ရန်ကုန်မြို့နှင့် တိုက်ရိုက်ခရီးစဉ်ပြေးဆွဲမည့် ဘိုးရင်း 767-300 ER လေယာဉ် အားတွေ့ရစဉ် (ဓာတ်ပုံ-www.leveldsim.com)
ဂျာမနီနိုင်ငံ အခြေစိုက် Condor လေကြောင်းလိုင်းသည် ဂျာမနီနိုင်ငံ၊
ဖရန့်ဖတ်မြို့မှ ရန်ကုန်မြို့ သို့ နိုဝင်ဘာလ ၆ ရက်နေ့တွင် တိုက်ရိုက်ခရီးစဉ်
စတင်ပျံသန်းမည်ဖြစ်သည်။
Condor လေကြောင်းလိုင်းသည် ခရီးသည် ၂၆၈ ဦးဆံ့၊ ဘိုးရင်း 767-300 ER
လေယာဉ်ဖြင့် တစ်ပတ်လျှင် တစ်ကြိမ်၊ ရန်ကုန်မှ ဖရန့်ဖတ်သို့ စတင်ပျံသန်းမည်
ဖြစ်သည်။
ဂျာမနီနိုင်ငံအခြေစိုက် Condor လေကြောင်းလိုင်းသည် ဂျာမနီနိုင်ငံ၊
ဖရန့်ဖတ်မြို့မှ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့သို့ စတင်ထွက်ခွာလာမည်ဖြစ်ကာ၊ ရန်ကုန်မြို့မှ ဖရန့်ဖတ်မြို့သို့
နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဟု သိရသည်။
ဂျာမနီနိုင်ငံအခြေစိုက် Condor လေကြောင်းလိုင်းသည် ၁၉၅၅ ခုနှစ်တွင်
စတင်တည်ထောင်ခဲ့ကာ A 320-321, Boeing 757-300, Boeing 767-300 လေယာဉ်
၃၅ စီးဖြင့် ဥရောပ၊ အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိကတိုက်များရှိ
နိုင်ငံပေါင်း ၆၀ ကျော်သို့ ခရီးစဉ်များ ပျံသန်းပြေးဆွဲနေသည့်
လေကြောင်းတစ်ခု ဖြစ်သည်။
လာမည့် ပွင့်လင်းရာသီကာလဖြစ်သော အောက်တိုဘာလမှ စတင်ကာ နိုင်ငံတကာလေကြောင်းလိုင်း ရှစ်ခုခန့်မှ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့်
တိုက်ရိုက်လေကြောင်း ခရီးစဉ်များ စတင်ပျံသန်းမည် ဖြစ်သည်။
ယင်းပြင်ကိုရီးယား လေကြောင်းလိုင်းသည်လည်း ရန်ကုန်-ဆိုးလ်
တိုက်ရိုက်လေကြောင်း ပျံသန်းမှုအား စက်တင်ဘာလ ၁၃ရက်နေ့ တွင် စတင်ခဲ့ကြောင်း
သတင်းရရှိသည်။
Ref: Eleven Media Group
No comments:
Post a Comment