Thursday, August 16, 2012

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် အတွင်း ရေကြီးရေလျှံ

ပုသိမ်-ရန်ုကန်ကားလမ်း (ဒါးကကျေးရွာအနီး) ရေကျော်နေမှုအား သြဂုတ်လ(၁၅)ရက်နေ့က တွေ့ရစဉ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် အိမ်ခြေ ၈၀၀၀၀ ကျော် ရေလုံးဝ နစ်မြုပ်သွားခဲ့ပြီး အိမ်ခြေ ၆၀၀၀၀ ကျော်မှာလည်း အိမ်များတွင် ဆင်များထိုး၍ နေနေရကြောင်း သာပေါင်းမြို့နယ် ရေဘေးကယ်ဆယ်ရေး အတွက် ဆောင်ရွက်နေသော အဖွဲ့၏ စာရင်းကောက်ခံမှုအရ သိရှိရသည်။
 ရေဘေးဒုက္ခသည်များအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သြဂုတ်လ ၁၇ ရက်နေ့တွင် ဆန်အိတ် ၁၀၀၀ သွားရောက်ပေးအပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံဆရာဝန်များအသင်းမှလည်း ဆေးဝါးများ ကုသမှုပေးရန် သွားရောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် သာပေါင်းမြို့နယ်အတွင်း၌ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုများရှိနေပြီး ယာယီနေထိုင်ရန်အတွက် အိမ်များဆောက်လုပ်ရန် ၀ါးများ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။
သာပေါင်းမြို့နယ်အတွင်း ကျောင်းပေါင်း ၂၀၀ ကျော်ရှိသည့် အနက် ၉၅ ကျောင်းမှာပိတ်ထားရကြောင်း သိရသည်။ ယင်းကိစ္စများကို သြဂုတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်မည့် တိုင်းဒေသကြီးလွှတ်တော် အစည်း အဝေး၌ တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
Ref: Eleven Media Group

No comments:

Post a Comment