နိုင်ငံပိုင်သတင်းစာမှ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်
ရခိုင်ပြည်နယ်အရေးအား အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ပုံဖော်ရန်
ကြိုးပမ်းလုပ်ဆောင်မှုများ ကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည်မဟုတ်ကြောင်း
သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံခြားရေး
ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။
အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော
အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ပြည်ပသ တင်းဌာနများနှင့်
ပြင်ပအဖွဲ့အစည်းအချို့၏ မဟုတ်မမှန်ချဲ့ထွင်၍ လုပ်ကြံထုတ်လွင့်နေသည့်
သတင်းအမှား များကို အခြေခံပြီး ပြည်ပမှလူပုဂ္ဂိုလ်တစ်ဦးချင်းကသော်လည်းကောင်း၊
အဖွဲ့အစည်းအချို့ကသော် လည်းကောင်း သတင်းထုတ်ပြန်မှုများ
ပြုလုပ်နေလျက်ရှိကြောင်း၊ ယင်းအကြမ်းဖက်မှုများမှာ မတူ ကွဲပြားသော ဘာသာနှစ်ခုအကြားဖြစ်ပွားသောပဋိပက္ခ မဟုတ်သလို၊ လူသားချင်း
စာနာထောက်ထားမှုဆိုင် ရာ ပြဿနာလည်း မဟုတ်ကြောင်း၊ ရာဇ၀တ်မှုတစ်ခုကို
အကြောင်းပြု၍ နောက်ဆက်တွဲ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသာဖြစ်ကြောင်း၊
ယင်းအကြမ်းဖက်မှုများတွင် ရခိုင်တိုင်းရင်းသား (၃၁) ဦး၊ ဘင်္ဂါလီလူမျိုး
(၅၇) ဦး စုစုပေါင်း ၈၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး နှစ်ဖက်စလုံးမှ ဘာသာရေး
အဆောက်အအုံများနှင့် လူနေအိမ်ခြေများ မီးလောင် ဆုံးရှုံးခဲ့ရကြောင်း
ဖော်ပြခဲ့သည်။
ပျက်စီးဆုံးရှုံး သေကျေမှုများကို သုံးသပ်ကြည့်ပါက လူမျိုးတစ်စုက အခြားလူမျိုးတစ်စုအပေါ် တစ်ဖက်သတ် ဖိနှိပ်ညှင်းပန်းခြင်း မဟုတ်သည်မှာ
ထင်ရှားကြောင်း၊ ဖြစ်ပျက်ခဲ့မှုများအပေါ် စုံစမ်းစစ်ဆေးရေးကိစ္စနှင့် ပတ်သက်၍
တရားဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူရန် စုံစမ်းရေးကော်မတီတစ်ရပ်ကို
ချက်ချင်း ဖွဲ့စည်း၍ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ
ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်မှုတွင် ပြောကြား ခဲ့သည်။
ထို့အပြင် မြန်မာအစိုးရအနေဖြင့် မူဆလင်ဘာသာဝင်များအပေါ် အကြမ်းဖက်မူဝါဒများ မည်သည့်ကာလ အတွင်းမှ ကျင့်သုံးခြင်းမရှိကြောင်းနှင့် အစိုးရအနေဖြင့် ထိုဝါဒကျင့်သုံးကြောင်း အဖွဲ့အစည်းအချို့မှ စွပ်စွဲရေးသားမှုများကို လုံးဝပယ်ချကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြခဲ့ပါသည်။
ထို့အပြင် မြန်မာအစိုးရအနေဖြင့် မူဆလင်ဘာသာဝင်များအပေါ် အကြမ်းဖက်မူဝါဒများ မည်သည့်ကာလ အတွင်းမှ ကျင့်သုံးခြင်းမရှိကြောင်းနှင့် အစိုးရအနေဖြင့် ထိုဝါဒကျင့်သုံးကြောင်း အဖွဲ့အစည်းအချို့မှ စွပ်စွဲရေးသားမှုများကို လုံးဝပယ်ချကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြခဲ့ပါသည်။
ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏
အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ် ဘီးယား၊ လူ့အခွင့်အရေးဆိုင်ရာ
အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာကွင်တားနား၊ တူရကီနိုင်ငံခြားရေး ၀န်ကြီး
မစ္စတာအာမက်ဒါဝူတိုဂလူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံ
ကြက်ခြေနီ အသင်းဥက္ကဌ မစ္စတာယူဆွတ်ကာလာနှင့် အစ္စလာမ်မစ်
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စား လှယ်
လက်ထောက်အတွင်းရေးမှူးချုပ် မစ္စတာအတ္တာအာမန်နမ်ဘက်ခစ်တို့အား လည်းဖိတ်ခေါ်၍
ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး ဒုက္ခသည်များအတွက်
အကူအညီအထောက်အပံ့ များ ပေးအပ်နိုင်ရန် စီစဉ်ပေးခဲ့ကြောင်း၊ (အိုအိုင်စီ) အတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာနိုင်ငံသို့ ကိုယ်တိုင် လာရောက်လိုကြောင်း
အဆိုပြုလာသည့်အတွက် ၎င်းအဆင်ပြေချိန်တွင် လာရောက်ရန် ဖိတ်ခေါ်ထား ပြီဖြစ်ကြောင်း
ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များ ဖြစ်ရပ်မှန်ပေါ်ပေါက်စေရေးနှင့်
အမျိုးသားအကျိုး စီးပွားတိုးတက်ရေး အကြံပြုရန်အတွက် အဖွဲ့ဝင် (၂၇)ဦး
ပါ စုံစမ်းရေးကော်မရှင်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် နိုင် ငံတော်သမ္မတရုံးမှ
ဖွဲ့စည်းပေးခဲ့ကြောင်း၊ ၄င်းကော်မရှင်တွင် အစ္စလာမ်မစ် အပါအ၀င် ဘာသာရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ နိုင်ငံရေးသမားများ၊ အငြိမ်းစားဝန်ထမ်းများဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ဤကိစ္စကို ဘာသာရေးအကြောင်းပြုပြီး
နိုင်ငံရေးအရဒေသတွင်း သို့မဟုတ် အပြည်ပြည် ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ်
ပုံဖော်ရန် ကြိုးပမ်းလုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့်
လက်ခံမည် မဟုတ်ကြောင်း၊ ထိုလုပ်ရပ်များသည် ပြဿနာအတွက် အဖြေရှာရေးကို
အထောက်အကူမပြုပဲ ပိုမိုရှုပ်ထွေး ခက်ခဲစေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထုတ်ပြန်ချက်အဆုံးတွင် ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသတွင်း
ပြန်လည်ရရှိနေပြီဖြစ်သော တည်ငြိမ်အေးချမ်း မှုများကို ထိခိုက်စေမည့်
ပြင်ပမှဝင်ရောက်စွက်ဖက်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများကို
ရပ်တန့်သင့် ပြီဖြစ်ကြောင်းနှင့် တည်ငြိမ်အေးချမ်းရေး၊
တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သူများအကြား ပြန်လည် သင်ြ့မတ်ရေးနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်သာ အားပေးဆောင်ရွက်သင့်ကြောင်း
ဖော်ပြ ထားပါသည်။
No comments:
Post a Comment