Thursday, August 9, 2012

လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက် မဟုတ်မမှန်ကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြား

     
ရခိုင်ပြည်နယ်က လူမျိုးရေး တင်းမာမှုတွေကို အထူးစိုးရိမ်နေဆဲ ဖြစ်ပေမဲ့ OIC အစ္စလာမ်မစ်နိုင်ငံများအဖွဲ့က စွပ်စွဲသလို လူမျိုးတုံးသတ်ဖြတ်နေတယ်ဆိုတာ မဟုတ်မမှန်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စု က ပြောကြားလိုက်ပါတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ဘင်္ဂါလီ ရိုဟင်ဂျာ ဦးရေနည်းသွားအောင် အစု လိုက်အပြုံလိုက် သတ်ဖြတ်နေတယ်ဆိုတာ မဟုတ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ Patrick Ventrell က ပြောသွားခဲ့သည်။
 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Quintana ပြီးခဲ့တဲ့သီတင်းပတ်က ရခိုင်ပြည်နယ်ကို သွားရောက်ချိန်မှာ အမေရိကန် တာဝန်ရှိပုဂ္ဂိုလ်တွေလည်း လိုက်ပါသွားခဲ့သည်။
ဘင်္ဂါလီ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက တရားမဲ့လူမျိုးတုံးသတ်ဖြတ် ကျူးလွန်နေတာကို နိုင်ငံတကာက ရပ်တန့်သွားအောင် အရေးယူ ဆောင်ရွက်ပေးတာမရှိလို့ စိတ်ပျက်ရတဲ့အကြောင်း OIC အတွင်းရေးမှူးချုပ် Ihsanoglu က ပြောကြားပြီး နာရီပိုင်းအကြာမှာ အမေရိကန်ပြည်ထောင်စုက ထိုကဲ့သို့ ပြောခြင်းဖြစ်သည်။
ဒီလို ရက်ရက်စက်စက် ကျူးလွန်နေတယ်လို့ စွပ်စွဲခံနေရတဲ့နေရာကို အချက်အလက်ရှာဖွေရေး အဖွဲ့တစ် ဖွဲ့ စေလွှတ်ဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂက လူ့အခွင့်အရေးကောင်စီကို အရေး တကြီး မေတ္တာရပ်ခံသင့်တယ်လို့လည်း အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ OIC အတွင်းရေးမှူးချုပ်က အကြံပေး သည်။
ဒါ့အပြင် ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အစ္စလာမ်မစ်စုံစမ်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့လည်း သူကအ ဆိုပြုပြီး နောက်တကြိမ်ကျင်းပမယ့် ၀န်ကြီးအဆင့်ညီလာခံမှာ အစီရင်ခံစာတစ်စောင် တင်သွင်းသင့်တယ် လို့ ပြောကြောင်း သတင်းရရှိပါသည်။

Ref: RFA Burmese

No comments:

Post a Comment