ဘယ်လ်ဂျီယံနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် Universite de
Liege က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အပ်နှင်းချီးမြှင့်သည့်
ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့အား သမ္မတက လက်ခံမည်ဟု သတင်း ရရှိသည်။
ယခုလ ၁၅ ရက်နေ့ နေပြည်တော်တွင် ၎င်းတက္ကသိုလ်ကိုယ်စားပြုအဖွဲ့ဝင်များနှင့် သမ္မတ
ဦးသိန်းစိန်၊ နိုင် ငံခြားရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး၊ ပညာရေးဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီး တို့နှင့် တွေ့ဆုံစဉ်တွင် သမ္မတက တက္ကသိုလ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို
လက်ခံမည် ဟု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မင်္ဂလာမြန်မာမှ ဒါရိုက်တာ
ဒေါက်တာဖုန်းဝင်းက ပြောသည်။
မင်္ဂလာမြန်မာသည်
တက္ကသိုလ်ကိုယ်စားလှယ်များ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံနိုင်ရန်
စီစဉ်သူတစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး သမ္မတနှင့်တွေ့ဆုံပြီးနောက်တွင်
ကိုယ်စားလှယ်အဖွဲ့များက ပြောဆိုချက် ကို ကိုးကားပြီး ဒေါက်တာဖုန်းဝင်းက
ပြန်လည်ပြောကြားခြင်း ဖြစ်သည်။ ၎င်းတက္ကသိုလ်က အပ်နှင်းသည့်
ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို မည်သည့်အချိန်တွင် သမ္မတတက်ရောက်ယူမည်ကို အတိအကျ
မသတ် မှတ်ရသေးကြောင်း ဒေါက်တာဖုန်းဝင်းက ပြောသည်။
သမ္မတနှင့်
တွေ့ဆုံသည့်အဖွဲ့ဝင်များတွင် အဆိုပါတက္ကသိုလ်မှ အငြိမ်းစားယူထားသည် ပါမောက္ခ
Albert Corhay ၊ ပါမောက္ခ Eric Haubruge နှင့် အတွင်းရေးမှူး
တစ်ဦးတို့ ပါဝင်ကြောင်းသိရ သည်။ အမေရိကန်ပြည်ထောင်စုရှိ
ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် John Hopkins တက္ကသိုလ်က မြန်မာနိုင်ငံ ၏
ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် တို့တွင် Center of Excellence(COE) အစီအစဉ်တွင် အဆိုပါတက္ကသိုလ်က
ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းချက်ကို သက် ဆိုင်ရာဝန်ကြီးဌာနက သဘောတူညီခြင်းကြောင့် ၎င်းအစီအစဉ်ကို ဆက်လက်အကောင်အထည် ဖော် လုပ်ဆောင်ရန်
တက္ကသိုလ်က ကိုယ်စားပြုအဖွဲ့များ ထပ်မံလာရောက်မည့် အစီအစဉ်လည်း ရှိကြောင်း
သိရသည်။ ယခုတစ်ကြိမ်လာရောက်သည့်
ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်သို့ သြဂုတ် ၁၃ ရက် တွင်လည်းကောင်း၊
စက်မှုတက္ကသိုလ်သို့ သြဂုတ် ၁၆ ရက်တွင်လည်းကောင်း သွားရောက်လေ့လာ ခဲ့ကြောင်း
သိရသည်။
အဆိုပါတက္ကသိုလ်က ကမ္ဘာကျော်နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် တောင်အာဖရိကသမ္မတဟောင်း နယ်လ် ဆင်မင်ဒဲလားနှင့်
ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်တို့အား ၁၉၉၈ ခုနှစ်တွင် ဂုဏ်
ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဆိုဗီယက်သမ္မတဟောင်း
မစ်ခေး ဂေါ်ဘာချော့ အားလည်းကောင်း၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တွင်
၁၀ ကြိမ်မြောက် တာဝန်ယူဖူးသူ မစ္စတာ Dominique Strauss Kahn နှင့် အမေရိကန်လူမျိုးအနုပညာရှင်တစ်ဦးဖြစ်သည့် Bill Viola တို့အား လည်းကောင်း
ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်သည့် အစဉ်အလာများ
မှတ်တိုင်များရှိခဲ့သည်။ သမ္မတ အား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်သည့်တက္ကသိုလ်သည် ဘယ်လ်ဂျီယံနိုင်ငံတွင် အဆင့် ၃ ရှိသည့် အစိုးရ တက္ကသိုလ်တစ်ခုဖြစ်ပြီး ၁၈၁၇ ခုနှစ်တွင် နယ်သာလန်ဘုရင် King Wilhlem က
စတင်တည်ထောင်ခဲ့ သည်။ လက်ရှိတွင် မဟာဘွဲ့ဘာသာရပ်ပေါင်း ၂၀၀
ကျော်သင်ကြားပေးလျက်ရှိြ့ပီး ပါရဂူဘွဲ့ကျောင်းသား ၁၈၀၀ ကျော်
သင်ယူလျက်ရှိပြီး ကျောင်းသားပေါင်း နှစ်သောင်းကျော်ရှိ တက်ရောက်နေကြောင်း
သိရ သည်။
Ref: 7day News Journal
No comments:
Post a Comment