ရှစ်လေးလုံး ၂၄ နှစ်ပြည့် အထိမ်းအမှတ်ပွဲများကို ရန်ကုန်နှင့်
မန္တလေးမြို့များတွင် ယနေ့ သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်လျက်ရှိနေကြောင်း
သိရှိရပါသည်။
မန္တလေးမြို့တွင်
ယနေ့ နံနက်ပိုင်းက ကျင်းပသော ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို
ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို မြင်တွေ့ရစဉ်
(Photo: 88 Generation
Student Facebook)
မန္တလေးမြို့တွင် ပြုလုပ်ခဲ့သောအထိမ်းအမှတ်ပွဲကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးဆောင် ကျင်းပနေခြင်းဖြစ်ကာ မန္တလေးမြို့၊
ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရား ကြီးကျောင်းတိုက်တွင်
ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုအခမ်းအနားသို့ လူဦးရေ တစ်ထောက်ကျော်
တက်ရောက်ခဲ့ကာ အခမ်းအနား၌ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအကြို
ဝါဆိုသင်္ကန်းကပ်လှူခြင်းကို ဦးစွာ ပြုလုပ်ခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများနှင့် ၈၈မျိုးဆက်ကျောင်းသားများက ရှေ့ဆက်သွားမည့် နိုင်ငံရေး အခင်းအကျင်းများနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရပါသည်။
ထို့နောက် တက်ရောက်လာသူများနှင့် ၈၈မျိုးဆက်ကျောင်းသားများက ရှေ့ဆက်သွားမည့် နိုင်ငံရေး အခင်းအကျင်းများနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရပါသည်။
" သင်္ဃန်းကပ်လို့ပြီးသွားတဲ့အချိန်မှာ အခမ်းအနားကို
တက်ရောက်လာတဲ့ အနယ်နယ်အရပ်ရပ်က လူတွေနဲ့ ၈၈မျိုးဆက်ကျောင်းသားတွေ
ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။ အဓိက အကြောင်းအရာကတော့ ရှေ့ဆက်သွား မယ့်
နိုင်ငံရေးအခင်းအကျင်းနဲ့ ပတ်သက်လို့ ပြောခဲ့ကြတာပါ။ ဆွေးနွေးတဲ့အထဲမှာ
ရှမ်း၊ ကယားနဲ့ ကချင်က ရောက်လာတဲ့တိုင်းရင်းသားတွေလည်း ပါပါတယ်။ တက်ရောက်လာသူတွေက မေးခွန်းတွေ မေး ကြတယ်။ ကိုမင်းကိုနိုင်၊ ကိုပြုံးချိုက
ပြန်ဖြေပေးနေပါတယ်။ အခြေအနေကတော့ အားလုံး မှာ အေးအေးဆေးဆေးပါပဲ။ အတားအဆီး၊
အနှောင့်အယှက်တွေလည်း မရှိပါဘူး။ အခမ်းအနားကို တက်ရောက်လာသူအရေအတွက်က
တစ်ထောင်ကျော် ရှိပါတယ်" ဟု မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊
အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်တွင် ယနေ့ သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက
ကျင်းပသော ၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားနှင့် ပတ်သက်ပြီး ထိုအခမ်းအနားသို့ တက်ရောက် သတင်းရယူနေသည့်
Eleven Media Group သတင်းထောက်က ယနေ့ နံနက် ၁၀ နာရီ အချိန်တွင်
ပြောပြပါခဲ့သည်။
ရန်ကုန်မြို့တော်ဝင်နှင်းဆီ တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သော ရှစ်လေးလုံး ၂၄ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား မြင်ကွင်း
(Photo: 88 Generation
Student Facebook)
ရန်ကုန်မြို့တွင် ကျင်းပနေသော ရှစ်လေးလုံး ၂၄ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို အမျိုးသား ပြန် လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့်
လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး လိုလားသူများက ဦးဆောင်ပြီး
ပြု လုပ်ခဲ့ခြင်းဖြစ်ကာ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ၌ ကျင်းပခဲ့ခြင်း
ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့လည်း လူတစ်ထောင်ကျော်ခန့် တက်ရောက်ခဲ့ကြောင်း
သိရပါသည်။ ထိုအခမ်းအနားကိုလည်း ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့်
တွဲဖက်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
Ref: Eleven Media Group


No comments:
Post a Comment