Thursday, August 2, 2012

ဦးသန့်နေထိုင်ခဲ့သောအိမ်ကို ပြတိုက်ငယ်ဖွင့်လှစ်နိုင်ရန် မိသားစုပြင်ဆင်

 Ref Photo By: U Thant Myint U FB Page
၁၉၅၀ပြည့်နှစ်များက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ၀န်ကြီးချုပ်ကိုယ်ရေးအ ရာရှိဘ၀က နေထိုင်ခဲ့သောနေအိမ်အား မကြာမီပြန်လည်ပြုပြင်ကာ ဦးသန့်၏ဘ၀အစိတ်အပိုင်းနှင့် သူ၏အလုပ်နှင့်ပတ်သက်သည်များကို အိမ်၏အစိတ်အပိုင်းအချို့တွင် ပြတိုက် ငယ်အဖြစ် ပြုလုပ်သွား မည်ဖြစ်ပြီး၊ အိမ်၏အချို့အစိတ်အပိုင်းများတွင် အများပြည်သူနှင့်ဆိုင်သော ဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ ချချက်များပြုလုပ်နိုင်ရန် မိသားစုများက ပြင်ဆင်နေကြောင်း ဦးသန့်၏မြေးတော်စပ်သူ စာရေးဆရာ ဦးသန့်မြင့်ဦးက သူ၏ဖေ့ဘွတ်စာမျက်နှာတွင် ယနေ့မွန်းလွဲပိုင်းက ရေးသားထားသည်။
ယခင်အစိုးရလက်ထက်က လျှစ်လျှူရှုထားခံခဲ့ရသော ထိုအိမ်သည် အစိုးရပိုင်ဖြစ်ပြီး မိသားစု၏စိတ်ကူးကို အကောင်အထည်ဖော်နိုင်ရန် သမ္မတက ခွင့်ပြုချက်ပေးခဲ့ပြီး လအနည်းငယ်အကြာ အချိန်ယူပြင်ဆင်ပြီး အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ကြောင်းကိုလည်း ဦးသန့်မြင့်ဦးက ရေးသားထားသည်။
အဆိုပါအိမ်မှာ အမှတ်(၃၁)၊ ၀င်ဒါမီရာ Garden (ဆာကူရာ Resident နောက်လမ်းမှဝင်ရ) ကမာရွတ်မြို့နယ် ရန်ကုန်မြို့တွင် တည်ရှိသည်။

No comments:

Post a Comment