မုံရွာမြို့နယ်ဇလုပ်ကျေးရွာအနောက်ပိုင်းနေထိုင်သူ
မောင်အောင်ဆန်းဝင်းအားမုံရွာစီးပွားရေးတက္ကသိုလ် ပြင် ပအဆောင်နေ
ကျောင်းသားအချို့က ယမန်နေ့ညပိုင်းက ၀ိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့်
မကျေနပ်သော ဇလုပ်ကျေးရွာဆရာတော်များနှင့် ကျေးရွာသူကျေးရွာသား(၅၀)ခန့်သည်
မုံရွာစီးပွားရေးတက္ကသိုလ် အနီး ပြင်ပဘော်ဒါဆောင်များတွင်
ရိုက်နှက် သူများကို လိုက်လံရှာဖွေခဲ့ပြီး မုံရွာစီးပွားရေးတက္ကသိုလ် အနောက်ဘက်ရှိ အီကိုကင်းအမျိုးသားဘော် ဒါဆောင်အားဝိုင်းထားစဉ်
မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊
မုံရွာမြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများရောက်ရှိလာပြီး
အခြေအနေအားလုံး ထိန်းသိမ်းနိုင်ခဲ့ကြောင်းသတင်းရရှိသည်။
သြဂုတ် ၁
ရက် ည ၁၀ နာရီခွဲအချိန်ခန့်က
မုံရွာစီးပွားရေးတက္ကသိုလ် အနောက်ဘက်ကျော ကတ္တရာလမ်းမကြီးပေါ်တွင်
ရိုက်နှက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ
ကျောင်းသားများ ၀ိုင်းဝန်းရိုက်နှက်မှုခံ ရသော
မောင်အောင်ဆန်းဝင်းက တရားလိုပြုလုပ်တိုင်ကြားသဖြင့် မုံရွာမြို့နယ်
အမှတ်(၂)ရဲတပ်ဖွဲ့စခန်းက (ပ)(၃၃၉/၂၀၁၂)ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၂၅)အရ
အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref: 7Day News Journal
No comments:
Post a Comment