် မီဒီယာများ စီးနင်းလိုက်ပါလာသော အင်ဂျင်လေးလုံးပါ C-130 လေယာဉ်သည် ယင်းနေ့ ညနေပိုင်းတွင် ထားဝယ်လေဆိပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် အင်ဂျင်စက်နှိုးစဉ် လေယာဉ်၏ ညာဘက်အင်ဂျင်တစ်လုံး ပါဝါမတက်သောကြောင့် ဘန်ကောက်သို့ ထွက်ခွာနိုင်ခြင်းမရှိဘဲ ရပ်နားထားခဲ့ရကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား KIA မှဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်သား (၁) ဦး ကျဆုံး

ယနေ့ ( ၁၈-၁၂-၂၀၁၂ ) ရက်နေ့ နံနက် ( ၄ ) နာရီဝန်းကျင်တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား KIA အင်အား ( ၇၀ ) ခန့် လာရောက်တိုက်ခိုက်ရာ ရဲစခန်းကျဆုံးသွားပြီး ရဲတပ်သား ( ၁ )ဦးကျဆုံးသွားကြောင်း သိရသည်။
KIA မှ ပြန်လည်ထွက်ခွာသွားကြောင်းနှင့် ထိခိုက်ဒါဏ်ရာရသူ များပြားပြီ ကာမိုင်းဆေးရုံတွင် တက်ရောက် ကုသလျက်ရှိသည်ဟု သိရသည်။ ရဲစခန်းအနီး နေထိုင်သူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲစခန်းအနီး ထီရောင်းချသူတစ်ဦးထံမှ သိရသည်။
ကာမိုင်းအထွက်အင်းတော်ချောင်း တံတားကိုလည်း KIA မှ ဖျက်ဆီးသွားကြောင်း သိရသည်။ ကားေ လးများသာ သွားနိုင်တော့ပြီး ကားကြီးများ သွားလာနိုင်ခြင်း မရှိတော့ကြောင်းလည်း သိရသည်။ ဒီဇင်ဘာလအတွင်းတွင် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေရာမှ ယခုပြန်လည် ဖြစ် ပွားခြင်းဖြစ်သည်။

Ref: Eleven Media Group

ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့် ယာဉ်တိုက်မှု

ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်တွင် Suzuki Pickup ကားတစ်စီးနှင့် Toyota အိမ်စီးကားတစ်စီးတို့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ Suzuki Pickup ကားမှာ တိမ်းမှောက်သွားကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူမရှိကြောင်းလည်း သိရသည်။

Monday, December 17, 2012

 ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေး

 ha-17-12-6
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံအုပ်ကြီးရုံးခန်းမှ ပြန်လည်ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းကတွေ့ရစဉ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည်မှ ဒီဇင်ဘာလ ၁၇ ရက်နေ့ (ယမန်နေ့) နံနက်ပိုင်းက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေးရာတွင် ဖျားနာဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရေးပေါ်နှင့် ပြင်ပ လူနာဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လူနာဦးရေနှင့် ကုတင်မျှတမှုရှိ/မရှိ၊ ဆေးရုံသန့်ရှင်းရေး၊ လူနာများစိတ်ကျေနပ်မှုရှိ/မရှိ  စသည်တို့ကို တက်ရောက်ကုသလျက်ရှိသည့် လူနာများနှင့် မိသားစုဝင်များ ကိုမေးမြန်းခဲ့ပြီး ဆေးရုံရှိဝန်ထမ်းများကိုလည်း လိုအပ်ချက်ရှိမရှိ မေးမြန်းခဲ့ကြောင်းလည်း သိရသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက် တာကျော်ကျော်နှင့် တွေ့ဆုံ၍ ဆေးရုံအဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို  မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သေမင်းတမန် ရထားလမ်းကြောရိုးကို အခြေခံပြီး သံဖြူဇရပ်-ဘုရားသုံးဆူ ရထားလမ်းပိုင်းအတွက် တိုင်းတာမှုများ စတင်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်သို့ မီးရထားလမ်းအတွက် လိုအပ်သော FEASIBILITY  SURVEY ကို (၁၄-၁၂-၂၀၁၂) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်တွင် စတင်တိုင်းထွာ မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ပါသည်။
172
  သေမင်းတမန် ရထားလမ်း စတင်ရာနေရာအား တွေ့ရစဉ်

ဇီဝိတဒါန သံဃာ့ဆေးရုံကြီးမှ ပြင်ပလူနာများကိုပါ အခမဲ့ဆေးကုသပေးနေကြောင်း သိရ

ရန်ကုန်၊ ဇီဝိတဒါနဆေးရုံကြီးတွင် သံဃာတော်များ၊ သီလရှင်များသာမက ပြင်ပလူနာများကိုပါ ကုသပေးလျက်ရှိ ကြောင်းသိရသည်။ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း လူမျိုးမရွေး၊ ဘာသာမရွေး မည်သူမဆို လာရောက်ကုသနိုင်ပြီး ဆေးမှတ်တမ်းအတွက် အလှူငွေ ၁၀၀ ကျပ်သာ  ထည့်ရန်လိုအပ်ကြောင်းသိရသည်။ 
အခြားသောစမ်းသပ်ခနှင့် ဆေးဝါးများအတွက် ပျောက်ကင်းသည်အထိ အခမဲ့ကုသပေးသွား မည်ဖြစ်ကြောင်း သိရသည်။ မျက်စိခွဲစိတ်ကုသမှုများကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် စနေနေ့များတွင် ဆောင် ရွက်ပေးနေပြီး၊ စနေ၊ တနင်္ဂနွေ နေ့များတွင် မျက်စိပါဝါစမ်းသပ်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
သံဃာတော်များနှင့် သီလရှင်များကို ကုသိုလ်ဖြစ်ခွဲစိတ်ကုသပေးနေပြီး ပြင်ပလူများကိုလည်း အမှန်တကယ် ဆင်းရဲနွမ်းပါးကြောင်း ရပ်ကွက်မှတာဝန်ရှိသူ၏ ထောက်ခံစာပါရှိပါက ပြင်ပလူနာများကိုလည်း အခမဲ့ခွဲစိတ် ကုသပေးလျက်ရှိကြောင်း သိရသည်။
၎င်းဇီဝိတဒါနသံဃာဆေးရုံကြီးကို ၁၉၄၀ ပြည့်နှစ်တွင် ဆေးခန်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး ယခုအဆောက်အအုံ ၈ ခုဖြင့် ဖွဲ့စည်းထားသော ဆေးရုံကြီးဖြစ်သည်။ ယင်းဆေးရုံကြီးတွင် လက်ရှိ သံဃာအပါး (၁၃၀)၊ သီလရှင်အပါး (၅၀) ၊ ခွဲစိတ်လူနာ အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီး (၁၀) ဦးတို့ကို ကုသပေးလျက်ရှိကြောင်း သိရသည်။

Ref: Eleven Media Group

 စမ်းချောင်းမြို့နယ်ရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ် အက်ကွဲမှုဖြစ်ပွား

177
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး ၏ မြေညီထပ် အက်ကွဲမှုတစ်ခု ၂၀၁၂၊ ဒီဇင်ဘာ ၁၇ ရက်နေ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။                     
ထိုသို့ဖြစ်ရခြင်းမှာ အဆိုပါအဆောက်အအုံ၏ နောက်ဘက်တွင် မြောင်းရေစိမ့်ပြီး မြေအိသွားကာ ယင်းအဆောက်အအုံ အမှတ် (၁၀၁) ၏ မြေညီထပ် အခန်း A-1 ၏ မီးဖိုခန်း တစ်ခန်းလုံး ကွဲအက်သွားခဲ့ပြီး လက်ရှိအခြေအနေတွင် အဆောက်အအုံရှိ ကျန်ရှိသော အခန်းများမှာ အက်ကွဲသွားခဲ့ခြင်းမျိုး မရှိပါဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရုံးချုပ် အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာ ဦးငွေစိုးသောင်း က ပြောပြသည်။

Sunday, December 16, 2012

ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်းခရီးစဉ် ဖျက်သိမ်းမည်မဟုတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်း-မြိတ်-ကျွန်းစု-ကံမော် ခရီးစဉ် မတိုင်မီ ကံမော်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် စင်မြင့်အနီးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်းမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ စုံစမ်းသိရှိရသည်။ “ခရီးစဉ် မပျက်ပါဘူး။ နဂိုစီစဉ်ထားတဲ့အတိုင်းပါပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုန်းကြိုင် က ပြောပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ ကော့သောင်း-မြိတ်-ကျွန်းစုမြို့နယ်-ကံမော်ကျေးရွာခရီးစဉ်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့မှ လေကြောင်းဖြင့် ကော့သောင်းမြို့သို့ သွားရောက်မည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် မြိတ်မြို့သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၆ရက်နေ့ နံနက်ပိုင်းက တောင်ဒဂုံမြို့နယ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၂လုံး မီးလောင်ကျွမ်းခဲ့

 thn-15-12-2
ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၂ နာရီ ၀န်းကျင်က ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်၊ (၁၈) ရပ်ကွက်၊သရဖီလမ်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၂လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အကြောင်းအရင်းအား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်းသိရပြီး မီးလောင်ကျွမ်းမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် မီးဘေးဒုက္ခသည်များအား တောင်ဒဂုံ မြို့နယ် ကြက်ခြေနီအသင်းမှ အကူအညီပေးလျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီရုပ်တု ၁၀ ခုအား ထုလုပ်ထားကြောင်း သိရှိရ

 ha-16-12-9
 ၂၀၁၀ ပြည့်နှစ်အတွက် ပေးအပ်ချီးမြှင့်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဆုရရှိသူများ

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီရုပ်တု ဆယ်ခု အား ထုလုပ်ထားသည်ဟု အကယ်ဒမီရွှေစင်ရုပ်အား တာဝန်ယူထုလုပ်သည့် ပီအောထွန်းရင်နှင့် သားများ ပန်းထိမ်လုပ်ငန်းမှ Weekly Eleven News Journal သို့ ပြောကြားခဲ့ပါသည်။ အဆိုပါ အကယ်ဒမီရုပ်တုများမှာ ရွှေစင်ကြယ်တပ်ဆင်ရန်သာ ကျန်ရှိတော့ပြီး ကျန်အပိုင်းများကို အချောသတ် ထုလုပ်ပြီးသွားပြီ ဖြစ်သည်ဟု သိရှိရသည်။ 

“ကျွန်တော်တို့က ၁၉၅၂  ခုနှစ်ကတည်းက အခုနှစ်အထိ နှစ်စဉ်အကယ်ဒမီရုပ်တုတွေ ထုလုပ်ပေးဖြစ် ခဲ့တာပါ။ ဒီနှစ်အတွက်ကိုတော့ အကယ်ဒမီရုပ်တု ဆယ်ခုမှာတာကြောင့် ထုလုပ်ထားပါတယ်။ အချောသတ်အားလုံး ပြီးနေပါပြီ။ ရွှေစင်ကြယ်လေးကို တပ်ဖို့အဆင့်ပဲ ကျန်ပါတော့တယ်။ ရွှေကြယ်က ကျွန်တော်တို့မထုပါဘူး။ ဖလင်ဝိုင်းပေါ်မှာ နတ်သမီးလက်ကမ်းနေတဲ့ ပုံအဆင့်အထိပဲ ကျွန်တော်တို့ ထုပါတယ်။ ရွှေကြယ်ကိုတော့ သီးခြားလာတပ်ပါတယ်” ဟု အကယ်ဒမီရုပ်တုအား နှစ်စဉ်ဖန်တီးထုလုပ်ခဲ့သူ ပီအောဦးထွန်းရင်က ရှင်းပြခဲ့ပါသည်။

ပခုက္ကူဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်သူ ဦးရေ ၂၀၀၀ နီးပါး ရှိလာ

ပခုက္ကူပြည်သူ့ဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်ပြုလုပ်သူနှင့် ART ဆေး လာရောက်ထုတ်ယူသူဦးရေ ၂၀၀၀ နီးပါးထိ ရှိလာကြောင်း သတင်းရရှိပါသည်။

ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ HIV လူနာမှတ်ပုံတင်ခြင်းနှင့် ART ဆေး လာရောက်ထုတ်ခြင်းအား မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ချင်းပြည်နယ်အတွင်းရှိ မြိုနယ်များမှ လူနာများ လာရောက်ထုတ်ယူကြကြောင်း သိရသည်။

ပခုက္ကူဆေးရုံကြီးသို့ HIV လူနာ မှတ်ပုံတင်ခြင်းနှင့် ART ဆေး အခမဲ့ဖြန့်ဝေခြင်းအား လာရောက်ထုတ်ယူခြင်း ပြုလုပ်သူဦးရေသည် ယခင်နှစ်များထက် ပိုမိုများပြားလာသော်လည်း ပြင် ပဆေးဆိုင်များမှ ART ဆေးဝယ်ယူသောက်သုံးသူများလည်း ရှိနေသေးကြောင်း ဆေးဆိုင်များမှ စုံစမ်းသိရှိရသည်။

စည်ပင်ရဲတပ်ဖွဲ့ဝင်တစ်ဦး၏သားက ရဲအယောင်ဆောင်ကာ ဓားဖြင့်ထောက်

 167
 ရဲအယောင်ဆောင်ကာ ဓားဖြင့်ထောက်မှုဖြစ်ပွားခဲ့သည့် နာနတ်တောခုံးတံတားထိပ် ချဉ်းကပ်လမ်းအား တွေ့ရစဉ်
စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏သားက ရဲအယောင်ဆောင်ကာ ဓားဖြင့်ထောက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှု၊ မတရားချုပ်နှောင်ထားရန် အားထုတ်ရာတွင် လက်ရောက်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် အခွင့်အလမ်းဂျာနယ်တိုက်ပိုင်ရှင် ကိုသင်းစိုးမှာ ကိုသန်းဇော်ထွန်း၊ မ၀င်းနုနုဇင်တို့နှင့် အတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် Lexus ၇ ဃ ဖြင့် ကမာရွတ်မြို့နယ် (၇) ရပ်ကွက် ပြည်ရိပ်မွန်အိမ်ရာတွင် နေထိုင်သူ ကိုသန်းဇော်ထွန်းကို လိုက်ပို့ရန် နာနတ်တောလမ်း အတိုင်း မောင်းနှင်လာခဲ့သည်။

သီရိမင်္ဂလာဈေးရှိ လူမိုက်အဖွဲ့များကို အရေးယူရန် အင်အားအပြည့်ချထားပြီး စောင့်ကြည့်အရေးယူနေ

ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာဈေးရှိ လူမိုက်အဖွဲ့များအား ထိရောက်စွာ အရေးယူနိုင်ရန် ပိတောက်ချောင်းရဲစခန်းကို အင်အားအပြည့် ချထားပြီး စောင့်ကြည့်အရေးယူနေကြောင်း သိရသည်။

သီရိမင်္ဂလာဈေးရှိ လူမိုက်များမှာ ယခင်ကဲ့သို့ တုတ်၊ ဓား စသည့်လက်နက်ပုန်းများကို ခန္ဓာကိုယ်တွင် မထားရှိတော့ဘဲ နေရာတစ်နေရာတွင် ၀ှက်ထားသည့် စနစ်ကို ကျင့်သုံးနေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီးမျိုးအောင်က “သီရိ မင်္ဂလာဈေး အပိုင်ဖြစ်တဲ့ ပိတောက်ချောင်းရဲစခန်းကို အင်အားအပြည့် ချထားပြီးတော့ ဆောင်ရွက်နေ ပါတယ်။ အဲဒီစခန်းက တာဝန်ရှိသူတချို့ကိုလည်း ဒေါင်ဒေါင်မြည်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပဲ တာဝန်ပေးထား ပါတယ်။ အခု လူမိုက်တွေက ကိုယ်ပေါ်မှာ ဓားတွေမထားတော့ဘဲ နေရာတစ်နေရာမှာပဲ ဖွက်ထားတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့် အရေးယူသွားမှာပါ” ဟု ပြောကြားခဲ့သည်။

လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသို့ လာရောက်သည့် ကားများ၊ ဈေးသည်များအား လူမိုက်အဖွဲ့များက ခြိမ်းခြောက်၍ တရားမ၀င် ငွေကြေးကောက်ခံမှုများ ရှိနေခြင်းကြောင့် စောင့်ကြည့် အရေးယူနေခြင်းဖြစ်ကြောင်း သိရှိရသည်။

Ref: Eleven Media Group

လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ပြုလုပ်သည့် ဖျော်ဖြေပွဲတွင် ဂရမ်မီဆုရှင် ဂျေဆင်မရက်ဇ်နှင့် ထိုင်းနိုင်ငံမှ Slot Machine အဖွဲ့တို့ လာရောက်ဖျော်ဖြေရာ ပရိသတ်ငါးသောင်းကျော် လာရောက်ခဲ့

 1611
လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် MTV Exit မှ စီစဉ်သည့် ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ အခမဲ့ပြုလုပ်ခဲ့ရာ ဂရမ်မီဆုရှင် ဂျေဆင်မရက်ဇ်နှင့် ထိုင်းနိုင်ငံမှ Slot Machine အဖွဲ့တို့ လာရောက်ဖျော်ဖြေရာ ပရိသတ်ငါးသောင်းကျော် လာရောက်ကြည့်ရှု အားပေးခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲတွင် နိုင်ငံတကာအနုပညာရှင်များနှင့်အတူ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် အဆိုတော် ဖြူဖြူကျော်သိန်း၊ R ဇာနည်တို့နှင့် အတူ ချမ်းချမ်း၊ ချစ်သုဝေ၊ လင်းလင်း၊ ဖြိုးကြီးတို့ကလည်း ပါဝင်သီဆို ဖျော်ဖြေပေးခဲ့သည်။ 

 ၂၀၁၃ ခုနှစ်၊ နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အနည်းအကျဉ်း ရှိမည်ဖြစ်သော်လည်း လူနေရပ်ကွက်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေအဖွဲ့ ဥက္ကဌပြောကြား

 1610
၂၀၁၃ခုနှစ်၊ နွေရာသီတွင် လျပ်စစ်ဓာတ်အားပြတ်တောက်မှု အနည်းအကျဉ်းရှိမည် ဖြစ်သော်လည်း လူနေရပ်ကွက်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းမားဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။ 

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး ဦးပိုင်လီမိတက်၏ နာမည်ပေါက် ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံးသိမ်းယူခဲ့ပြီး အချို့ကို မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ပေါက်ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများ ထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်၊ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန် က ပြောကြားခဲ့သည်။

Thursday, December 13, 2012

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေးကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားဆောက်ရန် စိတ်ဝင်စားကြောင်း လာရောက်ဆွေးနွေး

 12
ကမ်းနားလမ်းတစ်လျှောက်နှင့် ဒလဘက်အခြမ်းကို တွေ့မြင်ရစဉ်
ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်ရန် စိတ်ဝင်စားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် လာရောက်ဆွေးနွေးခဲ့သည်ဟု သိရသည်။

မြ၀တီတွင် ကလို့ထူးဘော(ကရင်အမျိုးသားတပ်မတော်)မှ ဆန္ဒထုတ်ဖော်

 14
လက်ပံတောင်းတာင် ကြေးနီစီမံကိန်း သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် ကလို့ထူးဘော (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်)မှ
မြ၀တီမြို့တွင်း၌ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Tuesday, December 11, 2012

ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ လယ်နှင့်တောင်မြေ ဧကတစ်ရာကျော်အတွက် မက်စ်မြန်မာကုမ္ပဏီက ကျပ်သိန်း ၇၀၀၀ ကျော် လျော်ကြေးပေး

Max Myanmar ကုမ္ပဏီမှ ယခင်ကသိမ်းယူထားသည့် ငွေဆောင်မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်ရှိ လယ်နှင့်တောင်မြေ ဧကတစ်ရာကျော်အတွက် ကျပ်သိန်းပေါင်း ၇၀၀၀ ကျော်ကို ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့ ပုသိမ်ဟိုတယ်တွင် ဒေသခံပိုင်ရှင် ၁၃ ဦးအား ကရုဏာကြေးအဖြစ် ပေးအပ် ခဲ့ကြောင်း သိရှိရသည်။ 

တောင်သူ ၁၃ ဦးပိုင်ဆိုင်သည့် လယ်မြေနှင့်တောင်မြေ (ဥယျာဉ်မြေ) ၁၀၆ ဧကအတွက် လယ်တစ်ဧကလျှင် ကျပ် ၂၅ သိန်းနှုန်း၊ တောင်မြေတစ်ဧကလျှင် ကျပ်သိန်းတစ်ရာနှုန်းဖြင့် ကျပ်သိန်းပေါင်း ၇၂၈၅ သိန်းကို Max Myanmar ကုမ္ပဏီမှ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ စိတ်ချမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တော်တို့ အဆင်ပြေ၀မ်းသာသလို ကျန်တဲ့ကျွန်တော်တို့ဒေသက သူတွေကိုလည်း ရစေချင်တယ်။ Max Myanmar ကုမ္ပဏီက  အခုလိုဆောင်ရွက်ပေးတာ အလွန်ဝမ်းသာပါတယ်” ဟု ကရုဏာကြေးရရှိသည့် ဒေသခံတောင်သူ ဦးသိန်းအောင်က ပြောပြသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ ထည့်သွင်းကောက်ယူမည်ဟု သိရ

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ မေးမြန်းပြီး ထည့်သွင်းကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက အသိပေးထားသည်ဟု သတင်းရရှိသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် တည်နေရာပြ အကြောင်းအရာ များဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်/မြို့နယ်ခွဲ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ မြို့/ကျေးလက်၊ စာရင်းကောက်ကွက်အမှတ်၊ အိမ်ထောင်စုအမှတ် စသည်တို့ မေးမြန်းသွားမည်ဖြစ်ပြီး အခြေခံလူဦးရေ ဆိုင်ရာ အချက်အလက်များ၊ ပြောင်းရွှေ့သွားလာမှုဆိုင်ရာ အချက်အလက်များ၊ ပညာရေးဆိုင်ရာ အချက်အလက်များ၊ လုပ်သားအင်အား အကြောင်းအရာ၊ မွေးဖွားခြင်း အကြောင်းအရာ၊ သေဆုံးခြင်း အကြောင်းအရာများကိုလည်း မေးမြန်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှုအကြောင်းအရာများ၊ နိုင်ငံခြားရောက် အိမ်ထောင်စု စာရင်းဝင်များ ကိုလည်း မေးမြန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လယ်ယာထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် နေရာပျောက်ဆုံးနေ၍ လယ်ယာလုပ်ငန်းသည် တောင်သူများအား ဆင်းရဲမှုဘ၀သို့ တွန်းပို့သကဲ့သို့ ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာ့လယ်ယာထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် နေရာပျောက်ဆုံးနေ၍ တောင်သူများအတွက် လယ်ယာလုပ်ငန်းသည် ဆင်းရဲမှုဘ၀သို့ တွန်းပို့နေသကဲ့သို့ဖြစ်နေပြီး ဈေးကွက်တွင်လည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နေရကြောင်း လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။

“တောင်သူတွေအနေနဲ့ လယ်ယာစီးပွားလုပ်ငန်းကနေ ထိုက်သင့်တဲ့ အကျိုးခံစားခွင့် မရနိုင်တဲ့ အခြေအနေတွေကြောင့် လယ်ယာလုပ်ငန်းဟာ ၎င်းတို့ကို ဆင်းရဲမှုဘ၀သို့ တွန်းပို့သကဲ့သို့ ဖြစ်နေခဲ့တယ်။ အဓိကကတော့ နည်းပညာနဲ့ ကိရိယာတွေ နိမ့်ကျနေတာ၊ အလေအလွင့်များနေတာ၊ ဈေးကွက်မှာ လည်း နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ အဲဒီ ကဏ္ဍတွေ ဖြည့်ဆည်းပေးနိုင်ဖို့ နိုင်ငံတကာရဲ့ အကူအညီတွေ လိုအပ်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။

 ရန်ကုန်မြို့တော်၏ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဆေးချယ်ခြင်း၊ ရုပ်ပုံများရေးဆွဲခြင်းနှင့် စာလုံးရေးခြင်းများ မပြုလုပ်ရန် ရန်ကုန်မြို့တော်စည်ပင်မှ အမိန့်စာထုတ်ပြန်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သော နေရာများ တွင် ဆေးရောင်စုံများ အသုံးပြု၍ ဆေးခြယ်ခြင်း၊ ရုပ်ပုံများရေးဆွဲခြင်း၊ စာလုံးရေးသားခြင်းများ မပြုလုပ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ဒီဇင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ တစ်ခု ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ထုတ်ယူရန် မြို့တော်စည်ပင်သို့ ပြည်ပကုမ္ပဏီ ၃၀ ကျော်မှ လာရောက်ဆွေးနွေးနေ

 ha-9-12-1
   ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းမတွင် စည်ပင်အမှိုက်သိမ်းယာဉ်ကို ဒီဇင်ဘာလ ၈ ရက်ညက တွေ့ရစဉ်
အလားတူ ဂျပန်နိုင်ငံ၊ Mitsubishi ကုမ္ပဏီမှ နည်းပညာနှင့် ငွေကြေးအကူအညီပေးသွားရန် စီစဉ်နေကြောင်း Mitsubishi Heavy Industries, Ltd (MHI) မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
 
''ကျွန်တော်တို့အနေနဲ့ကတော့ ရန်ကုန်မြို့ကနေ နေ့စဉ်ထွက်နေတဲ့ အမှိုက်တွေကို လျှပ်စစ်ဓါတ် အား  ပြန်ပြီးထုတ်လုပ်တဲ့ နည်းပညာတွေ စက်ရုံတွေတည်ဖို့ လာရောက်ခဲ့တာပါ'' ဟု Mitsubishi Heavy Industries, Ltd (MHI) မှ ဒုတိယဥက္ကဋ္ဌ Mr.Yukinori ကပြောကြားခဲ့သည်။