Wednesday, September 5, 2012

တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရေးဝန်ကြီးနှင့် သမ္မတဦးသိန်းစိန်

 သတ္တုထုတ်လုပ်ရေးလုပ်ငန်းတွင် နှစ်ပေါင်း ၁၀၀ ကျော် အတွေ့အကြုံရှိ တောင်အာဖရိကကုမ္ပဏီများ က မြန်မာ့သတ္တုတူးဖော်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရေးဝန်ကြီး H.E. Mrs. Maite Nkoana Mashabane က သမ္မတဦးသိန်းစိန်နှင့် စက်တင်ဘာ ၄ ရက်က တွေ့ဆုံစဉ်တွင် ပြောသည်။

အခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားသည့် အရေးယူမှုများ လုံးဝဖယ်ရှားရေးအတွက် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့တွင် ဦးဆောင်နေသော တောင်အာဖရိကနိုင်ငံက ဆက်လက်ဆောင်ရွက်သွား ရန် ရှိကြောင်းလည်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သော ၄င်းဝန်ကြီးက ပြောသည်။

နှစ်နိုင်ငံကြားတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍတို့တွင် ပိုမိုနီးကပ်စွာ ဆက်ဆံသွားရန်ရှိပြီး ယခု လာရောက်သည့် ခရီးစဉ်အတွင်း တောင်အာဖရိက လွှတ်တော်စာတမ်းများကို မြန်မာလွှတ်တော်များ သို့ ပေးအပ်ရန် သယ်ဆောင်လာခဲ့ကြောင်း တောင်အာဖရိက၀န်ကြီးက ပြောသည်။

တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့တွင် မြန်မာသံရုံးဖွင့်ပြီးဖြစ်ကာ မြန်မာနိုင်ငံတွင်လည်း တောင် အာဖရိကသံရုံး ဖွင့်လှစ်နိုင်ရန် မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က အဆိုပါကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံစဉ်တွင် ပြောကြားသည်။

မြန်မာနှင့် တောင်အာဖရိကနှစ်နိုင်ငံတို့သည် ၁၉၉၅ ခုနှစ်တွင် သံတမန်ဆက်သွယ်ရေး စတင် ထူထောင်ခဲ့ သည်။ 


Ref: 7Day News Journal

No comments:

Post a Comment