Monday, December 31, 2012

မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးစေရန်အတွက် အမေရိကန်တက္ကသိုလ်ကိုးခု ပူးပေါင်းပါဝင်မည်

ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးအဖြစ် အမေရိကန်သမ္မတအိုဘားမား လာရောက် လည်ပတ်ခဲ့စဉ်က အဆင့်မြင့်ပညာရေးနှင့်ပတ်သက်ပြီး ကတိပေးပြောကြားခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ ပညာရေးအဖွဲ့အစည်း (IIE) မှ အမေရိကန် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းကိုးခု ပူးပေါင်းပါဝင်သည့် အစီအစဉ်ကို စတင်လုပ်ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါပညာရေး အဖွဲ့အစည်းများသည် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ် ထားပြီး မြန်မာနိုင်ငံ၏ အဆင်မြင့်ပညာရေးစနစ် ပြန်လည်တည်ဆောက်ရာတွင်လည်း ကူညီထောက်ပံ့ မည် ဖြစ်သည်။ ပူးပေါင်းပါဝင်မည့် အမေရိကန်တက္ကသိုလ်များမှာ American University, Arizona State University, Ball State University, Hawaii Pacific University, Northern Illinois University, Northern Arizona University, Samford University, University of Massachusetts Lowel နှင့် University of Washington တို့ဖြစ်ပြီး အဆိုပါ အမေရိကန်ကောလိပ်နှင့် တက္ကသိုလ်ကိုးခု သည် မြန်မာနိုင်ငံဆိုင်ရာ International Academic Partnership Program (IAPP) ၏အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း IIE မှကြေညာခဲ့သည်။ အဆင့်မြင့်ပညာရေးအတွက် IIE ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစင်တာကို IAPP မှစီမံအုပ်ချုပ်ပြီး ရွေးချယ်ထားသည့် ကျောင်းကိုးခုမှာ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်မည့် ညွှန်ကြားချက်များနှင့် စိတ်ဝင်စားမှုတို့အပေါ် အခြေခံ ကာ ရွေးချယ်ထားခြင်းဖြစ်သည်ဟု သိရသည်။ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးစနစ်နှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းမှု နှစ်ကြိမ်ပြုလုပ်ရန် IIE မှစီစဉ်ထားပြီး အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွက် အဖွဲ့ဝင် ၁,၀၀၀ ရှိသည့် IIE Network မှတက္ကသိုလ်များ ပါဝင်ရန် ဖိတ်ကြားမည်ဟုသိရသည်။

ရေးသားသူ -နောင်နောင်
Ref: Myanmar Internet Journal

ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော အဘိဓာန်ထွက်ရှိ

နိုင်ငံခြားသို့ ပညာသင်သွားကြသော ကျောင်းသားကျောင်းသူများ၊ စကားပြန်များ၊ ဧည့်လမ်းညွှန်များ၊ သင်္ဘောသားများ၊ နိုင်ငံခြားသို့ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများ၊ နိုင်ငံတကာသို့ ခရီးသွားနေသူ များအတွက် ရည်ရွယ်၍ ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော အဘိဓာန် တစ်မျိုးကို ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း KMD Computer Group မှသိရသည်။

KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့

လိုင်ဇာ၊  ဒီဇင်ဘာ ၃၁။
  တရုတ်ပြည်ဘက်ကို ပြောင်းရွှေ့နေကြသော KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ
KIA ခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ပြီး တရုတ်နဲ့လက်တွဲရေး လုပ်ဆောင်ချက်တွေကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာတ၀ိုက်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပါတယ်။ တိုက်ပွဲတွေမှာ KIA ဘက်က ထိခိုက်ကျဆုံးမှုတွေ တစ်နေ့ ထက်တစ်နေ့ ပိုမိုများပြားလာတဲ့အတွက် KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ တရုတ်ပြည်ဘက် ကို အစောဆုံးဆုတ်ခွာသွားခဲ့သလို ကျန်ရှိနေတဲ့ ဆွေမျိုးတွေလဲ အိမ်ထောင်စုအလိုက် တရုတ်ပြည်ဘက် ကို ပြောင်းရွှေ့နေကြပါတယ်။
KIA ခေါင်းဆောင်ပိုင်းတွေရဲ့ ဆွေမျိုး၊မိသားစုတွေအနေနဲ့ အရင်ကထဲက တရုတ်ပြည်နယ်အစိုးရနဲ့ သဘောတူညီချက်တွေရှိထားတဲ့အတိုင်း လိုင်ဇာမှာနေလို့မရတော့တဲ့ အတွက် ပြောင်းရွှေ့နေ ကြခြင်းဖြစ် ပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာ လိုင်ဇာဌာနချုပ်က အစိုးရတပ်တွေရဲ့လက်ထဲကို ကျရောက်တော့မဲ့ အခြေအနေ ဖြစ်နေပါတယ်။ KIA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးလဂျွန်ကတော့ "သူတို့ KIA တွေ ရဲ့ လျှို့ဝှက်ချက် တွေကို ABSDF ကျောင်းသားတပ်မတော်ကနေတစ်ဆင့် စစ်တပ်က သိသွားတာဖြစ် တယ်လို့" ပြောပါတယ်။ "ABSDF ကျောင်းသားတပ်မတော်မှာ အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေ ရှိတယ် ဆိုတာ သူတို့သတိမပြုမိလို့ အခုလိုခံလိုက်ရခြင်းဖြစ်တယ်လို့" လည်း ပြောပြပါတယ်။
 
KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ တရုတ်ပြည်ဘက်မှာရှိနေတဲ့ သူတို့ရဲ့ ကျောက်စိမ်း ကုမ္ပဏီ တွေမှာ အရှိန်အဟုန်မပျက်ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပေမယ့် လိုင်ဇာမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေ နဲ့ မိသားစုတွေရဲ့ အနာဂတ်အရေးကတော့ ဘာမှသေချာရေရာခြင်းမရှိပါဘူး။ ကျန်ခဲ့တဲ့တပ်ဖွဲ့တွေမှာ စားနပ်ရိက္ခာ၊ ငွေကြေးနဲ့ ဆေးဝါးတွေလုံလောက်မှုမရှိတဲ့အတွက် တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ တပ်ဖွဲ့ဝင်တွေ အခြေအနေကဆိုးရွားနေသလောက် တရုတ်ပြည်ဘက်မှာရောက်နေတဲ့ KIA ဆွေမျိုးတွေ ကတော့ အခြေအနေ မပျက် စည်းစိမ်အပြည့်နဲ့ နေနိုင်မှာပါလို့ ဆက်လက်ပြောပြပါတယ်။

Ref: Kachin Daily News

KIA ခေါင်းဆောင်များ တရုတ်နိုင်ငံတွင် နေထိုင်နိုင်ရန်အတွက် မြေကွက်များကြိုတင်ငှားရမ်းထား

လိုင်ဇာ၊  ဒီဇင်ဘာ ၃၁။
 လိုင်ဇာအနီး တရုတ်နိုင်ငံ Dehong မြို့ရှိ  KIA ခေါင်းဆောင်များ ငှားရမ်းထားသော တိုက်ခန်းများ
ယခုရက်များအတွင်း အစိုးရတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့အတွက် KIA ခေါင်းဆောင်ပိုင်းတွေ တရုတ်နိုင်ငံဘက်ကို အသုတ်လိုက် ထွက်ပြေးနေကြပါတယ်။ လိုင်ဇာနဲ့ ကပ်နေ တဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ အရင်ကထဲက ငှားရမ်းထားတဲ့မြေကွက်မှာ သူတို့ဆွေမျိုးတွေ အစုလိုက် သွားရောက် နေထိုင်မယ်လို့ သိရပါတယ်။ ကချင်လက်နက်ကိုင်တပ်တွေအနေနဲ့ ကချင်ပြည် နယ်အတွင်း မှာရှိတဲ့ လူထုအများစုကိုယ်တိုင်က မထောက်ခံတဲ့အတွက် အစိုးရတပ်ရဲ့ ထိုးစစ်ဆင်လာတာကို ကချင်ပြည်နယ်အတွင်းမှာ ဘယ်သူကမှ ကန့်ကွက်မှုတစ်စုံတစ်ရာ မလုပ်ခဲ့ကြပါဘူး။
KIA တပ်တွေဟာ တရုတ်အစိုးရရဲ့ တိတ်တဆိတ်ထောက်ပံ့မှုတွေရရှိနေတာ ဖြစ်တယ်လို့လည်း ဒေသ ခံတွေ ကပြောပါတယ်။ KIA တပ်တွေအနေနဲ့ သီးခြားကချင်ပြည်နယ်ထူထောင်ဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံ က လက်နက်ကျွမ်းကျင်သူတွေဦးစီးတဲ့ လက်နက်စက်ရုံတွေကို တရုတ်နယ်စပ်နဲ့ လိုင်ဇာဌာနချုပ် အနီး ဝေကြိုင်ဘွန်ရပ်ကွက်မှာ တည်ဆောက်ထားပါတယ်။ အစိုးရဘက်က အကြိမ်ကြိမ် အလျော့ပေး ပြီး ဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမယ့်ဆွေးနွေးပွဲတွေ အောင်မြင်လာခြင်းမရှိခဲ့တဲ့အပေါ် ဒေသခံ လူမျိုး စု ခေါင်းဆောင်တွေကိုယ်တိုင်က KIA အပေါ် ထောက်ခံမှု လျော့နည်းလာခဲ့ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် KIA ခေါင်းဆောင်အများစုဟာ ကချင်ပြည်နယ်အတွင်းမှာ မနေရဲတော့ဘဲ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံ သွားတာဖြစ်တယ်လို့ နယ်စပ်ဒေသက KIA အရေး စောင့်ကြည့်လေ့လာသူတစ်ဦး က ထောက်ပြပြောဆိုပါတယ်။
 
Ref: Kachin Daily News

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမှတစ်ဆင့် မြန်မာပြည်သူများသို့ နှစ်သစ်ကူးမိန့်ခွန်းပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ (၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့) နံနက် ၇ နာရီ အချိန်တွင် မြန်မာပြည်သူများသို့ မြန်မာ့အသံ ရေဒီယိုအစီအစဉ်နှင့် အက်ဖ်အမ်ရေဒီယို အစီအစဉ်များမှ တစ်ဆင့် နှစ်သစ်ကူးမိန့်ခွန်းအား ငါးမိနစ်ကြာ ပြောကြားခဲ့ပါသည်။
မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မိဘပြည်သူများ ခင်ဗျား
ယခုလို နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွင်ခြင်း၊ ငြိမ်းချမ်းခြင်းများနဲ့ ပြည့်စုံပါစေ လို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ယခုလို ကျွန်တော့ အနေနဲ့ မိဘပြည်သူတို့ကို ရေဒီယိုကနေ တစ်ဆင့် တိုက်ရိုက်စကားပြောခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလို ရေဒီယိုကနေ တစ် ဆင့် ပြည်သူလူထုကြီးကို တိုက်ရိုက်ဆက်သွယ် ပြောကြားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား တိုက်ရိုက်ဆက်ဆံရေး လမ်းကြောင်းသစ် တစ်ခုကို အစပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူ အကြား အပြန်အလှန်ယုံကြည်မှုကို ကျွန်တော်တို့ ပြန်လည် တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရသစ် တက်ရောက်လာတဲ့ အချိန်ကစတင်ပြီး ပြည်သူလူထုနဲ့ အစိုးရအကြား အပြန်အလှန် ဆက်သွယ်မှုကို ပိုမိုကောင်းမွန်လာစေဖို့၊ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ရေး လမ်းကြောင်းများ ပေါ်ပေါက်လာစေဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ အခါအခွင့်သင့်တိုင်း ကျွန်တော့ အနေနဲ့ ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို မီဒီယာများကနေတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု အတွက်လည်း ကျွန်တော် အပါ အဝင် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေနဲ့လည်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ကျင်းပပြီး ပြည်သူလူထုထံသို့ သတင်းအချက်အလက်များ စီးဆင်းစေခဲ့ပါတယ်။ အခုလို မီဒီယာမျိုးစုံနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကာလမှာ ရေဒီယိုကို အသုံးပြုတဲ့ ဆက်သွယ်ရေး နည်းလမ်းဟာ ထိရောက်မှု ရှိနေသေးတဲ့အပြင် လက်ရှိမိမိတို့ နိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီမှုရှိပြီး တစ်နိုင်ငံလုံးက ပြည်သူ အများစု အားထားရတဲ့ သတင်းဆက်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့အတွက် ရေဒီယိုမိန့်ခွန်းများ စ တင် ပြောကြားရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

ယခင်နှစ်အတွင်း ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များက ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ နိုင်ငံရေး ဖြစ်ထွန်းတိုးတက် မှုများကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်စ ပြုခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိဘပြည်သူများနဲ့ ကျွန်တော်တို့အစိုးရ အထူးသတိပြုရမယ့်ကိစ္စရပ်ကတော့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေ နဲ့ အစိုးရယန္တရားရဲ့ ဖြည့်ဆည်းနိုင်စွမ်း အကြားမှာရှိတဲ့ ကွာဟမှုပဲ ဖြစ်ပါတယ်။ ဒီကွာဟမှုကို နည်းနိုင်သမျှ နည်းအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးစားရမယ်ဆိုတာ ကျွန်တော့အနေနဲ့ လေးလေးနက်နက် ယုံကြည်ထားပါတယ်။

ပွင့်လင်းလွတ်လပ်မှုများ မရှိခဲ့ဘဲ အထီးကျန်ဆန်ခဲ့ရတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ပြုပြင် စရာ၊ ပြောင်းလဲစရာတွေနဲ့ ပြည့်နက်နေတာကို ကျွန်တော်တို့အားလုံး သိရှိကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ယခုလို ပြုပြင်ပြောင်းလဲရေးကာလမှာ အကောင်းဆုံးအခြေအနေကို မျှော်လင့်ပြီး ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အကောင်းဆုံးမျှော်လင့်တာ သဘာဝကျတဲ့ကိစ္စ ဖြစ်ပါတယ်။ မျှော် လင့်ချက်တွေအတွက် ဆန္ဒထုတ်ဖော် တောင်းဆိုပိုင်ခွင့်လည်း ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် အရေးကြီးဆုံးကတော့ အခုလက်ရှိဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲ မှုများက တစ်ဆင့် သေချာရေရာတဲ့ အနာဂတ်ဖြစ်အောင် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ လွတ်လပ် ပွင့်လင်းမှု ရှိလာတဲ့အခြေအနေကို ရင့်ကျက်မှု ရှိရှိနဲ့ တုံ့ပြန်နိုင်မှသာ ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ ကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ကျမှုကို အခြေခံပြီး အပြုသဘောဆောင်တဲ့ ရှုမြင်မှုမျိုး နှစ်ဦးနှစ်ဖက် ညှိနှိုင်း အဖြေထုတ်တဲ့ နိုင်ငံရေးဓလေ့မျိုး အစွန်းမရောက်တဲ့ အမြင်မျိုး ဖြစ်စေရန် ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ယခင် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာကပင် အံ့သြစရာကောင်းလောက်အောင် နိုင်ငံရေး ဖြစ်ထွန်းမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နေ့စဉ် လူမှုစီးပွားဘဝကို မြှင့်တင်နိုင် ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးစနစ်တစ်ခုကို ကျွန်တော်တို့အတူ အုတ်မြစ်ချနိုင်ခဲ့ပြီလို့လည်း ဆိုနိုင်ပါ တယ်။ လာမယ့်နှစ်တွေမှာ အထွေထွေ ပြုပြင်ပြောင်းလဲမှုများရဲ့ အသီးအပွင့်တွေကို ပြည်သူတစ်ဦးချင်းစီ လက်တွေ့ ခံစားခွင့်ရစေဖို့၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့ စီမံကိန်းများ ချမှတ် ပြီး ဆောင်ရွက်နေပါတယ်။ ရှေ့ဆက် ဆောင်ရွက်မယ့် ကိစ္စရပ်များနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုကြီးထံကို စဉ်ဆက်မပြတ် ပြော ကြားပေးသွားမှာ ဖြစ်ပါတယ်။

မကြာမီမှာ ကျရောက်တော့မယ့် လွတ်လပ်ရေးနေ့နဲ့ ဆက်စပ်ပြီး ကျွန်တော် တွေးမိတဲ့ အကြောင်းအရာ တစ်ခုကို ပြည်သူလူထုကြီးကို မျှဝေလိုပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ လွတ်လပ်ရေးရယူ စဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှု အင်အားအတိုင်း နိုင်ငံသားတစ်ဦးချင်း၊ တစ်ယောက်ချင်းစီက လက်တွဲ လုပ်ဆောင်နိုင်မယ် ဆိုပါလျှင် ယခုကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေကို မလွဲ မသွေ ကျော်လွှားနိုင်မယ် ဆိုတဲ့ အတွေးပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အများစုအနေနဲ့လည်း ကျွန်တော်နဲ့ တစ်သဘောတည်း ရှိနေမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူတစ်ရပ်လုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။

Ref: Eleven Media Group

Thursday, December 27, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေပွဲတော် ကျင်းပ လူထုအနေနှင့် အရည်အချင်းမရှိ၊ စိတ်ဓာတ်မမြင့်မားပါက သယံဇာတရှိလည်း မချမ်းသာနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

  ha-27-12-2
 ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေပွဲတော်ကို ဒီဇင်ဘာ ၂၇ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး ပြည်သူလူထု အရည်အချင်းမရှိ၊ စိတ်ဓာတ်မမြင့်မားပါက သယံဇာတရှိလည်း နိုင်ငံမချမ်း သာနိုင်ဟု ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် သယံဇာတအားဖြင့် အလွန်ချမ်းသာကြွယ်ဝသည့် နိုင်ငံဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံအချို့ကိုကြည့်ပါက သယံဇာတရှိသည့်နိုင်ငံများ မဟုတ်ကြောင်း၊ သို့သော် ယင်းနိုင်ငံများသည် ၎င်းတို့၏ နိုင်ငံသူနိုင်ငံသားများကို ရတနာများဖြစ်အောင် ပြုစုပျိုးထောင်နိုင် ခဲ့ကြောင်း၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများကိုလည်း ယင်းကဲ့သို့ ရတနာများ ဖြစ်စေချင်ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသွားသည်။
'' နိုင်ငံတစ်နိုင်ငံ ချမ်းသာတယ်ဆိုတာ အဓိက ပြည်သူပြည်သားတွေရဲ့ အရည်အချင်းပေါ်မှာ အများကြီး တည်ပါတယ်။ ဒီနိုင်ငံမှာ သယံဇာတပစ္စည်းတွေ ဘယ်လောက်များနေများနေ၊ ပြည်သူလူထုဟာ အရည် အချင်းမရှိဘူး၊ စိတ်ဓာတ်မမြင့်မားဘူးဆိုရင် ချမ်းသာနိုင်မှာ မဟုတ်ပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ခြင်း ဖြစ်သည်။

Wednesday, December 26, 2012

မီးလောင်ပျက်စီးသွားသော လေယာဉ်မှ ပျံသန်းမှု မှတ်တမ်းသေတ္တာအား ရှာဖွေတွေ့ရှိပြီဖြစ်ပြီး တစ်ဆင့်အာမခံရာနိုင်ငံသို့ ပို့ဆောင်ကာ စစ်ဆေးသွားမည်

မီးလောင်ပျက်စီးသွားသော Air Bagan လေယာဉ်မှ Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်းသေတ္တာ) အားရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပြီး စင်ကာပူ နိုင်ငံသို့ ပို့ဆောင်ကာ လေယာဉ်ပျက် ကျမီးလောင်မှု ဖြစ်ပွားခဲ့ရသည့် အဓိကအကြောင်းအရင်းကို စုံစမ်းဖော်ထုတ်သွားမည်ဟု Air Bagan လေကြောင်းလိုင်းမှ သတင်း ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ Black Box (လေယာဉ် ပျံသန်းမှုမှတ်တမ်းသေတ္တာ)အား လေယာဉ်ပျက်ကျ မီးလောင်မှုဖြစ်ပွား ပြီး နာရီပိုင်းအတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
Air Bagan လေကြောင်းလိုင်းသည် နိုင်ငံခြားသားခရီးသည်များအတွက် ယင်းတို့၏ သက်ဆိုင်ရာနိုင်ငံများ၏ သံရုံးများနှင့်ပူးပေါင်းလျက် ခရီးသည်များ၏ နိုင်ငံကူးလက်မှတ်များ အမြန်ဆုံးပြန်လည်ရရှိရေး အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
Air Bagan လေကြောင်းလိုင်းသည် လေကြောင်းလိုင်းပိုင်ရှင်၏ဆန္ဒအရ မြန်မာ့အာမခံလုပ်ငန်းမှ ပြည်ပ၌ Reinsure (တစ်ဆင့်အာမခံ) ပြန်လည်ထားရှိထားသော မြန်မာနိုင်ငံ၏ လေကြောင်းလိုင်းနှစ်ခုအနက် တစ်ခုအပါ အ၀င်ဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)  သည် နိုင်ငံတကာခရီးစဉ်များ ပျံသန်းပြေးဆွဲနေသောကြောင့် စင်ကာပူနိုင်ငံတွင် တစ်ဆင့်အာမခံ ထားရှိပြီး ကျန်လေကြောင်းလိုင်းများ၏ လေကြောင်းအာမခံအား မြန်မာ့အာမခံလုပ်ငန်းမှသာ တာဝန်ယူ လုပ်ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။

Ref: Eleven Media Group

Wednesday, December 19, 2012

နွေမပေါက်ခင် အသေဖြောင့်အောင် ဆုတောင်းကြရတော့မည့် ကေအိုင်အေများ

ငြိမ်းချမ်းရေး ဖော်ဆောင်မည့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့မှ ညှိုနှိုင်း ဆောင်ရွက်နေစဉ်မှာလဲ ကေအိုင်အေတို့ဘက်မှ စစ်ရေးအရ လှုပ်ရှားတိုက်ခိုက်မှုတွေ လုပ်ခဲ့သည်။ ပြည်တွင်းတွင် မီဒီယာများ သတင်းရေးစရာမရှိလို့ ကချင်ပြည်နယ်ထိတက်ပြီး သတင်းရှာခဲ့ ချိန်မှာတော့ ကေအိုင်အေတို့ရဲ့ ထိခိုက်ကျဆုံးမှုသတင်းများ ရှိခဲ့ဖူးပေမယ့် နောက်ပိုင်းတွင် ကေအိုင်အေတို့ တိုက်ပွဲတွင် သေဆုံးသည် မရှိတော့။ မြန်မာ့တပ်မတော်သားများသာ ကျဆုံးနေသည့် ဆိုသည့်နောက် ကေ အိုင်အေမှ ကျဆုံးသောင်းကျန်းသူများ ဘယ်နေရာတွင် သွားသေကုန်ကြပါသလဲ။
စစ်ပွဲတစ်ခုဖြစ်သည်နှင့် သေဆုံးခြင်း၊ ဒဏ်ရာရခြင်းရှိသည်မှာ တပ်မတော်သားများအတွက် အဆန်းမဟုတ်။ ကိုယ့်တိုင်းပြည်၏ ဒို့တာဝန်အရေး(၃)ပါးကို ဆောင်ရွက်ရင်း အသက်ပေးခဲ့သည့် စစ်သည်တို့၏ ၀ိဥာဉ်များ မြန်မာနိုင်ငံအနှံ့လက်ညှိုးထိုးမလွဲ။ ဒါပေမယ့် အတင်းအဓမ္မ လူသစ်စု၊ ဆက်ကြေးကောက်ပြီး အာဏာတစ်ခုအတွက် စီးပွားရေးဆန်သည့်စစ်ပွဲဆင်နွှဲသည့် ကေအိုင်အေ တို့အတွက်ကား သေဆုံးခြင်း သည် တိရိစ္ဆာန် တစ်ကောင်လောက်မျှ တန်ဖိုးမရှိ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုဟု သက်ဆိုင်ရာသို့ တင်ပြထား

 191
ပုဂ္ဂလိကမှ နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည်ဟု တင်ပြထားသည့် ကိုကိုးကျွန်း၏ ဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခု က နှစ်ရှည်ငှားရမ်းလုပ်ကိုင်လိုသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လာရောက်တင်ပြ ထားကြောင်း သတင်းရရှိသည်။
အဆိုပါ ကုမ္ပဏီက ကိုကိုးကျွန်းအား ငှားရမ်းလုပ်ကိုင်လိုသည်ဟု Proposal သဘောမျိုး ယေဘုယျ လာရောက်တင်ထားခြင်းဖြစ်ပြီး နှစ်ရှည်ငှားခွင့်ဆိုရာတွင် နှစ် ၅၀ အထိ ငှားရမ်းလုပ်ကိုင်လိုခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“လာတင်ပြတဲ့ ကုမ္ပဏီကတော့ ကိုကိုးကျွန်းကို ငှားရမ်းလုပ်ချင်တယ်ဆိုပြီးတော့ ယေဘုယျ လာတင် ထားတဲ့သဘောပါ၊၊ ဘာမှ အတိအကျမလုပ်သေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခေတ်မမီတော့သည့် ရန်ကုန်မြို့ပတ် ရထားလမ်းစီမံကိန်းအား ဂျပန်နိုင်ငံ အကူအညီဖြင့် ၂၀၁၃ ဇန်န၀ါရီမှ စတင်ပြုပြင် တည်ဆောက်မည်

 thn-19--12-1
အင်းစိန်မြို့နယ်အတွင်းရှိ တညင်းကုန်းဘူတာအနီးမြင်ကွင်း

ခေတ်မီခြင်းမရှိတော့သည့် ရန်ကုန်မြို့ပတ်ရထားလမ်းစီမံကိန်းအား ၂၀၁၃ ဇန်န၀ါရီလမှ စတင်ကာ ဂျပန်နိုင်ငံအကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား ၀န်ကြီးဌာန၏ ရုံးအဖွဲ့မှူးထံမှ သိရသည်။

ယင်းစီမံကိန်းနှင့် ဆက်စပ်ပြီး ၂၀၁၂ ခုနှစ် ဧပြီက ဂျပန်နိုင်ငံသို့သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားခဲ့ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးပေးမည့် မြန်မာ့မီးရထားစီမံကိန်းတွင် ရန်ကုန်မြို့ပတ်ရထားလမ်းစီမံကိန်းနှင့် ရန်ကုန်-နေ ပြည်တော် စီမံကိန်းတို့ပါဝင်ကြောင်း မြန်မာ့မီးရထားဝန်ကြီးဌာနမှ သိရသည်။

 ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား (ပါရမီ)အား ဖွင့်လှစ်လိုက်သည်

 ha-19-12-4
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့စဉ်
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တို့ကို ဆက်သွယ်ထား သည့်  ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား (ပါရမီ)အား ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၇ နာရီ မိနစ် ၄၀ အချိန်ခန့်က ဖွင့်လှစ်ခဲ့ကြောင်း  သတင်းရရှိသည်။

အဆိုပါတံတားအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်နှင့် သက်ဆိုင်ရာ ရန်ကုန်တိုင်း တိုင်းဒေသကြီး ၀န်ကြီးများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 ABSDF (မြောက်ပိုင်း)အဖွဲ့၏ ကချင်စစ်မြေပြင် ၀ါဒဖြန့်ချိရေး ရုပ်သံဖိုင်များ အင်တာနက်ပေါ်တွင် ပျံ့နှံ့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြောက်ပိုင်း)အဖွဲ့၏ ကချင်စစ်မြေပြင် ၀ါဒဖြန့်ချိရေးရုပ်သံဖိုင်များ အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ www.facebook.com/lachid.kachin နှင့် www.facebook.com/jinghpaw.kasa များမှ တစ်ဆင့် ပျံ့နှံ့နေခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့က KIA  ဌာနချုပ်နှင့် ခုနစ်မိုင်အကွာတွင်ရှိသော လဂျားယန် (Laja Yang) ၌ ဖြစ်ပွားခဲ့သောKIA ၊ ABSDF  (မြောက်ပိုင်း) ပူးပေါင်းတပ်နှင့် တပ်မတော်တို့ တိုက်ပွဲတွင် အရှင်ဖမ်းမိခဲ့သော တပ်မတော်သား(သုံ့ပန်း)အချို့ကို စစ်ချက်ယူခြင်း၊ မေးမြန်းခြင်း ရုပ်သံဖိုင်နှင့် တိုက်ပွဲဖြစ်ပွားမှု ရုပ်သံဖိုင်များကို ၀ါဒဖြန့်ချိရေးအနေဖြင့် အင်တာနက်ပေါ်တွင် လွှင့်တင် ပျံ့နှံ့နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ သီပေါမင်းနန်းတော်ကို အိန္ဒိယအစိုးရမှ ငွေကြေးစိုက်ထုတ်ကာ အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်မည်

ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် သီပေါမင်းတရားကြီး စိုးစံခဲ့သော အိန္ဒိယနိုင်ငံ မဟာရာဖတ်ပြည်နယ်၊ ရတနာဂီရိရှိ သီပေါစံအိမ်တော်ကို အိန္ဒိယအစိုးရမှ ငွေကြေးစိုက်ထုတ်ကာ အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန အတွင်းရေးမှူး Mr.A.K.Upad- hyay က ပြောကြားခဲ့သည်။

အဆိုပါ သီပေါမင်းတရားကြီး၏ စံနန်းတော်ကို အိန္ဒိယနိုင်ငံမှ ငွေကြေးစိုက်ထုတ်ကာ ပြင်ဆင်မှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း Mr.A.K.U pad-hyay က ဒီဇင်ဘာလ ၁၃ ရက်နေ့၌ မန္တလေးမြို့ ရွှေပြည် သာ ဟိုတယ်တွင် ပြုလုပ်သည့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။

Tuesday, December 18, 2012

ထားဝယ်လေဆိပ်တွင် ထိုင်းလေတပ်မှ လေယာဉ်တစ်စီး အင်ဂျင်ပိုင်းချွတ်ယွင်းမှုကြောင့် ညအိပ်ရပ်နားခဲ့ရ

ဒီဇင်ဘာလ ၁၇ ရက်နေ့က ထားဝယ်ရေနက်ဆိပ်ကမ်းသို့ လာရောက်သည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်၏ အဖွဲ့တွင် လိုက်ပါလာသော လေယာဉ်တစ်စီးသည် အင်ဂျင်ပိုင်းပြဿနာ ဖြစ်ပွားခဲ့ ၍ လေယာဉ်ပျံတက်နိုင်ခြင်း မရှိဘဲ ထားဝယ်လေဆိပ်၌ ညအိပ်ရပ်နားခဲ့ရကြောင်း သတင်းရရှိသည်။

ထိုင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် မီဒီယာများ စီးနင်းလိုက်ပါလာသော အင်ဂျင်လေးလုံးပါ C-130 လေယာဉ်သည် ယင်းနေ့ ညနေပိုင်းတွင် ထားဝယ်လေဆိပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် အင်ဂျင်စက်နှိုးစဉ် လေယာဉ်၏ ညာဘက်အင်ဂျင်တစ်လုံး ပါဝါမတက်သောကြောင့် ဘန်ကောက်သို့ ထွက်ခွာနိုင်ခြင်းမရှိဘဲ ရပ်နားထားခဲ့ရကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား KIA မှဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်သား (၁) ဦး ကျဆုံး

ယနေ့ ( ၁၈-၁၂-၂၀၁၂ ) ရက်နေ့ နံနက် ( ၄ ) နာရီဝန်းကျင်တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား KIA အင်အား ( ၇၀ ) ခန့် လာရောက်တိုက်ခိုက်ရာ ရဲစခန်းကျဆုံးသွားပြီး ရဲတပ်သား ( ၁ )ဦးကျဆုံးသွားကြောင်း သိရသည်။
KIA မှ ပြန်လည်ထွက်ခွာသွားကြောင်းနှင့် ထိခိုက်ဒါဏ်ရာရသူ များပြားပြီ ကာမိုင်းဆေးရုံတွင် တက်ရောက် ကုသလျက်ရှိသည်ဟု သိရသည်။ ရဲစခန်းအနီး နေထိုင်သူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲစခန်းအနီး ထီရောင်းချသူတစ်ဦးထံမှ သိရသည်။
ကာမိုင်းအထွက်အင်းတော်ချောင်း တံတားကိုလည်း KIA မှ ဖျက်ဆီးသွားကြောင်း သိရသည်။ ကားေ လးများသာ သွားနိုင်တော့ပြီး ကားကြီးများ သွားလာနိုင်ခြင်း မရှိတော့ကြောင်းလည်း သိရသည်။ ဒီဇင်ဘာလအတွင်းတွင် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေရာမှ ယခုပြန်လည် ဖြစ် ပွားခြင်းဖြစ်သည်။

Ref: Eleven Media Group

ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့် ယာဉ်တိုက်မှု

ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်တွင် Suzuki Pickup ကားတစ်စီးနှင့် Toyota အိမ်စီးကားတစ်စီးတို့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ Suzuki Pickup ကားမှာ တိမ်းမှောက်သွားကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူမရှိကြောင်းလည်း သိရသည်။

Monday, December 17, 2012

 ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေး

 ha-17-12-6
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံအုပ်ကြီးရုံးခန်းမှ ပြန်လည်ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းကတွေ့ရစဉ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည်မှ ဒီဇင်ဘာလ ၁၇ ရက်နေ့ (ယမန်နေ့) နံနက်ပိုင်းက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေးရာတွင် ဖျားနာဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရေးပေါ်နှင့် ပြင်ပ လူနာဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လူနာဦးရေနှင့် ကုတင်မျှတမှုရှိ/မရှိ၊ ဆေးရုံသန့်ရှင်းရေး၊ လူနာများစိတ်ကျေနပ်မှုရှိ/မရှိ  စသည်တို့ကို တက်ရောက်ကုသလျက်ရှိသည့် လူနာများနှင့် မိသားစုဝင်များ ကိုမေးမြန်းခဲ့ပြီး ဆေးရုံရှိဝန်ထမ်းများကိုလည်း လိုအပ်ချက်ရှိမရှိ မေးမြန်းခဲ့ကြောင်းလည်း သိရသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက် တာကျော်ကျော်နှင့် တွေ့ဆုံ၍ ဆေးရုံအဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို  မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သေမင်းတမန် ရထားလမ်းကြောရိုးကို အခြေခံပြီး သံဖြူဇရပ်-ဘုရားသုံးဆူ ရထားလမ်းပိုင်းအတွက် တိုင်းတာမှုများ စတင်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်သို့ မီးရထားလမ်းအတွက် လိုအပ်သော FEASIBILITY  SURVEY ကို (၁၄-၁၂-၂၀၁၂) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်တွင် စတင်တိုင်းထွာ မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ပါသည်။
172
  သေမင်းတမန် ရထားလမ်း စတင်ရာနေရာအား တွေ့ရစဉ်

ဇီဝိတဒါန သံဃာ့ဆေးရုံကြီးမှ ပြင်ပလူနာများကိုပါ အခမဲ့ဆေးကုသပေးနေကြောင်း သိရ

ရန်ကုန်၊ ဇီဝိတဒါနဆေးရုံကြီးတွင် သံဃာတော်များ၊ သီလရှင်များသာမက ပြင်ပလူနာများကိုပါ ကုသပေးလျက်ရှိ ကြောင်းသိရသည်။ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း လူမျိုးမရွေး၊ ဘာသာမရွေး မည်သူမဆို လာရောက်ကုသနိုင်ပြီး ဆေးမှတ်တမ်းအတွက် အလှူငွေ ၁၀၀ ကျပ်သာ  ထည့်ရန်လိုအပ်ကြောင်းသိရသည်။ 
အခြားသောစမ်းသပ်ခနှင့် ဆေးဝါးများအတွက် ပျောက်ကင်းသည်အထိ အခမဲ့ကုသပေးသွား မည်ဖြစ်ကြောင်း သိရသည်။ မျက်စိခွဲစိတ်ကုသမှုများကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် စနေနေ့များတွင် ဆောင် ရွက်ပေးနေပြီး၊ စနေ၊ တနင်္ဂနွေ နေ့များတွင် မျက်စိပါဝါစမ်းသပ်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
သံဃာတော်များနှင့် သီလရှင်များကို ကုသိုလ်ဖြစ်ခွဲစိတ်ကုသပေးနေပြီး ပြင်ပလူများကိုလည်း အမှန်တကယ် ဆင်းရဲနွမ်းပါးကြောင်း ရပ်ကွက်မှတာဝန်ရှိသူ၏ ထောက်ခံစာပါရှိပါက ပြင်ပလူနာများကိုလည်း အခမဲ့ခွဲစိတ် ကုသပေးလျက်ရှိကြောင်း သိရသည်။
၎င်းဇီဝိတဒါနသံဃာဆေးရုံကြီးကို ၁၉၄၀ ပြည့်နှစ်တွင် ဆေးခန်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး ယခုအဆောက်အအုံ ၈ ခုဖြင့် ဖွဲ့စည်းထားသော ဆေးရုံကြီးဖြစ်သည်။ ယင်းဆေးရုံကြီးတွင် လက်ရှိ သံဃာအပါး (၁၃၀)၊ သီလရှင်အပါး (၅၀) ၊ ခွဲစိတ်လူနာ အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီး (၁၀) ဦးတို့ကို ကုသပေးလျက်ရှိကြောင်း သိရသည်။

Ref: Eleven Media Group

 စမ်းချောင်းမြို့နယ်ရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ် အက်ကွဲမှုဖြစ်ပွား

177
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး ၏ မြေညီထပ် အက်ကွဲမှုတစ်ခု ၂၀၁၂၊ ဒီဇင်ဘာ ၁၇ ရက်နေ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။                     
ထိုသို့ဖြစ်ရခြင်းမှာ အဆိုပါအဆောက်အအုံ၏ နောက်ဘက်တွင် မြောင်းရေစိမ့်ပြီး မြေအိသွားကာ ယင်းအဆောက်အအုံ အမှတ် (၁၀၁) ၏ မြေညီထပ် အခန်း A-1 ၏ မီးဖိုခန်း တစ်ခန်းလုံး ကွဲအက်သွားခဲ့ပြီး လက်ရှိအခြေအနေတွင် အဆောက်အအုံရှိ ကျန်ရှိသော အခန်းများမှာ အက်ကွဲသွားခဲ့ခြင်းမျိုး မရှိပါဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရုံးချုပ် အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာ ဦးငွေစိုးသောင်း က ပြောပြသည်။

Sunday, December 16, 2012

ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်းခရီးစဉ် ဖျက်သိမ်းမည်မဟုတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်း-မြိတ်-ကျွန်းစု-ကံမော် ခရီးစဉ် မတိုင်မီ ကံမော်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် စင်မြင့်အနီးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်းမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ စုံစမ်းသိရှိရသည်။ “ခရီးစဉ် မပျက်ပါဘူး။ နဂိုစီစဉ်ထားတဲ့အတိုင်းပါပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုန်းကြိုင် က ပြောပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ ကော့သောင်း-မြိတ်-ကျွန်းစုမြို့နယ်-ကံမော်ကျေးရွာခရီးစဉ်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့မှ လေကြောင်းဖြင့် ကော့သောင်းမြို့သို့ သွားရောက်မည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် မြိတ်မြို့သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၆ရက်နေ့ နံနက်ပိုင်းက တောင်ဒဂုံမြို့နယ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၂လုံး မီးလောင်ကျွမ်းခဲ့

 thn-15-12-2
ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၂ နာရီ ၀န်းကျင်က ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်၊ (၁၈) ရပ်ကွက်၊သရဖီလမ်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၂လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အကြောင်းအရင်းအား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်းသိရပြီး မီးလောင်ကျွမ်းမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် မီးဘေးဒုက္ခသည်များအား တောင်ဒဂုံ မြို့နယ် ကြက်ခြေနီအသင်းမှ အကူအညီပေးလျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီရုပ်တု ၁၀ ခုအား ထုလုပ်ထားကြောင်း သိရှိရ

 ha-16-12-9
 ၂၀၁၀ ပြည့်နှစ်အတွက် ပေးအပ်ချီးမြှင့်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဆုရရှိသူများ

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီရုပ်တု ဆယ်ခု အား ထုလုပ်ထားသည်ဟု အကယ်ဒမီရွှေစင်ရုပ်အား တာဝန်ယူထုလုပ်သည့် ပီအောထွန်းရင်နှင့် သားများ ပန်းထိမ်လုပ်ငန်းမှ Weekly Eleven News Journal သို့ ပြောကြားခဲ့ပါသည်။ အဆိုပါ အကယ်ဒမီရုပ်တုများမှာ ရွှေစင်ကြယ်တပ်ဆင်ရန်သာ ကျန်ရှိတော့ပြီး ကျန်အပိုင်းများကို အချောသတ် ထုလုပ်ပြီးသွားပြီ ဖြစ်သည်ဟု သိရှိရသည်။ 

“ကျွန်တော်တို့က ၁၉၅၂  ခုနှစ်ကတည်းက အခုနှစ်အထိ နှစ်စဉ်အကယ်ဒမီရုပ်တုတွေ ထုလုပ်ပေးဖြစ် ခဲ့တာပါ။ ဒီနှစ်အတွက်ကိုတော့ အကယ်ဒမီရုပ်တု ဆယ်ခုမှာတာကြောင့် ထုလုပ်ထားပါတယ်။ အချောသတ်အားလုံး ပြီးနေပါပြီ။ ရွှေစင်ကြယ်လေးကို တပ်ဖို့အဆင့်ပဲ ကျန်ပါတော့တယ်။ ရွှေကြယ်က ကျွန်တော်တို့မထုပါဘူး။ ဖလင်ဝိုင်းပေါ်မှာ နတ်သမီးလက်ကမ်းနေတဲ့ ပုံအဆင့်အထိပဲ ကျွန်တော်တို့ ထုပါတယ်။ ရွှေကြယ်ကိုတော့ သီးခြားလာတပ်ပါတယ်” ဟု အကယ်ဒမီရုပ်တုအား နှစ်စဉ်ဖန်တီးထုလုပ်ခဲ့သူ ပီအောဦးထွန်းရင်က ရှင်းပြခဲ့ပါသည်။

ပခုက္ကူဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်သူ ဦးရေ ၂၀၀၀ နီးပါး ရှိလာ

ပခုက္ကူပြည်သူ့ဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်ပြုလုပ်သူနှင့် ART ဆေး လာရောက်ထုတ်ယူသူဦးရေ ၂၀၀၀ နီးပါးထိ ရှိလာကြောင်း သတင်းရရှိပါသည်။

ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ HIV လူနာမှတ်ပုံတင်ခြင်းနှင့် ART ဆေး လာရောက်ထုတ်ခြင်းအား မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ချင်းပြည်နယ်အတွင်းရှိ မြိုနယ်များမှ လူနာများ လာရောက်ထုတ်ယူကြကြောင်း သိရသည်။

ပခုက္ကူဆေးရုံကြီးသို့ HIV လူနာ မှတ်ပုံတင်ခြင်းနှင့် ART ဆေး အခမဲ့ဖြန့်ဝေခြင်းအား လာရောက်ထုတ်ယူခြင်း ပြုလုပ်သူဦးရေသည် ယခင်နှစ်များထက် ပိုမိုများပြားလာသော်လည်း ပြင် ပဆေးဆိုင်များမှ ART ဆေးဝယ်ယူသောက်သုံးသူများလည်း ရှိနေသေးကြောင်း ဆေးဆိုင်များမှ စုံစမ်းသိရှိရသည်။

စည်ပင်ရဲတပ်ဖွဲ့ဝင်တစ်ဦး၏သားက ရဲအယောင်ဆောင်ကာ ဓားဖြင့်ထောက်

 167
 ရဲအယောင်ဆောင်ကာ ဓားဖြင့်ထောက်မှုဖြစ်ပွားခဲ့သည့် နာနတ်တောခုံးတံတားထိပ် ချဉ်းကပ်လမ်းအား တွေ့ရစဉ်
စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏သားက ရဲအယောင်ဆောင်ကာ ဓားဖြင့်ထောက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှု၊ မတရားချုပ်နှောင်ထားရန် အားထုတ်ရာတွင် လက်ရောက်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် အခွင့်အလမ်းဂျာနယ်တိုက်ပိုင်ရှင် ကိုသင်းစိုးမှာ ကိုသန်းဇော်ထွန်း၊ မ၀င်းနုနုဇင်တို့နှင့် အတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် Lexus ၇ ဃ ဖြင့် ကမာရွတ်မြို့နယ် (၇) ရပ်ကွက် ပြည်ရိပ်မွန်အိမ်ရာတွင် နေထိုင်သူ ကိုသန်းဇော်ထွန်းကို လိုက်ပို့ရန် နာနတ်တောလမ်း အတိုင်း မောင်းနှင်လာခဲ့သည်။

သီရိမင်္ဂလာဈေးရှိ လူမိုက်အဖွဲ့များကို အရေးယူရန် အင်အားအပြည့်ချထားပြီး စောင့်ကြည့်အရေးယူနေ

ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာဈေးရှိ လူမိုက်အဖွဲ့များအား ထိရောက်စွာ အရေးယူနိုင်ရန် ပိတောက်ချောင်းရဲစခန်းကို အင်အားအပြည့် ချထားပြီး စောင့်ကြည့်အရေးယူနေကြောင်း သိရသည်။

သီရိမင်္ဂလာဈေးရှိ လူမိုက်များမှာ ယခင်ကဲ့သို့ တုတ်၊ ဓား စသည့်လက်နက်ပုန်းများကို ခန္ဓာကိုယ်တွင် မထားရှိတော့ဘဲ နေရာတစ်နေရာတွင် ၀ှက်ထားသည့် စနစ်ကို ကျင့်သုံးနေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီးမျိုးအောင်က “သီရိ မင်္ဂလာဈေး အပိုင်ဖြစ်တဲ့ ပိတောက်ချောင်းရဲစခန်းကို အင်အားအပြည့် ချထားပြီးတော့ ဆောင်ရွက်နေ ပါတယ်။ အဲဒီစခန်းက တာဝန်ရှိသူတချို့ကိုလည်း ဒေါင်ဒေါင်မြည်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပဲ တာဝန်ပေးထား ပါတယ်။ အခု လူမိုက်တွေက ကိုယ်ပေါ်မှာ ဓားတွေမထားတော့ဘဲ နေရာတစ်နေရာမှာပဲ ဖွက်ထားတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့် အရေးယူသွားမှာပါ” ဟု ပြောကြားခဲ့သည်။

လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသို့ လာရောက်သည့် ကားများ၊ ဈေးသည်များအား လူမိုက်အဖွဲ့များက ခြိမ်းခြောက်၍ တရားမ၀င် ငွေကြေးကောက်ခံမှုများ ရှိနေခြင်းကြောင့် စောင့်ကြည့် အရေးယူနေခြင်းဖြစ်ကြောင်း သိရှိရသည်။

Ref: Eleven Media Group

လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ပြုလုပ်သည့် ဖျော်ဖြေပွဲတွင် ဂရမ်မီဆုရှင် ဂျေဆင်မရက်ဇ်နှင့် ထိုင်းနိုင်ငံမှ Slot Machine အဖွဲ့တို့ လာရောက်ဖျော်ဖြေရာ ပရိသတ်ငါးသောင်းကျော် လာရောက်ခဲ့

 1611
လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် MTV Exit မှ စီစဉ်သည့် ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ အခမဲ့ပြုလုပ်ခဲ့ရာ ဂရမ်မီဆုရှင် ဂျေဆင်မရက်ဇ်နှင့် ထိုင်းနိုင်ငံမှ Slot Machine အဖွဲ့တို့ လာရောက်ဖျော်ဖြေရာ ပရိသတ်ငါးသောင်းကျော် လာရောက်ကြည့်ရှု အားပေးခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲတွင် နိုင်ငံတကာအနုပညာရှင်များနှင့်အတူ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် အဆိုတော် ဖြူဖြူကျော်သိန်း၊ R ဇာနည်တို့နှင့် အတူ ချမ်းချမ်း၊ ချစ်သုဝေ၊ လင်းလင်း၊ ဖြိုးကြီးတို့ကလည်း ပါဝင်သီဆို ဖျော်ဖြေပေးခဲ့သည်။ 

 ၂၀၁၃ ခုနှစ်၊ နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အနည်းအကျဉ်း ရှိမည်ဖြစ်သော်လည်း လူနေရပ်ကွက်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေအဖွဲ့ ဥက္ကဌပြောကြား

 1610
၂၀၁၃ခုနှစ်၊ နွေရာသီတွင် လျပ်စစ်ဓာတ်အားပြတ်တောက်မှု အနည်းအကျဉ်းရှိမည် ဖြစ်သော်လည်း လူနေရပ်ကွက်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းမားဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။ 

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး ဦးပိုင်လီမိတက်၏ နာမည်ပေါက် ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံးသိမ်းယူခဲ့ပြီး အချို့ကို မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ပေါက်ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများ ထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်၊ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန် က ပြောကြားခဲ့သည်။

Thursday, December 13, 2012

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေးကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားဆောက်ရန် စိတ်ဝင်စားကြောင်း လာရောက်ဆွေးနွေး

 12
ကမ်းနားလမ်းတစ်လျှောက်နှင့် ဒလဘက်အခြမ်းကို တွေ့မြင်ရစဉ်
ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်ရန် စိတ်ဝင်စားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် လာရောက်ဆွေးနွေးခဲ့သည်ဟု သိရသည်။

မြ၀တီတွင် ကလို့ထူးဘော(ကရင်အမျိုးသားတပ်မတော်)မှ ဆန္ဒထုတ်ဖော်

 14
လက်ပံတောင်းတာင် ကြေးနီစီမံကိန်း သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် ကလို့ထူးဘော (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်)မှ
မြ၀တီမြို့တွင်း၌ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Tuesday, December 11, 2012

ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ လယ်နှင့်တောင်မြေ ဧကတစ်ရာကျော်အတွက် မက်စ်မြန်မာကုမ္ပဏီက ကျပ်သိန်း ၇၀၀၀ ကျော် လျော်ကြေးပေး

Max Myanmar ကုမ္ပဏီမှ ယခင်ကသိမ်းယူထားသည့် ငွေဆောင်မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်ရှိ လယ်နှင့်တောင်မြေ ဧကတစ်ရာကျော်အတွက် ကျပ်သိန်းပေါင်း ၇၀၀၀ ကျော်ကို ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့ ပုသိမ်ဟိုတယ်တွင် ဒေသခံပိုင်ရှင် ၁၃ ဦးအား ကရုဏာကြေးအဖြစ် ပေးအပ် ခဲ့ကြောင်း သိရှိရသည်။ 

တောင်သူ ၁၃ ဦးပိုင်ဆိုင်သည့် လယ်မြေနှင့်တောင်မြေ (ဥယျာဉ်မြေ) ၁၀၆ ဧကအတွက် လယ်တစ်ဧကလျှင် ကျပ် ၂၅ သိန်းနှုန်း၊ တောင်မြေတစ်ဧကလျှင် ကျပ်သိန်းတစ်ရာနှုန်းဖြင့် ကျပ်သိန်းပေါင်း ၇၂၈၅ သိန်းကို Max Myanmar ကုမ္ပဏီမှ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ စိတ်ချမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တော်တို့ အဆင်ပြေ၀မ်းသာသလို ကျန်တဲ့ကျွန်တော်တို့ဒေသက သူတွေကိုလည်း ရစေချင်တယ်။ Max Myanmar ကုမ္ပဏီက  အခုလိုဆောင်ရွက်ပေးတာ အလွန်ဝမ်းသာပါတယ်” ဟု ကရုဏာကြေးရရှိသည့် ဒေသခံတောင်သူ ဦးသိန်းအောင်က ပြောပြသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ ထည့်သွင်းကောက်ယူမည်ဟု သိရ

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ မေးမြန်းပြီး ထည့်သွင်းကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက အသိပေးထားသည်ဟု သတင်းရရှိသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် တည်နေရာပြ အကြောင်းအရာ များဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်/မြို့နယ်ခွဲ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ မြို့/ကျေးလက်၊ စာရင်းကောက်ကွက်အမှတ်၊ အိမ်ထောင်စုအမှတ် စသည်တို့ မေးမြန်းသွားမည်ဖြစ်ပြီး အခြေခံလူဦးရေ ဆိုင်ရာ အချက်အလက်များ၊ ပြောင်းရွှေ့သွားလာမှုဆိုင်ရာ အချက်အလက်များ၊ ပညာရေးဆိုင်ရာ အချက်အလက်များ၊ လုပ်သားအင်အား အကြောင်းအရာ၊ မွေးဖွားခြင်း အကြောင်းအရာ၊ သေဆုံးခြင်း အကြောင်းအရာများကိုလည်း မေးမြန်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှုအကြောင်းအရာများ၊ နိုင်ငံခြားရောက် အိမ်ထောင်စု စာရင်းဝင်များ ကိုလည်း မေးမြန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လယ်ယာထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် နေရာပျောက်ဆုံးနေ၍ လယ်ယာလုပ်ငန်းသည် တောင်သူများအား ဆင်းရဲမှုဘ၀သို့ တွန်းပို့သကဲ့သို့ ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာ့လယ်ယာထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် နေရာပျောက်ဆုံးနေ၍ တောင်သူများအတွက် လယ်ယာလုပ်ငန်းသည် ဆင်းရဲမှုဘ၀သို့ တွန်းပို့နေသကဲ့သို့ဖြစ်နေပြီး ဈေးကွက်တွင်လည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နေရကြောင်း လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။

“တောင်သူတွေအနေနဲ့ လယ်ယာစီးပွားလုပ်ငန်းကနေ ထိုက်သင့်တဲ့ အကျိုးခံစားခွင့် မရနိုင်တဲ့ အခြေအနေတွေကြောင့် လယ်ယာလုပ်ငန်းဟာ ၎င်းတို့ကို ဆင်းရဲမှုဘ၀သို့ တွန်းပို့သကဲ့သို့ ဖြစ်နေခဲ့တယ်။ အဓိကကတော့ နည်းပညာနဲ့ ကိရိယာတွေ နိမ့်ကျနေတာ၊ အလေအလွင့်များနေတာ၊ ဈေးကွက်မှာ လည်း နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ အဲဒီ ကဏ္ဍတွေ ဖြည့်ဆည်းပေးနိုင်ဖို့ နိုင်ငံတကာရဲ့ အကူအညီတွေ လိုအပ်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။

 ရန်ကုန်မြို့တော်၏ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဆေးချယ်ခြင်း၊ ရုပ်ပုံများရေးဆွဲခြင်းနှင့် စာလုံးရေးခြင်းများ မပြုလုပ်ရန် ရန်ကုန်မြို့တော်စည်ပင်မှ အမိန့်စာထုတ်ပြန်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သော နေရာများ တွင် ဆေးရောင်စုံများ အသုံးပြု၍ ဆေးခြယ်ခြင်း၊ ရုပ်ပုံများရေးဆွဲခြင်း၊ စာလုံးရေးသားခြင်းများ မပြုလုပ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ဒီဇင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ တစ်ခု ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ထုတ်ယူရန် မြို့တော်စည်ပင်သို့ ပြည်ပကုမ္ပဏီ ၃၀ ကျော်မှ လာရောက်ဆွေးနွေးနေ

 ha-9-12-1
   ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းမတွင် စည်ပင်အမှိုက်သိမ်းယာဉ်ကို ဒီဇင်ဘာလ ၈ ရက်ညက တွေ့ရစဉ်
အလားတူ ဂျပန်နိုင်ငံ၊ Mitsubishi ကုမ္ပဏီမှ နည်းပညာနှင့် ငွေကြေးအကူအညီပေးသွားရန် စီစဉ်နေကြောင်း Mitsubishi Heavy Industries, Ltd (MHI) မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
 
''ကျွန်တော်တို့အနေနဲ့ကတော့ ရန်ကုန်မြို့ကနေ နေ့စဉ်ထွက်နေတဲ့ အမှိုက်တွေကို လျှပ်စစ်ဓါတ် အား  ပြန်ပြီးထုတ်လုပ်တဲ့ နည်းပညာတွေ စက်ရုံတွေတည်ဖို့ လာရောက်ခဲ့တာပါ'' ဟု Mitsubishi Heavy Industries, Ltd (MHI) မှ ဒုတိယဥက္ကဋ္ဌ Mr.Yukinori ကပြောကြားခဲ့သည်။

Sunday, November 25, 2012

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် စီစဉ်သွားမည်

  ha-25-11-5
 စည်းကမ်းမဲ့ယာဉ်များအား အရေးယူရန် ရွှေဂုံတိုင်မီးပွိုင့်တွင် တပ်ဆင်ထားသော စီစီတီဗီကင်မရာများကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ကျော်ကျော် ထွန်းက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာ တပ်ဆင်သွားရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ပြည်ပနိုင်ငံအချို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးမှု များ ပြုလုပ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်က “ရန်ကုန်တိုင်းထဲမှာရှိတဲ့ လမ်းမတွေအားလုံးမှာ လုံခြုံရေးကင်မ ရာတွေ တပ်ဆင်ပြီးတော့ ပြစ်မှုကျူးလွန်တဲ့သူတွေကို အမြန်ဆုံးဖမ်းဆီးဖို့ ၂၀၁၀ ပြည့်နှစ်ကတည်းက စီစဉ်ထားပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ အခုလည်း ပြန်လည်ဆောင်ရွက်ဖို့ကို စီစဉ်နေပါပြီ” ဟု ပြောကြားခဲ့သည်။
“ရဲတပ်ဖွဲ့တွေအနေနဲ့ လုပ်စရာတွေ အများကြီးရှိတယ်။  ပြစ်မှုကျူးလွန်တဲ့သူတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါ၊၊ ငွေကြေးရှိမယ်ဆိုရင်တော့ အများကြီးလုပ်သင့်ပါတယ်” ဟု ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ အခမဲ့ကူညီသည့် ၁၂၀ မဂ္ဂါဝပ် ဂတ်စ်တာဘိုင်မီးစက်နှစ်လုံး သယ်ယူရေးနှင့် ပတ်သက်၍ ဆွေးနွေးနေစဉ် ခေတ္တမီးပြတ်တောက်ကာ အသံစနစ်ချို့ယွင်းသွား၍ ပြုလုပ်ဆဲ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပြည်သူ့လွှတ်တော်ခန်းမအတွင်းသို့ ပြောင်းရွှေ့ပြုလုပ်

ha-25-11-2
ပြည်ထောင်စုလွှတ်တော်ခန်းမမှ ပြည်သူ့လွှတ်တော်ခန်းမသို့ လွှတ်တော်ကိုယ်စားလှယ်များ ပြောင်းရွှေ့နေကြစဉ်

ထိုင်းနိုင်ငံမှ အခမဲ့ကူညီသည့် ၁၂၀ မဂ္ဂါဝပ် ဂတ်စ်တာဘိုင်မီးစက်နှစ်လုံး သယ်ယူရေးနှင့်ပတ်သက် ၍ ဆွေးနွေးနေစဉ် ခေတ္တမီးပြတ်တောက်ကာ အသံစနစ်ချို့ယွင်းသွား၍ ပြုလုပ်ဆဲ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပြည်သူ့လွှတ်တော်ခန်းမအတွင်းသို့ ပြောင်းရွှေ့ပြုလုပ်ခဲ့ရသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ အခမဲ့ကူညီသော မီးစက်နှစ်လုံးကို မြန်မာနိုင်ငံသို့ သယ်ယူရန်အတွက် ကုန်ကျစရိတ်များနှင့် ပတ်သက်၍ သာပေါင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းမှဆွေးနွေးစဉ် လျှပ်စစ် မီး ပြတ်တောက်သွားခြင်းဖြစ်ပြီး အသံစနစ်ချွတ်ယွင်းကာ ထိုသို့ပြောင်းရွှေ့ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အဆိုပါနေ့တွင် ပြုလုပ်ရန်လျာထားသော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကိုလည်း ပြုလုပ် ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

Wednesday, November 21, 2012

မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူများ လိုင်းပြတ်တောက်မှု၊ လိုင်းနှေးကွေးမှု မကြာခဏကြုံတွေ့နေ

မိုဘိုင်းဖုန်းအင်တာနက်လိုင်းများ အသုံးပြုရာတွင် သုံးစွဲသူများအနေဖြင့် အင်တာနက်လိုင်း ပြတ်တောက် မှု၊ နှေးကွေးမှုများ မကြာခဏ ကြုံတွေ့ခံစားနေရကြောင်း သုံးစွဲသူများထံမှ သိရှိရသည်။                                  
ယခုအခါ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူဦးရေမှာ တရားဝင်ထုတ်ပြန်ထားမှုအရ နှစ်သိန်းကျော် အထိ ရှိလာပြီဖြစ်ပြီး Broad Band စနစ်ဖြင့် အင်တာနက်အသုံးပြုသူ အရေအတွက်ထက် ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

“WCDMA သုံးတာ လိုင်းမကောင်းတာ အောက်တိုဘာလလယ် လောက်ကတည်းကပဲပေါ့။ 3G လိုင်းတောင် တက်မလာဘဲ EDGE နဲ့ပဲ သွားနေတယ်။ အရင်ကဆိုရင် 3G တွေ ဘာတွေ တက်လာသေးတယ်။   အခုရက်ပိုင်းအတွင်း သုံးရတာ လုံးဝကို အဆင်မပြေဘူး” ဟု လသာမြို့နယ်တွင် နေ ထိုင်သည့် ကိုထူးအောင်က နိုဝင်ဘာလ ၁၉ ရက်နေ့၌ ပြောကြားခဲ့သည်။

 အမေရိကန်အဆိုတော် ဂျေဆန်မရက်ဇ် ရန်ကုန်မြို့တွင် အခမဲ့ လာရောက်ဖျော်ဖြေမည်

အမေရိကန်အဆိုတော် ဂျေဆန်မရက်ဇ်သည် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ ရင်ပြင်တွင် အခမဲ့ဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သူ၏၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
''အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ များစွာသော အသိအမှတ်ပြုမှု၊ အလေးထားမှုတွေနဲ့ အတူ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်။ ကွဲပြားမှုရှိတဲ့ ဖျော်ဖြေပွဲတစ်ခုလုပ်နိုင်ဖို့ မျော်လင့်ထားပါ တယ်'' ဟု လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အသိပညာပေးရန်အတွက် လာရောက်ဖျော်ဖြေမည့် ဂရမ်မီဆုရှင် အဆိုတော် မရက်ဇ် ပြောကြားသည်။
လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုနှင့် ပတ်သက်ပြီး အသိပညာပေးရန်အတွက် MTV EXIT မှစီစဉ်သည့် အဆိုပါဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှ ဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ MTV EXIT Live in Myanmar ဖျော်ဖြေမှုကို USAID၊ AusAID၊ Walk Free နှင့် အာဆီယံမိတ်ဖက်အဖွဲ့များနှင့်အတူဖန်တီးခဲ့ခြင်းဖြစ်သည်ဟု MTV EXIT ၀က်ဘ်ဆိုက်တွင် ဖော်ပြထား သည်။ ယင်းဖျော်ဖြေပွဲကို မြန်မာနိုင်ငံရှိရုပ်သံလိုင်းနှင့် MTV ရုပ်သံလိုင်းတို့တွင် ၂၀၁၃ ခုနှစ်၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
မရက်ဇ်သည် အလားတူဖျော်ဖြေပွဲကို ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၁ ခုနှစ်က ဖျော်ဖြေခဲ့သည်။ လူသားချင်း ခေါင်းပုံဖြတ်မှုတိုက်ဖျက်ရေးအတွက် လုပ်ဆောင်ခဲ့သူများကို Free the Slaves အဖွဲ့က ဂုဏ်ပြုပေးအပ်ခဲ့ သည့် Freedom Awards ဂုဏ်ပြုပွဲသို့ ၂၀၀၈ ခုနှစ်တွင် တက်ရောက်ခဲ့ပြီးနောက် လူကုန်ကူးမှုတိုက်ဖျက်ရေး အကြောင်းအရာကို စိတ်ဝင်စားလာခဲ့သည်ဟု မရက်ဇ်ကဆိုသည်။
ha-18-11-5

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်အားလုံး ပိတ်ထားပြီး လူဝင်လူထွက်များ တားမြစ်ထား

 ha21-11-1
 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးတစ်နေရာကို မြန်မာဘက်ခြမ်းမှ တွေ့ရစဉ်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် လူဝင်လူထွက်မရှိရအောင် တားမြစ်လိုက်ပြီဖြစ်ကြောင်းနှင့် မောင်တော အမှတ် (၁) လူဝင်လူထွက်ဂိတ်အပါအ၀င် နယ်စပ်တစ်လျှောက်ရှိ ဂိတ်အားလုံးကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
“အခု နယ်စပ်ဖြတ်ကျော် သွားလာခွင့်ကို ပိတ်လိုက်တာဟာ အမေရိကန်သမ္မတ မြန်မာနိုင်ငံကိုလာတဲ့နေ့နဲ့ တိုက်ဆိုင်နေတယ်။ နောက်တစ်ချက်က ပျောက်ဆုံးနေတဲ့ ဂျီအီးတပ်သားသုံးဦး ကိစ္စနဲ့လည်း ဆက်စပ်နိုင် ပါတယ်။ အခုဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်” ဟု မောင်တောမြို့ခံတစ်ဦးက ပြောကြား သည်။
လူဝင်လူထွက်ကို ပိတ်ထားလိုက်ခြင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တောမြောက်ပိုင်းတွင် ဖြစ်ပွား ခဲ့သည့်  ခြံစည်းရိုးဆောက်လုပ်ရေး လုပ်ငန်းမှတပ်သားများ ပစ်ခတ်သေဆုံးအဖမ်းခံရမှုများနှင့် သက် ဆိုင်ကြောင်းလည်း သိရသည်။

နိုင်ငံပိုင် သတင်းစာများ၏ အခန်းကဏ္ဍကို ယခုလွှတ်တော်သက်တမ်း၌ပင် ရုပ်သိမ်းသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောကြား

ha21-11-2
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် လွှတ်တော်၌ ပြောကြားနေစဉ်
နိုင်ငံပိုင်သတင်းစာများ၏ အခန်းကဏ္ဍကို ယခုလွှတ်တော်သက်တမ်း၌ပင် ရုပ်သိမ်းသင့်ကြောင်းနှင့် ပြန် ကြားရေးဝန်ကြီးဌာန၏ အများပြည်သူဝန်ဆောင်မှု မီဒီယာအစီအစဉ်ကိုလည်း ပြန်လည်စဉ်းစားသုံးသပ် ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့ပါသည်။
နိုဝင်ဘာလ ၂၀ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အရေးကြီးသောစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာပါ ပြန်ကြားရေးဝန်ကြီးဌာန၏ အလွဲသုံးစားမှုများနှင့် ပတ်သက် ၍ ဆွေးနွေးရာတွင် ဦးသိန်းညွန့်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုးရွာဆုံး ယာဉ်ကိုးစီးဆင့်တိုက်မှု ဖြစ်ပွားရာမှ သေဆုံးမှုနှင့် အပြင်းအထန် ဒဏ်ရာရမှုများ ရှိခဲ့

20accident1 
လမ်းအကွေ့ရှိ ယာဉ်ထိန်းရဲ အဆောင်ငယ်ပါ ပြားပြားဝပ်ပျက်စီးသွားပုံ 
 20accident2
20accident3

ဒေါပုံမြို့နယ်၊ ဗန္ဓုလတံတား အဆင်းတွင် ယာဉ်ကိုးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့၊ နေ့လည် ၁၁နာရီ ၄၅မိနစ် အချိန်တွင် ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ နစ်ဆန်းဒီဇယ်ထရပ် အဖြူဝါရောင်ယာဉ်သည် ယမုံနာလမ်းဆုံမီးပွိုင့်အနီး အရောက် တွင် ၄င်းရှေ့မှမောင်းနှင်လာသည့် ယာဉ်ငါးစီးအား နောက်မှအဆင့်ဆင့်တိုက်မိကာ အရှိန်လွန်၍ မျက်နှာ ချင်းဆိုင်မှ မီးစိမ်း၍ ဗန္ဓုလတံတားဘက်သို့ လက်ဝဲဘက်မှချိုး ကွေ့မောင်းနှင်လာသော ယာဉ်သုံးစီး တို့အား ထပ်မံတိုက်မိခဲ့ကာ လမ်းဆုံမီးပွိုင့်ရှိ ယာဉ်ထိန်းနားခိုတဲအား ထပ်မံ၍တိုက်မိခဲ့ကြောင်း သိရှိရ သည်။

Tuesday, November 20, 2012

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အီလက်ထရောနစ်နည်းပညာအသုံးပြုမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင် လိုအပ်ချက်များစွာရှိနေသည်ဟု ရဲချုပ်ပြောကြား

 thn-21-11-12-2
 သမ္မတ အိုဘားမား ခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုံခြုံရေးတာဝန်ယူနေသော အမေရိကန် လုံခြုံရေးဝန်ထမ်းများနှင့် မြန်မာရဲဝန်ထမ်းတစ်ဦးအား တွေ့ရစဉ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အီလက်ထရောနစ်နည်းပညာအသုံးပြုမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ အပြင် အခြားကဏ္ဍများတွင်လည်း လိုအပ်ချက်များစွာရှိနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။ 

ယင်းကဲ့သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဘက်ပေါင်းစုံတွင် လိုအပ်ချက်များစွာရှိနေသဖြင့် အချို့ကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယခုနှစ်ပိုင်းတွင် လည်း အာရှနိုင်ငံများတွင် နိုင်ငံတကာမှ ရဲတပ်ဖွဲ့ဝင်များကို သင်ကြားပေးနေသည့် သင်တန်းအချို့သို့ လည်း စေလွှတ်သွားမည်ဖြစ်ကြောင်း ရဲချုပ်ထံမှသိရှိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက '' ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ နည်းပညာပိုင်းတွေ၊ လေ့ကျင့်ရေးအပိုင်းတွေ၊ သယ်ယူပို့ဆောင်ရေးအပိုင်းတွေ၊ ဆက်သွယ်ရေးအပိုင်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အသုံးအဆောင်ပစ္စည်းအပိုင်းတွေ အားလုံးမှာ လိုအပ်မှုတွေ ရှိနေပါတယ်။ တချို့ကဏ္ဍတွေကို  ဖြည့်ဆည်းဖို့အတွက် ဆောင်ရွက်နေပါပြီ။ ဘာတွေလုပ်ဆောင်ရမယ် ဆိုတာကို သိပြီးသားပါ။ ဒါပေမဲ့ ငွေကြေးအခက်အခဲတွေကြောင့် လိုအပ်တဲ့ကဏ္ဍတွေ အားလုံးကို လုပ်ဆောင်ဖို့ အခက်အခဲရှိပါတယ်။ အိုဘားမားခရီးစဉ်တုန်းက ဆက်သွယ်ရေးကဏ္ဍတွေနဲ့ သယ်ယူ

ရန်ကုန်မြို့ အထင်ကရ နာမည်ရှိဟိုတယ်တွင် ကျင်းပခဲ့သည့် မင်္ဂလာဆောင်တစ်ခုမှ လက်ဖွဲ့ပစ္စည်းနှင့် ငွေများအား နှစ်ဖက်ဆွေမျိုးဟန်ဆောင်ကာ လိမ်လည်ယူဆောင်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Summit Parkview ဟိုတယ်တွင် နိုဝင်ဘာလ ၃ရက်နေ့က ကျင်းပခဲ့သည့် မင်္ဂလာဆောင်တစ်ခုမှ လက်ဖွဲ့ပစ္စည်းများအား နှစ်ဖက်ဆွေမျိုးဟန်ဆောင်၍ လက်ဖွဲ့ပစ္စည်း များနှင့် ငွေသားများအား လိမ်လည်ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ 

အဆိုပါဟိုတယ်တွင် နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအချိန်အထိ ကျင်းပခဲ့သည့် မင်္ဂလာဆောင်တစ်ခုတွင် လက်ဖွဲ့ပစ္စည်းများအား လိမ်လည်ရယူရန် ကြိုးပမ်းသူမှ မင်္ဂလာပွဲမကျင်းပမီ အချိန်ကပင် ၀င်ထွက်သွားလာမှုများ ပြုလုပ်ကာ မင်္ဂလာပွဲအတွက် ရောက်ရှိလာသည့် သတို့သား၊ သတို့သမီးအား အလှပြင်ရန် လိုက်လံပို့ဆောင်ပေးခြင်း၊ နှစ်ဖက်မိဘများအား သတ်မှတ်အခန်းများသို့ လိုက်လံပို့ဆောင်ပေးခြင်း စသည့်ကြိုဆိုမှုများ ပြုလုပ်ပြီးနောက် လက်ဖွဲ့ပစ္စည်း လက်ခံနေရာတွင် လက်ဖွဲ့လက်ခံမှုအား သတို့သားဘက်မှ ဆွေမျိုးများနှင့်အတူ လက်ခံပေးခဲ့သည်ဟု သတို့သား၏ အစ်ကိုက ဆိုသည်။

ညပိုင်းမှုခင်းဖြစ်ပွားမှုနှုန်းပေါ် မူတည်၍ နိုက်ကလပ်များနှင့် KTV များကို မူလအချိန်အတိုင်း ပြန်လည်ခွင့်ပြုသွားမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညပိုင်းမှုခင်းဖြစ်ပွားမှုနှုန်းပေါ် မူတည်၍ နိုက်ကလပ်များနှင့် KTV များကို မူလအချိန်အတိုင်း ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ညပိုင်းများ၌ အုပ်စုဖွဲ့ ရမ်းကားမှုများ၊ ကားပြိုင်မောင်းပြီး အုပ်စုဖွဲ့ ထိုးကြိတ်ရိုက်နှက်မှုများ၊ တုတ်ဓားစသည့် လက်နက်ပုန်းများကို သယ်ဆောင်ပြီး သွားလာနေသည့် ယာဉ်များရှိနေသည့်အတွက် ဆက်စပ်သည့် မှုခင်းဖြစ်စဉ်များ မကြာ ခဏ ဖြစ်ပေါ်နေမှုကြောင့် နိုက်ကလပ်များနှင့် KTV များကို ည ၁၂ နာရီ အချိန်ထိသာ ဖွင့်လှစ်ခွင့်ပြုထားပြီး ထိန်းသိမ်းမှု ပြုလုပ်ပေးနေရကြောင်း ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

Monday, November 19, 2012

အမေရိကန်သမ္မတ အိုဘားမား၏ခရီးစဉ် အကျဉ်းချုပ်

o 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ အမေရိကန်သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လာရောက်ခဲ့သည်။ သမ္မတအိုဘားမားသည် ခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ (ယခင် ပြည်သူ့လွှတ်တော်အဆောက်အအုံ)တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ် တွင် သွားရောက်တွေ့ဆုံခဲ့ပြီး မိန့်ခွန်းတစ်ချို့ကိုပြောကြားခဲ့သည်။
သမ္မတအိုဘားမားသည် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်ကလည်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်အား တက်ရောက်ဖူးမြှော်ခဲ့သေးသည်။
ထို့နောက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် သမ္မတအိုဘားမားသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိသရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် လူထု လူတန်းစားအလွှာအသီးသီးမှ ဖိတ်ကြားထားသူများအား မိနစ် ၃၀ ကျော်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။

o1 

သမ္မတအိုဘားမားသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းမပြောကြားမီ သီတဂူဆရာတော် အရှင်ဥာဏိသရ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအ၀င် အလွှာစုံပါဝင်သည့် ပုဂ္ဂိုလ်အချို့နှင့် သီးခြား တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ တစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် လာရောက်ခဲ့သည့် သမ္မတအိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်သို့ ဆက်လက်ထွက်ခွာသွားသည်။
၎င်းသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ Peace Place အဆောက်အအုံ၌ နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ကျင်းပမည့် (၄) ကြိမ်မြောက် အာဆီယံ-အမေရိကန် အစည်းအဝေးသို့ တက်ရောက်ရန် ဖြစ်သည်။

Ref: Eleven Media Group

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမား တွေ့ဆုံရာတွင် အမေရိကန်သမ္မတ သုံးစွဲခဲ့သည့် စကားအတိုင်း Move Forward ဆိုပြီး သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားတို့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဧည့်ခန်းမ ၌ တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။

obamats
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ အတွင်း၌ တွေ့ဆုံစဉ် (Photo:AFP)

နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတကြီး အိုဘားမားသုံးစွဲခဲ့သည့် စကားအတိုင်း မိမိတို့သည် ရှေ့သို့ ဆက်လက်လျောက်လှမ်းသွားရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် အမေရိကန်သမ္မတ အိုဘားမား ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် အမေရိကန်သမ္မတ အိုဘားမား ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
မြန်မာနိုင်ငံမင်္ဂလာပါ (မြန်မာဘာသာဖြင့် နှုတ်ဆက်သောကြောင့် ရယ်သံများနှင့် လက်ခုပ်သံများစွာ ဆူညံသွားသည်)
ဒီတက္ကသိုလ်ကို ရောက်လာခဲ့တဲ့အတွက်၊ ဒီနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်ရတဲ့ အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ဒီနိုင်ငံရဲ့ အရေးပါမှုကြောင့်ပါပဲ။ ခင်ဗျားတို့ဟာ အရှေ့နဲ့ တောင်အာရှရဲ့လမ်းဆုံမှာ တည်ရှိနေတာပါ။ ဒီနိုင်ငံဟာ ကမ္ဘာမြေပေါ်မှာ လူဦးရေအများဆုံး နိုင်ငံနှစ်ခုရဲ့ နယ်ခြားလည်း ဖြစ်နေပါတယ်။ ခင်ဗျားတို့မှာ နှစ်ထောင်ချီတဲ့ သမိုင်းလည်းရှိတယ်၊ ကမ္ဘာမြေရဲ့ ဖွံ့ဖြိုးမှုအမြန်ဆုံးဒေသရဲ့ ကံကြမ္မာကို ဆုံးဖြတ်ရာမှာ ကူညီနိုင်တဲ့ အစွမ်းလည်းရှိနေတဲ့ နိုင်ငံပါ။
o2
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ခင်ဗျားတို့နိုင်ငံရဲ့ လှပတင့်တယ်မှုနဲ့ မတူကွဲပြားမှုတွေ ကြောင့်ပါပဲ။ ဒီနေ့အစောပိုင်းမှာ ရွှေရောင်လွှမ်းနေတဲ့ ရွှေတိဂုံဘုရားကို ဖူးမြင်ခွင့်ရခဲ့တယ်။ အချိန်ဆိုတဲ့အရာကို လွန်မြောက်တဲ့ မေတ္တာတရားဆိုတဲ့ အိုင်ဒီယာ-ကျွန်တော်တို့ ဒီကမ္ဘာပေါ်မှာ နေထိုင်ခွင့်ရတဲ့ အချိန်ကာလကို သည်းခံမှု(ခန္တီ)နဲ့ ချစ်ခြင်း(မေတ္တာ) ဆိုတဲ့ အရာတွေနဲ့ ဖွင့်ဆိုနိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေဟာ ကျွန်တော့်ရင်ကို လှုပ်ခတ်ခဲ့ပါတယ်။ ဒီမြေဟာ ဒီမြို့ဟောင်းကြီးရဲ့ လူနေထူထပ်တဲ့ ရပ်ကွက်ဝန်းကျင်တွေကနေ ကျေးရွာပေါင်း ၆၀၀၀၀ ကျာ်အထိ၊ ဟိမ၀န္တာတောင်ထွတ်ဖျားကနေ၊ ကရင်ပြည်နယ် သစ်တောတွေအထိ၊ ဧရာဝတီ မြစ်ကမ်းပါးတွေအထိ ကျယ်ပြောတယ်ဆိုတာ ကျွန်တော်သိထားပါတယ်။

ဥပဒေက ပြည်သူကို တာဝန်ခံတဲ့အတွက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ တစ်ယောက်ရှိနေရင်တောင် အရမ်းများနေတဲ့၊ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုအားကောင်းတယ်ဆိုတဲ့ အနာဂတ်။ ဘယ်ကလေးမှ စစ်သားအဖြစ် အလုပ်မခံရတဲ့၊ ဘယ်အမျိုးသမီးမှ နှိမ့်ချမဆက်ဆံခံရတဲ့၊ အန္တရာယ်ပြုရလွယ်တဲ့ သူတွေကိုတောင် သူတို့တွေက အားနည်းသူတွေဖြစ်ရင်တောင် ဥပဒေက ကာကွယ်ပေးထားတဲ့ အနာဂတ်ကို ခင်ဗျားတို့ရောက်ဖို့ လိုပါတယ်။ အမျိုးသားလုံခြုံရေးကို အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ တာဝန်ထမ်းဆောင်တဲ့ စစ်ဘက်ကသာ အင်အားတောင့်တင်းစေတဲ့၊ လူထုက ရွေးကောက်တင်မြှောက်သူတွေသာ အုပ်ချုပ်ခွင့်ရဖို့ အာမခံပေးတဲ့ အခြေခံဥပဒေတစ်ခုရှိတဲ့ အနာဂတ်၊ အဲဒီအနာဂတ်ဟာ ခင်ဗျားတို့ရောက်ရှိရမယ့် ခင်ဗျားတို့နဲ့ထိုက်တန်တဲ့ အနာဂတ်ပါပဲ။

ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ဒီတက္ကသိုလ်ကို လေးစားမှုကြောင့်ပါပဲ။ ဒီကျောင်းမှာ ကိုလိုနီအုပ်စိုးမှုကို အတိုက်အခိုက်ပြုမှုဟာ ပထမဆုံး စတင်ခဲ့တယ်။ လွတ်လပ်ရေးလှုပ်ရှားမှုကို မဦးဆောင်မီ ဒီနေရာမှာ (ဗိုလ်ချုပ်)အောင်ဆန်းဟာ မဂ္ဂဇင်းတစ်စောင်ကို တည်းဖြတ်ခဲ့ပါတယ်။ ကုလသမဂ္ဂကို မကွပ်ကဲမီ ဒီနေရာမှာ ဦးသန့်ဟာ ကမ္ဘာကြီးရဲ့ လားရာတွေကို ဆည်းပူးခဲ့ပါတယ်။ ဒီနေရာမှာ ပြီးခဲ့တဲ့ ရာစုနှစ်က ပညာရပ်ဆိုင်ရာ လေ့လာမှုတွေ အားကောင်းခဲ့သလို ကျောင်းသားတွေဟာလည်း အခြေခံ လူ့အခွင့်အရေးတွေကို တောင်းဆိုခဲ့ကြတာပါ။ အခုနေအခါမှာတော့ ခင်ဗျားတို့ရဲ့ လွှတ်တော်က ဒီကျောင်းတော်ကြီးကို ပြန်လည်အသက်သွင်းဖို့ သဘောတူခဲ့ကြပြီ ဖြစ်သလို ဒီကျောင်းတော်ကြီးဟာ သူ့ရဲ့ကြီးမြတ်မှုကို ပြန်လည်ရယူရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံရဲ့အနာဂတ်ကို လူငယ်တွေရဲ့ ပညာရေးက အဆုံးအဖြတ်ပေးမှာ ဖြစ်လို့ပါပဲ။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ကျွန်တော်တို့ နှစ်နိုင်ငံကြားက သမိုင်းကြောင်းကြောင့်ပါပဲ။ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုတုန်းက အမေရိကန်က ကုန်သွယ်သူတွေ၊ ကုန်သည်တွေ၊ သာသနာပြုတွေဟာ ဒီနေရာကို လာပြီးတော့ ယုံကြည်မှု၊ ကူးသန်းရောင်းဝယ်ရေးနဲ့ မိတ်ဆွေဖြစ်မှုဆိုတဲ့ ကတိက၀တ်တွေကို တည်ဆောက်ခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ် အတွင်းကလည်း ဒီနယ်ခြားတွေကို ကျွန်တော်တို့ လေယာဉ်မှူးတွေက ဖြတ်သန်းပြီးတော့ တရုတ်နိုင်ငံတွင်းကို ၀င်ရောက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ စစ်သည်များစွာရဲ့ အသက်တွေ ပေးဆပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံစလုံးဟာ ဗြိတိသျှအင်ပါယာအောက်က ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုဟာ ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရတာကို ပထမဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာ အမေရိကန်စင်တာတစ်ခု ရှိတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမိသလို ဒီကျောင်းလိုမျိုး ကျောင်းကြီးတွေနဲ့ ပညာအပြန်အလှန် ဖလှယ်ခွင့်ရရင်လည်း ဂုဏ်ယူမိမှာပါ။ ကွဲပြားခြားနားတဲ့ ဆယ်စုနှစ်များစွာကို ဖြတ်သန်းလာခဲ့တဲ့ တစ်လျှောက်မှာလည်း အမေရိကန်တွေဟာ ဒီနိုင်ငံနဲ့ ဒီလူမျိုးအပေါ် တစ်ညီတစ်ညွတ်တည်း သံယောဇဉ် ရှိခဲ့ကြတာပါ။

o3
ကျွန်တော် မြန်မာနိုင်ငံကို ရောက်လာခဲ့တာဟာ လူသားရဲ့ ဂုဏ်သိက္ခာပေါ်မှာ အမေရိကန်ရဲ့ ယုံကြည်မှုကြောင့်ပါပဲ။ ကျွန်တော်တို့ နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေလို ဖြစ်နေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမြဲတမ်း မျော်လင့်နေခဲ့တယ်ဆိုတာကို ကျွန်တော်ပြောနိုင်ပါပြီ။ မြန်မာပြည်သူတွေက ကျွန်တော်တို့ကို မျော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။

ဒီနိုင်ငံဟာ ကျွန်တော်တို့နိုင်ငံလိုပဲ မတူကွဲပြားစွာ တည်ရှိမှုနဲ့ ကောင်းချီးပေး ခံထားရပါတယ်။ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ လူတိုင်းဟာ တစ်ဒေသတည်းက လာတာမဟုတ်ပါဘူး။ လူတိုင်းဟာ တစ်မျိုးတစ်စားတည်း ကိုးကွယ်ယုံကြည်ကြတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ မြို့ကြီးတွေ မြို့ငယ်တွေမှာ ဘုရားပုထိုးတွေ၊ ဗလီတွေ၊ ချာ့ခ်ျကျောင်းတွေ ဘေးချင်ယှဉ် တည်ရှိနေပါတယ်။ ခင်ဗျားတို့ရဲ့ သမိုင်းဇာတ်လမ်းမှာ ရာပေါင်းများစွာသော လူမျိုးစုတွေ ပါဝင်နေပါတယ်။ ဒီနယ်ခြားမျဉ်းတွေကြားမှာပဲ မရေတွက်နိုင်တဲ့ အသက်တွေ သေကြေပျက်စီးစေတဲ့၊ မိသားစုတွေ တစ်ကွဲတစ်ပြားဆီဖြစ်စေတဲ့၊ အသိုင်းအ၀ိုင်းတွေကို ကွဲပြားသွားစေတဲ့ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပုန်ကန်ထကြွမှုတွေဖြစ်ပွားနေတာကို ကျွန်တော်တို့ မြင်ခဲ့ရပြီးဖြစ်သလို အဲဒါဟာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာ ကြားခံနေတယ်ဆိုတာကိုလည်း မြင်ခဲ့ရပြီးပါပြီ။ ...

တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသား မိသားစုတွေဆီကို အဖြူရောင်ဝတ်စုံနဲ့ တက်ကြွလှုပ်ရှားသူတွေ လည်ပတ်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ရွှေဝါရောင်သင်္ကန်းတွေ လွှမ်းခြုံထားတဲ့ သံဃာတော်တွေက ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြကြတာကိုလည်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။ ဆိုင်ကလုန်းဒဏ်ကို ခံခဲ့ရတဲ့သူတွေကို ကူညီဖို့အတွက် သာမန်ပြည်သူတွေက ကယ်ဆယ်ရေးအဖွဲ့တွေ စုစည်းဖွဲ့စည်းခဲ့ကြတာကိုလည်း ကျွန်တော်တို့ သိခဲ့ရပါပြီ။ လွတ်လပ်မှုသံစဉ်ကို ဖန်တီးခဲ့ကြတဲ့ ဟစ်ဟော့ပ် အနုပညာရှင်တွေရဲ့ စည်းချက်တွေကိုလည်း သိခဲ့ရပါပြီ။ သူတို့ရဲ့ မွေးရပ်နဲ့ မိသားစုတွေဆီကို ဘယ်တော့မှ အဆက်အသွယ် မပြတ်ကြတဲ့ ဒုက္ခသည်တွေ၊ ပြည်ပမှာ သွားရောက်နေထိုင်သူတွေကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ အဲဒါတွေအပြင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ဆန္ဒပြင်းထန်တဲ့ ဂုဏ်သရေကြောင့် ကျွန်တော်တို့ဟာ စိတ်အားတက်ကြွခဲ့ရပါတယ်။ မျော်လင့်ချက်တွေ ခင်ဗျားရဲ့ နှလုံးသားထဲမှာ တောက်လောင်နေမယ်ဆိုရင် ဘယ်လူသားကိုမှ အကျဉ်းချထားလို့ မရဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သက်သေပြခဲ့ပါတယ်။
o4
ကျွန်တော်သမ္မတတာဝန် ထမ်းဆောင်တုန်းက အကြောက်တရားနဲ့ အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ''ခင်ဗျားတို့ရဲ့ လက်သီးဆုပ်ကို ဖြည်ဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့က လက်ကမ်းပေးမှာပါ'' လို့ ကျွန်တော် သတင်းစကားတစ်ခု ပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်းမှာ ပြဇာတ်ဆန်တဲ့ အသွင်ကူးပြောင်းမှုတွေ စတင်ဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ် ငါးစုလောက် အာဏာရှင်အုပ်စိုးမှုဟာ စတင်ဖြေလျော့လာပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြောင်းလဲမှုအတွက် ဆန္ဒဟာ ပြုပြင်ပြောင်းလဲဖို့အတွက် အစီအစဉ်တွေနဲ့ လိုက်လျော်ညီထွေ ဖြစ်နေပါတယ်။ အခုတော့ အစိုးရအဖွဲ့ကို အရပ်သားတစ်ဦးက ဦးဆောင်နေပြီး ပါလီမန်ကလည်း ကိုယ်တိုင်အားကောင်းမောင်းသန် ရပ်တည်နေနိုင်ပါပြီ။ တစ်ချိန်က တရားမ၀င် ကြေညာခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း ရွေးကောက်ပွဲတစ်ခုမှာ ၀င်ပြိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာပါပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ရာပေါင်းများစွာကိုလည်း ပြန်လွှတ်ပေးခဲ့ပြီးသလို အဓမ္မခိုင်းစေမှုကိုလည်း ပိတ်ပင်ပြီးပါပြီ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ကနဦး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ရခဲ့ပြီဖြစ်သလို ပိုလွတ်လပ်ပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေသစ်တွေလည်း ပေါ်ထွက်လာခဲ့ပါပြီ။
ဒါကြောင့် ဒီကနေ့မှာ ကျွန်တော့်ကတိစကားကို တည်ဖို့ ကျွန်တော်လာခဲ့တာပါ။ မိတ်ဆွေဖြစ်မှုဆိုတဲ့ လက်ကမ်းဖို့ လာခဲ့တာပါ။ အမေရိကဟာ ရန်ကုန်မှာ သံအမတ်တစ်ယောက် ရှိနေပါပြီ။ အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ပြီးပါပြီ။ ပြည်သူတွေအတွက် အခွင့်အလမ်းတွေ ဆောင်ကြဉ်းပေးနိုင်တဲ့ ကမ္ဘာကြီးဖွံ့ဖြိုးရေးအတွက် အင်ဂျင်တစ်လုံးအဖြစ် ပါဝင်လည်ပတ် မောင်းနှင်ပေးနိုင်တဲ့ စီးပွားရေးကို တည်ဆောက်ဖို့ ကျွန်တော်တို့ ကူညီပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှတ်မှတ်ထင်ထင်ရှိလှတဲ့ ခရီးဟာ အစပဲရှိပါသေးတယ်။ အများကြီး ရှေ့ဆက်သွားရဦးမှာပါ။ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ မှိတ်တုတ်မှိတ်တုတ် တိုးတက်မှုလေးတွေဟာ ငြှိမ်းသတ်ခံရတာမျိုး ဖြစ်သွားလို့ မရပါဘူး။ ဒီမှိတ်တုတ်မှိတ်တုတ် တိုးတက်မှုကလေးတွေကနေ ဒီတိုင်းပြည်ရဲ့ ပြည်သူတွေအတွက် တောက်ပတဲ့ ဥတ္တရကြယ်တစ်စင်း ဖြစ်လာရပါမယ်။

အမျိုးသားပြန်လည် ရင်ကြားစေ့ရေး မအောင်မြင်ဘဲ ဘယ်ပြုပြင်ပြောင်းလဲမှုမှ မအောင်မြင်နိုင်ပါဘူး။ အခုနေအချိန်အခါဟာ အပစ်အခတ် ရပ်စဲရေးတွေကနေ အရှည်တည်တဲ့ အခြေချနေထိုင်မှုအဖြစ် အသွင်ပြောင်းဖို့၊ ပဋိပက္ခတွေ ရှိနေဆဲဖြစ်တဲ့ ကချင်ပြည်နယ်လို နေရာမျိုးတွေမှာ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့အတွက် တကယ်ကို ကောင်းတဲ့အခွင့်အလမ်းတစ်ခုဖြစ်တဲ့ အခိုက်အတန့်ပါပဲ။ ဒီအားထုတ်မှုတွေဟာ ပိုပြီး မျှတရှည်ကြာတဲ့ ငြိမ်းချမ်းရေးဆီကို ဦးတည်သွားရပါမယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်တဲ့သူတွေကို ကူညီဖို့ နေရာရွှေ့ပြောင်းခဲ့သူတွေ အိမ်ပြန်နိုင်တဲ့ အခွင့်အရေးရှိဖို့ ဆိုတာလည်း အပါအ၀င်ဖြစ်ပါတယ်။ ...

ဒီအားထုတ်မှုတွေမှာ ခင်ဗျားတို့ရတဲ့ အောင်မြင်မှုတွေက အမေရိကန်ပြည်ထောင်စုအတွက်လည်း အရေးပါသလို ကျွန်တော့်အတွက်လည်း အရေးပါပါတယ်။ ကျွန်တော်တို့ဟာ မတူညီတဲ့ အရပ်ဒေသတွေကနေ လာကြတာ ဖြစ်ပေမဲ့လည်း တူညီတဲ့ အိပ်မက်တွေကို မျှဝေခံစားနေကြတာပါ။ ကိုယ့်ခေါင်းဆောင်တွေကို ကိုယ်ရွေးခွင့်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခွင့်၊ ပညာသင်ခွင့်နဲ့ ကောင်းကောင်းမွန်မွန်နေခွင့်၊ ကျွန်တော်တို့ရဲ့ မိသားစုနဲ့ ကျွန်တော်တို့ရဲ့ အသိုင်းအ၀ိုင်းကို မြတ်နိုးခွင့်တို့လို အိပ်မက်တွေပေါ့။ ဒါကြောင့် လွတ်လပ်မှုဆိုတာ အကောင်အထည်မရှိတဲ့ အိုင်ဒီယာမဟုတ်ပါဘူး။ လွတ်လပ်မှုဆိုတာ မဲပုံးတွေမှာတင်မကဘဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာပါ လူသားရဲ့တိုးတက်မှုကို ဖန်တီးပေးတဲ့ တစ်ကယ့်အရာပါ။
ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးကျယ်ဆုံး သမ္မတွေထဲက တစ်ယောက်ဖြစ်တဲ့ ဖရန်ကလင်ဒီနာရုစဗဲ့က ဒီအမှန်တရားကို နားလည်ခဲ့ပါတယ်။ အမေရိကရဲ့ အကြောင်းတရားဆိုတာ မဲတစ်မဲပေးခွင့်ထက် ပိုတယ်လို့ ဖွင့်ဆိုခဲ့ပါတယ်။ ဒီမိုကရေစီဆိုတာ မဲပေးရုံသက်သက် မဟုတ်ဘူးဆိုတာ သူနားလည်ခဲ့ပါတယ်။ အခြေခံလွတ်လပ်ခွင့် လေးခုကို ကိုင်စွဲဖို့ ကမ္ဘာကြီးကို သူတောင်းဆိုခဲ့ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ ဆန္ဒစွဲတွေကနေ လွတ်မြောက်မှု၊ ကြောက်ရွံ့မှုကနေ လွတ်မြောက်မှုတို့ပါပဲ။ ဒီလွတ်မြောက်မှု လေးခုဟာ တစ်ခုကိုတစ်ခု အားဖြည့်ပေးပါတယ်။ အားလုံးကို အမှန်တစ်ကယ် နားမလည်ဘဲ တစ်ခုကို အမှန်တစ်ကယ်နားလည်ဖို့ဆိုတာ မလွယ်ပါဘူး။
o5
ဒါကြောင့် အဲဒါဟာ ကျွန်တော်တို့အတွက်ရှာတဲ့၊ ပြည်သူအားလုံးအတွက်ရှာတဲ့ အနာဂတ်ပါပဲ။
ပထမဆုံးအနေနဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်မှာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါမှ သာမန်လူတွေရဲ့ အသံကို ကြားနိုင်မှာဖြစ်ပြီးတော့ အစိုးရဟာ သူတို့ ဆန္ဒ၊ ပြည်သူ့ဆန္ဒကို ရောင်ပြန်ဟပ် လုပ်ဆောင်နိုင်မှာပါ။
အမေရိကန်ပြည်ထောင်စုမှာဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေအားလုံးအတွက် ကတိစကားတွေ ဖြည့်ဆည်းပေးနိုင်ဖို့ ရာစုနှစ် နှစ်ခုကျော်လောက် ကျွန်တော်တို့ လုပ်ခဲ့ကြရတယ်။ ကျွန်ပြုခံရသူတွေ လွတ်မြောက်ဖို့၊ အမျိုးသမီးတွေနဲ့ အာဖရိကန် အမေရိကန်တွေ မဲပေးခွင့်ရဖို့၊ အလုပ်သမားတွေ အဖွဲ့အစည်း ဖွဲ့စည်းခွင့်ရဖို့ အစရှိသဖြင့်ပေါ့။
ပြီးတော့ ကျွန်တော်တို့ရတဲ့ လမ်းကြောင်းအတိုင်း တစ်ခြားတစ်နိုင်ငံမှာလည်း ပုံတူကူးဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့နိုင်ငံဟာ ပြည်သူအားလုံးရဲ့ ခွန်အားကိုသုံးနိုင်ရင် သန်စွမ်းလာမယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး။ ဒါကပဲ နိုင်ငံတွေအောင်မြင်အောင် လုပ်နိုင်တဲ့အချက်ပါ။ အဲဒါကပဲ ဘယ်ပြုပြင်ပြောင်းလဲမှု စမယ်ဆိုတာကို ဖြစ်စေတာပါ။
ပြည်သူတွေရဲ့ အတူတကွ စုဝေးခွင့်ကို ဖိနှိပ်ချုပ်ချယ်နေမယ့်အစား အပြည့်အ၀ လေးစားမှုပေးရပါမယ်။ ဖိနှိပ်ပိတ်ပင်နေမယ့်အစား မီဒီယာအပေါ် ဆင်ဆာလွှမ်းမိုးထားတာကို ဆက်ပြီး ရုပ်သိမ်းပေးရပါမယ်။ ဒီခြေလှမ်းတွေကို ဆက်လျောက်လာနိုင်တာနဲ့အမျှ ခင်ဗျားတို့ တိုးတက်လာနိုင်ပါတယ်။ မြစ်ဆုံဆည် တည်ဆောက်ရေးစီမံကိန်းကို နိုင်ငံသားတွေက ကန့်ကွက်ဆန္ဒပြတဲ့ အသံကို လျစ်လျူမရှုဘဲ နားထောင်ပေးခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကို တရားမ၀င်မလုပ်ဘဲ ပါဝင်ခွင့်ပြုခဲ့ပါတယ်။ လွှတ်တော်ရွေးကောက်ပွဲကာလ အတွင်းမှာ မဲဆန္ဒရှင်တစ်ယောက်က ''ကျွန်တော်တို့မိဘတွေ၊ ဘိုးဘွားတွေ ဒီအတွက် စောင့်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခါမှ မြင်မသွားခဲ့ရပါဘူး'' လို့ ပြောခဲ့ပါတယ်။
မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ အာဏာရှိတဲ့သူတွေဟာ အကန့်အသတ်ရှိမှုတွေကို လက်ခံရပါမယ်။ ကျွန်တော်တို့ရဲ့ အမေရိကန်စနစ်က အဲဒီလိုဖြစ်အောင် ဖန်တီးထားတာပါ။ အမေရိကဟာ ကမ္ဘာမှာ အင်အားအကြီးဆုံး စစ်ရေးအင်အား ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဲဒါဟာ အရပ်ဘက် ထိန်းချုပ်မှုအောက်မှာပဲ ရှိရပါမယ်။ ကျွန်တော်က အမေရိကန်သမ္မတအနေနဲ့ စစ်တပ်က လုပ်ဆောင်ရမှာကို ဆုံးဖြတ်ပေးနိုင်ပေမဲ့ တစ်ခြားဟာတွေ သွားလုပ်ခိုင်းလို့ မရပါဘူး။ သမ္မတအနေနဲ့သာမက တပ်မတော် စစ်သေနာပတိချုပ် အနေနဲ့ပါ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ပြည်သူတွေကို တာဝန်ခံရလို့ပါ။
o6
အခြားတစ်ဖက်မှာလည်း သမ္မတအနေနဲ့ တစ်ခါတရံမှာ ကျွန်တော်လုပ်ချင်ရင်တောင် ကွန်ဂရက်လွှတ်တော်အပေါ်မှာ ကျွန်တော့်ဆန္ဒအတိုင်း လွှမ်းမိုးလို့ မရပါဘူး။ တရားစီရင်ရေးမဏ္ဍိုင်ဟာ သူ့ကိုယ်ပိုင် အာဏာရှိသလို သူရဲ့ကိုယ်ပိုင် လုပ်ငန်းဆောင်တာလည်း ရှိပါတယ်။ ဒါကြောင့် သူတို့ဟာ ကျွန်တော့်ရဲ့အာဏာကို စစ်ဆေးပြီးတော့ ကျွန်တော့်အာဏာကို ဘက်မျှစေပါတယ်။ တရားသူကြီးအချို့ကို ကျွန်တော်ခန့်ရပေမယ့် သူတို့ဘယ်လို တရားစီရင်မလဲဆိုတာကို ကျွန်တော်ပြောလို့ မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေရိကမှာ ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့ ကလေးတစ်ယောက်ကနေ သမ္မတအထိ လူတိုင်းဟာ ဥပဒေအောက်မှာ သာတူညီမျှပါပဲ။ တရားသူကြီးတစ်ဦးဟာ ကျွန်တော် ဥပဒေချိုးဖောက်တာ ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဥပဒေအတွက် အပြည့်အ၀ တာဝန်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အမှောင်မိုက်ဆုံးကာလ အကျဉ်းချခံထားရစဉ်မှာ သူဟာကြောက်ရွံ့မှုမှ လွတ်မြောက်ရေးအကြောင်းကို အက်ဆေးရေးခဲ့ပါတယ်။ အာဏာကို စွဲကိုင်ထားတဲ့ ပျက်စီးနေတဲ့ လူတွေက ရှုံးနိမ့်မှာကို ကြောက်ရွံ့ကြတယ်လို့ သူကပြောခဲ့ပါတယ်။ 'အာဏာကို စွဲကိုင်ထားတဲ့ ပျက်စီးနေတဲ့ လူတွေက ရှုံးနိမ့်မှာကို ကြောက်ရွံ့တယ်။ အာဏာကို အသုံးချပြီး ပျက်စီးနေတဲ့သူတွေက အာဏာရဲ့ ဖိစီးနှိပ်စက်မှုကို ကြောက်ရွံ့ပါတယ်'။
‘ဒီကြောက်ရွံ့မှုတွေက ခင်ဗျားတို့ကို နောက်ကျန်ရစ်စေခဲ့ နိုင်ပါတယ်။ အာဏာဟာ ပြည်သူတွေရဲ့ ကြောက်ရွံ့မှုဆီက လာတာမဟုတ်ဘဲ ပြည်သူတွေရဲ့ မျော်လင့်ချက်ဆီကနေ လာတာဆိုတာကို နားလည်လာနေတဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။ အခုအချိန်ဟာ ပြောင်းလဲမှုတွေ ရှိလာပြီး အပြောင်းအလဲတွေ ဆက်လက်ဖြစ်နေရမယ်လို့၊ ခုချိန်ဟာ ကွဲပြားခြားနားနေရမယ်လို့ အခိုင်အမာဆိုနေတဲ့ နိုင်ငံသားတွေကိုလည်း ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ရေးခဲ့သလို 'ကြောက်ရွံ့မှုဟာ ယဉ်ကျေးတဲ့ လူသားရဲ့ သဘာဝအခြေအနေ မဟုတ်ဘူးဆိုတာ' ကို ကျွန်တော်ယုံကြည်ပါတယ်။ ကြောက်ရွံ့မှုဟာ ဒီနိုင်ငံမှာ ဘ၀ရဲ့ သဘာဝအခြေအနေ မဟုတ်ဘူးဆိုတာကို ကမ္ဘာကို ခင်ဗျားတို့က ဒီနေ့ဖော်ပြနေပါပြီ။
အဲဒါကြောင့် ကျွန်တော်ဒီမှာ ရှိနေတာပါ။ အဲဒါကြောင့်ပဲ ကျွန်တော်ရန်ကုန်ကို လာခဲ့တာပါ။ ...

ကျွန်တော်တို့အမေရိကန်ရဲ့ စနစ်ကို ဘာလို့ပြောပြရတာလဲဆိုတော့ ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့ အနာဂတ်ကို ဘယ်လိုရောက်အောင် သွားရမယ်ဆိုတာ အတွက်ပါ။ အနာဂတ်တစ်ခု၊ ဥပဒေက ပြည်သူကို တာဝန်ခံတဲ့အတွက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ တစ်ယောက်ရှိနေရင်တောင် အရမ်းများနေတဲ့၊ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုအားကောင်းတယ်ဆိုတဲ့ အနာဂတ်။ ဘယ်ကလေးမှ စစ်သားအဖြစ် အလုပ်မခံရတဲ့၊ ဘယ်အမျိုးသမီးမှ နှိမ့်ချမဆက်ဆံခံရတဲ့၊ အန္တရာယ်ပြုရလွယ်တဲ့ သူတွေကိုတောင် သူတို့တွေက အားနည်းသူတွေဖြစ်ရင်တောင် ဥပဒေက ကာကွယ်ပေးထားတဲ့ အနာဂတ်ကို ခင်ဗျားတို့ရောက်ဖို့ လိုပါတယ်။ အမျိုးသားလုံခြုံရေးကို အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ တာဝန်ထမ်းဆောင်တဲ့ စစ်ဘက်ကသာ အင်အားတောင့်တင်းစေတဲ့၊ လူထုက ရွေးကောက်တင်မြှောက်သူတွေသာ အုပ်ချုပ်ခွင့်ရဖို့ အာမခံပေးတဲ့ အခြေခံဥပဒေတစ်ခုရှိတဲ့ အနာဂတ်၊ အဲဒီအနာဂတ်ဟာ ခင်ဗျားတို့ရောက်ရှိရမယ့် ခင်ဗျားတို့နဲ့ထိုက်တန်တဲ့ အနာဂတ်ပါပဲ။
အဲဒီခရီးမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းကို အားကောင်းစေဖို့ ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကို သုံးပြီးတော့၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ လူ့အခွင့်အရေး မြှင့်တင်ဖို့အတွက် ခင်ဗျားတို့ရဲ့ စစ်ဘက်ကို စေ့စပ်ညှိနှိုင်းပြီးတော့၊ စီးပွားရေးဖွံ့ဖြိုးမှုရှိတဲ့ ဒီမိုကရေစီဖြစ်လာဖို့ ခင်ဗျားတို့ရဲ့ တိုးတက်အောင် အားထုတ်မှုတွေမှာ မိတ်ဖက်ဖွဲ့ပြီးတော့ အမေရိကဟာ ခင်ဗျားတို့ခြေလှမ်းတိုင်းကို ထောက်ပံ့ကူညီပေးသွားမယ်။ ခရီးစဉ် အရှိန်မြင့်လာတာနဲ့အမျှ ခင်ဗျားတို့ဟာ ကျွန်တော်ပြောတဲ့ ဒုတိယလွတ်မြောက်မှုဖြစ်တဲ့ လူတွေဟာ ဆန္ဒတွေက လွတ်မြောက်မှုဆိုတဲ့ ယုံကြည်မှုကို ချဉ်းကပ်လာနိုင်အောင် ကူညီလာနိုင်လိမ့်မယ်။
ဟောင်းလောင်းဖြစ်နေတဲ့ အစာအိမ်တွေအတွက် အာဏာမဲ့ဖြစ်မှုဆိုတဲ့ အကျဉ်းထောင်နဲ့ အစားထိုးရုံနဲ့ မလုံလောက်ပါဘူး။ ဒါပေမဲ့ သမိုင်းကပြနေတာက ပြည်သူတွေရဲ့ အစိုးရ၊ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အစိုးရ၊ ပြည်သူတွေအတွက်ဖြစ်တဲ့ အစိုးရတွေဟာ ချမ်းသာဝပြောမှုဆိုတာကို ပေးစွမ်းနိုင်ရုံထက်ပိုပြီး အားကြီးတယ် ဆိုတာပါ။ ဒါကြောင့် ခင်ဗျားတို့နဲ့ မိတ်ဖက်ဖြစ်မှုကို ရှာဖွေနေတာပါ။
သာမန်ပြည်သူတွေက သူတို့ရဲ့အနာဂတ်အတွက် ပြောပိုင်ခွင့်ရှိရပါမယ်။ ခင်ဗျားတို့ရဲ့ မြေကို ခင်ဗျားတို့လက်ထဲက ယူသွားလို့မရပါဘူး။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးတွေမှာ သေချာရမှာက ဒီနိုင်ငံက ပြည်သူတွေမှာ အခြေခံကျတဲ့ ပိုင်ဆိုင်မှု အများစုရှိရပါမယ်။ ခင်ဗျားနေပြီး ခင်ဗျားအလုပ်လုပ်တဲ့ မြေနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှု ခေါင်းစဉ်တစ်ရပ်ရှိရမဲ့ အခွင့်အရေး ရှိပါတယ်။
အရည်အချင်း အစွမ်းအစတွေ ထုတ်သုံးနိုင်လာတဲ့အခါ အခွင့်အလမ်းတွေဟာလည်း လူတိုင်းအတွက် ဖန်တီးနိုင်လာပါလိမ့်မယ်။ အမေရိကဟာ ဒီမှာစီးပွားရေးလုပ်တဲ့ ကုမ္ပဏီတွေအပေါ် ပိတ်ပင်ထားမှုကို ဖယ်ရှားပေးလိုက်ပါပြီ။ ခင်ဗျားတို့ အစိုးရကလည်း ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးလိုက်ပြီ ဖြစ်သလို စီးပွားရေးတံခါးဖွင့်ဖို့ ခြေလှမ်းတွေ လှမ်းနေပါပြီ။ အခုနေအခါမှာ ခင်ဗျားတို့နယ်ခြားတွေကို ဖြတ်ပြီး ဓနဥစ္စာတွေ ပိုပြီးစီးဆင်းလာပါပြီ။ အဲဒါဟာ လူအမြောက်အများရဲ့ ဘ၀တွေကို မြင့်မားစေလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပြီးတော့ ဒီလိုစီးပွားရေး ဖွံ့ဖြိုးမှုမျိုးမှာ လူတိုင်းမှာ အခွင့်အရေးရှိပြီး ခင်ဗျားကြိုးစားရင် ခင်းဗျားအောင်မြင်မယ်ဆိုတာမျိုး ရှိလာရင် နိုင်ငံတစ်နိုင်ငံဟာ ဖွံ့ဖြိုးလာတာနဲ့အတူ လျင်လျင်မြန်မြန် တိုးတက်နိုင်ပါလိမ့်မယ်။

o7
ဒါပေမဲ့ ဒီလိုဖွံ့ဖြိုးမှုမျိုးဟာ အကျင့်ပျက်ချစားမှုဆိုတာကို နောက်ချန်ထားနိုင်ပါမှ ဖန်တီးနိုင်မှာပါ။ ရင်းနှီးမြှုပ်နှံမှုကနေ အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပွင့်လင်းမြင်သာမှုရှိတဲ့ ဘတ်ဂျက်ကို ဖန်တီးမြှင့်တင်ရမှာ ဖြစ်သလို ပုဂ္ဂလိကပိုင် လုပ်ငန်းနယ်ပယ်ကိုလည်း မြှင့်တင်ရမှာ ဖြစ်ပါတယ်။
ဥပမာ စံပြုအနေနဲ့ဆိုရင် အမေရိကက ပြောနေတာက ကျွန်တော်တို့ဆီမှာ ကုမ္ပဏီတွေ အလုပ်လုပ်လုပ်ရင် ကုမ္ပဏီတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်ပြီး မြင့်မားတဲ့ စံနှုန်းတွေရှိရပါမယ်။ ပြီးတော့ ကျွန်တော်တို့တွေဟာ စီးပွားရေးလုပ်ငန်းငယ်တွေကို ထောက်ပံ့ပေးဖို့၊ အသေးစား စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကိုခွင့်ပြုတဲ့ စီးပွားရေးကို ဖန်တီးပေးဖို့၊ စီးပွားရေးလုပ်ငန်းရှင်ငယ်တွေ အားကောင်းလာဖို့၊ အလုပ်သမားတွေ သူတို့ရတာကို သူတို့ စုဆောင်းနိုင်ဖို့ ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ကျွန်တော်တို့ အလုပ်လုပ်ပါတယ်။ ပြီးတော့ မကြာသေးမီက ခင်ဗျားတို့အစိုးရက ကျွန်တော်တို့ ပွင့်လင်းအစိုးရ မိတ်ဖက်ပြုမှုလို့ခေါ်တဲ့ အစီအစဉ်မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တာကိုလည်း ကျွန်တော်တို့ ကြိုဆိုရမှာပါ။ ဒါမှ နိုင်ငံသားတွေဟာ ပွင့်လင်းမြင်သာမှုတွေကို မျော်လင့်လို့ရမှာ ဖြစ်သလို ပိုက်ဆံတွေ ဘယ်လိုသုံးတယ်။ အစိုးရစနစ် ဘယ်လိုလည်ပတ်တယ်ဆိုတာ တိတိကျကျ နားလည်လာမှာပါ။
အထက်က ပြောခဲ့တာတွေ အားလုံးအတိုင်း ခင်ဗျားတို့ရဲ့ အသံတွေကို အစိုးရက ကြားတယ်ဆိုရင်တောင် ခင်ဗျားတို့ရဲ့ အခြေခံ လိုအပ်ချက်တွေပြည်စုံဖို့ အဝေးကြီး လိုဦးမှာပါ။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးဟာ ငတ်မွတ်နေသူတွေ၊ ဖျားနာနေသူတွေ၊ လျပ်စစ်မီး ဒါမှမဟုတ် ရေမရှိဘဲ နေနေရသူတွေရဲ့ နေ့စဉ်ဘ၀ တွေအထိ ရောက်ဖို့လိုတယ်လို့ ပြောတာပါ။ ဒါကြောင့်မို့ အမေရိကန်ဟာ ခင်ဗျားတို့နဲ့အတူ လက်တွဲပြီး ကျွန်တော်တို့အပိုင်းကို ကျွန်တော်တို့လုပ်မယ်လို့ ပြောတာပါ။
ဒီကနေ့မှာ ကျွန်တော်တို့ရဲ့ ဦးဆောင်ဖွံ့ဖြိုးရေး အေဂျင်စီတစ်ခုဖြစ်တဲ့ USAID ရဲ့ မစ်ရှင်တစ်ခုကို ဒီနိုင်ငံမှာ ပြန်လည်ထူထောင်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ တစ်ချိန်က အာရှရဲ့ စပါးကျီဖြစ်ခဲ့တဲ့ ဒီနိုင်ငံကို ကူညီရာမှာ၊ ဒီနိုင်ငံရဲ့ နိုင်ငံသားတွေကို ကျွေးမွေးနိုင်စွမ်းနဲ့ နာမကျန်းသူတွေကို ကုသနိုင်စွမ်းကို ပြန်လည်ထူထောင်ရာမှာ၊ ဒီနိုင်ငံက ကလေးတွေကို ပညာသင်ကြားရာမှာ၊ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်း ခင်ဗျားတို့ ဆက်သွားနေတဲ့အချိန်မှာ ဒီနိုင်ငံရဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို တည်ထောင်ရာမှာ အမေရိကန်ပြည်ထောင်စုဟာ မိတ်ဖက်အနေနဲ့ ကူညီချင်ပါတယ်။
ဒီနိုင်ငံဟာ သဘာဝသယံဇာတတွေနဲ့ ထင်ရှားတဲ့ နိုင်ငံပါ။ ဒီသယံဇာတတွေကို အလွန်အကျူး ထုတ်ယူခြင်းကနေ ကာကွယ်ပေးရပါမယ်။ ကမ္ဘာ့စီးပွားရေးမှာ နိုင်ငံတစ်နိုင်ငံရဲ့ အကြီးမားဆုံး သယံဇာတရင်းမြစ်ဆိုတာ အဲဒီနိုင်ငံရဲ့ ပြည်သူတွေပဲဆိုတာ ကျွန်တော်တို့ မေ့လို့မဖြစ်ပါဘူး။ ဒါကြောင့် ဒီပြည်သူတွေကို ရင်းနှီးမြှုပ်နှံခြင်းနဲ့ပဲ ဒီနိုင်ငံဟာ ပိုမိုသာယာဝပြောမှုဆိုတဲ့ တံခါးကို ဖွင့်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ အလားအလာတွေကို ဖော်ထုတ်ပေးတယ်ဆိုတာဟာ အဲဒီနိုင်ငံက ပြည်သူအားလုံးရဲ့ အားကောင်းမှု အထူးသဖြင့် လူငယ်တွေရဲ့ အားကောင်းမှုပေါ်မှာ မှီတည်နေလို့ပါပဲ။
ပညာရေးဟာ အမေရိကန်အနာဂတ်အတွက် သော့ချက်ဖြစ်သလို ခင်ဗျားတို့ရဲ့ အနာဂတ်အတွက်လည်း သော့ချက်ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ အိမ်နီးချင်းတွေနဲ့ လက်တွဲလုပ်ကိုင်နေသလို ခင်ဗျားတို့နဲ့ ရှေ့ဆက်လုပ်ဖို့ မျော်လင့်နေတာ ဖြစ်ပါတယ်။ အခွင့်အလမ်းတွေချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ ကျောင်းသားတွေ အပြန်အလှန်ဖလှယ်ဖို့ မျော်လင့်နေတာ ဖြစ်ပါတယ်။ ဒီနိုင်ငံက ကျောင်းသားတွေ အမေရိကန်ပြည်ထောင်စုကိုလာပြီး ကျွန်တော်တို့ဆီက သင်ယူစေချင်သလို အမေရိကန်ကျောင်းသားတွေလည်း ဒီကိုလာပြီး ခင်ဗျားတို့ဆီက သင်ယူစေချင်ပါတယ်။
ဒီအမှန်တရားကနေ ကျွန်တော်ဆက်ပြီး ဦးတည်ပြောချင်တာက ရှေ့မှာပြောခဲ့တဲ့ တတိယလွတ်မြောက်မှုပါပဲ။ လွတ်လပ်စွာကိုးကွယ်ခွင့် ဆိုတာပါ။ ခင်ဗျားကြိုက်တာ ခင်ဗျားကိုးကွယ်ခွင့် ဆိုတာဟာ အခြေခံကျတဲ့ လူသားဂုဏ်သိက္ခာ အခွင့်အရေးပါပဲ။
ဒီနိုင်ငံဟာ ကျွန်တော်တို့နိုင်ငံလိုပဲ မတူကွဲပြားစွာ တည်ရှိမှုနဲ့ ကောင်းချီးပေး ခံထားရပါတယ်။ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ လူတိုင်းဟာ တစ်ဒေသတည်းက လာတာမဟုတ်ပါဘူး။ လူတိုင်းဟာ တစ်မျိုးတစ်စားတည်း ကိုးကွယ်ယုံကြည်ကြတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ မြို့ကြီးတွေ မြို့ငယ်တွေမှာ ဘုရားပုထိုးတွေ၊ ဗလီတွေ၊ ချာ့ခ်ျကျောင်းတွေ ဘေးချင်ယှဉ် တည်ရှိနေပါတယ်။ ခင်ဗျားတို့ရဲ့ သမိုင်းဇာတ်လမ်းမှာ ရာပေါင်းများစွာသော လူမျိုးစုတွေ ပါဝင်နေပါတယ်။ ဒီနယ်ခြားမျဉ်းတွေကြားမှာပဲ မရေတွက်နိုင်တဲ့ အသက်တွေ သေကြေပျက်စီးစေတဲ့၊ မိသားစုတွေ တစ်ကွဲတစ်ပြားဆီဖြစ်စေတဲ့၊ အသိုင်းအ၀ိုင်းတွေကို ကွဲပြားသွားစေတဲ့ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပုန်ကန်ထကြွမှုတွေဖြစ်ပွားနေတာကို ကျွန်တော်တို့ မြင်ခဲ့ရပြီးဖြစ်သလို အဲဒါဟာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာ ကြားခံနေတယ်ဆိုတာကိုလည်း မြင်ခဲ့ရပြီးပါပြီ။
အမျိုးသားပြန်လည် ရင်ကြားစေ့ရေး မအောင်မြင်ဘဲ ဘယ်ပြုပြင်ပြောင်းလဲမှုမှ မအောင်မြင်နိုင်ပါဘူး။ (လက်ခုပ်သံများ) အခုနေအချိန်အခါဟာ အပစ်အခတ် ရပ်စဲရေးတွေကနေ အရှည်တည်တဲ့ အခြေချနေထိုင်မှုအဖြစ် အသွင်ပြောင်းဖို့၊ ပဋိပက္ခတွေ ရှိနေဆဲဖြစ်တဲ့ ကချင်ပြည်နယ်လို နေရာမျိုးတွေမှာ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့အတွက် တကယ်ကို ကောင်းတဲ့အခွင့်အလမ်းတစ်ခုဖြစ်တဲ့ အခိုက်အတန့်ပါပဲ။ ဒီအားထုတ်မှုတွေဟာ ပိုပြီး မျှတရှည်ကြာတဲ့ ငြိမ်းချမ်းရေးဆီကို ဦးတည်သွားရပါမယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်တဲ့သူတွေကို ကူညီဖို့ နေရာရွှေ့ပြောင်းခဲ့သူတွေ အိမ်ပြန်နိုင်တဲ့ အခွင့်အရေးရှိဖို့ ဆိုတာလည်း အပါအ၀င်ဖြစ်ပါတယ်။
o8
ဒီကနေ့ ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်တို့ ကြည့်ကြည့်ပါမယ်။ ဒါကြောင့်ပဲ ဒုက္ခတွေအများကြီး ကြုံခဲ့ရသလို တင်းမာမှုအန္တရာယ်တွေ ဆက်ရှိနေမယ့် အလားအလာတွေလည်း မြင်နေရပါတယ်။ ကာလရှည်ကြာစွာပဲ တိုင်းရင်းသားလူမျိုးစု ရခိုင်တွေအပါအ၀င် ဒီပြည်နယ်က ပြည်သူတွေဟာ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုအတွက် ခြွင်းချက်ဆိုတာမရှိပါဘူး။ ရိုဟင်ဂျာတွေ ကိုယ်တိုင်ကလည်း ခင်ဗျားတို့မှာ ရှိသလို ကျွန်တော်တို့မှာ ရှိသလို တူညီတဲ့ လူ့ဂုဏ်သရေဆိုတာ ရှိပါတယ်။
အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတာ အချိန်ယူရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ကံကြမ္မာအတွက် ဒီနိုင်ငံရဲ့ အနာဂတ်ကံကြမ္မာအတွက် ဥပဒေမဲ့ ပြုမူမှုတွေကို ရပ်တန့်ဖို့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့ တရားမမျှတတဲ့ ကိစ္စတွေကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ဖြေရှင်းဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုနဲ့ နိုင်ငံသားဖြစ်မှုဆိုတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ သန္နိဋ္ဌာန်ချထားတာကို ကျွန်တော်ကြိုဆိုပါတယ်။ ခင်ဗျားတို့ ရှေ့ဆက်တဲ့နေရာမှာ ကမ္ဘာကြီးဟာ အဲသလို အမြင်မျိုးကို ထောက်ပံ့ပေးမှာပါ။
နိုင်ငံတိုင်းဟာ နိုင်ငံသားသတ်မှတ်ရေးအတွက် ရုန်းကန်နေရပါတယ်။ အမေရိကဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် အငြင်းပွားမှုတွေ ရှိခဲ့ပြီး ဒီနေ့အထိလည်း ဆက်ရှိနေတုန်းပါပဲ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့နေရာ အနှံ့အပြားကလာတဲ့ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ နိုင်ငံတစ်ခုဖြစ်လို့ပါပဲ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ ကျွန်တော်တို့ သင်ယူနိုင်ခဲ့တာက တချို့သော မူဝါဒတွေဟာ တစ်ကမ္ဘာလုံးအတွက် မှန်ကန်တယ်ဆိုတာပါပဲ။ ခင်ဗျားဘယ်လိုပုံရှိတယ်။ ခင်ဗျားဘယ်က လာတယ်။ ခင်ဗျားဘယ်ဘာသာရေးကို ကိုးကွယ်တယ်ဆိုတာ အကြောင်းမဟုတ်ဘဲ လူတိုင်းပေါ်မှာ ကျင့်သုံးနိုင်တဲ့ မူဝါဒတွေပါ။ သူတို့ ဘယ်သူဖြစ်တယ်၊ သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေ မီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။
ဒီနိုင်ငံက ပြည်သူတွေကပဲ ခင်ဗျားတို့ပြည်ထောင်စုကို ဖွင့်ဆိုခွင့် အပြည့်အ၀ ရှိပါတယ်။ ဒီနိုင်ငံသားတစ်ယောက်ဆိုတာ ဘယ်လိုဆိုတဲ့ ဖွင့်ဆိုချက်ကို ဖွင့်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မှာရှိတဲ့ ယုံကြည်မှုက မတူကွဲပြားခြားနားမှုတွေကို ခင်ဗျားတို့အနေနဲ့ အားနည်းချက်အဖြစ် မမြင်ဘဲ ခွန်အားအဖြစ် ကိုင်စွဲနိုင်တယ်ဆိုတာပါ။ ခင်ဗျားတို့တိုင်းပြည်ဟာ မတူကွဲပြား ယဉ်ကျေးမှုတွေကြောင့် အားကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ဒီအခွင့်အရေးကို အရယူရပါမယ်။ ဒီခွန်အားကို အသိအမှတ်ပြုရပါမယ်။
ကျွန်တော် ဘာလို့ဒီလိုပြောရသလဲဆိုတော့ ကျွန်တော့်ကိုယ်ပိုင် တိုင်းပြည်၊ ကျွန်တော့်ကိုယ်ပိုင်ဘ၀က ဒါကို သင်ကြားပေးလိုက်လို့ပါ။ အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ ဘယ်ဘာသာကိုမှ မယုံကြည်သူတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံပါ။ ကျွန်တော်တို့နိုင်ငံ အကြောင်းကို ဘာသာစကားတိုင်းက ပုံသွင်းပေးပြီး ယဉ်ကျေးမှုတိုင်းက ကြွယ်ဝစေပါတယ်။ ကျွန်တော်တို့ဟာ ပြည်တွင်းစစ်နဲ့ လူမျိုးရေးခွဲခြားမှုတွေရဲ့ ခါးသီးမှုကို မြည်းစမ်းခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့သမိုင်းက လူတွေရဲ့နှလုံးသားထဲက မုန်းတီးမှုတွေ လျော့ကျပြီး လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေအကြား ခွဲခြားသတ်မှတ်ထားတဲ့ မျဉ်းတွေပျက်ပြယ်သွားတဲ့အကြောင်း ကျွန်တော်တို့ကို ပြသခဲ့ပါပြီ။ ပြီးတော့ ဘာများကျန်ရစ်ခဲ့ပါသလဲ။ အမေရိကမှာ ရိုးရှင်းတဲ့ အမှန်တရား တစ်ခုပဲကျန်ခဲ့ပါတယ်။ အများကြီးထဲမှာမှ ကျွန်တော်တို့ဟာ တစ်နိုင်ငံတည်း၊ ကျွန်တော်တို့ဟာ ပြည်သူတစ်ရပ်တည်း ဆိုတာပါပဲ။ အချိန်နဲ့အမျှ ဒီအမှန်တရားဟာ ကျွန်တော်တို့ယူနီယံကို ပိုပြီးအင်အားကောင်းအောင် လုပ်ခဲ့ပါတယ်။
ကျွန်တော်တို့ ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ ဒီမိုကရေစီ အခြေခံစည်းမျဉ်းတွေကို ချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။
ဒီကမ္ဘာမှာ သြဇာအကြီးဆုံးနိုင်ငံရဲ့ သမ္မတအနေနဲ့ ခင်ဗျားတို့အရှေ့မှာ ကျွန်တော်ရောက်နေပါတယ်။ ‘ဒါပေမဲ့ ကျွန်တော့ အသားအရောင်ဟာ တစ်ခါတုန်းကတော့ ကျွန်တော့်ရဲ့ မဲပေးခွင့်ကို ငြင်းဆိုနေခဲ့တယ် ဆိုတာကို အသိအမှတ်ပြုပေးပါ။ ဒီလိုအသိအမှတ်ပြုလိုက်ရင် ကျွန်တော်တို့နိုင်ငံဟာ သူ့ရဲ့ကွဲပြားမှုတွေကို ကျော်လွန်နိုင်ခဲ့သလို ခင်ဗျားတို့ရဲ့ ကွဲပြားမှုတွေကို ခင်ဗျားတို့လည်း ကျော်လွန်နိုင်မယ်ဆိုတဲ့ အသိတစ်ခုကို ပေးမှာပါ။ ဒီနယ်နိမိတ်ပိုင်နက်အတွင်းမှာ နေထိုင်ကြတဲ့ လူသားတိုင်းဟာ ခင်ဗျားတို့နိုင်ငံအကြောင်းရဲ့ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။ ဒါကိုခင်ဗျားတို့က လက်ခံကြိုဆိုရမှာပါ။ ဒီလိုကွဲပြားမှုတွေကို ခင်ဗျားတို့က အသိအမှတ် ပြုမယ်ဆိုရင် ဒါဟာ အားနည်းချက် မဟုတ်ပါဘူး။ ဒါဟာခွန်အားပါ။ ဒီနေ့ကျွန်တော်ဆွေးနွေးမယ့် နောက်ဆုံးသော လွတ်လပ်မှုဆိုတာနဲ့ ပတ်သက်တဲ့နေရာကို ရောက်လာပါပြီ။ ဒါဟာ စိုးရိမ်ကြောက်ရွံ့ခြင်းတွေကနေ လွတ်လပ်စွာ နေထိုင်နိုင်ဖို့ ပြည်သူတွေအားလုံးရဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။
ကြောက်ရွံ့ခြင်းဆိုတာဟာ နည်းမျိုးစုံနဲ့ လူသားနဲ့ သူတို့ရဲ့အိပ်မက်တွေကြားထဲမှာ အင်အားပဲဖြစ်ပါတယ်။ ပဋိပက္ခတွေကို ကြောက်ရွံ့တာ။ စစ်ပွဲတွေကို ကြောက်ရွံ့တာ။ အတိတ်နဲ့ မတူတော့တဲ့ အနာဂတ်ကို ကြောက်ရွံ့တာ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးကို ပြန်လည်နေရာချထားတဲ့ အပြောင်းအလဲတွေကို ကြောက်ရွံ့တာ။ ပုံစံမတူတဲ့ လူတွေကို၊ နေရာမတူတဲ့ လူတွေကို ကြောက်ရွံ့တာ။ ကိုးကွယ်မှုပုံစံမတူတဲ့ လူတွေကို ကြောက်ရွံ့တာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အမှောင်မိုက်ဆုံးကာလ အကျဉ်းချခံထားရစဉ်မှာ သူဟာကြောက်ရွံ့မှုမှ လွတ်မြောက်ရေးအကြောင်းကို အက်ဆေးရေးခဲ့ပါတယ်။ အာဏာကို စွဲကိုင်ထားတဲ့ ပျက်စီးနေတဲ့ လူတွေက ရှုံးနိမ့်မှာကို ကြောက်ရွံ့ကြတယ်လို့ သူကပြောခဲ့ပါတယ်။ 'အာဏာကို စွဲကိုင်ထားတဲ့ ပျက်စီးနေတဲ့ လူတွေက ရှုံးနိမ့်မှာကို ကြောက်ရွံ့တယ်။ အာဏာကို အသုံးချပြီး ပျက်စီးနေတဲ့သူတွေက အာဏာရဲ့ ဖိစီးနှိပ်စက်မှုကို ကြောက်ရွံ့ပါတယ်'။
o9
‘ဒီကြောက်ရွံ့မှုတွေက ခင်ဗျားတို့ကို နောက်ကျန်ရစ်စေခဲ့ နိုင်ပါတယ်။ အာဏာဟာ ပြည်သူတွေရဲ့ ကြောက်ရွံ့မှုဆီက လာတာမဟုတ်ဘဲ ပြည်သူတွေရဲ့ မျော်လင့်ချက်ဆီကနေ လာတာဆိုတာကို နားလည်လာနေတဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။ အခုအချိန်ဟာ ပြောင်းလဲမှုတွေ ရှိလာပြီး အပြောင်းအလဲတွေ ဆက်လက်ဖြစ်နေရမယ်လို့၊ ခုချိန်ဟာ ကွဲပြားခြားနားနေရမယ်လို့ အခိုင်အမာဆိုနေတဲ့ နိုင်ငံသားတွေကိုလည်း ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ရေးခဲ့သလို 'ကြောက်ရွံ့မှုဟာ ယဉ်ကျေးတဲ့ လူသားရဲ့ သဘာဝအခြေအနေ မဟုတ်ဘူးဆိုတာ' ကို ကျွန်တော်ယုံကြည်ပါတယ်။ ကြောက်ရွံ့မှုဟာ ဒီနိုင်ငံမှာ ဘ၀ရဲ့ သဘာဝအခြေအနေ မဟုတ်ဘူးဆိုတာကို ကမ္ဘာကို ခင်ဗျားတို့က ဒီနေ့ဖော်ပြနေပါပြီ။
အဲဒါကြောင့် ကျွန်တော်ဒီမှာ ရှိနေတာပါ။ အဲဒါကြောင့်ပဲ ကျွန်တော်ရန်ကုန်ကို လာခဲ့တာပါ။ အဲဒါကြောင့်ပဲ ဒီဒေသအတွက်သာမက ကမ္ဘာအတွက်ပါ အရေးကြီးတဲ့ အရာတွေ ဒီမှာဖြစ်ပေါ်နေတာပါ။ လူတွေအများကြီးကို အားကျစေနိုင်တဲ့ ခရီးတစ်ခုကို ခင်ဗျားတို့ သွားနေတဲ့ အတွက်ကြောင့်ပါ။ နိုင်ငံတစ်နိုင်ငံဟာ ပိုကောင်းတဲ့ နေရာတစ်နေရာကို ပြောင်းလဲနိုင်မလားဆိုတာအတွက် ဒါဟာ စမ်းသပ်မှုတစ်ခုပါ။
အမေရိကန်ဟာ ပစိဖိတ်နိုင်ငံ တစ်နိုင်ငံပါ။ ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ ပစိဖိတ်နိုင်ငံတွေနဲ့ ကျွန်တော်တို့ အနောက်တိုင်းက ပြည်သူတွေနဲ့ စည်းနှောင်ထားတယ်ဆိုတာ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့ စီးပွားရေး ပြန်လည်ဦးမော့လာရင် ကြီးမားလှတဲ့ တိုးတက်မှုကြီးကို ကျွန်တော်တို့ ရှာတွေ့မယ်လို့ ယုံကြည်တဲ့ နေရာပါ။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို စစ်ပွဲတွေက ဆယ်စုနှစ်တစ်ခုကြာအောင် လွှမ်းမိုးထားတာ အဆုံးသတ်နေပြီ ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသဟာ ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးတစ်ရပ် တည်ဆောက်ဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေအတွက် ဗဟိုချက်ဖြစ်လာမှာပါ။
ဒီအရှေ့တောင်အာရှမှာ နိုင်ငံတွေနဲ့ ပြည်သူတွေအကြား ပေါင်းစည်းညီညွတ်မှု အလားအလာတွေ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ သမ္မတအနေနဲ့ ကျွန်တော်ဟာ အာဆီယံကို လက်ခံကြိုဆိုရတာ အကြောင်းများစွာ ရှိပါတယ်။ ဒီဒေသမှာ အင်ဒိုနီးရှားမှာ ကျွန်တော့်ရဲ့ ငယ်ဘ၀အချိန်အများစု ကုန်ဆုံးခဲ့ရတယ်ဆိုတဲ့ အချက်ထက်ပိုပါတယ်။
အာဆီယံနဲ့အတူ နိုင်ငံတွေဟာ ပြောင်းလဲနေတယ်ဆိုတာ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ဒီနိုင်ငံတွေဟာ တိုးတက်နေပြီး ဒီနိုင်ငံတွေမှာ ဒီမိုကရေစီဖြစ်ထွန်းနေပါတယ်။ အစိုးရတွေဟာ ပူးပေါင်းဆောင်ရွက် နေကြပါတယ်။ သမုဒ္ဒရာတွေ၊ ကျွန်းတွေ၊ သစ်တောတွေ၊ မြို့တွေ၊ လူမျိုးစုံ၊ ဘာသာစုံ ဖြန့်ကျက်ထားတဲ့ မတူကွဲပြားမှုတွေအပေါ်မှာ တိုးတက်မှုတွေကို တည်ဆောက်နေပါတယ်။ ကျွန်တော်တို့ရဲ့ မတူညီမှုတွေကို ဘေးဖယ်ထားပြီး အပြန်အလှန်လေးစားမှုနဲ့ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက်ဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်ဆောင်ရွက်မယ်ဆိုရင် ၂၁ ရာစုဟာ ဘယ်လိုဖြစ်လာမယ်ဆိုတာကို ပြသနိုင်မှာပါ။
ဒီရန်ကုန်ကနေ အာရှအတွက် ကျွန်တော်သတင်းစကားတစ်ခု ပါးချင်ပါတယ်။ အတိတ်ရဲ့ အကျဉ်းချမှုတွေကနေ ကျွန်တော်တို့ကို အဓိပ္ပာယ်ဖွင့်ဆိုစရာ မလိုပါဘူး။ အနာဂတ်ကိုပဲ ကျွန်တော်တို့ မျော်လင့်ဖို့လိုပါတယ်။ မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်မှုအတွက် ရွေးချယ်စရာတစ်ခု ကျွန်တော်ကမ်းလှမ်းထားပါတယ်။ ခင်ဗျားတို့ရဲ့ နျူးကလီးယားလက်နက်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းမှုနဲ့ တိုးတက်မှုလမ်းကြောင်းကို ရွေးချယ်လိုက်ဖို့ပါပဲ။ ခင်ဗျားတို့ ရွေးချယ်ခဲ့မယ်ဆိုရင် အမေရိကန်က လက်ဆန့်တန်းထားတာကို တွေ့ရမှာပါ။
၂၀၁၂ ခုနှစ်မှာ အရှေ့ အနောက် တောင် မြောက် ကွဲလွဲမှုတွေအပေါ် ကျွန်တော်တို့ ဖက်တွယ်ထားဖို့ မလိုတော့ပါဘူး။ ခင်ဗျားတို့ မြောက်ဘက်က အိမ်နီးချင်း တရုတ်ရဲ့ ငြိမ်းချမ်းစွာ တိုးတက်မှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ခင်ဗျားတို့ရဲ့ အနောက်ဘက်က အိမ်နီးချင်း အိန္ဒိယကိုလည်း ကြိုဆိုပါတယ်။ ကုလသမဂ္ဂမှာ အမေရိကန်ဟာ နိုင်ငံကြီးကြီးသေးသေး ဘယ်နိုင်ငံနဲ့မဆို ဆောင်ရွက်ပြီး ပိုငြိမ်းချမ်းပြီး ပိုသာယာဝပြောတဲ့ ပိုပြီးတော့ တရားမျှတတဲ့ ပိုပြီးတော့ လွတ်လပ်တဲ့ ကမ္ဘာတစ်ခုအတွက် ဖြည့်ဆည်း ဆောင်ရွက်သွားမှာပါ။ အဲဒါအပြင် အမေရိကန်ဟာ နိုင်ငံတကာဥပဒေရဲ့ ၀တ္တရားတွေ သူ့နိုင်ငံပြည်သူတွေရဲ့ အခွင့်အရေးတွေကို လေးစားတဲ့ ဘယ်နိုင်ငံနဲ့မဆို မိတ်ဆွေဖြစ်သွားမှာပါ။
‘ဒီလိုနိုင်ငံကို ဒီလိုကမ္ဘာကို ဒီသမိုင်းဝင်မြို့မှာ ခင်ဗျားတို့ စတင်တည်ဆောက်နိုင်ပါတယ်။ အထီးကျန်နေခဲ့တဲ့ ‘ဒီနိုင်ငံဟာ ဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီလက်ချင်းယှက်သွားနေတဲ့ ခရီးကို နောက်တစ်ကြိမ် သွားနေပြီဆိုတာနဲ့ နိဒါန်းသစ်တစ်ခုရဲ့ စွမ်းအားကို ကမ္ဘာကို ပြသနိုင်မှာပါ။ ‘ဒီနိုင်ငံမှာ ခင်ဗျားတို့ ခုဒီမှာထိုင်နေကြတဲ့ သူတွေလို အခွင့်အရေးကို မခံစားနိုင်တဲ့လူတွေ မရေမတွက်နိုင်အောင် ရှိနေတယ်ဆိုတာ သိထားပြီး ကျွန်တော်ပြောတာပါ။ လျှပ်စစ်မီးမရတဲ့ သူတွေ သန်းချီရှိနေပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရပြီး လွတ်မြောက်လာဖို့ စောင့်စားနေရတဲ့ လူတွေရှိနေဆဲပါ။ ဒုက္ခသည်တွေ၊ မျော်လင့်ချက်ဆိုတာ ဟိုးမိုးကုတ်စက်ဝိုင်းမှာရှိနေတဲ့ တစ်စုံတစ်ရာဖြစ်နေဆဲ ဒုက္ခသည် စခန်းတွေမှာ နေနေရတဲ့ အိုးမဲ့အိမ်မဲ့ ပြည်သူတွေရှိနေပါတယ်။
ဆင်းရဲနေကြတဲ့သူတွေ၊ ၀ိုင်းပယ်ခံထားရတဲ့သူတွေ၊ လက်လွတ်ဆုံးရှုံးသွားကြတဲ့သူတွေ၊ မေ့လျော့ခံထားရတဲ့ သူတွေ အပါအ၀င် ခင်ဗျားတို့နဲ့အတူ အမေရိကန် ရှိနေပါတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ အသံကို လူတိုင်းက ကြားနိုင်မယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ ခင်ဗျားတို့အကြောင်းကို သယ်ဆောင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ခင်ဗျားတို့ရဲ့ မျော်လင့်ချက်တွေကို သယ်ဆောင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၂၁ ရာစုမှာ နည်းပညာ ကျယ်ပြန့်လာမှု၊ အတားအဆီးတွေ ပြိုလဲလာမှု၊ လွတ်လပ်မှုရဲ့ ရှေ့တန်းမျက်နှာစာတွေဟာ သူတို့အချင်းချင်းကြားမှာတင် ဖြစ်ထွန်းနေတာမဟုတ်ဘဲ နိုင်ငံတွေနဲ့ လူတစ်ဦးချင်းကြားမှာ ဖြစ်ထွန်းနေလို့ပါပဲ။
အကျဉ်းသားဟောင်းတစ်ဦးက သူ့နိုင်ငံသားတွေကို ပြောတဲ့အခါမှာ အခုလို ထည့်ပြောခဲ့ဖူးပါတယ်။ 'နိုင်ငံရေးဆိုတာ ခင်ဗျားတို့ရဲ့ အလုပ်ပဲ၊ နိုင်ငံရေးသမားတွေအတွက်တင် မဟုတ်ဘူး။' အမေရိကန်မှာ ကျွန်တော်တို့ ပြောလေ့ရှိတာက ဒီမိုကရေစီအတွက် အရေးကြီးဆုံး ရုံးဟာ နိုင်ငံသားတွေရဲ့ ရုံးပါ။ သမ္မတမဟုတ်သလို လွှတ်တော်ဥက္ကဋ္ဌလည်း မဟုတ်ပါဘူး။ ပြည်သူတွေပါ။
‘ဒီခရီးစဉ်ဟာ အလွန့်အလွန်ထူးခြားပြီး ခက်ခဲတဲ့ စိန်ခေါ်မှုပြင်းထန်တဲ့ တစ်ခါတစ်ရံမှာ စိတ်ရှုပ်စရာကောင်းလှတဲ့ ခရီးစဉ်လို့ ထင်ကောင်းထင်မှာပါ။ အဆုံးမှာတော့ လွတ်လပ်မှုဆိုတာ ဘာလဲလို့ အဓိပ္ပာယ်ဖွင့်ဆိုရမှာက ဒီနိုင်ငံရဲ့ နိုင်ငံသားတွေပါပဲ။ စစ်မှန်တဲ့ တော်လှန်ရေးစိတ်ဓာတ်ဆိုတာ ကျွန်တော်တို့ရဲ့ နှလုံးသားကိုယ်စီမှာ စတင်ခဲ့ကြတဲ့အတွက်ကြောင့် ခင်ဗျားတို့ဟာ လွတ်လပ်မှုကို ဖမ်းဆုပ်ရမယ့် သူတွေပါပဲ။ ခင်ဗျားတို့ရဲ့ ခေါင်းဆောင်များစွာက ပြသခဲ့ကြတဲ့ သတ္တိမျိုးကို လိုအပ်နေပါတယ်။
စိန်ခေါ်မှုကြီးတွေကတော့ ရှေ့ခရီးမှာ ရှိနေမှာပါ။ အပြောင်းအလဲရဲ့ အင်အားကို တောင့်ခံနေကြတဲ့ သူတွေလည်း ရှိနေမှာပါ။ ဒါပေမယ့် ဒီနိုင်ငံဟာ နောက်ပြန်မလှည့်နိုင်တော့တဲ့ တစ်စုံတစ်ရာ ဖြစ်နေတယ်ဆိုတာ ပြီးတော့ ဒီနိုင်ငံကို မြှင့်တင်နိုင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒ၊ ကမ္ဘာအတွက် ဧရာမ ဥပမာတစ်ခု ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ကျွန်တော် ဒီမှာရှိနေတာပါ။ အဲဒါတွေအပြင် ဒီခရီးရှည်ကြီးမှာ အမေရိကန်ဟာ ခင်ဗျားတို့နဲ့အတူ မိတ်ဖက်အဖြစ် ရှိနေမှာပါ။ ကျေးဇူးတင်ပါတယ်။(မြန်မာဘာသာဖြင့် ကျေးဇူးတင်ကြောင်းပြောကြား)

o01 

Sunday, November 18, 2012

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် မိန့်ခွန်းပြောကြား

Photo: အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားမည့် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအား ယနေ့ မွန်းလွဲ ၁နာရီခန့်က မြင်တွေ့ရစဉ်

Photo: အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားမည့် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအား ယနေ့ မွန်းလွဲ ၁နာရီခန့်က မြင်တွေ့ရစဉ် 
အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားမည့် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအား ယနေ့ မွန်းလွဲ ၁နာရီခန့်က မြင်တွေ့ရစဉ်

အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားမည့် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ သို့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တက်ရောက်ခွင့်ရရှိသူများ နေရာယူရောက်ရှိနေကြပြီဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်သမ္မတ အိုဘားမား ပြောကြားမည့်မိန့်ခွန်းအား နားထောင်ရန် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသ ဘင်ခန်းမသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား မိန့်ခွန်း နားထောင်ရန် စောင့်ဆိုင်းနေသူများက မတ်တပ်ရပ်၍ လက်ခုပ်တီး ကြိုဆိုခဲ့ကြကြောင်း သိရသည်။ 

အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့မွန်းလွဲ ၂ နာရီခွဲဝန်းကျင်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောမည့် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ ကလင်တန်တို့ ဘေးချင်းယှဉ် အတူထိုင်လျက်ရှိကြောင်း သိရသည်။

အိုဘားမားက "မြန်မာနိုင်ငံ မင်္ဂလာပါ" ဟု မြန်မာဘာသာစကားပြော၍ မိန့်ခွန်းမပြောကြားမီ နှုတ်ဆက် သည်။

အမေရိကန်သမ္မတအိုဘားမား၏ မိန့်ခွန်းပြောကြားမှု ၃နာရီ ၁၅ မိနစ်အချိန်တွင် ပြီးဆုံးသွားပြီဖြစ်သည်။ ထို့နောက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာမည်ဖြစ် သည်။ 
 
Ref: Eleven Media Group 

အမေရိကန်သမ္မတ အိုဘားမား ရွှေတိဂုံစေတီတော်ကို တက်ရောက်ဖူးမျှော်

အမေရိကန်သမ္မတ အိုဘားမားသည် ၁၁နာရီ ၅၀ မိနစ်ဝန်းကျင်တွင် ရွှေတိဂုံစေတီတော်ကို တက်ရောက်ဖူးမျှော်ခဲ့ပြီး လက်ရှိအချိန် (၁၂ နာရီ ၀၅ မိနစ်ခန့်) တွင် ရွှေတိဂုံစေတီမှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ အိုဘားမား ရွှေတိဂုံစေတီတော်တွင် ရေသပ္ပာယ်နေစဉ်
 

 အမေရိကန်သမ္မတ အိုဘားမား လုံခြုံရေးအတွက် အနံ့ခံခွေးဖြင့် စစ်ဆေးနေပုံ



 အမေရိကန်သမ္မတ အိုဘားမားနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့  ရွှေတိဂုံစေတီတော်၏ရင်ပြင်ပေါ်တွင် လှည့်လည်နေစဉ်
 
Ref: Eleven Media Group