နိုင်ငံခြားကားဇာတ်ကားများ ရောင်းချသည့်
လမ်းဘေးခွေရောင်းချသူများက စက်တင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့၊
ဗဟန်းမြို့နယ်၊ ၀င်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှေ့တွင်
ဆန္ဒပြရန် ဗဟန်းမြို့နယ် ရဲစခန်းသို့ သြဂုတ်လ ၂၉ ရက်က စာတင်လိုက်ကြောင်း
ဆန္ဒပြခွင့်ကို ဦးဆောင်လှုပ်ရှားနေသည့် ခွေရောင်း ချသူ ကိုသန့်ဇင်က ပြောသည်။
“ဗဟန်းမြို့နယ်စခန်းမှူးကို သွားတင်တာပါ။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ရက်မတိုင်ခင် ၄၈ နာရီအ တွင်း ပြခွင့်ပေးမပေး အကြောင်းပြန်ပါ့မယ်။ လူကတော့ ၅၀ လောက်ပဲ လုပ်ပါလို့ မြို့နယ်မှူးကပြောပါတယ်။ ကျွန်တော်တို့ တင်ထားတာက လူတစ်ရာလောက်ပြဖို့ပါ။ စီးတန်းလှည့်လည်ခွင့်ဥပဒေအရ ခွင့်ပြုတဲ့ လူထက်များရင် အဖမ်းခံရမှာစိုးလို့ လူငါးဆယ်ထက်မပိုအောင် စည်းကမ်းရှိရှိ ဆန္ဒပြသွားမှာပါ” ဟု ကိုသန့် ဇင်က ပြောသည်။
“ဗဟန်းမြို့နယ်စခန်းမှူးကို သွားတင်တာပါ။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ရက်မတိုင်ခင် ၄၈ နာရီအ တွင်း ပြခွင့်ပေးမပေး အကြောင်းပြန်ပါ့မယ်။ လူကတော့ ၅၀ လောက်ပဲ လုပ်ပါလို့ မြို့နယ်မှူးကပြောပါတယ်။ ကျွန်တော်တို့ တင်ထားတာက လူတစ်ရာလောက်ပြဖို့ပါ။ စီးတန်းလှည့်လည်ခွင့်ဥပဒေအရ ခွင့်ပြုတဲ့ လူထက်များရင် အဖမ်းခံရမှာစိုးလို့ လူငါးဆယ်ထက်မပိုအောင် စည်းကမ်းရှိရှိ ဆန္ဒပြသွားမှာပါ” ဟု ကိုသန့် ဇင်က ပြောသည်။
ယခုကဲ့သို့ ဆန္ဒပြရန်စီစဉ်ရခြင်းမှာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများကို လွတ်လွတ်လပ်လပ်ရောင်းချခွင့်ပေး ရန်နှင့်
ရုပ်မြင်သံကြားနှင့် ဗီဒီယိုအက်ဥပဒေပုဒ်မ ၃၂(ခ) အရ အရေးယူခံထားရသူများအား
ဖြေလျှော့ပေး ရန်အချက် နှစ်ချက်ကို အဓိကထားတောင်းဆိုသွားမည်ဖြစ်ကြောင်း
၎င်းကဆိုသည်။
တရားမ၀င်နိုင်ငံခြားဇာတ်ကားများ ရောင်းချခြင်းကြောင့် တာမွေတရားရုံးတွင် ပုဒ်မ ၃၂(ခ) အမှုရင် ဆိုင်နေရသည့်အခွေရောင်းချ သူ
ကိုထက်အောင်က “ကျွန်တော့်ကိုဖမ်းတော့ မြန်မာခွေမပါဘူး။
ညစ်ညမ်း ကားမပါဘူး။ နိုင်ငံခြားကားတွေကိုပဲ ၃၂ (ခ) တပ်ထားတယ်။
အမှုဆိုင်နေရတုန်းပါ။ ဒါကြောင့် အဲဒီ ဆန္ဒပြတဲ့နေ့မှာ
ကျွန်တော်တို့ဆန္ဒတွေထုတ်ဖော်သွားမှာပါ။ ခုခွေရောင်းတဲ့သူတွေ အရမ်းဒုက္ခရောက်နေ ကြတယ်”ဟုပြောသည်။
“ခွေရောင်းတဲ့သူက ရန်ကုန်နဲ့ နယ်တွေပေါင်းလိုက်ရင်
လူတစ်သောင်းလောက်ရှိတယ်။ သူတို့ကိုမှီခို သူနှစ်ယောက်နှုန်းနဲ့ပဲတွက်ရင်
လူသုံးသောင်းကျော်လောက် စားဝတ်နေရေးတော်တော် ဒုက္ခရောက်သွား တယ်။
မှီခိုသူတွေထဲမှာပါတဲ့ ကျောင်းသားတွေရဲ့ ပညာရေးအခက်အခဲတွေ့သွားတယ်။
တချို့ဆို ကျူရှင် မတတ်နိုင်တော့တာတို့၊ ကျောင်းနားတာတို့ ဖြစ်ကုန်တယ်။
ဒီလိုမျိုးတော့ မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ ဆန္ဒပြတာ ဥပဒေကို
သပိတ်မှောက်တာ မဟုတ်ပါဘူး”ဟု ကိုသန့်ဇင်ကပြောသည်။
၎င်းနှင့်အတူ
ရန်ကုန်မြို့တွင်းရှိ နိုင်ငံခြားဇာတ်ကားများ ရောင်းချသူအများစုသည်
တရားဝင်ထုတ်ပြန်ထား သည့် စီတန်းလှည့်လည်ခွင့်ဥပဒေအရ တရားဝင်ဆန္ဒပြခွင့်ရရန်
ကြိုးစားသွားမည်ဖြစ်ပြီး ဆန္ဒပြခွင့်မ ရရှိပါက နိုင်ငံတော်သမ္မတထံ
အသနားခံစာတင်ခြင်း၊ လွှတ်တော်တွင်း တင်ပြအကူအညီတောင်းခံခြင်း တို့
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှေ့တွင် ဆန္ဒပြမည့်အစီအစဉ်နှင့် ပတ်သက်ပြီး ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက
“သက်ဆိုင်ရာရဲတပ်ဖွဲ့က ပြခွင့်ပေးတယ်ဆိုရင် ပြခွင့်ရှိပါတယ်။ ကျွန်တော်တို့
ခွင့်ပြုချက်ပေးခြင်း၊ မပေးခြင်းနဲ့ မဆိုင်ပါဘူး။ မိမိရဲ့ဆန္ဒကို
လွတ်လပ်စွာထုတ်ဖော်ခွင့် ရှိပါတယ်။ ထုတ်ဖော် တဲ့အခါ မိမိရဲ့ဆန္ဒက
တခြားသူရဲ့ရပိုင်ခွင့်ကို မထိပါးဖို့ပဲလိုပါတယ်။ ကန့်ကွက်ရန်လည်းမရှိသလို
ထောက် ခံဖို့လည်းမရှိပါဘူး” ဟု ၄င်း၏ သဘောထားကိုပြောကြားသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နိုင်ငံခြားဇာတ်ကားများ ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး မည်သည့်ဥပဒေကိုမှ ထုတ်ပြန်ထားခြင်းမရှိဘဲ မြန်မာဇာတ်ကားများကို တရားမ၀င်ခိုးယူနေသည့်သူများကိုသာ အရေးယူ ခြင်းဖြစ်ကြောင်း၊ ၁၉၉၆ ခုနှစ်တွင်
ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲပြီး ထုတ်ပြန်ထားသောနိုင်ငံခြား
ဇာတ်ကားများနှင့် သက်ဆိုင်သည့်ဥပဒေဖြင့် ဖမ်းဆီးနေခြင်းသာဖြစ်ပြီး
၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ဦးဇင်ဝိုင်းက ပြောသည်။
“မြန်မာကားတွေကိုပဲဖမ်းတာလို့ြေ ပာပေမယ့်
နိုင်ငံခြားကားတွေချည်းပဲရောင်းတဲ့ ကျွန်တော်ကိုယ်တိုင် အဖမ်းခံထားရတာပါ။
အဲဒါတွေဘာပြန်လုပ်ပေးမလဲလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌကို မေးချင် ပါတယ်”ဟု ကိုသန့်ဇင် က ပြောသည်။
Ref: 7Day News Journal
No comments:
Post a Comment