Wednesday, August 15, 2012

မြေနှင့်အိမ်ရာစီမံခန့်ခွဲမှုများကို ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ရန် သမ္မတညွှန်ကြား

ရန်ကုန်- သြဂုတ် ၁၆
ပြည်သူများနှင့်ထိတွေ့ဖြေရှင်းရသည့်အထဲတွင် မြေနှင့်အိမ်ရာစီမံခန့်ခွဲမှုများသည် ပြဿနာရှုပ်ထွေးသည့် အတွက် ပြည်နယ်
၊ တိုင်းဒေသကြီးအစိုးရများအနေနှင့် ပြည်ထောင်စုအစိုးရ၏ သဘောထားမှတ်ချက်မပါဘဲ တိုက်ရိုက်စီမံခန့်ခွဲမှုမပြုလုပ်ရန်နှင့် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက် ရယူသွားရန်လိုအပ်ကြောင်း ကို နိုင်ငံတော်သမ္မတသိန်းစိန်က နေပြည်တော်တွင် သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သော ဒုတိယအကြိမ် စီမံကိန်းကော်မရှင် တတိယနေ့အစည်းအဝေးတွင်ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဌာနများကလည်း နိုင်ငံတော်က ဖွဲ့စည်းပေးထားသော မြေ၊ အဆောက်အအုံများမှတစ် ပါး ကျန်ဝန်ကြီးဌာနအစီအစဉ်ရှိနေသည့် မြေနှင့် အဆောက်အအုံများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များက စီမံကိန်းကော်မရှင်သို့ တင်ပြထားသည့်မြို့ပြစီမံကိန်းနှင့်အညီ ဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့အစည်းအဝေးသို့တင်ပြလွှဲပြောင်းသွားရမည်ဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။
အောက်ခြေမြို့နယ်အချို့တွင် မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းများက သူ့နည်းသူ့ဟန်ဖြင့် ရင်းနှီးမြုပ်နှံမှုများကို နေရာချပေးခြင်း၊ ဘာသာရေးအဆောက်အအုံတိုးချဲ့မှုများကို မသိရှိခြင်း၊ အချို့ဓာတ် ဆီဆိုင်နေရာများကို ယင်းတို့သဘောအတိုင်း နေရာချထားခြင်းကြောင့် ပြည်သူများနှင့်ပြသနာဖြစ်ပွားခြင်း စသည့်ပြဿနာများ ကြုံတွေ့နေရကြောင်းလည်း သမ္မတက အစည်းအဝေးနိဂုံးချုပ်မိန့်ခွန်းတွင် ရည် ညွှန်းပြောဆိုသွားသည်။
ထို့အပြင် မြန်မာနိုင်ငံကို လာရောက်ရင်းမြုပ်နှံကြမည့်သူများအတွက် အခြားနိုင်ငံများကဲ့သို့ အ ဆင်ပြေချောမွေ့ခြင်းမရှိသည့်ကိစ္စမှာ မြေနေရာရရှိရေး ကြန့်ကြာနေသောကြောင့် ဖြစ်ကြောင်းလည်း သမ္မတက ပြောဆိုခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်အနေနှင့် မြေယာခွဲဝေအသုံးချမှု စိစစ်ရေးဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းပေး ထားပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှု့စီမံကိန်းများတွင် ဥပဒေလုပ်ထုံးလုပ်နည်းများ အရေးကြီးသည့်အတွက် ဥပဒေလုပ်ထုံးလုပ်နည်းများကို အမြန်ရေးဆွဲပြဌာန်းနိုင်ရန်လည်း စီစဉ်နေကြောင်း သမ္မတက ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
Ref: 7 Day News Journal

No comments:

Post a Comment