
ကိုရီးယားအီလက်ထရွန်နစ်ကုမ္ပဏီ
Samsung က Windows Phone 8 အသုံးပြုထားသည့် ကမ္ဘာ့ပထမဦးဆုံးစမတ်ဖုန်း
Ativ S ကို ဘာလင် မြို့တွင်ကျင်းပသည့် IFA ပြပွဲ၌ မိတ်ဆက်ပြသခဲ့သည်။
Vita
ဆိုသည့်စာလုံးကို နောက်ပြန်ခေါ်ဆိုကာ အမည်ပေးထားသည့် Ativ S ကို ပါးလွှာသည့်
ဒီဇိုင်းအသွင်ဖြင့် ပြုလုပ်ထားပြီး ၄.၈ လက်မအရွယ် HD Super AMOLED
display, 1GB RAM နှင့် 1.5GHz dual-core processor တို့ကို
အသုံးပြုထားသည်။ HSPA+42 နှင့် တွဲဖက်အသုံးပြုနိုင်ပြီး
ဓာတ်ပုံရိုက်ကူးရန်အတွက် ဖုန်း၏ကျောဘက်တွင် 8-megapixel ကင်မရာနှင့် LED
flash ပါဝင်ကာ အရှေ့ဘက်တွင် 1.9-megapixel front-facing ကင်မရာ ပါဝင်သည်။
MicroSD
card နှင့် NFC အထောက်အပံ့များပါဝင်ပြီး သိုလှောင်မှုစနစ်အနေဖြင့် 16GB
နှင့် 32GB အမျိုး အစားဖြင့် ရရှိမည်ဖြစ်သည်။ 2,300 mAh ဘက်ထရီကို
အသုံးပြုထားသည့်အတွက် အမေရိကန်ဈေး ကွက်အတွက် Music Hub နှင့် Media Hub
ကဲ့သို့သော Samsung app များပါဝင် သည်။ ဈေးနှုန်းနှင့် ရောင်းချမည့်နေ့ကိုမူ
မသိရသေးကြောင်း သိရှိရသည်။
Ref: CNET
No comments:
Post a Comment