Monday, August 20, 2012

ရန်ကုန်မြို့လယ်ခေါင်က ဒေါ်လာပွဲစားလူလိမ်များ နိုင်ငံခြားသားများနှင့် အမျိုးသမီးများအား ပစ်မှတ်ထား၍ လိမ်လည်နေ

 
ရန်ကုန်မြို့ ဆူးလေစေတီတော်နှင့် ဧမာနွေလခရစ်ယာန် ဘုရားကျောင်းအနီးရှိ ဒေါ်လာပွဲစားများအနေဖြင့် လိမ်လည်မှုများကို နေ့စဉ်ဆိုသလိုပြုလုပ်လျက်ရှိနေပြီး ယင်းသို့လိမ်လည်ရာ၌ နိုင်ငံခြားသားများနှင့် အားနွဲ့သောမိန်းကလေးများအား အဓိကပစ်မှတ်ထားကာ လိမ်လည်နလျက်ရှိကြောင်း ယင်းတို့အ နီးဈေး ရောင်းချသူအချို့၏ပြောကြားချက်အရ စုံစမ်းသိရှိရသည်။

“ဒီကောင်တွေကို ဘယ်သူက မှ အရေးမယူဘူးလားဗျာ။ လိမ်တာကိုက လူစုဖွဲ့ပြီးလိမ်တာနဲ့ မိုက်ကြေးခွဲပြီး လိမ်တဲ့သူတွေနဲ့။ ပြီးတော့ မြို့လယ်ခေါင်ကြီးမှာဆိုတော့ ပိုပြီးတော့တောင် မသင့်တော်ဘူး။ သူတို့လိမ်တဲ့ ပုံစံက ဒီလိုဗျ။ ဒေါ်လာလာရောင်းတဲ့သူဆိုရင်  သူတို့က လက်ရှိပေါက် ဈေးထက် ဈေးနည်းနည်းပိုပေးလိုက် တယ်။ အဲဒီ ဈေးနည်းနည်းပိုရတာကို မက်ပြီးသူတို့နဲ့ အရောင်းအ၀ယ်လုပ်တာနဲ့ လိမ်ခံရပြီသာမှတ် လူတစ်ယောက်ယောက်က ဒေါ်လာရောင်းမယ်ဆိုရင် ဒီလူလိမ်တွေကအုပ်စုနဲ့ ၀ိုင်းအုံလာပြီ။ ၀ယ်ပြီးလို့ငွေ ရှင်းခါနီးကျရင် လာရောင်းတဲ့သူရှေ့မှာ ငွေရေပြတာကတော့ အတိပဲ။ နောက်လည်းကျရော သူတို့အဖွဲ့ ထဲက တစ်ယောက်ယောက်ကို လက်ညှိုးထိုးပြပြီး ရဲလာနေပြီဆိုပြီး လာရာင်းတဲ့ သူလက်ထဲ ပိုက်ဆံ ထည့်ပေးပြီး။ မြန်မြန်သွားခိုင်းပါလေရော။ အဲသလို သူတို့အကွက်ဆင်သလို ၀င်သွားလို့ကတော့ လမ်းရောက်လို့ ငွေပြန်စစ်ရင် အနည်းဆုံးတစ်သောင်းကျော်လောက် ကွာနေရော”ဟု ဧမာနွေလ ဘု ရားကျောင်း အနီးမဟာဗန္ဓုလလမ်းပေါ် ဈေးရောင်းချနေသူတစ်ဦးမှ ပြောကြားခဲ့သည်။

ဒေါ်လာပွဲစားလူလိမ်များအနေဖြင့် မြို့လယ်ခေါင်၌ ကျက်စားကာ ကိုယ်ကျိုးရှာလိမ်လည်လျက်ရှိပြီး လိမ်လည်ရာ၌လည်း ယင်းတို့အဖွဲ့ထဲမှ တစ်ဦးဦးအား ရဲဝန်ထမ်းဟူ၍ လိမ်လည်ဟန်ဆောင်စေကာ နိုင် ငံခြားငွေလာရောက်ရောင်းချသူ (သို့) ၀ယ်ယူသူအား ဟန်ပြခြိမ်းခြောက်၍ ပေးရမည့်ငွေအား လက်ချောင်း များဖြင့် လျှိုထားကာ လိမ်လည်ကြကြောင်း သိရသည်။

ရန်ကုန်မြို့လယ်ခေါင် ဆူးလေစေတီတော်ကြီးနှင့် မြို့တော်ခန်းမကြီးအနီးရှိ အကြောင်းကြောင့် မြန် မာငွေလဲလှယ်လိုသူ နိုင်ငံခြားဧည့်သည်များအနေဖြင့်လည်း ယင်းလူလိမ်ပွဲစားများထံ ၀င်ရောက်လဲလှယ်မိ ပါက နည်းလမ်းအမျိုးမျိုးဖြင့် လိမ်လည်လျက်ရှိကြောင်းလည်း  သိရသည်။

“မိန်းကလေးတွေဆို ၀ိုင်းအုံပြီး အာရုံစားအောင် လုပ်တယ်။ တချို့သံရုံးမှာ စာမေးပွဲကြေးသွင်းရမှာမို့ ဒေါ် လာလာဝယ်တဲ့ မိန်းကလေးတွေဆိုရင် ငွေလိမ်ခံရတာတင်မကဘူး။ ခါးပိုက်ပါနှိုက်ခံရဖူးတယ်။ ဒါတွေက မြို့လယ်ခေါင်ကြီးမှာ နေ့စဉ်တွေ့နေရတာပါ။ တစ်ခု စိုးရိမ်တာက မြို့လယ်ခေါင်က ဒီလိုလူလိမ်တွေကြောင့် ကမ္ဘာပေါ်မှာ လူလိမ်အများဆုံးမြို့ကြီးအဖြစ်တော့ ရန်ကုန်မြို့တော်ကြီးကို မရောက်စေချင်ဘူး”ဟု လေ့လာ သူတစ်ဦးမှလည်း ဒေါ်လာပွဲစားလူလိမ်များအပေါ် သုံးသပ်ပြောကြားသွားသည်။

နယ်မြေခံတာဝန်ရှိ အာဏာပိုင်အဖွဲ့အအစည်းများအနေဖြင့်လည်း  ယင်းလူလိမ်များအား ထိရောက်သော အရေးယူခြင်းများ မရှိသည့်အတွက် ယင်းလူလိမ်များမှာ ပိုမိုအတင့်ရဲလာကြကာ လိမ်မြဲလိမ်လျက် ရှိနေကြောင်း သိရှိရသည်။

No comments:

Post a Comment