ရန်ကုန်၊ သြဂုတ်-၉
ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် ရခိုင်တိုင်းရင်းသားပါတီ နှစ်ခုတို့ သြဂုတ် ၈ ရက် ညနေပိုင်းတွင် နေပြည်တော်၌ သီးသန့်တွေ့ဆုံခဲ့ကြကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေး သာအောင်က ပြောသည်။ ''ရခိုင်အရေးကိစ္စမှာ ရခိုင်အချင်းချင်းပြောရင် အဆင်ပြေမယ်ဆိုပြီး ခေါ်တွေ့တာ ပါ'' ဟု ၎င်းကဆိုသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၆ ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အဖွဲ့ဝင် လေးဦးတို့ တက်ရောက်ခဲ့ကြသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောကိစ္စရပ်များနှင့် ပတ်သက်၍ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာနှင့် ဆက်ဆံမှုကောင်းမွန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် ရခိုင်တိုင်းရင်းသားပါတီများ ပူပေါင်းဝင်ရောက်ကူညီပေးရန် နိုင်ငံတော်သမ္မတက မေတ္တာရပ်ခံ ခဲ့ကြောင်း ဦးအေးသာအောင်က ဆိုသည်။

ရခိုင်တိုင်းရင်းသားပါတီများက သမ္မတ ပြောကြားခဲ့သော ရခိုင်ပြည်နယ်သို့
ခိုးဝင်လာသူကို အရေးယူခြင်း၊ သင့်တော်မည့် Cump များတွင် ထားရှိခြင်း၊
တတိယနိုင်ငံတစ်နိုင်ငံက လက်ခံပါက ပို့ပေးခြင်းများကို အကောင်အထည် အမြန်ဆုံး
ဖော်ဆောင်ရေးကို တင်ပြခဲ့ကြသည်။
''ပြန်လည်ထူထောင်ရေး လုပ်တဲ့အခါမှာ နှစ်ဖက်စလုံးကို မျှမျှတတ ကူညီပေးဖို့ သမ္မတက ပြောတယ်''ဟု ဦးအေးသာအောင်က ဆိုသည်။

နိုင်ငံတော် သမ္မတနှင့်မတွေ့ဆုံမီ
ရခိုင်တိုင်းရင်းသားပါတီများသည် ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ကြသည်။
“ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်နေတဲ့ကိစ္စတွေကို
ပူးပေါင်းဆောင်ရွက်ဖို့၊ အကြမ်းဖက်မှုတွေ ဆက်မဖြစ်အောင် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ ပြောတာတော့ ကောင်းတဲ့လက္ခဏာပါပဲ။ ဒါပေမယ့်
နိုင်ငံရေးပါတီတွေအ ရရော၊ ပြည်နယ်တွင်းမှာ ဘာမှလုပ်ပိုင်ခွင့်မရှိတာတွေကြောင့် လုပ်ပိုင်ခွင့်တွေပေးဖို့ တင်ပြခဲ့တာတွေ ရှိပါ တယ်”ဟု
ဦးအေးသာအောင် က ဆက်ပြောသည်။
ယခုကဲ့သို့ တွေ့ဆုံကြရာတွင် သမ္မတကလည်း လက်ရှိရခိုင်ပြည်နယ် အပါအ၀င် ပြည်ထောင်စုအရေး၊ ပြည် တွင်းငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး တို့ကိုလည်း ဆွေးနွေးကြောင်းလည်း ဦးသာအောင်က ပြောပြသည်။
Ref: 7Day News Journal၊ ဧရာဝတီ

No comments:
Post a Comment