Monday, August 13, 2012

နိုင်ငံတကာသို့ ကြွေးမြီးဆပ်ရန် မြန်မာနိုင်ငံအား ဂျပန်ဘဏ်များအုပ်စု ကန်ဒေါ်လာသန်း(၉၀၀) စီစဉ်ပေး

မြန်မာနိုင်ငံက နိုင်ငံတကာဘဏ်များသို့ ပေးဆပ်ရန် ကျန်ရှိနေသော အကြွေးများပေးဆပ်နိုင်ရန် အတွက် ဂျပန်ဘဏ်များအုပ်စုက အမေရိကန် သန်း (၉၀၀) ကို စီစဉ်ပေးသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (IDA) သို့ အမေရိကန်ဒေါ်လာ သန်း (၇၈၀) ခန့် ၊ ကမ္ဘာ့ဘဏ်သို့ သန်း (၃၉၇) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သို့ သန်း (၅၀၀) ခန့် ပေးအပ်ရန် ကျန်ရှိနေသေးရာ ဂျပန်ဘဏ်များအုပ်စုထဲမှ ချေးငွေရရှိပြီး ပေးဆပ်လိုက်ပါက ကမ္ဘာ့ဘဏ်နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ်တို့ထံမှ ထပ်မံ၍ အတိုးနည်းချေးငွေများ ထပ်မံရယူနိုင်မည် ဖြစ်သည်။
 “နိုင်ငံတကာဘဏ်တွေကို ပေးဆပ်ရမယ့်ချေးငွေတွေ ပေးဆပ်တာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီကျမှပြီးမှာ ဖြစ်ပေ မယ့် အခုအချိန်ကစပြီး နည်းစနစ်၊ အထောက်အပံ့နဲ့ စွမ်းဆောင်ရည် မြှင့်တင်မှုတွေကို စတင်နေပါပြီ” ဟု Moody’s Investers Services မှ သိရသည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ရုံးခွဲများကို ရန်ကုန်မြို့တွင် မကြာသေးခင်က ဖွင့်လှစ်ထား ခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။

Ref: Popular Myanmar News Journal

No comments:

Post a Comment