
နယူးယောက်ရှိ
Queen College တွင် မြန်မာမိသားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်
တွေ့ဆုံနေစဉ် ပြည်ပရောက် ရိုဟင်ဂျာအမည်ခံများက ကန့်ကွက် ဆန္ဒပြနေကြစဉ်
Photo:CJ
အမေရိကန်နိုင်ငံရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာလူထုနှင့်
ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပရောက် ရိုဟင်ဂျာများဟု
အမည်ခံထားသူများက နိုင် ငံရေးအရ ဖိအားပေးဆန္ဒပြ
ဝိုင်းဝန်းကန့်ကွက်ခဲ့ကြကြောင်း သိရသည်။
အမေရိကန်ရောက် မြန်မာမိသားစုများနှင့် မြန်မာလူထုနှင့်
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံပွဲကို
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ Queens College တွင် စက်တင်ဘာလ ၂၂
ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ College ရှေ့တွင်
ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပရောက် ရိုဟင်ဂျာဟု အမည်ခံထားသူများက
ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါဆန္ဒပြသူများမှာ လူဦးရေအားဖြင့် ၂၀ ကျော်သာရှိပြီး ဦးဆောင်သူမှာ
ရခိုင်ပြည်နယ်မောင်တောမှ မလေးရှားရှိ ဒုက္ခသည်စခန်းတစ်ခုသို့ ရောက်ရှိကာ
ထိုမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ လာသည့်
ဘင်္ဂါလီတစ်ဦးဖြစ်ကြောင်းနှင့် ဆန္ဒပြသူများထဲတွင် မြန်မာစကားပြောတတ်သူ
အနည်းငယ်သာ ပါပြီး ကျန်သူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ကြောင်း
နယူးယောက်မြို့ရှိ မြန်မာလူမျိုးများ က ပြောကြားခဲ့သည်။
ဆန္ဒပြရသည့်ရည်ရွယ်ချက်မှာ ၎င်းတို့နှင့်ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
ဘာမှမပြောဘဲနေ၍ဖြစ်ကြောင်း နယူးယောက်မြို့ ရှိ မြန်မာလူမျိုးများက
ပြောကြားခဲ့သည်။
Ref: Eleven Media Group
No comments:
Post a Comment